ဆက်သွယ်ရေးဝန်ထမ်းတစ်ဦး ဇန်န၀ါရီ ၁၉၊ ၂၀၁၃ မြန်မာ့ဆက်သွယ်ရေးမှ လက်ရှိအိုင်တီဌာန အင်ဂျင်နီယာချုပ် ဦးခင်မောင်ထွန်းသည် ယခင် ရှမ်း/တောင်ပြည်နယ် မန်နေဂျာအဖြစ် တာဝန် ယူနေစဉ်က ၀န်ကြီးရုံးမှ တပ်ဆင်ရန်ခွင့်ပြုမိန့်ရပြီးသော မိုဘိုင်းတယ်လီဖုန်းများကို တရားဝင်ပေးသွင်းရသော တပ်ဆင်ခအပြင် မိုဘိုင်း ဟန်းဖုန်းတစ်လုံးကို အပိုကြေး ကျပ် (၁၀) သိန်း ထပ်မံပေးမှသာ အမည်ပေါက်ပိုင်ရှင်မှ ထုတ်ယူတပ်ဆင်ခွင့်ရရှိပြီး လာဘ်ငွေမပေးနိုင် သူ များ၏ဖုန်းများကို အချိန်ဆွဲကာ ရက်ချိန်းအမျိုးမျိုးပေးပြီး ထုတ်မပေးပဲထားခဲ့ပါသည်။ အော်တိုတယ်လီဖုန်းများကိုလည်း တရားဝင်တပ် ဆင်ခအပြင် လာဘ်ငွေ အပိုကြေး သိန်း (၃၀) ထပ်မံတောင်းပြီး ပေးနိုင်သူများကိုသာ တပ်ဆင်ပေးခဲ့ပါသည်။ လာဘ်ငွေပေးရန် မတတ်နိုင် သူများကိုတပ်ဆင်ရန် ဖုန်းလိုင်းအရေအတွက်ပြည့်သွားပြီဖြစ်ကြောင်း၊ နောက်ထပ် လိုင်းတိုးချဲ့မှသာ တပ်ဆင်ပေးနိုင်မည်ဖြစ်ကြောင်း ပြောဆိုပြီး ရက်ချိန်းအမျိုးမျိုးပေးကာ အကြောင်းအမျိုးမျိုးပြ ရှောင်နေခဲ့ပါသည်။ သာမန်လူများသာမက [...]

Read more of this post