ကျော်သူ (နာရေးကူညီမှုအသင်း - ရန်ကုန်) ဇန်န၀ါရီ ၂၅၊ ၂၀၁၃ နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ သုခအလင်း ပညာရေးကဏ္ဍမှ "အသိပညာအလိမ္မာနှင့် ပရဟိတ အနုပညာ" ဆိုသည့် ဆောင်ပုဒ်ဖြင့် နေ့စဉ်တိုးတက်နေသည့် အသိပညာ၊ အတတ်ပညာများအား အနာဂတ် ဒီမိုကရေစီ မြန်မာနိုင်ငံတော်ကြီး ထူထောင်နိုင်ရန်အတွက် လူငယ်/ရွယ်များတတ်မြောက်နိုင်ရန် သင်ကြား မျှဝေပေးသည့် အသိပညာ၊ အတတ်ပညာရှင် ဆရာ/မများနှင့် ချိတ်ဆက်ကာ (အခမဲ့) သင်ကြား ပို့ချပေးလျှက်ရှိပေသည်။     မျိုးဆက်သစ်လူမှုရေးသင်တန်း၊ ToT သင်တန်းများ၊ နယ်လူမှုရေး အသင်းအဖွဲ့များအတွက် စွမ်းရည်မြှင့် သင်တန်းများ၊ ဂျာနယ်လစ်ဇင်နှင့် မီဒီယာသင်တန်းများ အစရှိသည့် လူထုအခြေပြု အသိပညာ တိုးတက် မြင့်မားရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းကောင်းများ ရရှိစေရန်အတွက် အခကြေးငွေ ပေးသွင်းရန် မလိုဘဲ (အခမဲ့) [...]

Read more of this post