ကမာပုလဲ ဇန်န၀ါရီ ၂၃၊ ၂၀၁၃ ကျုပ်က ... ကမ္ဘာမြေနဲ့ လောင်းကြေးထပ်ထားတဲ့အကောင် ...။ ကမ္ဘာမြေဘက်က ကျုပ်ကို စောင့်ကြည့်ခြင်းနဲ့ လောင်းကြေးတင်တယ် ကျုပ်ဘက်က မျက်ရည်နဲ့ ဘ၀စစ်စစ်ကို လောင်းကြေးထပ်ခဲ့တယ် ...။ ဒီနေ့ ခေါင်းက ဆံပင်ဖြူတွေအတိုင်း လာရာလမ်းကို ပြန်စစ်ကြည့်ခဲ့တယ် ကမ္ဘာမြေက ကျုပ်ခြေရာတွေအတိုင်း ကျုပ်ရင်ခုန်သံကို စိတ်ဝင်တစား နားထောင်နေခဲ့တယ် ...။ ကျနော့်ရဲ့ ရှားရှားပါးပါး ချစ်သူ ချစ်သူစစ်စစ်တွေရဲ့ ကြေကွဲခြင်း မြေပုံပေါ်မှာ ကမ္ဘာမြေဟာ .... သူ့ အရှုံးမှတ်တိုင်ကို သူ့ ရှိုက်သံနဲ့ ရေးထိုးစိုက်ထူခဲ့လေတယ် ...။ ။

Read more of this post