၅၀ ရာနှုန်းသာ ၀မ်းသာရသော ချင်းအမျိုးသားနေ့ကိစ္စ အမ်းမ်လောင်ရွှီ၊ ဇန်န၀ါရီ ၂၉၊ ၂၀၁၃ သမ္မတဦးသိန်းစိန်၏ ပထမဆုံး မိန့်ခွန်းကို ကြားလိုက်ရသောအခါ ကျနော် ၀မ်းသာအံ့သြရ၏၊ ၀မ်းသာအံသြရခြင်းမှာ အကြောင်း ၂ ချက်ကြောင့်ဖြစ်သည်။ ပထမတချက်မှာ နိုင်ငံတော်အကြီးအကဲတဦးအနေဖြင့် ပြည်သူတို့အား လေးစားသမှုထား၍ မူရင်းအသံဖြင့် ထုတ်လွှင့်သွားခြင်းကြောင့် ဖြစ်သည်။ ဒုတိယအချက်မှာ နိုင်ငံတော်ပကတိအခြေအနေကို ရဲရဲဝံ့ဝံ့ ဖော်ပြ၀န်ခံသွားခြင်းကြောင့် ဖြစ်သည်။ ဆင်းရဲတာကို ချမ်းသာနေပြီဟု ခပ်တည်တည် ပြောသွားခြင်းမျိုး မဟုတ်၍ တမူထူးခြားနေသည်။ ကျနော်က ချင်းတိုင်းရင်းသားဖြစ်၍ ချင်းအမျိုးသားနေ့နှင့် ပတ်သက်ပြီး ဦးသိန်းစိန်အစိုးရအပေါ် မျှော်လင့်ချက်ရောင်ခြည်သန်းလာခဲ့သည်။ ချင်းအမျိုးသားနေ့ဟု သုံးနှုန်းခွင့်မပေး၊ ကျင်းပခွင့် မပေးခဲ့သည်မှာ ကာလအတန်ပင်ကြာခဲ့ပြီ။ မြန်မာနိုင်ငံတွင် အမျိုးသားနေ့ဟူ၍ တနေ့ပဲ ရှိရမည်ဟု ခံယူနေသူများကြောင့် ချင်းအမျိုးသားနေ့ကို ချင်းပြည်နယ်နေ့ဟူ၍ ပြောင်းလဲခိုင်းကြ၏။ [...]

Read more of this post