[aurorageneration] လူတိုင်းအတွက် အချိုမှုန့် အန္တရာယ်

လူအများ အချိုမှုန့်ပါဝင်သော အစား အသောက်များစားပြီး အချိုမှုန့်၏
ဆိုးကျိုး များကို ခံစားဖူးကြမည် ထင်ပါသည်။ ၄င်းဆိုး ကျိုးများတွင်
ခေါင်းကိုက်ခြင်း၊ မူးဝေခြင်း၊ ပျို့အန်ခြင်း၊ ရင်ကျပ်ခြင်း(အထူးသဖြင့်
ရင် ကျပ်အခံရှိသော လူများတွင်)၊ ရင်ဘတ် အောင့်ခြင်း၊ နုံးချည့်ခြင်း၊
မျက်နှာနှင့် ဦး ခေါင်းပိုင်းတွင် ကုပ်ပိုး၌ ပူလောင်ခြင်း၊ ထုံ
ကျဉ်ခြင်း၊ သွေးတိုးခြင်းနှင့် အချို့တွင် သွေး ပေါင်ကျခြင်း
(နှလုံးခုန်မမှန်၍)များ ပါဝင် ကြောင်း သုတေသနပြုချက်များအရ သိ
ရှိပြီးဖြစ်ပါသည်။ ၄င်းဆိုးကျိုးများသည် တစ်ခါတစ်ရံ အချို့လူများတွင်
အလွန်ဆိုးရွားနိုင်ပြီး အသက်သေဆုံးသည်အထိ ဖြစ်နိုင်ကြောင်း သိရှိပြီး
ဖြစ်ပါသည်။ သို့အတွက်ကြောင့် လည်း အချို့သော စားသောက်ဆိုင်များနှင့်
အစားအစာထုတ်လုပ်သူများသည် အချို မှုန့်အစား သဘာဝ ဟင်းခတ်မှုန့်များကို
ပြောင်းလဲသုံးစွဲကြသော်လည်း စားသောက် ဆိုင်အများစုနှင့်
အစားအစာထုတ်လုပ်သူ အများစုတို့သည် အရသာပိုကောင်းပြီး စွဲ မက်စေသော
အန္တရာယ်များသည့် အချိုမှုန့် သို့မဟုတ် အချိုမှုန့်ပါဝင်သော အခြားနာ
မည်နှင့် ဟင်းခတ်ပစ္စည်းများကို အသုံးပြု ၍ လူအများကို လှည့်စားကာ
အသုံးပြုနေ ကြဆဲဖြစ်ပါသည်။ အချိုမှုန့်၏ ဆိုးကျိုးများကို လူအ
များခံစားရမှုများလည်း တစ်ဦးနှင့်တစ်ဦး ကွာခြားလှပေသည်။ အချို့သည် စားပြီး
မကြာမီပင် ခံစားရပြီး အချို့မှာ နာရီပေါင်း များစွာကြာမှ ခံစားရပေသည်။
အချို့တွင် ပြင်းထန်ပြီး အချို့တွင် မဆိုသလောက်သာ ခံစားရသဖြင့်
အချိုမှုန့်ကြောင့်ဖြစ်သော ဆိုးကျိုးများဟု သိရှိရန် ခက်ခဲမည်ဖြစ်သည်။
အများဆုံး သိရှိမှုမှာ တရုတ်စားသောက်ဆိုင်မှ အပြန်တွင် ရေငတ်ခြင်း၊
သွေးလန့်ခြင်း၊ ခေါင်းကိုက်ခြင်း၊ မူးဝေအော့အန်ခြင်း တို့သာဖြစ်ပါသည်။
အမှန်မှာ အချိုမုန့်သည် တရုတ်စားသောက်ဆိုင်မှ အစားအသောက် များတွင်သာ
ပါဝင်ခြင်းမဟုတ်ဘဲ လူအ များစားသုံးနေသော အသင့်ပြင်ဆင်ပြီး အစာများ (Fast
Food), (Prepared Foods) ၊ စည်သွတ်ဘူးများ (Canned Food) စသော
စားသောက်ဖွယ်ရာမျိုးစုံ တွင် အချိုမှုန့်ဟူ၍တစ်မျိုး၊ အခြားအမည်
များသုံး၍တစ်မျိုး လူအများအား လှည့် စား၍ ပါဝင်နေသည်ကို တွေ့ရှိရပေသည်။
အချိုမှုန့်သည် အခြားဟင်းခတ်မှုန့် အသွင်ဖြင့် လူအများ မသိရှိအောင်
ပါဝင်နေနိုင်သည်။ ဥပမာ အသားမှုန့်များ (ကြက်သား၊ ၀က်သား၊
အမဲဟင်းခတ်မှုန့်များ)၊ ပဲငံပြာရည်များ (Soy Sauce)၊ တဆေး (Yeast and
Yeast extracts)၊ မုယောစပါး (Malt)၊ နို့ကြက်တက်ရည် (Whey) အစရှိသော
ဟင်းခတ်မှုန့် ဟင်းခတ်အမည် မြောက်များစွာတွင် ပါဝင်နေပြီး
ဆိုးကျိုးများကို သက်ရောက်စေနိုင်ပါသည်။ သို့ကြောင့်လည်း
အချိုမှုန့်ပါဝင်ပတ် သက်နေသော အစားအစာများသည် လွန် စွာ များပြားလှကာ
စားသောက်ဆိုင်အ များစုမှ အစားအစာ၊ လူအများ အသင့်စား
သုံးရန်ပြင်ဆင်ပြီး အစားအစာ (Ready Made, Fast Food) Prepared Foods
များ၊ ကျောင်းနှင့် လမ်းဆုံ လမ်းမပေါ်တွင် ရောင်းသောအစားအစာနှင့်
အဆိုးရွားဆုံး မှာ မွေးစကလေးငယ်များအား တိုက်ကျွေး ရန် ရောင်းချနေသော
Infant Formula များတွင် ပါဝင်နေခြင်းများပင်ဖြစ်ပါသည်။
ဤဟင်းခတ်မှုန့်များ၏ ဆိုးကျိုးများ Dr John Olney နှင့် Dr Russel
Blaylock တို့နှစ်ဦးက စနစ်တကျ လေ့လာမှုများပြုလုပ်ခဲ့ပြီး Dr Blayloch က
ဟင်းခတ်မှုန့်(အချိုမှုန့်)များကို Exitotoxins လှုံ့ဆော်နေသောအဆိပ်များ၊
The Taste that Kills "အရသာဖြင့် သတ်နေ သော ပစ္စည်းများ" ဟူ၍
ကင်ပွန်းတပ်ပြီး စာအုပ်တစ်အုပ်ပင် ထုတ်ဝေခဲ့ပါသည်။ အချိုမှုန့်၏
ဆိုးကျိုးများ အမေရိကန်အစာနှင့် ဆေးဝါးမှ အ ချိုမှုန့်ကို ၁၉၅၀
ပြည့်နှစ်မှစ၍ ခွင့်ပြုခဲ့ပါ သည်။ ၄င်းနောက်ပိုင်းတွင် မြောက်မြားလှ
စွာသော ကမ္ဘာအနှံ့မှ ပညာရှင်များ၏ သုတေသနရလဒ်များက အချိုမှုန့်၏
အန္တရာယ်ကို ဖော်ပြခဲ့ပါသည်။ Dr Russel Blaylock က နှလုံးခုန် မမှန်၍
ရုတ်ခြည်းနှလုံးရပ်ဆိုင်းခြင်းနှင့် အ ချိုမှုန့်များဆက်သွယ်မှု၊
အထူးသဖြင့် အား ကစားသမားများတွင် မဂ္ဂနီဆီယမ်ဓာတ်ု အပ်နေသော
အချိန်တွင် အချိုမှုန့်၏ လှုံ့ ဆော်မှုကြောင့် နှလုံးခုန်မမှန်မှုများ ဖြစ်
ပေါ်လာနိုင်ပြီး ချက်ချင်းသေဆုံးသွားနိုင် ကြောင်း ရေးသားတင်ပြခဲ့သည်။
Pat Robertson မှလည်း ၄င်းဟင်းခတ်မှုန့် (အချိုမှုန့်)များကို Silent
Killer "အ သံတိတ် သတ်နေသူများ" ဟူ၍ အမည် တပ်ထားသည်ကို
သတိချပ်စေလိုသည်။ အခြားအန္တရာယ်တစ်ခုမှာ အဝလွန် ခြင်းဖြစ်ပါသည်။
အထူးသဖြင့် အန္တရာယ် များသော ဝမ်းဗိုက်တွင်းအဆီကို များစေ ပြီး
၎င်းအဆီများခြင်းနှင့် ပတ်သက်သော သွေးတိုး၊ ဆီးချို၊ သွေးလွှတ်ကြောများ
ကျဉ်းမြောင်းခြင်းရောဂါ၊ နှလုံးရောဂါများ နှင့်
ဆက်စပ်လျက်ရှိကြောင်း၊ ဦးခေါင်းရှိ အာရုံခံများပျက်စီးခြင်း၊
အထူးသဖြင့် မျက်စိမြင်လွှာမှ နာဗ့် Cell များကို ဆိုး ရွားစွာ
ထိခိုက်ခြင်း၊ ဦးနှောက်၏ အရေး ပါသော အစိတ်အပိုင်းမှာ ပျက်စီးစေ၍
၎င်းမှ ထိန်းချုပ်သော ကြီးထွားခြင်း၊ လူပျို၊ အပျိုဖော်ဝင်ခြင်းဆိုင်ရာ
ဟော်မုန်းများကို ထိန်းချုပ်ထားသော Endocrine glands များ၊
အစာစားလိုစိတ်၊ အိပ်ချိန်နှင့် နှိုးထမှု ဇီဝနာရီနှင့်
သတိရှိမှုအားလုံးကို ထိခိုက် စေပြီး အဝလွန်ခြင်းအပါအဝင် ဦးနှောက်
အာရုံကြောရောဂါမျိုးစုံ၊ အယ်လ်ဇိုင်းမား ရောဂါ၊ လေဖြတ်ခြင်းနှင့်
ပါကင်ဆန်ရော ဂါများ ဖြစ်လာနိုင်ပေသည်။ ကလေးသူငယ်များတွင်လည်း autism,
attention deficit disorder, hyperactivity ရောဂါများ ဖြစ်လာနိုင်
ကြောင်း တိရစ္ဆာန်စမ်းသပ်မှုများတွင် တွေ့ ရှိခဲ့ပေသည်။
လူအများစားသုံးသော အချို့မှုန့် သည် တိရစ္ဆာန်များတွင် အသုံးပြုသည် ထက်
များစွာနည်း၍ ၄င်းဆိုးကျိုးများ မ ဖြစ်နိုင်ဟု စောဒကတက်မည်ဆိုက တက်
နိုင်သော်လည်း လူများသည် စမ်းသပ်သည့်ြွကက်များထက် ငါးဆပို၍ Sensitive
ဖြစ်ပြီး နေ့စဉ်စားသုံးမှုမှ ဖြစ်ပေါ်လာသော သွေးတွင်းရလဒ်မှာ
စမ်းသပ်တိရစ္ဆာန်များ တွင် တွေ့ရှိသော သွေးတွင်းအဆင့်များ ထက်ပင်
ပိုနိုင်ကြောင်း၊ အထူးသဖြင့် မွေး ခါစကလေးသူငယ်များသည် ဦးနှောက်ဖွံ့
ဖြိုးဆဲကာလဖြစ်၍ ၄င်းကလေးငယ်များ သည် လူကြီးထက် လေးဆခံနိုင်ရည်
ပိုနည်းသဖြင့် ၄င်းကလေးသူငယ်များ၏ Óဏ်အရည်အသွေး၊ စာပေသင်ကြား
တတ်မြောက်မှုအတွက် ရေရှည် ထိခိုက် နိုင်ကြောင်းနှင့် အသက်အရွယ်မရွေး အဝ
လွန်ခြင်းနှင့် နောက်ဆက်တွဲရောဂါများ ခံ စားရနိုင်ကြောင်း ကမ္ဘာအရပ်ရပ်မှ
သိပ္ပံ ပညာရှင်များက တင်ပြခဲ့ပေသည်။ အခြားအန္တရာယ်တစ်ခုမှာ ယင်း
ဟင်းခတ်မှုန့် (အချိုမှုန့်) ကို ကင်ဆာရောဂါ၏ မြေသြဇာဟူ၍လည်း
ကင်ပွန်းတပ်နိုင်ကြောင်း များစွာသော သိပ္ပံပညာရှင် များက သက်သေပြခဲ့ပါသည်။
ဆိုခဲ့ပြီးသော ဆိုးကျိုးများမှာ လူ အားလုံးတွင် မဖြစ်ခြင်း၊ ဖြစ်သော
ဆိုးကျိုး များ၏ ပမာဏနှင့် အချိန်ကွာခြားမှုသည် တစ်ဦးနှင့်တစ်ဦး
ကွာခြားမှုရှိခြင်း၊ ဆေး လိပ်နှင့် လူသားတို့၏ ကျန်းမာရေးထိခိုက် မှုကို
ဆောင်ရွက်စဉ်ကကဲ့သို့ပင် နောက် မှ ကြိုးကိုင်သော လုပ်ငန်းရှင်များ၊
ဓနရှင် များ၏ ပေါက်ရောက်မှု၊ ကြိုးကိုင်နိုင်မှုနှင့်
ဖုံးကွယ်ထားနိုင်ခြင်းတို့၏ အရှိန်ကြောင့် ပင် ယနေ့ထိတိုင် လူသားများသည်
အချို မှုန့်နှင့် ゞင်း၏အန္တရာယ်ဆိုးကျိုးများကို ဆက်လက်ရင်ဆိုင်နေရကြောင်း
တင်ပြ လိုက်ရပါသည်။ အချုပ်ဆိုသော် အချိုမှုန့်သည်
နာမည်အသွင်အမျိုးမျိုးဖြင့် စားကောင်းသောက်ဖွယ်များ၊ ကလေးအာဟာရများတွင်
ပါဝင်နေနိုင်ပြီး လူတို့၏ကျန်းမာရေးကို ဆိုးရွားစွာ
ထိခိုက်စေနိုင်ကြောင်း အထူးသဖြင့် ခေါင်းတစ်ခြမ်းကိုက်ခြင်း ဝေဒနာ
(Migraine) ၊ အ၀လွန်ခြင်းနှင့် နောက်ဆက်တွဲ ပြဿာနာများ၊ ဆီးချို၊
သွေးတိုး၊ နှလုံး၊ လေဖြတ်ခြင်းများ၊ သွေးတို့းရောဂါ၊ နှလုံးရောဂါ၊
နှလုံးသွေးကြောကျဉ်းရောဂါ၊ နှလုံးခုန်မမှန်ရောဂါ၊ ပါကင်ဆန်ရောဂါများ
ဖြစ်ပွားစေနိုင်ကြောင်း သိရှိကြပြီး ရှောင်ရှားနိုင်ကြစေရန်
စေတနာကောင်းဖြင့် အသိပေးလိုက်ရပါသည်။
Sent from Huawei Mobile

--
Computer နည်းပညာများ
http://groups.google.com/group/auroracomputerservice?hl=en_US

ဂြိုဟ်တုနှင့်အာကာသ
http://sites.google.com/site/9spacestudy/

Entertainment (game)
www.vaperida.com

Aurorageneration အတွက် facebook link ပါ။
http://www.facebook.com/groups/186830348042417

Aurorageneration facebook page
https://www.facebook.com/Aurorageneration (Still fixing)

--
သင်သည် aurorageneration group ဧ။် member တစ်ယောက်ဖြစ်သောကြောင့် ယခု mail ရရှိခြင်းဖြစ်သည်။group ဧ။်အသေးစိတ်ကိုhttp://groups.google.com/group/aurorageneration/topics?start=10&sa=N မှာကြည့်နိုင်ပါသည်။ သင်ဧ။် mail များကိုဖြန့်ဝေချင်ပါကaurorageneration@googlegroups.comသို့ပို့နိုင်ပါသည်။ group ကိုဝင်ချင်ပါက aurorageneration+subscribe@googlegroups.com သို့ mail ပို့ ခြင်းဖြင့် ၀င်နိုင်ပါတယ်။ group မှထွက်ချင်ပါက aurorageneration+unsubscribe@googlegroups.com ဖြင့်ထွက်နိုင်ပါတယ်။

group နှင့်ပတ်သက်ပြီး အကြံဥာဏ်များပေးလိုပါက aurorageneration+owner@googlegroups.com သို့ မေးလ်ပို့နိုင်ပါသည်။
---
You received this message because you are subscribed to the Google Groups "Newgeneration" group.
To unsubscribe from this group and stop receiving emails from it, send an email to aurorageneration+unsubscribe@googlegroups.com.
To post to this group, send email to aurorageneration@googlegroups.com.
Visit this group at http://groups.google.com/group/aurorageneration?hl=en.
For more options, visit https://groups.google.com/groups/opt_out.