ပြေ (ဆေး - ၂) ဇန်န၀ါရီ ၂၆၊ ၂၀၁၃  (၁) ဒီရက်ပိုင်းညူးရီးယားကစလိုက်တဲ့ ဗျစ်ရည်စုတ်တဲ့ အကျင့်က ၂ပတ်လောက်အသားကျနေတယ်။ဗျစ်ရည်မမြုံတာ ၅လာရှိပြီမို့ ပိုခံတွင်း လိုက်နေသလားမပြောတတ်။ ဒီလိုနဲ့တနေ့တော့ ကိုယ်ရယ် ၀တ်္ထုတိုရေးတဲ့ကိုဆန်းလင်းရယ် အုတ်သဲကျောက်ကုန်သည်လေး တယောက်ရယ် ဧရာရွှေတောင်မှာ  လေဖော်နေမိကြတယ်လေ။ ဒီလိုနဲ့ အကယ်ဒီပေးပွဲအကြောင်း ရောက်သွားတယ်။အကယ်ဒမီရတဲ့သူကို ကိုလူချောတသိုက်ကအစိမ်းရောင်ဝတ်စုံတွေနဲ့ ဦးထုပ်တွေနဲ့ တရားခံဖမ်းလာသလိုခေါ်လာ၊ကင်မရာမင်းတွေက ထန်းညက်ခဲ ပုရွက် ဆိတ်တွေ အုံခဲပြီး သယ်သွားသလို ပြုံလိုက်နေပုံကိုပြောပြနေမိတယ်။ ဇာဂနာကပြောသွားပါသေးတယ် မူစယ်လာတုန်းကလေ။ ဒီနှစ် အကယ်ဒမီပွဲကို အော်စကာပွဲလိုလုပ်ထားတယ်တဲ့။ အော်စကာပွဲမှာ ကင်မရာမင်းတွေက အခုလို ပြုံမ်လိုက်ကြပါဘူးနော်။ နောက်ကိုယ်က မြန်မာ့အသံမြက်ခင်းပြင်မှာ လုပ်တဲ့ အကယ်ဒမီပွဲကိုတက်ဖူးတဲ့အကြောင်းပြောပြနေမိတယ်။ နောက် တဖြည်းဖြည်းနဲ့ ယဉ်ကျေးမှု ကဇာတ်ရုံကိုရောက်သွားတယ်။ ဒါနဲ့ မှတ်မှတ်ရရ ရုပ်ရှင်စိန်ရတုပွဲအကြောင်းပြောပြနေမိတယ်။ ဒီပွဲလုပ်တဲ့အချိန်မှာ [...]

Read more of this post