ချမ်းမြ (မိုးမခအထောက်တော်) ဇန်န၀ါရီ ၂၃၊ ၂၀၁၃ ထိုင်းနိုင်ငံအတွင်း နေထိုင်လုပ်ကိုင်ရှိကြသော မြန်မာနိုင်ငံသား အလုပ်သမားတွေရဲ့ မှီခိုသူသားသမီးတွေကို ယာယီနိုင်ငံကူးလက်မှတ်များကို နှစ်နိုင်ငံအစိုးရရဲ့သဘောတူညီမှုနဲ့ ထုတ်ပေးဖို့စီစဉ်လျှက်ရှိကြောင်း သိရပါတယ်။ မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ အသက် (၁၅) နှစ်အောက်သားသမီးတွေကို သက်သေခံအထောက်အထား (Certificate of Identity - C of I) ထုတ်ပေးရေးနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံရှိ မြန်မာသံရုံးက ဇန်န၀ါရီလ ၁၈ ရက် ရက်စွဲဖြင့် သတင်းထုတ်ပြန်ချက်တစောင် ထုတ်ပြန်ခဲ့ပါတယ်။ မြန်မာသံရုံး၏ သတင်းထုတ်ပြန်ချက် အပြည့်အစုံကို အောက်တွင် ကြည့်ရှုနိုင်ပါသည်။

Read more of this post