အရှင်ဇ၀န (ကုန်းဇောင်း) ဇန်န၀ါရီ ၂၊ ၂၀၁၂  Artist: Eyvind Earle ချမ်းမြေ့ပါစေ-ဆိုတဲ့ သူချင်းထဲက စာသားလေးတစ်ပုဒ်နှင့်ပတ်သက်ပြီး သီချင်းရေးဆရာက ပြောခဲ့ဘူး သော စကားလေးတစ်ခွန်းကို မှတ်မှတ်ရရ သတိရနေမိပါသည်။ "မေတ္တာနေခြည်အောက်မှာ သောကနှင်းပေါက် ပျောက်ကွယ်နိုင်စေ" ဟု မေတ္တာကို နေခြည်နှင့်နှိုင်းစာပြီး သောကကို နှင်းပေါက်ကလေးတွေနဲ့ တင်စားခဲ့မိတဲ့ အတွက် သူ့အနေနဲ့ အတော်လေးမှားယွင်းသွားခဲ့ပါတယ်-ဆိုတဲ့စကားပင် ဖြစ်ပါသည်။ စာရေးသူတို့ ယခုရောက်ရှိနေသော မင်နီဆိုးတားပြည်နယ်အတွက်ဆိုလျှင်တော့ သူတင်စားခဲ့သော မေတ္တာနေခြည် သောကနှင်းပေါက် ဆိုသောစကားက တကယ့်ကို မှန်ကန်သော စကားပင်ဖြစ်နေပါတော့သည်။ အဘယ့်ကြောင့်ပါနည်း စာရေးသူတို့ ယခုရောက်ရှိနေသော မင်နီဆိုးတားပြည်နယ် Minneapolis မြို့သည် အပူ ရှိန်က မိုင်းနတ် ၁၄ အထိ အလွန်အေးခဲသော နေရာဖြစ်သောကြောင့်ပင်။ မေတ္တာနေခြည်လေးများ၏ ဖြန်းပက် [...]

Read more of this post