ကိုယဉ် ဇန်န၀ါရီ ၁၈၊ ၂၀၁၃ ယခုအခါ မြန်မာအပေါ် နိုင်ငံတကာ၏ ပိတ်ဆို့မှုများလည်း ရုပ်သိမ်း ခဲ့ပြီးနောက် အနောက်တိုင်းစီးပွားရေးလုပ်ငန်းများ သည်လည်း ကမ္ဘာ၏ အသစ်လွင်ဆုံး စီးပွားရေးမျက်နှာစာ ဖြစ်သည့် မြန်မာသို့ အပြေးအလွှား ဝင်လာနေကြသည်။ ဤပြဇာတ်ဆန်သည့် နိုင်ငံရေး ရာသီဥတု အပြောင်းအလဲမှာ တစ်ခါက တိုင်းပြည်ကို အုပ်စိုးခဲ့သော စစ်အစိုးရအတွင်းမှ ထွက်ပေါ်လာသော ပြုပြင်ပြောင်းလဲမှုများကြောင့် ဖြစ်ပြီး၊ ယင်းပြုပြင် ပြောင်းလဲရေးသမားများထဲမှ ခေါင်းဆောင်မှာ သမ္မတ ဦးသိန်းစိန်ပင် ဖြစ်တော့သည်။ အသားဖြူရော်ရော်၊ နဖူးပြောင်နှင့် မြန်မာ၏ ဂေါ်ဘာချက်ဗ် ဖြစ်သည့် ဦးသိန်းစိန်သည် ယခုအပတ် တိုင်းမ်မဂ္ဂဇင်း၏အထူးပြုဖေါ်ပြရာ လူ ပုဂ္ဂိုလ်တစ်ဦးလည်း ဖြစ်လာခဲ့သည်။ ရုရှားကား ၎င်း၏ ဒီမိုကရေစီသို့ သွားရာလမ်း၌ နှောင့်နှေးချိန်တွင်"ဘားမား" ဟု လူသိများသော မြန်မာသည်ကား [...]

Read more of this post