ဇေယျသုခ အရှင်နန္ဒဝံသ ဇန်န၀ါရီ ၂၆၊ ၂၀၁၃ ဥသြ ...ဥသြ...ဥသြ.... အရုဏ်ဦးရဲ့ အလင်းရောင် နဲ့ အတူ ပေါ်ထွက်လာလေ့ရှိတဲ့ ဒီ အသံလေးကို လူတိုင်းလိုလို ကြားဖူးနေကြမယ် ထင်ပါရဲ့နော်... နွေကြို တေးကို ဆိုလေ သလား ဆောင်းလွမ်းတွေးကို ဆိုညည်း သလား မတွေးတတ်ပေမဲ့ ငှက်ကလေးရဲ့ ဒီတေးသံကတော့ အလွမ်းဓါတ်ခံ ရင့်သန်သူရဲ့ နှလုံးသားကို ညို့ယူသွားသလိုလို ခံစားလိုက်ရပါတယ်..။ ဥသြ ဥသြ ဥသြ လို့ အခါခါ တွံသံပေးတတ်ပါတဲ့ ငှက်ကလေးရဲ့ ဒီတေးသံဟာ ခေတ္တ ခဏ မှာတော့ နားဝင်ပီယံ ဖြစ်သလို ခံစားလိုက်ရပါရဲ့ ။ ဒါပေမဲ့လည်းလေ.. ကြိမ်ဖန်များစွာ ကြားလာရတဲ့ အခါမှာတော့ အမေ ပျောက်လို့ အမေ ရှာပုံတော်ဖွင့်နေတဲ့ [...]

Read more of this post