ပြေ (ဆေး-၂) ဇန်န၀ါရီ ၂၃၊ ၂၀၁၃  (၁) ပြီးခဲ့တဲ့နှစ်ရက်က တီဗွီညပိုင်း ၈ နာရီသတင်းအပြီးမှာ ကိုးရီးယားဇာတ်လမ်းတွဲကြည့်မလို့စောင့်နေလိုက်တာ ဟော စာတန်းမထိုး ဘာမထိုးနဲ့ကြော်ငြာထင်လို့ကြည့်နေမိတာ။ မြ၀တီက မြန်မာဇာတ်လမ်းတပုဒ်ဖြစ်နေ တယ်။ မြန်မာဇာတ်လမ်းတွေမကြည့်တာလည်း ကြာပြီမို့ဘာ ပါလိမ့်ဆိုပြီးဆက်ကြည့်နေမိတာ အလိုလေး ဗီလိန်မင်းသား အကယ်ဒမီအောင်ခိုင့်ကားကိုးဗျ။ ကိုယ်တို့ငယ်ငယ်က ဗီလိန်ဆို အေးကြူ ပေါ့။ သူမို့ ပိတ်ကားပေါ်မှာ မပေါ်လိုက်နဲ့ ရုံထဲမှာ ၀ိုင်းဆဲလိုက်ကြတာ။ ကြာကူလီ ၀င်းမြင့်။ နောက် ဦးကျောက်လုံး။ မေမေနဲ့ ဓါတ်ရှင်ကြည့် ပလားဆို ဦးကျောက်လုံးရုပ်ပေါ်လာတာနဲ့ မေမေက တဖျစ်တောက်တောက်လုပ်ရော။ ဟော ဦးကျောက်လုံးလည်း နောက်ဆုံးခံရရော မေမေက ကဲမှတ်မှတ်လို့ ၀မ်းသာအားရပြောတတ်တယ်။ ဒီဘက်ခေတ်ကျတော့ အံ့ကျော်။ သူလည်း မစားသာပါဘူး။ ဒါပေမယ့် ကိုအံ့ ကျော်ကြီးက [...]

Read more of this post