[aurorageneration] စာမေးပွဲကာလ ကျန်းမာနေစေရန် ရှောင်သင့်၊ ဆောင်သင့်သော အစာအာဟာရ

အခုဆိုရင် ကျောင်းသား၊ ကျောင်း သူအများစုအတွက် အတန်းတင် စာမေး
ပွဲဖြေဆိုဖို့ နီးကပ်လာပါပြီ။ စာမေးပွဲမှာ ကောင်းကောင်း
ဖြေဆိုနိုင်ဖို့ဆိုရင် သင် ခန်းစာတွေကို ကြေညက်အောင် လေ့ လာထားဖို့
လိုသလို ကျန်းမာရေးလည်း ကောင်းမွန်နေဖို့ လိုပါတယ်။ ကျောင်းသား၊
ကျောင်းသူတွေ ကျန်းမာဖို့ရာအတွက် အာဟာရ ပြည့်ဝနေသင့်ပါတယ်။ စာမေး
ပွဲကာလတစ်လျှောက်လုံးရော သင်ခန်း စာတွေကို အပြင်းအထန် မှတ်သားနေ
သူတွေအနေနဲ့ပါ ကျန်းမာနေစေဖို့ စား သင့်၊ ရှောင်သင့်တဲ့ အစားအသောက်တွေ
ကို ရေးသားလိုက်ရပါတယ်။ ဥအမျိုးမျိုး ဘာကြောင့် စားသင့်တ်တာလဲ ဘဲဥ၊
ကြက်ဥစားရင် စာမေးပွဲမှာ သုညပဲ ရလိမ့်မယ်ဆိုပြီး စနောက်ကာ
ဥအမျိုးမျိုးကို တချို့က ရှောင်လေ့ရှိပါ တယ်။ တကယ်တော့ ဥအမျိုးမျိုးမှာ
မရှိ မဖြစ် ဖော့စ်ဖိုလစ်ပစ်၊ ကိုလင်း၊ သံဓာတ် နဲ့ အရည်အသွေးမြင့်
ပရိုတင်းဓာတ်တို့ ပါဝင်တာကြောင့် ဦးနှောက်အတွက် အ ကောင်းဆုံး အစာဖြစ်ကာ
စာမေးပွဲကာ လအတွင်း စားသင့်ပါတယ်။ ဗီတာမင်စီပါသော အစားအစာ ဘာကြောင့်
စားသင့်တ်တာလဲ ဗီတာမင်စီပါတဲ့ အစာကို တစ်နေ့ နှစ်ကြိမ်-သုံးကြိမ်
စားတာကြောင့် ကိုယ် ခံစွမ်းအားကို မြင့်တက်စေပြီး ခန္ဓာကိုယ် ကနေ
သံဓာတ်စုပ်ယူမှုကို အားကောင်း စေကာ ဦးနှောက်ဆီသို့ အောက်ဆီဂျင် ရောက်ရှိမှု
များစေပါတယ်။ ဒါကြောင့် Óဏ်ရွှင်လန်းစေဖို့ ချဉ်တဲ့အသီးတွေ၊ ခရမ်း
ချဉ်သီး၊ အစိမ်းရင့်ရောင် ဟင်းသီးဟင်း ရက်ွတွေ၊ ငရုတ်သီးစိမ်း၊
ငရုတ်သီးမှည့်၊ မာလကာသီးနဲ့ ကညွတ်တို့လို ဗီတာမင်စီ ပါတဲ့ အစာတွေကို
စားပေးသင့်ပါတယ်။ ငါး ဘာကြောင့် စားသင့်တ်တာလဲ တစ်ပတ်မှာ အနည်းဆုံး
ငါး သုံး ကြိမ်စားပေးပါ။ ဆာဒင်းနဲ့ ဆယ်လ်မွန်တို့ လို အဆီများတဲ့
ငါးတွေမှာ မှတ်Óဏ် အားကောင်းစေတဲ့ အိုမီဂါ ၃ ဖက်တီး အက်စစ်များစွာ
ပါဝင်ပါတယ်။ ထောပတ်သီး ဘာကြောင့် စားသင့်တ်တာလဲ ထောပတ်သီး၊ အခွံမာတဲ့
အစေ့အ ဆန် လက်တစ်ဆုပ်စာနဲ့ သံလွင်ဆီတို့ ဟာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့
အဆီတွေ ဖြစ်တာကြောင့် ဦးနှောက်ကို ကျန်းမာစေ ပါတယ်။ ဟင်းသီးဟင်းရွက်များ
ဘာကြောင့် စားသင့်တ်တာလဲ ဗီတာမင်အေနဲ့ ဘီတာကယ်ရိုတင်း အများအပြား
ပါဝင်တဲ့ လိမ္မော်ရောင်နဲ့ အဝါရောင်ရင့် ဟင်းသီးဟင်းရွက်တွေက
ကိုယ်ခံစွမ်းအားစနစ်ကို ကောင်းမွန်စေ သလို မျက်စိအမြင်အာရုံကို
ကောင်းမွန် စေတာကြောင့် သင်ခန်းစာတွေကို ဖတ် ရှုလေ့လာနေရသူတွေ
စားသင့်ပါတယ်။ အမျှင်ပါသော ကောက်နှံစာ ဘာကြောင့် စားသင့်တ်တာလဲ
အခွံချွတ်မထားတဲ့ ကောက်နှံစာမှာ အမျှင်ဓာတ်အများအပြား ပါဝင်တာ ကြောင့်
အူလှုပ်ရှားမှုကို ကောင်းစေကာ သွေးတွင်းသကြားဓာတ်ကို တည်ငြိမ်စေ ပါတယ်။
စိတ်ဖိစီးမှု တွန်းလှန်ပေးနိုင်တဲ့ ဗီတာမင်ဘီလည်း များစွာ ပါဝင်တာ ကြောင့်
စိတ်တည်ငြိမ်စေပြီး အရာရာကို ရှင်းရှင်းလင်းလင်း၊ ကြည်ကြည်လင်လင်
တွေးခေါ်နိုင်စေပါတယ်။ ဗီတာမင်ဘီက သင်ခန်းစာတွေကို လေ့လာမှတ်သားနေ
ချိန်အတွင်း စွမ်းအင်တိုးစေပါတယ်။ ဗီ တာမင်ဘီများစွာ ပါဝင်တဲ့
ပဲအမျိုးမျိုးမှာ ပရိုတင်းဓာတ်လည်း ပါဝင်တာကြောင့် အ သားများများ
မစားဖြစ်တဲ့ ကျောင်းသား၊ ကျောင်းသူတွေ အဓိက စားသင့်ပါတယ်။ ဒိန်ချဉ်
ဘာကြောင့် စားသင့်တ်တာလဲ ဒိန်ချဉ်အလွတ်ကို စားတာက အစာ ကြေညက်စေပြီး
အူထဲမှာ အကျိုးပြု ဘက်တီးရီးယားကို တိုးစေတာကြောင့် ကျောင်းသား၊
ကျောင်းသူတွေအတွက် သင့်တော်ပါတယ်။ အချိုရည်နှင့် သကြားပါသော ဖျော်ရည်များ
ဘာကြောင့် ရှောာင်သ်သင့်တ့တာလဲ သွေးတွင်း သကြားဓာတ်ကို မြင့်
တက်စေနိုင်တဲ့ အချိုရည်နဲ့ သကြားပါတဲ့ အရည်တွေက အာရုံစူးစိုက်နိုင်ဖို့
ခက်ခဲ တတ်ပါတယ်။ ဒါကြောင့် အချိုစားချင် စိတ်ပြင်းပြနေရင် အစာစားပြီး
အနည်း ငယ်ပဲ သောက်ပါ။ ဒါဆိုရင် စားတဲ့ အစာ နဲ့ ရောပြီး အစာကြေနှုန်းနှေးကာ
သွေး ကြောထဲ ရောက်ရှိနှုန်း လျော့နည်းသွား နိုင်ပါတယ်။ ကော်ဖီပြင်းပြင်း
ဘာကြောင့် ရှောာင်သ်သင့်တ့တာလဲ တစ်နေ့တာအတွင်း ကော်ဖီအ
နည်းငယ်သောက်တာနဲ့ အိပ်ရာမဝင်ခင် အချိန် လေးနာရီအတွင်း ကော်ဖီ မ
သောက်ဘဲနေတာက အဆင်ပြေပေမယ့် ကော်ဖီပြင်းပြင်းကိုတော့ မသောက်မိဖို့
လိုပါတယ်။ အကြောင်းကတော့ ကဖင်း ဓာတ်က ဦးနှောက်ကို တက်ြွကလွန် အောင်
လှုံ့ဆော်ပေးနိုင်ပြီး အိပ်မပျော် ဖြစ်စေလို့ပါ။ တစ်နေ့တာ လေ့လာသင်
ယူခဲ့သမျှ မှတ်မိနေစေဖို့ ညဘက်မှာ နှစ် နှစ်ခြိုက်ခြိုက် အိပ်မောကျဖို့
လိုပါတယ်။ ဆီကြော်ထားသော အမြန်စာများ ဘာကြောင့် ရှောာင်သ်သင့်တ့တာလဲ
ဆီကြော်ထားတဲ့ အမြန်စာထဲမှာပါ တဲ့ ထရန့်စ်ဖတ်စ်တွေက ဦးနှောက်ထဲမှာ
လိုအပ်တဲ့ အိုမီဂါ ၃ ဖက်တီးအက်စစ်ကို အစားပြန်မထိုးနိုင်တဲ့အပြင်
စိတ်ဓာတ် ကျတာလို စိတ်ဝေဒနာကို ဖြစ်စေနိုင်ပါ တယ်။ အဆီများတဲ့ အစာတွေမှာ
ကယ် လိုရီပါဝင်မှု လွန်ကဲပြီး အာဟာရဓာတ် နည်းတာကြောင့် တစ်နေ့လုံး
ပင်ပန်းနေ နိုင်ပါတယ်။ အဲဒီအခါ ကိုယ်တွင်းရှိ အောက်ဆီဂျင်တွေကို
ဦးနှောက်က အာ ရုံစူးစိုက်နိုင်ဖို့ မသုံးနိုင်တော့ဘဲ အစာ ချေ
ဖျက်ဖို့အတွက် သုံးနေရတာကြောင့် လေ့ လာသင်ယူနိုင်စွမ်း လျော့ကျတတ်ပါတယ်။
Sent from Huawei Mobile

--
Computer နည်းပညာများ
http://groups.google.com/group/auroracomputerservice?hl=en_US

ဂြိုဟ်တုနှင့်အာကာသ
http://sites.google.com/site/9spacestudy/

Entertainment (game)
www.vaperida.com

Aurorageneration အတွက် facebook link ပါ။
http://www.facebook.com/groups/186830348042417

Aurorageneration facebook page
https://www.facebook.com/Aurorageneration (Still fixing)

--
သင်သည် aurorageneration group ဧ။် member တစ်ယောက်ဖြစ်သောကြောင့် ယခု mail ရရှိခြင်းဖြစ်သည်။group ဧ။်အသေးစိတ်ကိုhttp://groups.google.com/group/aurorageneration/topics?start=10&sa=N မှာကြည့်နိုင်ပါသည်။ သင်ဧ။် mail များကိုဖြန့်ဝေချင်ပါကaurorageneration@googlegroups.comသို့ပို့နိုင်ပါသည်။ group ကိုဝင်ချင်ပါက aurorageneration+subscribe@googlegroups.com သို့ mail ပို့ ခြင်းဖြင့် ၀င်နိုင်ပါတယ်။ group မှထွက်ချင်ပါက aurorageneration+unsubscribe@googlegroups.com ဖြင့်ထွက်နိုင်ပါတယ်။

group နှင့်ပတ်သက်ပြီး အကြံဥာဏ်များပေးလိုပါက aurorageneration+owner@googlegroups.com သို့ မေးလ်ပို့နိုင်ပါသည်။
---
You received this message because you are subscribed to the Google Groups "Newgeneration" group.
To unsubscribe from this group and stop receiving emails from it, send an email to aurorageneration+unsubscribe@googlegroups.com.
To post to this group, send email to aurorageneration@googlegroups.com.
Visit this group at http://groups.google.com/group/aurorageneration?hl=en.
For more options, visit https://groups.google.com/groups/opt_out.