ကျော်မိုး (စကားဝါမြေ) ဇန်န၀ါရီ ၁၉၊ ၂၀၁၃ ကဗျာဆရာ ဘဝ ဝါသနာက စ၏ ။ သိသမျှ အကုန်ရေး လေး ပေါ့ တိမ် နက် ပျက်တဲ့အခါ ပျက် လက်တဲ့အခါ လက် လက်နက်က သဒ္ဓါ တဏှာက ရှေ့ပြေး အတွေးက စေတနာ ပညာက နောက်လိုက် အကြိုက်မတူ လူကြား ဗျာများနေရ ကဗျာဆရာဘဝ ။ ကဗျာတစ်ပုဒ် ဆုံးဖို့ ထွန်တုံးရှေ့ကနွားလို ခါးကို ကုန်း အားကုန် ရုန်း ပြုံးတစ်ခါ မဲ့တစ်လှည့် ဖတ်သူရဲ့ မျက်နှာ ပျက်မှာ ညိုမှာ အလိုမကျမှာ ကြောက်ကြ ကဗျာဆရာဘဝ ။ " ငါကွ...ဘာတဲ့...ငါဟဲ့ " လို့ မာနချဲ့ [...]

Read more of this post