မြင်သာမြင် မကြင်ရသေးသည့် မြန်မာ့လွတ်လပ်ရေး သန်းဝင်းလှိုင်၊ ဇန်န၀ါရီ ၄၊ ၂၀၁၃           နိုင်ငံတစ်နိုင်ငံ၏ လူမျိုးတစ်မျိုး၊ တိုင်းပြည်တစ်ပြည်အတွက် အရေးကြီးဆုံးအရာကား လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာပိုင်ဆိုင်ရေးပင် ဖြစ်သည်။ မြန်မာနိုင်ငံကဲ့သို့ သူ့ကျွန်ဘ၀တွင် နှစ်ပေါင်းရာကျော် နွံနစ်ခဲ့ရသော နိုင်ငံအဖို့ကား လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာပိုင်ဆိုင်ရေးသည် မည်မျှအရေးကြီးကြောင်း လူတိုင်းသိကြလေသည်။ လူ့ဘ၀တွင် လွတ်လပ်မှုဆုံးရှုံး၍ သူ့ကျွန်ဘ၀ဖြစ်ရခြင်းထက် ဆိုးရွားသော အရာသည် မရှိပေ။ လွတ်လပ်ရေးဆုံးရှုံးသော် ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့် ဆုံးရှုံးရ၏။ သူတစ်ပါး၏ လက်အတွင်းဝယ် သွန်လိုသွန် မှောက်လိုမှောက်ခံခဲ့ကြရ၏။ အမျိုးသားစီးပွားရေးမှာ အောက်ဆုံးသို့ ကျဆင်းရ၏။ ဘာသာရေး၊ သာသနာရေး၊ ပညာရေးဆုံးရှုံးချို့တဲ့ရ၏။ နောက်ဆုံး အမျိုးသားယဉ်ကျေးမှုသည်ပင် အဖျော်ဖြေခံအဆင့်သို့ နိမ့်ကျ ကျဆင်းခဲ့ရပေသည်။           မြန်မာ့လွတ်လပ်ရေးရရှိခဲ့သည်မှာ ယခုအခါ ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၄ [...]

Read more of this post