ကျော်သူ (နာရေးကူညီမှုအသင်း - ရန်ကုန်) ဇန်န၀ါရီ ၆၊ ၂၀၁၃ ရန်ကုန်မြို့တော်ကြီးအား အရှေ့ပိုင်းခရိုင်နှင့် အနောက်ပိုင်းခရိုင် ခွဲခြားသတ်မှတ်၍ အရှေ့ပိုင်းတွင် နေထိုင်သူများ ကွယ်လွန်ပါက ရေဝေးသုဿန်တွင် ပို့ဆောင်အအေးခန်းထားကာ သင်္ဂြိုလ်ရ၍၊ အနောက်ပိုင်းတွင် နေထိုင်သူများ ကွယ်လွန်ဆုံးပါးသွားခဲ့ပါက ထိန်ပင်သုဿန်သို့ ပို့ဆောင်ထားရှိ သင်္ဂြိုလ်ရန် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ သတ်မှတ်ပေးထားခဲ့သည်။ နာရေးကူညီမှု အသင်း(ရန်ကုန်)သို့ အများပြည်သူတို့ ကူညီဆောင်ရွက်ပေးခဲ့ပြီး ရေဝေးသုဿန်တွင် ရုံးခွဲဖွင့်လှစ်ကာ အလူမီနီယမ် မှန်အခေါင်းများဖြင့် ခန်းမတွင်ထားရှိ ပြင်ဆင်ကူညီပေးခဲ့သည်။ ထို့ကြောင့် အများပြည်သူ တို့၏ နာရေးကိစ္စများတွင် များစွာအဆင်ပြေ ချောမွေ့ခဲ့ကြသည်။ သို့သော်ယခင်က ထိန်ပင်သုဿန်တွင် အလူမီနီယမ် မှန်အခေါင်းများဖြင့် ကူညီနိုင်ခြင်းမရှိခဲ့ချေ။ ယခုမူ ပူစရာမလိုတော့ပေ။ ၂၃.၁.၂ဝ၁၃ ခုနှစ်တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ထိန်ပင် ရုံးခွဲဖွင့်ပွဲကို နံနက် (၉းဝဝ) [...]

Read more of this post