ဒီမိုဝေယံ |
| အဘယ့်ကြောင့် သူတို့ကို တရားစွဲသင့်ပါသလဲ Posted: 14 Feb 2013 05:52 AM PST အဘယ့်ကြောင့် သူတို့ကို တ |
| ဖေဖော်ဝါရီ ဆယ့်သုံး ဗိုလ်ချုပ်ရဲ့မွေးနေ့ကို အမှတ်တရ အောက်မေ့ဂုဏ်ပြု ဦးညွှတ်အလေးပြုလိုက်ပါသည်...။ Posted: 13 Feb 2013 09:36 PM PST ဖေဖော်ဝါရီ ဆယ့်သုံး ဗိုလ်ချုပ်ရဲ့မွေးနေ့ကို အမှတ်တရ အောက်မေ့ဂုဏ်ပြု ဦးညွှတ် အလေးပြုလိုက်ပါသည်...။ ဖေဖော်ဝါရီ ဆယ့်သုံး ဗိုလ်ချုပ်ရဲ့မွေးနေ့ အမှတ်တရ By Heinn FiveStrings နတ်မောက်... မင်းဘာမှ ထပ်မလုပ်နဲ့ ထိန်လင်းကို ငါတို့ဆီပေးပြီးကတည်းက ဆယ်ကမ္ဘာစာလောက် တာဝန်ကျေပြီ...။ ခင်ကြည်... ညည်းယောကျာင်္းကိုသေချာကြည့်ထား သမီးကလေး ခမည်းပေးဖို့ ရွှေကလေး တစ်ပဲတစ်မူးတောင် အမေအိုဆီ လက်ဖြန့်တဲ့လူသား နိုင်ငံခေါင်းဆောင် ငမွဲကို ညည်းစိတ်ပျက်ချင်ပျက် သမိုင်းက စိတ်မပျက်စေနဲ့...။ ဗိုလ်ထွန်းလှ... ခင်ဗျားဆရာကို ကြည့်ပြောဦး လမ်းဘေးမှာ အကြော်ဝင်ဝင်စားနေတာ နှောင်းလူတွေသိရင် မျက်နှာ မထားတတ်အောင်ရှက်နေရှာဦးမယ်..။ ဆရာတော်ဦးသောဘိတ.... ဒီတစ်ခါကြမ်းတမ်းမိလို့ ဒီကလေးကို မရိုက်ပါနဲ့ ရရင်ရ မရရင်ချ ဆိုတာ ကျွန်တော်တို့အတွက်ပါဘုရား...။ ဦးဘ၀င်း.. ခင်ဗျား ညီအငယ်ဆုံးလေးကို ခွင့်လွှတ်လိုက်ပါ သူပြောခိုင်းတဲ့ ရည်းစားစကား ပြောပေးလိုက်ပါ စစ်သားကြီးအသည်းက ဆေးရုံပေါ်မှာကျန်ခဲ့ရင် ကျွန်တော်တို့ပဲ နစ်နာကြမှာ...။ ရဲဘော်ကျော်စိန်.... ခင်ဗျားကားမောင်းရင် သတိကို ငယ်ထိပ်မှာ ကပ်ထား ခင်ဗျားတင်မောင်းလာတာ ကျွန်တော်တို့ အတိတ်ကြီး/ပစ္စုပ္ပန်ကြီး/အနာဂတ်ြ ဟေ့လူ...ပလေဒီယံရုပ်ရှင်ရုံမန်ေ သူ့ဟာသူ ငါးမူးတန်းက ကြည့်ကြည့် ၊ တစ်မတ်တန်းက ကြည့်ကြည့် သွားမတားပါနဲ့... ဘ၀မှာ အပန်းဖြေနည်း လက်တစ်ဖက်မပြည့်ခဲ့တဲ့ သူ စိတ်လွတ်ကိုယ်လွတ်ခံစားပါစေဗျ.. ဗိုလ်မှူးကြီးဆူဇူကီး.... တွေ့တယ်မလား..ခင်ဗျားကိုလက်ဆွဲ ခင်ဗျားကို တိုက်သင့်ရင် တိုက်ရမှာပဲလို့ ပြောခဲ့တဲ့ အညာသားလေးကို အဲ့သတ္တိအဲ့စကားကို သေချာမှတ်ထား နှောင်းမြန်မာတွေထဲမှာ ပြောရဲတာ တစ်ကောင်မှမရှိဘူး...။ အမွိုင်.... မင်းမြေကို သူနင်းလိုက်တော့ တွန့်မသွားဘူးလား အာရှတိုက်ရဲ့ ကြယ်တစ်လုံးကို နှစ်လလောက် ထမ်းထားလိုက်ရတာ အခုထိ ဂုဏ်ယူမဆုံးမဟုတ်လား....။ ဦးစော... ခင်ဗျားကို မေ့ထားပါ့မယ်... ခွင့်လွှတ်လို့တော့ မရသေးဘူး။ ဒါပေမဲ့..မပူပါနဲ့... ဒီနေ့ခေတ်မှာလည်း ခင်ဗျားလိုလူတွေအများကြီးရယ်... မစ္စတာနေရူး... ခင်ဗျားသူ့ကို လောင်းကုတ်ကြီးပေးလိုက်တာ ကျေးဇူးတင်တယ်ဗျာ အခု ကျွန်တော်တို့မှာ ဒါကြီးခြုံပြီး နွေးနေရတာ...။ ပဲခူးဆောင်... ခင်ဗျားအခန်းထဲက ကြမ်းပိုးတွေမောင်း မထုတ်လိုက်နဲ့ စာအုပ်ပုံကြီးကို ရှင်းမပစ်လိုက်နဲ့ မခေါက်ရသေးတဲ့အ၀တ်တွေ တန်းပေါ်မချိတ်လိုက်နဲ့ သူဇိမ်နဲ့မနေခဲ့လို့ ကျွန်တော်တို့ဇိမ်နဲ့ နေနေရတာ...။ ညိုညိုစိန်.... ညည်းတစ်သက်လုံး မင်းသမီးလုပ်လာတာ အနယ်နယ်အရပ်ရပ် ရွှေဘိုညချမ်းကလို သူရဲကောင်းမျိုး တွေ့ဖူးခဲ့လား... တွေ့ဖူးရဲ့လား.. "ကျုပ်မှာ ကာမပိုင်နဲ့ဗျ" တဲ့.. မိန်းကလေးတန်မဲ့ လက်ဆွဲကျီစယ်မယ့် ညည်းတောင် ကြက်သီးဖြန်းဖြန်းထသွားရဲ့မဟုတ် ဆြာ စတက်ဖို့ကရစ်ပ်.... သူ ခင်ဗျားအကျီအိတ်ကြီးပြဲသွားအော ဖောင်တိန်ကို ဆွဲလုလိုက်တာ မအံ့သြပါနဲ့... ၃၂နှစ်နဲ့ သေခဲ့တာတောင် ကျွန်တော်တို့နှလုံးသားတွေကို သူအခုထိ ဆွဲလုနေနိုင်တုန်း....။ ဦးဋ္ဌေးမြိုင်(သို့)ဒဂုန်တာရာ... (ဇွတ်ချစ်မယ်)ဆိုတဲ့ အချစ်သီချင်းအစား စစ်ချီစစ်တက်သီချင်းတွေပဲ သူကကြားချင်တယ်ဆို တီးပေးလိုက်ပါဗျ.... နှလုံးသားမရှိတာမဟုတ်ပါဘူး... နှလုံးသားရှိလွန်းလို့ပါ....။ ဂျူဗလီဟော.... ကျေးဇူးပြုပြီး ရွှေတိဂုံဘုရားလမ်းဘက် လှည့်မထား ခင်ဗျားကို မြင်တိုင်း မျက်ရည်ဝဲရင်း အလေးပြုမိလို့...။ ရဲဘော်ကလေးတွေ...... စိတ်မကောင်းမဖြစ်နဲ့.. မင်းတို့ခေါင်းဆောင်ကြီးက သူ့မင်္ဂလာဆောင်မှာ တိုက်တွေကားတွေလက်မဖွဲ့လို့ စိတ်ဆိုးမယ့်လူစားလား... "ငွေသော်တာရောင်ခြည်" ဆိုတော့ အရိုးသားဆုံးအပြုံးနဲ့ ပျော်နေခဲ့တာလေ....။ ပြည်ထဲရေးဝန်ကြီးဦးမြ... ခင်ဗျား...မှားတယ်... သူ့ရုံးခန်းရှေ့က တပ်စိတ်ကို သူဘာပြောပြော ပေကပ်ထားခဲ့ရမှာ.... အခုတော့ ကျွန်တော်တို့မှာ ပြောခွင့်မရှိတော့...။ ကိုကျော့မောင်....။ သူ့မင်္ဂလာဆောင်မှာ ရွှေကြိုးသွားတားတော့ ဆွဲယူလွှင့်ပစ်လိုက်တာ စိတ်မကောင်းမဖြစ်ပါနဲ့ သူအပင်ပန်းခံသင်ယူခဲ့တဲ့ပညာတွေ အဲ့လို အပိုဆားဒါးတွေမပါဘူး...။ မေမြို့.... ၀မ်းနည်းစိတ်ကို ကျိတ်မှိတ်ထားတော့... နိုင်ငံရေးလောကက ထွက်ရင် ခြံစိုက်မယ်၊ စာရေးမယ်ဆိုတဲ့ သူ ကျည်ဆံ ၁၃တောင့်စိုက်သွားပြီ ရေးလို့မကုန်အောင် ကျွန်တော်တို့ရေးနေရပြီ......။ By Heinn FiveStrings ပေးပို့သူ... (ကောင်းဆုလင်း).... မူလ စာရေးသူက တစ်ပိုဒ်စီ ရေးတင်ထားတာ ဖြစ်ပါတယ် ... တစ်ပိုဒ် စီ share လို့ ရနိုင်ပေမယ့် တစ်စုတစ်စည်းတည်း ဖတ်စေချင်လို့ (ဖတ်ချင်လို့) copy & paste လုပ်ပြီး credit ပေးပါတယ်...။ ဒီမှာ နောက်ဆုံးပိုဒ်ကို မူလစာရေးသူက နောက်ဆုံးမှာ မထားပေမဲ့ ကျနော် နောက်ဆုံးကို ရွှေ့ထားဖြစ်ပါတယ်...။ ကျနော်လေးစားတဲ့ ဗိုလ်ချူပ် (ဦးအောင်ဆန်း) ရဲ့ မွေးနေ့မှာ သူ့ကို အောက်မေ့တဲ့ အထိမ်းအမှတ်နဲ့ တင်ဖြစ်စေတဲ့ မူလစာရေးသူကို ကျေးဇူးတင်ပါတယ်....။ By Heinn FiveStrings FACEBOOK မှ ကူးယူဖော်ပြပါသည်။ |
| You are subscribed to email updates from ဒီမိုဝေယံ To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
| Google Inc., 20 West Kinzie, Chicago IL USA 60610 | |

