ဟင်္သာတ NLD မြို့နယ်ညီလာခံအတွက် ပြည်သူအချို့က နံမယ်စာရင်းတင်သွင်း ဟင်္သာတသူများအဖွဲ့၊ ဘက်မလိုက်နိုင်ငံ ရေးလှုပ်ရှားသူများ၊ ဧရာဝတီတိုင်း ဇန်န၀ါရီ ၉ ၊ ၂၀၁၃ ဟင်္သာတမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မြို့နယ်ညီလာခံ ဧရာဝတီတိုင်း ဒေသကြီး၊ ဟင်္သာတမြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မြို့နယ် အလုပ်အမှုဆောင်အဖွဲ့ဝင် (၂၁) ဦးကို မကြာမီ ရက်ပိုင်းအတွင်း ရွေးချယ်တင်မြှေက်ရန်ရှိပါသည်။ထိုသို့ရွေးချယ်ရာတွင် ရပ်ကျေးညီလာခံ ကိုယ်စားလှယ်(၄၀၀)ခန့်မှ  ရွေးချယ်တင်မြှေက်ကြရန်ဖြစ်ပါတယ်။ မဲစနစ်နဲ့လည်း မိမိတို့ကြိုက်နှစ်သက်ရာ ပုဂ္ဂိုလ်များကို  ရွေးချယ်ရန်ဖြစ်ပါတယ် ရှင့်….။ ဒီမိုကရေစီနည်းကျကျ အောက်ခြေမှစပြီး ရွေးချယ် တင်မြှောက်ရာတွင်လူကောင်းလူတော်များ ကိုရွေးချယ်ရန်မှာ မြို့နယ်ညီလာခံသည် အထူးအချက်အချာကျပြီး အရေးကြီးဆုံး ပါတီအတွင်း ခိုင်မာတောင့်တင်းမှ သတ်မှတ်နိုင်ပါမည်။      လူကောင်းဟု ဆိုရာတွင် … (၁) အကျင့်စာရိတ္တကောင်းမွန်ခြင်း (၂) မိမိကိုယ်ကျိုးကို မငဲ့ ကွက်သူ (၃) အမှားအမှန် ခွဲခြားစိတ်ဖြာနိုင်သူ [...]

Read more of this post