---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2013/1/28
Subject: [လူဗိုလ်ဟူသည် ...] ထယ်ရေးကိုင်ချိန်
To: lubo601@gmail.com
--
Posted By Blogger to လူဗိုလ်ဟူသည် ... at 1/29/2013 06:04:00 AM
From: Blogger <no-reply@blogger.com>
Date: 2013/1/28
Subject: [လူဗိုလ်ဟူသည် ...] ထယ်ရေးကိုင်ချိန်
To: lubo601@gmail.com
လူလေး ငမင်း
ကန်သင်းဖော်ဖို့
ကျွဲရှဉ်းကူခေါ်
ညကတည်းက
ထွန်သွားကိုချွန်
ထယ်ပြင်ဆင်
လှည်းတွင်တင်နှင့်
အဆင်သင့်....။
တနေ့ကူးပြောင်း
ရွာဦးကျောင်းက
အုန်းမောင်းခေါက်သံ
ခွေးသံညံပေါ့....။
လူလေး င မင်း
ကြယ်နီလင်းပြီ
ချည်တိုင်ကနွား
သွားကျွေးထား ....။
ကြက်ဖလည်းတွန်
မိုးလင်းစင်လို့
ဒေါ်မိုး ပဲပြုတ်
အမေသုတ်ပြီ...။
ပဲပြုတ်ဆီဆမ်း
ထမင်းကြမ်းနဲ့
ဗိုက်တင်းအောင်အုပ်
ကွမ်းထုပ် ထုပ်....။
ပုဆိုးစုတ်လဲ
ကွမ်းထုပ်ဆွဲနှင့်
နွားလှည်းကို က
အိမ်မှထွက်ပြီ ....။
ဝန်ရိုးသံအီ
နွားကချီ (ချေ)နှင့်
ဟဲ့ နှင်တံမြှောက်
တောကိုရောက်အောင်....။
လယ်ကွင်းအစပ်
လှည်းရပ်ထွန်ချ
ငန်း မစခင်
လယ်ဦးတင်...။
ညီနောင်ပုခုံး
ထမ်းပိုးတုံးတင်
ထယ်တွင် သပ်စွပ်
မြေ မှာနစ်ဖို့...။
တောက် တောက် တောက် တောက်
သွားစမ်းဖေ့သား
ထယ်သွားပြတ်ပြတ်
ထယ်စာညက်ဖို့...။
တောက် တောက် တောက် တောက်
သွားစမ်းဖေ့သား
သုံးဖဝါးတက်
ထယ်ရေးစပ်ဖို့ ....။
မောလားဖေ့သား
ခဏနားမည်
ဆယ့်တစ်ဖဝါးးခွဲ
နှင်းလဲကွဲပြီ ....။
မြောင်းရေငုံ့သောက်
ကွမ်းထုပ်ပျောက်ရှာ
ငဇော်လာခဲ့
ကွမ်းစားလှည့် ....။
မောပြေပြန်ထ
တငန်းစဖို့
ထယ်ကိုင်းဘယ်ကိုင်
နွားညာနိုင်စေ ...။
ပုဇဉ်းကမြည်
တောကဟီနှင့်
ဟဲ့ ညီစည်းဝါး
တို့တေးသွား ....။
တစ်ငန်းလည်းစပ်
တစ်ငန်းတက်ခဲ့
ရိပ်သုံးဖဝါး
လူအားလည်းကုန်....။
ဝမ်းကလည်းဟာ
နွားလည်းနှာမှုတ်
ပုဆိုးစုတ်မ
ချွေးသုတ်ကြ ....။
လယ်ကိုပြန်ကြည့်
အစပ် စိနှင့်
ညှက်အိထယ်စာ
ထွက်ကောင်းမှာ ...။
ပိတိအပြုံး
စိတ်နှလုံးရွှင်
လူလည်းသုတ်သုတ်
ထွန်လည်းဖြုတ်ပြီ ...။
တာရာဖိနပ်
နှစ်ဖက်ညှပ်ခါ
ထယ် မြေစာခြစ်
လှည်းပေါ်ပစ်တင်...။
ငရံ့ပလူ
ခူးယူမြောင်းက
ခါးပုံစ ထုပ်
အမေသုပ် ဖို့...။
ပြန်စို့ငဇော်
အမေမျှော်မယ်
တူရွင်းကိုချ
နွားကို က ....။
လေကနွေးနွေး
ချွေးအေးအေးနှင့်
ဆွေးချင်းကြော်ကြော်
ထန်းပင်ပေါ်က...။
လှည်းကလည်းအီ
ဗိုက်လည်းမြည်နှင့်
လှုပ်လီဖေ့သား
ကျောပြားယှက်တင်
နှင်တံကိုင်မြှောက်
နှုတ်ကငေါက်ပြီ
ရွာဆီမြန်မြန် .... ပြန်ရောက်ဖို့ ....။
(ရုပ်ဆိုး)
ထယ်ရေးကိုင် = လယ်စိုက်ရန်အတွက် ထယ်ထိုး ၊ ထွန် ယက် ၊ ကန်သင်း ဖော်သည်။
ကျွဲရှဉ်း = နွားတစ်ရှဉ်း
လယ်ဦးတင် = လယ်နတ်တင်သည် ။
သုံးဖဝါးတက် = လယ်သမားသုံး အ ချိန်ခန့်မှန်းချက် (ကိုယ့်အရိပ် ကို ဖဝါးနှင့်တိုင်းကြည့်၍ ၃ ဖဝါးကျော်ကျော်ရှိလျှင် ၁၁ နာရီ ဝန်းကျင်)
ရိပ်ဆယ့်တစ်ဖွားခွဲ = လယ်သမားသုံး အချိန် ခန့်မှန်းချက် ( ကိုယ့်အရိပ်ကို ဖဝါးနှင့် တိုင်းကြည့်၍ ၁၁ ဖဝါးခွဲ ရှိလျှင် နံနက် ၇ ခွဲ ဝန်းကျင်)
ထယ်ရေးစပ် = ခရုပတ် ပုံ ထယ်ထိုး ပြီးအလယ်မှာ နေရာလွတ်မရှိသောအခါ တစ်စပ် ဟုခေါ်သည် ။
လယ်ကွက်တစ်ကွက်လုံး နေရာလွတ်မရှိသောခါ ထယ်ရေးစပ် သည်ဟုခေါ်သည် ။
တစ်ဧက ကို ၇ စပ် နှင့် ၈ စပ်အကြား ရှိသည် ။
တစ်ငန်း = ထယ်ရေးတစ်စပ် အတွက် သတ်မှတ်သော အကျယ် ။ ခြေလှမ်း ၇ လှမ်း ၊ ခြေလှမ်း ၈ လှမ်း စသဖြင့် ။
ထကိုင်း = ထယ်ကိုင်း ၊ ထယ် ရဲ့ လက်ကိုင် ။
ထကိုင်းဘယ်ကိုင် = ထယ် မှာတပ်ထားသောလက်ကိုင်ကိုင်းကိုဘယ်လက်နှင့်ကိုင်သည် ။
နွားညာနိုင် = နွားကို ညာလက်နှင့် မောင်းမှ သာ နိုင်နိုင် နင်းနင်းရှိသည် ။
နွား ကသည် = နွားကိုလှည်းမှာ တပ်သည် ။
ငရံ့ပလူ = လယ်ရေသွင်း သည့်မြောင်းဘေးမှာ ပေါက်လေ့ရှိသော ဟင်းစားအရွက်တစ်မျိုး ။
(ခက်ဆစ်လလေးတွေ ထည့်ပေးထားတာ ကြီးကျယ်တယ်လို့တော့ မထင်ကြပါနဲ့ဗျာ ။ တချို့ လယ်သမား ဓလေ့ လေးတွေ ကျတော့ လူတိုင်းနဲ့ မရင်းနှီး နိုင်ဘူးထင်လို့ ၊ ဗဟုသုတ အလို့ငှာထည့်ပေးထားခြင်းပါခင်ဗျာ )
—
--
Posted By Blogger to လူဗိုလ်ဟူသည် ... at 1/29/2013 06:04:00 AM
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
---
You received this message because you are subscribed to the Google Groups "မှော်ဆရာ အဖွဲ့  ( Ѧя Ƨσяcɛяɛя )" group.
To unsubscribe from this group and stop receiving emails from it, send an email to mrsorcerer+unsubscribe@googlegroups.com.
For more options, visit https://groups.google.com/groups/opt_out.
