ညဥ့်ဦးယံဆိုသော အမေရဲ့အိမ်ပြန်ချိန် လောအယ်စိုး၊ ဇန်န၀ါရီ ၂၉၊ ၂၀၁၃ "ဒီအိမ်ကလူတွေ တစ်ယောက်မှမရှိကြဘူးထင်တယ်" ကျွန်တော် ဒီလိုပြောလိုက်တော့ မိတ်ဆွေဖြစ်သူက ကြောင်သွားပုံရသည်။ ကဲ … ကြည့်လိုက်ပါအုံး။ သူမကို စောင်ပုံတွေကြားထဲမှာမြုပ်ထားသလိုမျိုးပါ။ သူ … ဒေါ်ငယ်တစ်ယောက် တကယ့်ကို ကလေးငယ်တစ်ယောက်လို နှစ်နှစ်ခြိုက်ခြိုက်ကြီး စောင်ပုံထဲမှာ အိပ်ပျော်နေတာပါ။ တကယ်ကိုအိပ်ပျော်နေခြင်းလား။ ဒါမှမဟုတ်ဆေးအရှိန်တွေကြောင့်ပဲ မူးနုံန်းပြီး အိပ်ပျော်သွားတာလား မသိပါဘူး။ ဆေးကုသမှုတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေကြောင့် သူမ၏ဦးခေါင်းကို ပြောင်သွားအောင် ခင်ပွန်းဖြစ်သူက ရိတ်ပေးလိုက်ပုံရပါတယ်။ အသက် ၆၈ နှစ်ရှိပြီဖြစ်သော ဒေါ်ငယ်ကိုမနှစ်ကမှ ကျွန်တော်ရင်းရင်းနှီးနှီးသိကျွမ်းခွင့်ရခဲ့ပါတယ်။ အမြဲတမ်းပျော်ပျော်ရွှင်ရွှင်နေတတ်ခြင်း၊ ဘ၀လောကဓံလှိုင်း တွေ ဘယ်လောက်ပဲကြီးမားပစေ သူအမြဲကြိုးစားပြီး အကောင်းဘက်ကမြင်တတ်သူတဦးပါ။ "ဒီအမျိုးသမီး တနှစ်လောက်ပဲ အသက်ရှင်ရပါတော့မယ်လို့ ကင်ဆာအထူးကုဆရာဝန်မကြီး ပြောသောစကားကို သူမအား ကျွန်တော်ဘာသာပြန် မပေးရက်ပါ။ [...]

Read more of this post