အီကြာအော် ဇန်န၀ါရီ ၁၉၊ ၂၀၁၃ ဖွတ်ကလေးကား သူ့ဆရာ ဆရာအော်ထံ မလာရလျှင် မနေနိုင်သူတည်း။ သူကြားကြားသမျှ သတင်းပေါင်းစုံတို့ကို သူ့ဆရာဆီ ဈေးဦးပေါက် သံတော်ဦး တင်လေ့ရှိသည်။ ယခုရာသီဥတုကလည်း ဆောင်းဦးပေါက် အေးလာပြီမို့ ဖွတ်ကလေးတစ်ယောက် အအေးမိသလို ဖြစ်တော့သည်။ "ဟတ်ချိုး ဆိတ်သား……" "ဟတ်ချိုး ဆိတ်သား….." ဟူ၍ နှာစေးပြီး နှာချေ လေတော့သည်။ "ဟေ့ကောင် ဖွတ်ကလေး…မင်း…ခါတိုင်း နှာချေရင်.."ဟတ်ချိုး ဆိတ်ဖွား" လို့ ချေနေကျပါ…၊အခု ဘယ်လိုဖြစ်တာလည်း" ဟု ဆရာအော်က အံ့သြတကြီး ဖြင့် မေးလိုက်လေသည်။ ဖွတ်ကလေး၏ အဖွားက သူငယ်ငယ်ကတည်းက နှာချေလျှင် "ဟတ်ချိုး ဆိတ်ဖွား…အသက် တစ်ရာ အနာမရှိ" ဟူ၍ ရွတ်လေ့ ရှိသည်။ ထို့ကြောင့်လည်း ဖွတ်ကလေးလည်း အကျင့်ပါပြီး [...]

Read more of this post