တက္ကသိုလ်သူငယ်ချင်း ခင်ဝမ်း ၊ ရေးသူ - မောင်ညီညွတ် (ဤ ဆောင်းပါးကို Mandalay Icon မဂ္ဂဇင်း 2012 June တွင် မူရင်း ပုံနှိပ် ဖော်ပြခဲ့သည်။) (ပုံ ၁ - "မောင်ညီညွတ် ၊ ပြေငြိမ်း ၊ ခင်ဝမ်း" သူငယ်ချင်း သုံးယောက်။ ဓာတ်ပုံ မျှဝေသူ - Doney MP) လူ့ ဘဝမှာ လူငယ်ဘဝဟာ ပျော်စရာအကောင်းဆုံး၊ လူငယ် ဘဝမှာမှ ကျောင်းသားဘဝဟာ ပျော်စရာအကောင်းဆုံး၊ ကျောင်းသားဘဝမှာလည်း တက္ကသိုလ်ကျောင်းသားဘဝဟာ ပျော်စရာအကောင်းဆုံးလို့   တက္ကသိုလ်ဘုန်းနိုင်ကသူ့ ရဲ့ ဝတ္ထုတပုဒ်ထဲမှာရေးခဲ့ဖူးပါတယ်။ ဘဝမှာလူဖြစ်လာခဲ့ပြီး ကြည်နူးပျော်ပိုက်စရာ လူဖြစ်ကျိုးနပ်ရပုံကို သိသာအောင်ရေးပြခဲ့တာ ဖြစ်ပါတယ်။ အဲဒီစာပိုဒ်ကိုမျဉ်းသားပြီး ကျွန်တော်မှတ်သားထားခဲ့လို့ မမေ့နိုင်ပါ။ [...]

Read more of this post