ဟင်္သာတက အာဏာရှင်၊ အလိုတော်ရိလုပ်ငန်းရှင်တို့၏ မင်းမဲ့စရိုက် အမူအကျင့်များ ဟင်္သာတက ပေးတဲ့စာ၊ ဇန်န၀ါရီ ၆၊ ၂၀၁၃ ဟင်္သာတမြို့သူမြို့သားများ၏ ဒုက္ခကို မီဒီယာများမှတဆင့်  နိုင်ငံတော်သမ္မတ ကြီးနှင့် ပြည်သူ့လွတ်တော်ဥက္ကဌ  သိစေရန်တင်ပြပေးပါ။ ဧရာဝတီတိုင်း၊ ဟင်္သာတမြို့မှာ လမ်းတွေ ပျက်တာ၊ ပြင်တာ၊ ပိတ်ဆို့တာတွေကြောင့် ကားတွေ လူတွေ အကြပ်အတည်းဖြစ်ရပါတယ်။ သုံးဘီးဆိုင်ကယ် ပြေးဆွဲသူတွေကလည်း လမ်းမကောင်းတာ အခွင့်ကောင်းယူပြီးတော့ လမ်းစည်းကမ်းတွေ ယာဉ်စည်းကမ်းတွေကို ကြိုက်လို ချိုးဖောက်နေပါတယ်။ အာဏာပိုင်တွေကလည်း လုပ်ငန်းရှင်စိတ်ကြိုက် လမ်းစည်းကမ်းတွေကို ဥပက္ခာပြုထားကြပါတယ်။ လက်ရှိတိုင်းပြည် ပြုပြင်ပြောင်းလဲရေးဆိုတာက အောက်ကမပြင်ဘဲ အပေါ်ယံပြောင်းလို့ မရပါဘူး။ ဥပမာ အိမ်နံရံတွေ ဆေးသုတ်တဲ့အခါ အောက်ဆေးကိုမခွါဘဲ ဆေးသုတ်သလိုပေါ့။ အပေါ်က ဘယ်လောက်ဘဲထပ် သုတ်သုတ်၊ အောက်ဆေးကတော့ ပေါ်လာတာပဲ။ ကျနော်တို့ ကျမတို့မြို့မှာ [...]

Read more of this post