သျှမ်းသံတော်ဆင့် |
- ရန်ကုန် သျှမ်းပြည်နယ်နေ့ အမျိုးသားကဇာတ်ရုံ၌ ကျင်းပမည်
- သျှမ်းမြောက် နမ့်ခမ်းဘက်မှ သစ်များ တရုတ်နိုင်ငံက နေ့စဉ်လာရောက်သယ်ယူနေ
- ဖြစ်သင့်တာတွေ ဖြစ်ရအောင်လို့ ပြောပြလိုက်မယ်
- မြေမျို၍ လူမျိုး မပျောက်ဘဲ လဝက မျို၍ အမှန် တကယ် လူမျိုးတိုးလာ
| ရန်ကုန် သျှမ်းပြည်နယ်နေ့ အမျိုးသားကဇာတ်ရုံ၌ ကျင်းပမည် Posted: 01 Feb 2013 03:08 AM PST ရန်ကုန်မြို့ရောက် တောင်ကြီးအသင်းက နှစ်စဉ်ဦးဆောင်ကျင်းပလျက်ရှိသော ဖေဖော်ဝါရီလ ၇ ရက် သျှမ်းပြည် နယ်နေ့ ခေါ် သျှမ်းပြည်အမျိုးသားနေ့အား ယခုနှစ် အမျိုးသားကဇာတ်ရုံ၌ ကျင်းပမည်ဖြစ်ကြောင်း ရန်ကုန် သျှမ်းစာပေယဉ်ကျေးမှုအသင်းမှ လူငယ်တဦးက ပြောပါသည်။ ပင်လုံစာချုပ်လက်မှတ်ရေးထိုးကြသည့်ပုံတူပန်းချီနှင့် ပင်လုံစာချုပ်ပုံ"အရင်နှစ်တွေလိုဘဲ တောင်ကြီးအသင်းကဘဲ ဦးဆောင် ကျင်းပမှာ။ ဒါပေမယ့် ကိုးမိုင် သျှမ်းကျောင်းမှာ မဟုတ် တော့ဘူး။ ဒီနှစ်အမျိုးသားကဇာတ်ရုံမှာ ကျင်းပမယ်။ သျှမ်းပြည် သမိုင်းကြောင်းနဲ့ဆိုင် တဲ့ပြ ခန်း ရှိမယ်။ သျှမ်း ရိုးရာအစားအစာတွေရောင်းတဲ့ဆိုင်ခန်းတွေရှိမယ်။ ဒီနှစ် ပွဲလက်မှတ်ရောင်း ကောင်း တယ် ။ ဂျန္နဝါရီလ မကုန် ခင်ကတည်းက လက်မှတ်ကုန်သလောက်ရှိနေပြီ" ဟု အဆိုပါလူငယ်က ပြော ပါသည်။ သျှမ်းပြည်နယ်နေ့အား ၁၉၉၆-၉၇ ခုနှစ်ခန့်ကတည်းက (ထိုစဉ် )စစ်အစိုးရက သျှမ်းပြည်နယ်နေ့ ဆိုင်း ဘုတ် တပ်ခွင့်မပြု ၊ လွတ်လွတ်လပ်လပ် ကျင်းပခွင့်မပြုသဖြင့် ကိုးမိုင်ရှိအောင်မြေဘုံသာသျှမ်း ကျောင်း၌ သျှမ်းပြည် အမျိုးသား ပဒေသာကပွဲအမည်ဖြင့်သာ ကျင်းပခဲ့ရသည်။ ယခုနှစ်တွင်မူ စကိုင်းနက် ရုပ်သံမှလည်း မေတ္တာဖြင့် ရိုက်ကူးကာ တိုက်ရိုက်ထုတ်လွှင့်ပေမည်ဖြစ် ကြောင်း လည်း သိရပါသည်။ " ဒီနှစ် အလှူငွေတွေလဲ ကျပ်သိန်း ၁၅၀ ဝန်းကျင်လောက်ရမယ်။ ကမ္ဘောဇဘဏ်က ကျပ်သိန်း ၅၀ ၊ ရွှေတောင် ဆောက်လုပ်ရေးကုမ္မဏီက ကျပ်သိန်း ၅၀ ၊ သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်က ၅ သိန်း ကျန်တာက ဆင်ခြောက်ကောင်ဆေးတိုက်နဲ့ တခြားစီးပွါးရေးလုပ်ငန်းရှင်တွေရဲ့အလှူငွေတွေပေါ့။ ပွဲဝင်လက်မှတ်ကိုလည်း ကျနော်တို့ ကျပ် ၂၀၀၀-၃၀၀၀-၅၀၀၀ အစရှိသဖြင့် ရောင်းတယ်။ လူတွေ တော်တော် စိတ်ဝင်စားကြတယ်ဒီနှစ်။ ပြီးတော့ လူငယ်တွေလဲ တက်ကြွစွာ ပါဝင်လှုပ်ရှားကြတာကို တွေ့ရတယ်" ဟု သျှမ်းစာယဉ်အသင်း၌တက်ကြွ လှုပ်ရှားသည့်အဆိုပါလူငယ်က ဆက်လက် ပြောပြ သည်။ ဖေဖော်ဝါရီလ ၇ ရက် ၆၆ နှစ်မြောက်သျှမ်းပြည်နယ်နေ့အား ရန်ကုန်ရောက် တောင်ကြီးအသင်းက ကမ ကထ ပြုကာ အမျိုးသားကဇာတ်ရုံ၌ မွန်းလွဲ ၁ နာရီ ပွဲဖွင့်လှစ် ကျင်းပမည်ဖြစ်ကြောင်း၊ ညနေ ၆ နာရီ မှစ၍ ကပွဲ ပဒေသာ ကျင်းပမည်ဖြစ်ကြောင်း ပအိုဝ်း တအာင်း လားဟူ ဓနု အင်းသား ကျောက်မဲ အသင်း သီပေါအသင်း မိုးကုတ်အသင်း ထုန့်မောဝ်အသင်း ကျိုင်းတုံအသင်း ရန်ကုန်သျှမ်းစာပေ ယဉ်ကျေးမှု အသင်းတက္ကသိုလ်များ စာပေယဉ်ကျေးမှုအသင်း နှင့်တောင်ကြီးအသင်းတို့ မှ အဆိုအကများဖြင့် ဖျော်ဖြေသွားမည်ဖြစ်ကြောင်း စုံစမ်းသိရှိရပါသည်။ သျှမ်းပြည်လူထုခေါင်းဆောင်များနှင့် စော်ဘွားများ ဦးဆောင် ကာ သျှမ်းပြည်အလယ်ပိုင်း လဲချားစော်ဘွားနယ် ပင်လုံ၌ ၁၉၄၇ ဖေဖေါ်ဝါရီ ၃ မှ ၁၂ ရက်အထိ ၁၀ ရက်ကြာ ကျင်းပခဲ့သော ဒုတိယ ပင်လုံညီလာခံမှ ဖေဖေါ်ဝါရီ ၇ ရက် သျှမ်းပြည်အမျိုးသားနေ့နှင့် ဖေဖေါ်ဝါရီ ၁၂ ပင်လုံစာချုပ်နေ့ (သို့) ပြည်ထောင်စုနေ့ ပေါ်ပေါက်စေခဲ့ သော ကမ္ဘာကျော်သမိုင်းဝင်နေ့ရက်များ ဖြစ်ပါသည်။ |
| သျှမ်းမြောက် နမ့်ခမ်းဘက်မှ သစ်များ တရုတ်နိုင်ငံက နေ့စဉ်လာရောက်သယ်ယူနေ Posted: 01 Feb 2013 03:06 AM PST မြန်မာပြည်ဘက် သျှမ်းပြည်နယ်နှင့်ကချင်ပြည်နယ်ကြားရှိ သစ်များကို တရုတ်နိုင်ငံမှ သစ်ကုန်သည် များက နေ့စဉ် ကားဖြင့် လာရောက်သယ်ယူနေကြောင်း သတင်းရရှိသည်။ နမ့်ခမ်းဘက်မှ သစ်လုံးတင် တရုတ်ကား "တရုတ်သစ်တင်ကားတွေက နေ့တိုင်း ညသန်းခေါင်အချိန်တွေမှာ တရုတ်ပြည် ဂျယ်ကောင် ဘက် ကနေ နမ့်ခမ်းမြို့ဖြတ်ပြီး မန့်ဝိန်းဘက်ဆင်းသွားတာ တနေ့ အစီး ၃၀လောက်ရှိတယ်၊ ကားတွေက ၁၂ ဘီး ကား တွေ ချည်းပဲ၊ သစ်တင်ပြီးရင်တော့ ကချင် မန့်ဝိန်းကြီးဘက်ကနေ နောင်တောင်းမြို့မှာရှိတဲ့ သစ်ဂိုဒေါင်မှာ သွားစုထားတာတွေ့ရတယ် " ဟု နမ့်ခမ်းဒေသခံ ဈေးပတ် လိုက်ရောင်းနေသော ဈေးသည် တစ်ဦး ပြော သည်။ သစ်လုံးတင်ကားများသစ်များကို ကချင်ပြည်နယ် KIA တပ်မဟာ ၃ ဖြစ်သည့် အင်ပါပါမြို့နယ်ဘက်မှ တနေ့အစီး တစ်ရာ ကျော် သယ်ထုတ်နေကြောင်း၊ သို့သော် ကချင်ပြည်နယ် ထဲမှ သစ်များ မဟုတ် ကြကြောင်း ၊ သျှမ်းပြည် မြောက်ပိုင်း နမ့်ခမ်းမြို့နယ် လွိုင်စောဝ် အနီးရှိ သစ်များဖြစ်ကြ ကြောင်း သစ်တင်ကား မောင်း သမား တစ်ဦးကဆိုသည်။ "တရုတ်တွေ ကျနော်တို့ဘက်က သစ်တွေကို စည်းမဲ့ကမ်းမဲ့ ခုတ်နေတာကြောင့် ရာသီဥတု ဖောက် ပြန် မှုတွေ သိသိသာသာကြီး ဖြစ် ပေါ်နေတယ်၊ အခုဆောင်းရာသီလဲ အအေးချိန်လွန်ကဲတယ်၊ တဖက်ကလဲ နမ့်ခမ်းမြို့ ရပ်ရွာထဲက ရေတွင်းတွေခန်းခြောက်ကုန်တာ၊ လွန်ခဲ့တဲ့ ၂ နှစ်လောက်က ကျနော်တို့အိမ်က ရေတွင်းက ရေစုပ်မော်တာ ၃ လုံးနဲ့စုပ်ပြီး စိတ်ကြိုက်သုံးလို့ရတယ်၊ အခုတော့ တလှည့်စီ စုပ်ပြီးရေကို ချွေတာသုံးနေရ တယ်" ဟု နမ့်ခမ်းဒေသခံ ခေတ်ပညာတတ် လူငယ်စိုင်းခမ်းကပြောသည်။ ![]() နမ့်ခမ်းဘက်မှမြေဆီများကိုအိတ်များဖြင့်ထည့်၍တရုတ်ပြည်ဘက်သယ်ယူ တရုတ်ကုမ္မဏီများ သျှမ်းပြည် ကချင်ပြည်မှ သစ်ပင်များကို ခုတ်ယူရုံတင်မက အမြစ်ပါနုတ်ယူသွားပြီး ကျန်ရှိနေသည့် မြေဆီ ကိုလည်း ဘိလပ်မြေအိတ်ဖြင့် ထည့်ယူသွားကြကြောင်း ၊ တရုတ်နိုင်ငံ ဘက် ရွှေလီနှင့် ဂျယ်ကောင်မြို့ များ တွင် သစ်ပင်များဖြင့် စိမ်းလန်းစိုပြေနေကြောင်း မြန်မာနိုင်ငံဘက် နမ့်ခမ်းမြို့တွင်မူ သစ်ပင်များမရှိတော့သလောက်ရှားပါး သွားကြောင်း ၄င်းကဆိုသည်။ ![]() ရွှေလီဘက်၌တွေ့ရသော စိမ်းလန်းစိုပြေမှု တရားမဝင် တရုတ်သစ်တင်ကားများကို ဖမ်းဆီး ခြင်းမရှိသည့် အပြင် မြန်မာအစိုးရနှင့် KIO သက်ဆိုင် ရာအာဏာပိုင်များကလည်း အခွန်ကောက်ခံပြီး လွတ်လပ်စွာ စိတ်ကြိုက် သယ်ယူ ခုတ်ခွင့် ပေးနေ ကြောင်း သိရှိရသည်။ |
| ဖြစ်သင့်တာတွေ ဖြစ်ရအောင်လို့ ပြောပြလိုက်မယ် Posted: 01 Feb 2013 03:03 AM PST သို့- သျှမ်းသံတော်ဆင့် မူဆယ်မြို့ ပြည်သူ့ဆေးရုံကြီးကိုရွှေ့တော့မယ်၊ နေရာဟောင်းမှာ ဟော်တည်ဇုံ အစားထိုးမယ်၊ မူဆယ်မြို့ဒေသခံ ထုန့်မောဝ် အများပိုင်ကုမ္ပဏီကြီးကလုပ်မယ် ဆိုတဲ့စကားတွေက ဒီနေ့မူဆယ်မြို့ကြီးမှာ ရေပန်းစားနေတော့ ဖြစ်သင့်ဖြစ်ထိုက်သိသင့်သိထိုက် လုပ်သင့်လုပ်ထိုက်တာတွေ သျှမ်းသံတော်ဆင့်ကဘဲ သွန်ပြရတော့တာပေါ့ရှင့်.. ထုန့်မောဝ်အများပိုင်ကုမ္ပဏီဆိုတာ ဒုသမ္မတ ကထောင်ခိုင်း ထားတာဆိုပြီးပြောကြတယ်။ အမှန်တော့ ဒုသမ္မတရဲ့ Second Lady ရဲ့ဆန္ဒလို့ထင်တယ် ။ လေဒီရဲ့ဖဲရိုက်ဖေါ်ရိုက်ဖက် နဲ့ နွယ်ရာ စိုင်းထွန်းလှ ကနေ လိုက်စည်းရုံးရင်း အမျိုးသားလွတ်တော်အမတ်(မူဆယ်) ဦးဝင်းမောင်၊ ပြည်သူ့ လွှတ်တော်အမတ် (နမ့်ခမ်း) Dr.ကျော်အုန်း၊ ပြည်နယ်လွှတ်တော်အမတ်(နမ့်ခမ်း) ဦးတင်ဦး အပါအဝင် နမ့်ခမ်းနဲ့မူဆယ်မြို့မျက်နှာဖုံး များလို့ဆိုရမဲ့ကိုယ့်ကိုယ်ကို ဘာ ကျားမှန်းမသိတဲ့... ရေပေါ်ဆ ကျား ..ငကြောင်များပါတာပေါ့။ ထွန်းလှ (သုံးဘီး ) ကနောက်ခံသူဌေးကြီးလုပ်ပြီး ငွေထဲ့စရာ မလိုဘူး တစ်ဦးကိုသိန်းတစ်ရာစီအခ မဲ့ ထဲ့ပေးမယ်လို့စည်းရုံးပြီးတော့ထောင်ထားတဲ့ကုမ္မဏီရဲ့ MD က ဦးစိုင်းမောင်စိန်တဲ့။ အခုထိတော့လိုင်စင်တောင်တရားဝင်မကျသေးပါဘူး။ နမ့်ခမ်းအမတ်များလဲ တလောကထွက်ထားတဲ့စီမံကိန်း..သဘောထားကြေညာချက်ကိုမေ့သွားလားမသိ။ ဆေးရုံကြီး ကိုရွှေ့ဖို့မကြိုးစားခင် (၁) MDဦးမောင်စိန်အိမ်ရှေ့ကလို မူဆယ်မိုးရွာရင်လမ်းဘေးမြောင်း လျှံ ပြီးရေကျော်နေတဲ့ကိစ္စ (၂) ကုမ္မဏီ ဒါရိုက်တာကြီးများရဲ့အိမ်ရှေ့တွေမှာအခန်းဖွဲ့ အဖီထိုး ဆိုင်ခန်း ငှား ထားလို့ ဈေးဆိုင်ခန်းများကြောင့်ဖြစ်နေတဲ့လမ်း ယာဉ်ပိတ်ဆို့မှုဒါတွေအရင်မစဉ်းစားသင့်ဘူးလား၊ ဒါမှမဟုတ် မူဆယ်မြို့တော်ရဲ့စည်ကားလို့သွားလာနေတဲ့လူတွေအတွက်ဒါရိုက်တာကြီးများရဲ့ လက်ရှိအိမ်နေရာတွေမှာ မြို့စည်ပင်သာယာဝပြောစေမဲ့ သန့်စင်ခန်း (အိမ်သာ) တွေဆောက်။ ပိုက်ဆံကောက်.. ခင်းဗျားတို့က အခုရွှေ့ မဲ့ ဆေးရုံနေရာမှာပြောင်းနေ ..ဒီလိုဆိုရင်ကုသိုလ်လဲရ ၀င်ငွေလဲကောင်း မြို့ကြီးလဲ စည်ပင်ပေါ့။ မဟုတ်ဘူးလား။ ဒီလိုမှမဟုတ်....ဆေးရုံကြီးကိုရွှေ့မယ်ဆိုရင်တော့ လူထုရဲ့ သဘောထားစစ်တမ်းလေးအရင် မကောက်သင့်ဘူးလား။ လက်ရှိဆေးရုံနေရာကိုရော အဆင့်မြင့်အောင် မလုပ်သင့်ဘူးလား ( မလုပ်နိုင်ဘူးလား ) ရွှေ့သင့်ရွှေ့ထိုက်တယ်ဆိုလဲ ပြည်သူကိုအကြိုးအကြောင်း ဆီလျော်အောင် ရှင်းလင်းပြောပြဒါမျိုးမလုပ်သင့်ဘူးလား....... အများပိုင်ကုမ္မဏီကြီး ရှင်. ... သေချာလဲစဉ်းစားကြပါအုံး ပညာရှိမြို့မျက်နှာဖုံးကြီးများရယ် . .. . မြို့ခံပြည်သူ မူဆယ်မြို့ |
| မြေမျို၍ လူမျိုး မပျောက်ဘဲ လဝက မျို၍ အမှန် တကယ် လူမျိုးတိုးလာ Posted: 01 Feb 2013 03:02 AM PST သို့- လဝက ဝန်ကြီး ဦးခင်ရီနှင့် သျှမ်းသံတော်ဆင့်ခင်ဗျား "ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဒေသ ဟိုပန်မြို့နယ်တွင် နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသေးသူများအား ရပ် ကွက်/ကျေးရွာ အလိုက် စာရင်းပြုစု၍ ၂၀၁၂ ခုနှစ်တွင် ထုတ်ပေးလျက်ရှိရာပန်လုံလမ်းရပ်ကွက်လူဦးရေ စာရင်း ပြုစုသူမှာ ဟိုပန်မြို့နယ် လဝကရုံးမှ လ/ထ လဝကမှူး ဒေါ်ရွှေအိမ် ဖြစ် ပါ တယ်။ နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးချိန်တွင် မသဇင်ဦးတို့ မောင်နှမ နှစ်ယောက်စလုံး နိုင်ငံ သားကတ် မရရှိခဲ့ပါ။ ၎င်းကိစ္စနှင့် ပတ်သက်၍ လဝကမှူး ဒေါ်ခင်နှင်းအေးထံ သွားရောက်မေးမြန်း စုံစမ်းရာ အမှုတွဲများ ပြည်နယ်လဝကရုံးသို့ တင်ပြချိန်တွင် မသဇင်ဦး တို့မောင်နှမ နှစ်ယောက်စလုံး၏ အမှုတွဲအား လ/ထ လဝကမှူး ဒေါ်ရွှေအိမ်မှ ထုတ်ပယ်ထားခြင်း ဖြစ် ကြောင်း ဒေါ်ခင်နှင်းအေးမှ ပြော ကြားခဲ့ပါတယ်။ လ/ထ လဝကမှူး ဒေါ်ရွှေအိမ်မှ မသဇင်ဦးအား ၎င်း၏နေအိမ်၌ လာရောက်တွေ့ဆုံ ညှိနှိုင်း နိုင်ကြောင်း ပြောကြားရာ မသဇင်ဦးလည်း သွားရောက်ခြင်း မရှိပါ။ နိုင်ငံ့ဝန်ထမ်းများသည် ရုံးလုပ်ငန်းနှင့် ပတ်သက်၍ ရုံး၌သာ ဖြေရှင်းရမည်ဖြစ်ပြီး မည်သည့်အတွက်ကြောင့် နေ အိမ်သို့ ခေါ်ယူတွေ့ဆုံညှိနှိုင်းရသနည်း။ ဒါဟာ တံစိုးလက်ဆောင် လာဘ်လာဘ လိုချင်၍ ခေါ်ယူတွေ့ဆုံခြင်း ဖြစ်နိုင်ပါတယ်။ လ/ထ လဝကမှူး ဒေါ်ရွှေအိမ်သည် ၁၀ တန်းမအောင်ခဲ့ပါ။ ဟိုပန်မြို့၌ တာဝန်ထမ်း ဆောင်သည် မှာ နှစ်ပေါင်း (၂၀)ကျော်နေပြီ ဖြစ်ပါတယ်။ လ/ထ လဝကမှူး ဒေါ်ရွှေအိမ်သည် ကားသမား (အမည် မမှတ်မိ၊ ကုလား ရုပ်)နှင့် အိမ်ထောင်ရေး ဖောက်ပြန်ခဲ့ပြီး သားသမီး (၅)ဦး ထွန်းကားခဲ့ပါ တယ်။ အဆိုပါ ကားသမား (ကုလား)သည်အိမ်ထောင်သည်တစ်ဦး ဖြစ်ပြီး ယခုအချိန်တွင် မန္တလေးမြို့၌ ၎င်း၏ ဇနီးနှင့်အတူနေထိုင်လျက် ရှိပါတယ်။ လ/ထ လဝကမှူး ဒေါ်ရွှေအိမ်သည် ဟိုပန်မြို့၊ ပန်လုံ လမ်းရပ်ကွက်၌ နေထိုင်၍ ပန်လုံလမ်း ရပ်ကွက် တွင် ကိုးကန့်လူမျိုး အများဆုံးနေထိုင်လျက်ရှိပြီး တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်မှ တရုတ်နိုင်ငံသားများလည်း အများအပြား လာရောက်နေထိုင်လျက်ရှိရာ အဆိုပါ တရုတ်နိုင်ငံသားများထံ ငွေကြေးရယူကာ ရပ်ကွက်အတွင်း သေဆုံးသွားသူများ၏ နိုင်ငံသား စိစစ်ရေးကတ်ပြားအမှတ်နေရာတွင် အစားထိုး၍ နိုင်ငံသား စိစစ်ရေးကတ်ပြား ထုတ်ပေးခဲ့ပါတယ်။ ဟိုပန်မြို့နယ် လဝကရုံးမှ လဝကမှူး ဒေါ်ခင်နှင်းအေးနှင့် လ/ထ လဝကမှူး ဒေါ်ရွှေအိမ် တို့ နှစ်ဦးမှ တရုတ်နိုင်ငံသားများအား နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးမှု စာရင်းမှာ ပန်လုံလမ်းရပ်ကွက် အုပ် ချုပ်ရေးမှူး ဦးစောညန့် ထံ စုံစမ်း အတည်ပြုနိုင်ပါတယ်။ ၁၃/ဟပတ(နိုင်) ကိုင်ဆောင်သော တရုတ်နိုင်ငံသား အချို့မှာ ယခုအချိန်တွင် ရန်ကုန်နှင့် မန္တလေးမြို့၌ နေထိုင်လျက်ရှိပါတယ်။ မြေမျို၍ လူမျိုးမပျောက် လူမျိုမှ လူမျိုးပျောက်မည် ဆိုတဲ့ လဝက ဆောင်ပုဒ်အတိုင်း ဟိုပန်မြို့တွင် လူမျိုး မပျောက်ဘဲ လဝက မျို၍ အမှန် တကယ် လူမျိုးတိုးလာနေပါတယ်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ တော်မှာ ဒီလို ဝန်ထမ်းမျိုးရှိနေခြင်းသည် ဝန်ထမ်းဂုဏ်သိက္ခာ ညှိုးနွမ်းစေသည့်အပြင် နိုင်ငံတော် အတွက် လည်း နစ်နာအကျိုးရုတ်စေခဲ့ပါတယ်။ လဝကမှူး ဒေါ်ခင်နှင်းအေးနှင့် လ/ထ လဝကမှူး ဒေါ်ရွှေအိမ် တို့နှစ်ဦးသည် ဟိုပန်မြို့၌ တာဝန်ထမ်းဆောင်သည် မှာ အလွန်ကြာခဲ့ပါပြီ။ မြို့သူ/သား များနှင့်လည်း အဆင်ပြေခြင်း မရှိသည့်အပြင် နှစ်သက်ခြင်း မရှိသည့်အတွက် ၎င်းတို့နှစ်ဦးအား အခြားမြို့နယ်သို့ ပြောင်းရွှေ့တာဝန်ချထားစေလိုပါတယ်။ လဝကမှူး ဒေါ်ခင်နှင်းအေးသည် အသက်(၆၀)ကျော်နေပါပြီ။ ၎င်းကိုယ်တိုင် လဝက ဝန်ထမ်းဖြစ်သည့် အတွက် ၎င်း၏အိမ်ထောင်စု စာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားတွင် အသက်လိမ်လည်ထည့်ထားခြင်းကြောင့် ယခုအချိန်ထိ ပင်စင်ယူခြင်း မရှိပါ။ စိုင်းစွမ် |
| You are subscribed to email updates from သျှမ်းသံတော်ဆင့် To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
| Google Inc., 20 West Kinzie, Chicago IL USA 60610 | |



