ပြည်ထောင်စု ၀န်ကြီးနှစ်ဦး နှုတ်ထွက်ခွင့်ပြု ဇန်န၀ါရီ ၁၆၊ ၂၀၁၃၊ YPI (facebook) ဆက်သွယ်ရေး၊ သတင်းအချက်အလက်နည်းပညာ ၀န်ကြီးဋ္ဌာန ၀န်ကြီး နှင့် သာသနာရေး ၀န်ကြီးဋ္ဌာန ပြည်ထောင်စုဝန်ကြီး နှစ်ဦးအား နှုတ်ထွက်ခွင့်ပြုလိုက်ကြောင်း နိုင်ငံတော် သမ္မတရုံးမှ ယနေ့နေ့စွဲဖြင့် ကြေညာချက် ထုတ်ပြန်လိုက်သည်။ နှုတ်ထွက်ရသည့် အကြောင်းရင်းကို မသိရှိရသေးသော်လည်း ယခုလဆန်းပိုင်းတွင် ရောင်းချမည်ဟု ကြေညာထားသည့် မိုဘိုင်းဆင်းကတ်များ ဈေးနှုန်းသတ်မှတ်ရေးနှင့် ပတ်သက်၍ သမ္မတဦးသိန်းစိန်၏ ညွှန်ကြားချက်ကို ဆက်သွယ်ရေးဝန်ကြီး ဦးသိန်းထွန်း မဆောင်ရွက်နိုင်သည့်အချက်နှင့် ဆက်စပ်နေသည်ဟု သတင်းများ ထွက်ပေါ်လျှက်ရှိသည်။ ဆက်သွယ်ရေး ၀န်ကြီးဋ္ဌာနမှ ဆင်းကတ်များကို ကျပ် ၁ သိန်းဝန်းကျင်ဖြင့် ရောင်းချမည်ဆိုသည့် သတင်းများ ထွက်ပေါ်နေစဉ်တွင် သမ္မတဦးသိန်းစိန်က ယင်းဈေးနှုန်းထက် သိသာစွာလျော့ပြီး ရောင်းချရန် ညွှန်ကြားခဲ့သည်ဆိုသည့် သတင်းများလည်း ထွက်ပေါ်နေသည်။ [...]

Read more of this post