(ဗိုလ်) ဦးသိန်းစိန်ကြံ့ဖွံ့အစိုးရ၏ အပြုတ်တိုက်မည့် "ကမ်းလှမ်းချက်" တူမောင်ညို၊  ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီ ၂၀ (ဗိုလ်) ဦးသိန်းစိန် ကြံ့ဖွံ့အစိုးရ၏ KIO/KIA အပေါ်လုပ်ရပ်သည် လည်ပင်းညှစ်ပြီး "ဆွေးနွေးပွဲ"သို့ခေါ်ယူလိုက်သည့် လုပ်ရပ် ပင်ဖြစ်သည်။ ယခုအခါ "လိုင်ဇာ"သည် စစ်တပ်က အချိန်မရွေး သိမ်းပိုက်နိုင်သည့် လက်တစ်ကမ်းအနေအထားသို့ ရောက်ရှိနေပြီဖြစ်သည်။ ထိုအနေအထားတွင် စစ်တပ်၏ ဝေဟင်မြေပြင်ထိုးစစ်ဆင်မှုများကို လဂျားယန်ဒေသတွင် "ကွက်ပြီး" ရပ်ဆိုင်းလိုက်ခြင်းသာဖြစ်သည်။  ထိုနောက် တစ်ပြိုင်နက်တည်းဆိုသလိုပင် KIO ဥက္ကဋ္ဌထံ လိပ်မူသည့်  ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီ၏ "ကမ်းလှမ်းချက်"ဆိုသည်ကို ထုတ်ပြန်လိုက်သည်။  စစ်ရေးအရ KIO/KIA ၏ လိုင်ဇာဌာနချုပ်ကို ပိုင်ပိုင်နိုင်နိုင် ဝိုင်းပတ်ချုပ်ငင်နိုင်ခြင်းမရှိသေးမီအချိန်က သူတို့အားလုံး နှုတ်ဆိတ်နေခဲ့ကြသည်။ ယခုတော့လွှတ်တော်၊ အစိုးရ၊ လုပ်ငန်းကော်မတီတို့မှ အသံဗလံတွေထွက်လာခဲ့ပြီ၊ ကြေညာချက်တွေ ဟော [...]

Read more of this post