မုန်တိုင်းတိုက်လဲ လာတာပဲ အရှင်သြသဓ၊ ဟပ်မွန်းဘေး၊ ဇန်န၀ါရီ ၄၊ ၂၀၁၃           ဆယ်ကျော်သက် လူငယ်လေးများအတွက် ဆောင်းရာသီ သီးသန့် တရားစခန်းလေး လုပ်လာသည်မှာ ယခုနှစ်ဆို သုံးနှစ်မြောက် ရှိသွားပြီဖြစ်၏။ ခရစ်စမတ်ကျောင်းပိတ်ရက်နှင့် တိုက်ဆိုင်ပြီး ဒီဇင်ဘာ ၂၁-ရက်နေ့မှ ၂၄-ရက်နေ့အထိ သုံးရက် သတ်မှတ်ထားပေသည်။ နှစ်စဉ်မပျက် လာသူများရှိသလို နှစ်ခြား လာသူများလည်း ရှိ၏။ အကြောင်းအမျိုးမျိုးကြောင့် မလာရောက် နိုင်သူများလည်း ရှိ၏။ မလာရောက်နိုင်သူများ နေရာတွင် နောက်ထပ် အသစ်အသစ် စိတ်ဝင်စားသူများ ထပ်ရောက်လာပြန်သဖြင့် စာရင်းတွင် ခါတိုင်းနှစ်လိုဘဲ ပြည့်သွား ပြန်၏။           တရားသင်တန်း၏ ရည်ရွယ်ချက်မှာ ကလေးများ ဗုဒ္ဓဘာသာကို စာတွေ့လက်တွေ့ နှစ်မျိုးလုံး သိရှိ နားလည် စေရန်ဖြစ်၏။ များသောအားဖြင့် နွေရာသီဗုဒ္ဓဘာသာသင်တန်း [...]

Read more of this post