သစ်ထူးလွင် |
- ပြည်သူများကို ဒုက္ခပေးနေသော လမ်းဘေး လောင်းကစား အယောင်ပြ လိမ်လည်သူများ
- အင်းလေး ဟိုတယ်ဇုန် တွေ့ ဆုံပွဲမှာ iPad နဲ့ ဖဲကစားနေတဲ့ စည်ပင် ညွန်မှူး
- ဘာသာရေး စာသင်ကျောင်း အမည်ခံ ဗလီဆောက်လုပ်မှု ပဋိပက္ခဖြစ်
- ၀န်ထမ်းများ၏ သတ်မှတ်ရုံးချိန် Vs အချိန်ပို တာဝန်ထမ်းဆောင်မှု
- ဖြူး တမြို့ လုံး တုန်းလှုပ်စေတဲ့ အပိုင်းပိုင်း ပြတ်နေသည့် အမျိုးသမီး (သတင်း-ဓါတ်ပုံ)
- အီကြာကွေးစားသုံးမှု သတိပြု
- မန္တလေး ရွှေတစ်ချောင်း မြောင်းအနီး မီးလောင်
- မကွေးတွင် မြေနံရံထိန်း မြေကြီးပြိုကျ၍ အလုပ်သမား ၃ ဦးသေ
- စက်ရုံစွန့်ပစ်ပစ္စည်းတွေကြောင့် ဒေသခံတွေ အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါများ ခံစားနေရ
- နိုင်ငံခြားသားအခြေချသူ လက်ခံမဲ့အစီအစဉ် စင်္ကာပူမှာဆန့်ကျင်
- ပါကစ္စတန်ဗုံးကွဲမှု ၆၀ ကျော် သေဆုံး
- ဂျောဒန်နိုင်ငံရောက် မြန်မာအလုပ်သမားတွေ ဆန္ဒပြ
- ဖေဖော်ဝါရီလ (၁၆) ရက်နေ့ ထုတ် Techspace နည်းပညာ ဂျာနယ် အတွဲ (၁) ၊ အမှတ် ၄၇
- ဖေဖော်ဝါရီလ (၁၄) ရက်နေ့ ထုတ် မြန်မာအင်ဒီပဲန်ဒင့် သတင်းဂျာနယ် အမှတ် (၄ဝ)
- ၈၈ မျိုးဆက် ကိုမင်းကိုနိုင် နော်ဝေမှာ ဆုယူ
- စပစ်တ်ဖိုင်းယား တူးဖေါ်ရေး ပြန်ရုပ်သိမ်း
| ပြည်သူများကို ဒုက္ခပေးနေသော လမ်းဘေး လောင်းကစား အယောင်ပြ လိမ်လည်သူများ Posted: 17 Feb 2013 04:53 AM PST ရန်ကုန်မြို့ရှိ လူစည်ကား ရာနေရာများ ဖြစ်သော ဈေးများ၊ ကားမှတ်တိုင်များ အနီး လမ်းဘေး တွင် လောင်းကစား ၀ိုင်းများ ရှိနေသည်မှာ လမ်းသွား လမ်းလာများ နှင့်အများ ပြည်သူကို စိတ်အနှောင့် အယှက် ဖြစ်စေမှုနှင့် ငွေကြေး ဆုံးရှုံးမှုများ ကြုံတွေ့နေရကြောင်း သိရသည်။--- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||||
| အင်းလေး ဟိုတယ်ဇုန် တွေ့ ဆုံပွဲမှာ iPad နဲ့ ဖဲကစားနေတဲ့ စည်ပင် ညွန်မှူး Posted: 17 Feb 2013 04:18 AM PST သက်ဆိုင်ရာ ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ တက်ရောက် လာသော သတင်း မီဒီယာ သမား များအား ရှင်းလင်း ပြောဆို ပေးနေသော်လည်း စည်ပင်မှ တာဝန်ရှိ အရာရှိ တစ်ဦး အိပ်ပျော်နေပြီး၊ စည်ပင် ညွန်မှုး ဦးစိုင်းထွန်းထွန်း မှာ အိုင်ပတ်ဖြင့် ဖဲကစား နေကြောင်း --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||||
| ဘာသာရေး စာသင်ကျောင်း အမည်ခံ ဗလီဆောက်လုပ်မှု ပဋိပက္ခဖြစ် Posted: 17 Feb 2013 03:52 AM PST သာကေတမြို့နယ် မာန်ပြေ ၁၈ လမ်းနှင့် ၁၉ ကြား အနောက်ဘက်တွင် ဘာသာရေး စာသင်ကျောင်း အမည်ခံ ဗလီ ဆောက်လုပ်မှုနှင့် ပတ်သက်၍ ဖေဖော်ဝါရီလ ၁၇ ရက် နေ့တွင် ဒေသခံ ၁၀၀ ကျော်နှင့် အုပ်ချုပ်သူများ အကြား အငြင်း ပွားမှုများ ပေါ်ပေါက် ခဲ့သည်။ ယင်းဆောက်လုပ်ဆဲ ဗလီသည် ---- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||||
| ၀န်ထမ်းများ၏ သတ်မှတ်ရုံးချိန် Vs အချိန်ပို တာဝန်ထမ်းဆောင်မှု Posted: 17 Feb 2013 02:32 AM PST ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်အား ဘက်စုံ ဖွံ့ဖြိုး တိုးတက်ရန် အတွက် ပြုပြင် ပြောင်းလဲမှုများ ဆောင်ရွက်ရာတွင် နိုင်ငံသား အားလုံး၏ ကာယ၊ ဥာဏ၊ စာရိတ္တ ပိုင်းဆိုင်ရာ စွမ်းဆောင်ရည် စသည့် အခန်းကဏ္ဍ၏ ပါဝင်မှုသည် အလွန်အရေး ကြီးသည်။ သမ္မတကြီး၏ လမ်းညွှန်မှု၊ ပြည်ထောင်စုအစိုးရအဖွဲ့ဝင် ၀န်ကြီးများ၏ ကြီးကြပ်ကွပ်ကဲမှု ဌာနဆိုင်ရာဝန်ထမ်းများ၏ အကောင်အထည်ဖော်ဆောင်ရွက်မှု၊ ပြည်သူလူထုတစ်ရပ်လုံး၏ တက်ကြွစွာ ပါဝင်ဆောင်ရွက်မှုစသည့် စည်းလုံးစွာ ဆောင်ရွက်မှသာလျှင် ခေတ်မီဖွံ့ဖြိုးတိုးတက် သောဒီမိုကရေစီနိုင်ငံတော်ကြီး ပေါ်ထွန်းလာမည်ဖြစ်ပါသည်။ ဒီမိုကရေစီဟူသည် နိုင်ငံသားတစ်ဦးချင်းစီ၏ အခြေခံစိတ်ဓာတ်အပေါ်မူတည်သည်။ သတ်မှတ်ထားသော ဥပဒေ၊ နည်းဥပဒေများကို မည်သူမဆို တိတိကျကျလိုက်နာဆောင်ရွက်ရန် လိုသည်။ မလိုက်နာပါက ပျက်ကွက်မှု(သို့မဟုတ်) ကျူးလွန်မှုဖြစ်သည်။ ၀န်ထမ်းတစ်ယောက် အမိန့်နှင့်ညွှန်ကြားချက်ကို မလိုက်နာခြင်းမှာ ပျက်ကွက်သည့် အမှုဖြစ်သည်။ တားမြစ်ထားသည့် အမိန့်ကို ဖောက်ဖျက်ဆောင်ရွက်သည်မှာ ကျူးလွန်မှုဖြစ်သည်။ နှစ်ခုစလုံးတွင် အပြစ်ရှိသည်။ ဥပဒေဆိုသည်မှာ သက်မဲ့နာမ်ဖြစ်သည်။ ၄င်းကို အကောင်အထည်ဖော်သူတို့မှာ ဥပဒေ ဘက်တော်သားများသာဖြစ်သည်။ ဥပဒေကို ချိုးဖောက်မရ။ အရပ်သားတစ်ယောက် အမှုတစ်ခု ကိုကျူးလွန်လို့ ထောက်(၃)နှစ်ပြစ်ဒဏ်ချမှတ်ခံရပြီး ဥပဒေဘက်တော်သားတစ်ယောက်လည်း အလားတူ အမှုမျိုးကျူးလွန်ပါက ထိုကဲ့သို့ တူညီသောပြစ်ဒဏ်ချမှတ်ခံရမည်ဖြစ်သည်။ ၀န်ထမ်းများအတွက်ဖို့ ဥပဒေ၊နည်းဥပဒေများအပြင် စည်မျဉ်းစည်းကမ်း၊ အမိန့်နှင့် ညွှန်ကြားချက်များကိုပါ လိုက်နာဆောင်ရွက်ဖို့လိုသည်။ ဥပဒေကို ဖောက်ဖျက်လျှင် ကျင့်ထုံးဆိုင်ရာ ပုဒ်မဖြင့် ပြစ်ဒဏ်ချမှတ်ခံရမည်။ စည်းမျဉ်းစည်းကမ်းကို ဖောက်ဖျက်လျှင် ၀န်ထမ်းဆိုင်ရာစည်းမျဉ်းစည်းကမ်းနှင့်အညီ အရေးယူခြင်းခံရမည်။ စည်းမျဉ်းစည်းကမ်းများ ချမှတ်ထားပြီး လိုက်နာအကောင်အထည်ဖော်ရမှာ ၀န်ထမ်းများအားလုံးဖြစ်သည်။ နိုင်ငံတော်သမ္မတကြီး၏ ကောင်းမွန်သော အုပ်ချုပ်ရေးနှင့်သန့်ရှင်းသောအစိုးရ ဖြစ်စေရန် ၀န်ထမ်းများ၏ ခံယူချက်များ ပြောင်းလဲရန် လိုအပ်သကဲ့သို့ ၀န်ထမ်းများ၏ သက်သာချောင်ချိ ရေးကို လည်းဆောင်ရွက်ပေးရန်နှင့် ၀န်ထမ်းများတာဝန်ပေးအပ်ရာတွင် သတ်မှတ်ရုံးချိန် နံနက် (၀၉း၃၀)မှ ညနေ(၁၆း၃၀)အတွင်းသာ တာဝန်ပေးရန် လမ်းညွှန်ထားကြေား သိရှိရပါသည်။ အထူးတင်ပြလိုသည်မှာ နေပြည်တော်ရှိ အမှုထမ်းအဆင့်ရှိ ၀န်ထမ်းများဘ၀ကို ပြောပြ ချင်ပါသည်။ အရာထမ်းအဆင့် ၀န်ထမ်းများအတွက် ဌာနမှ သတ်မှတ်ပေးသော ခွဲတမ်းဆီနှင့် မော်တော်ယာဉ်ရရှိပါသည်။ အမှုထမ်းများအတွက် မပေးသည်ကို ပြောခြင်းမဟုတ်ပါ။ သူ့အဆင့် နဲ့သူ ပေးခြင်းမှာကောင်းမွန်သော စနစ်ဖြစ်ပါသည်။ ၀န်ထမ်းများ ရုံးတက်ရုံးဆင်းရန်အတွက် ၀န်ထမ်းကြိုပို့ကားစီစဉ်ပေးထားပါသည်။ ၄င်းယာဉ်မှာ ကြို/ပို့ချိန်မှန်သည်။ သို့သော် အချို့ဝန်ထမ်းတော်တော်များများမှာ အထက်၏တာဝန်ပေးစေခိုင်းချက်အရ ပုံမှန်ရုံးတက်ချိန် ထက်စောပြီး ရုံးတက်ရခြင်း၊ သတ်မှတ် ရုံးဆင်းချိန်ထက် နောက်ကျပြီးမှသာ ရုံးဆင်းရပါသည်။ ၄င်းမှာ နိုင်ငံတော်၏ တာဝန်ကို ထမ်းဆောင်ရသည့်အတွက် ကျေနပ်ရပါသည်။ သို့သော် ရုံးသို့ လာရသည့်အခါတွင် ပြင်ပမှဆိုင်ကယ်(သို့မဟုတ်) မိမိပိုင်ဆိုင်ကယ်အပြင် လမ်းဘေးဆိုင်မှ ဆီတစ်ဘူး (၁၂၀၀)ပေးဝယ်ပြီး လာရပါသည်။ တစ်ရက်တစ်လေ တစ်ပတ်တစ်လေဆိုသည်မှာ ကိစ္စမရှိပါ။ နေ့တဓူဝလိုလိုဖြစ်နေပါသည်။ ရုံးဆင်းအိမ်ပြန်ရောက်သော်လည်း ၄င်းအချိန်မှာ အများပြည်သူ အနားယူအိပ်စက်ချိန်ဖြစ်နေပါသည်။ အိမ်ရောက် ထမင်းစားပြီး အိပ်ယာဝင်သည်း မနက်စောစောထပြီး နံနက်စာစား ရုံးသို့သွားရပြန်ပါသည်။ ၄င်းဝန်ထမ်းများအတွက် အနားယူ အပန်းဖြေစရာအချိန်မရှိဟု ထင်ပါသည်။ ပိတ်ရက်များတွင်လည်း Extra Duty ဖြင့် ရုံးတက်ရ ပြန်ပါသည်။ ရုံးတွင် အလှည့်ကျတာဝန်ကျသမားရှိရမည်ဖြစ်ပါသည်။ တာဝန်ကျသမားအပြင် ကျန်ဝန်ထမ်းများကိုပါ ထိုကဲ့သို့တာဝန်ပေးစေခိုင်းခြင်းမှာ မသင့်တော်ပါ ဟု ထင်ပါသည်။ အမှုထမ်းအဆင့်ရှိ ၀န်ထမ်းများ၏ လစာမှာ ၅၀၀၀၀ ကျော်သာရရှိပြီး နိုင်ငံတော်၏ သမ္မတကြီး၏ စေတနာဖြင့် ထောက်ပံ့ကြေး ၃၀၀၀၀ စုစုပေါင်း ၈၀၀၀၀ ကျော်ရရှိပါသည်။ လစာ ၅၀၀၀၀ကျော်မှာ အထက်တွင် ဖော်ပြခဲ့သည့် ဆိုင်ကယ်ဆီဖိုး၊ ဆိုင်ကယ်ပြင်ခ၊ ဆိုင်ကယ်ငှားရမ်းခများနုတ်လိုက်လျှင် ၃၀၀၀၀ ခန့်သာကျန်မည်ဖြစ်ပါသည်။ မိသားစုရှိသော ၀န်ထမ်းများ ဘ၀ဆိုလျှင် သနားစရာဖြစ်ပါသည်။ မိသားစုနှင့်အနားယူအပန်းဖြေချိန်မရှိ။ လစာ မလောက်ငှတဲ့ပြသနာများ အမြဲကြုံတွေ့နေမည်ဖြစ်ပါသည်။ လစာတိုးပေးရန် တင်ပြနေခြင်း မဟုတ်ပါ။ ၀န်ထမ်းများ၏ သက်သာချောင်ချိမှုဆိုသည်မှာလည်း ကာယပိုင်းအတွက် ငွေရေး ကြေးရေးအပြင် စိတ်ပိုင်းဆိုင်ရာသက်သာချောက်ချိမှုရှိမှ ဥာဏပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်မည် ဖြစ်ပြီး ကာယာပိုင်းဆိုင်ရာကျန်းမာမည်ဖြစ်ပါသည်။ သို့မှသာ ၀န်ထမ်းများ၏ အလုပ်ခွင် ပျော်ရွှင်မှုရှိပြီး လုပ်ချင်ကိုင်ချင်စိတ်ရှိလာမည်ဖြစ်ပါသည်။ နိုင်ငံတော်၏ လုပ်ငန်းတာဝန်များကို အကောင်အထည်ဖော်ရာတွင် ပြည်သူလူထုတစ်ရပ်လုံးနှင့် အောက်ခြေ၀န်! ထမ်းများ၏ အခန်း ကဏ္ဍမှာ အလွန်အရေးကြီးလှပါသည်။ အမှုထမ်းအဆင့်ရှိ ၀န်ထမ်းများကိုလည်း အဆင့်နှင့် လျှော်ညီသောတာဝန်ပေးရမည်ဖြစ်ပြီး တာဝန် ပျက်ကွက်ပါက အရေးယူခြင်းကို ဆောင်ရွက် ရမည်ဖြစ်ပါသည်။ သို့ပါသောကြောင့် နိုင်ငံတော်သမ္မတကြီး၏ ကောင်းမွန်သော အုပ်ချုပ်ရေးနှင့် သန့်ရှင်းသောအစိုးရ ဖြစ်စေရန် ၀န်ထမ်းများ၏ ခံယူချက်များ ပြောင်းလဲရန် လိုအပ်သကဲ့သို့ ၀န်ထမ်းများ၏ သက်သာချောင်ချိရေးကို လည်းဆောင်ရွက်ပေးရန်နှင့် ၀န်ထမ်းများတာဝန် ပေးအပ်ရာတွင် သတ်မှတ်ရုံးချိန် နံနက် (၀၉း၃၀)မှ ညနေ(၁၆း၃၀)အတွင်းသာ တာဝန်ပေးရန် ဟူသည့် လမ်းညွှန်ချက်ကို တိကျစွာလိုက်နာဆောင်ရွက်ရေး ကြပ်မတ်ဆောင်ရွက်ပေးနိုင်ပါရန် ၀န်ထမ်းတစ်ယောက်၏ ခံစားချက်ကို တင်ပြလိုက်ရပါသည်။ ၀န်ထမ်းတစ်ဦး | ||||
| ဖြူး တမြို့ လုံး တုန်းလှုပ်စေတဲ့ အပိုင်းပိုင်း ပြတ်နေသည့် အမျိုးသမီး (သတင်း-ဓါတ်ပုံ) Posted: 17 Feb 2013 02:10 AM PST ပဲခူးတိုင်း ဒေသကြီး၊ ဖြူးမြို့နယ်၊ ဖြူးမြို့၏ တောင်ဘက် ၂ မိုင်ခွဲခန့်ရှိ သပြေလှ ချောင်းထဲတွင် မသင်္ကာဖွယ်ရာ ပီနံအိတ်အတွင်း ကျွတ်ကျွတ်အိတ် အမဲဖြင့် ထုပ်ထား သော ခြေလက်များ ကြိုးတုတ်လျှက် ဦးခေါင်းမပါ အ၀တ်အစားဗလာဖြင့် အသက် ၂၀ ကျော် ၃၀ ခန့်ရှိ အမျိုးသမီး တစ်ဦး၏ အလောင်းကို ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့ နံနက် ၉း၀၀ နာရီအချိန်တွင် တွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။ ၄င်းနေ့ ညနေ ၃း ၁၅ အချိန်တွင် ကိုယ်ပိုင်းတွေ့ရှိရာ၏ တောင်ဘက်(၁)မိုင်ခန့်အကွာ ကားလမ်းအရှေ့ဘက်ဘေးတွင် ဦးခေါင်းပြတ်နှင့်အတူ ထဘီ၊ အင်္ကျီးနှင့် ယောကျာ်းဝတ် ပုဆိုးအနီး တစ်ထည်ကိုပါ ထပ်မံတွေ့ရှိခဲ့ပါသည်။ သေဆုံးသူအမျိုးသမီး၏ အမည်၊ နေရပ်နှင့် မည်ကဲ့သို့သေဆုံးကြောင်းကို အမှုကိုင်အဖြစ် တာဝန်ယူဆောင်ရွက်ရသော ဖြူးရဲစခန်းမှ ဒုရဲအုပ် ဇော်ဝင်းမှ အမှုမှန်ပေါ်ပေါက်ရေးအတွက် ဆက်လက်စုံစမ်းလျှက်ရှိကြောင်း သိရသည်။ သတင်း-ဓါတ်ပုံ - သံလက်သီး (ဒေါက်တာလမ်းပြကြယ်-ဘလော့ခ်) ဓါတ်ပုံများ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ (ထိတ်လန့် ခြောက်ခြား စရာ ဓါတ်ပုံများ ဖြစ်ပါ သဖြင့် ကလေးများနှင့် နှလုံးရောဂါ ရှိသူများ လုံးဝ မကြည့်ရှုရန် အထူး သတိပေး မေတ္တာရပ်ခံပါသည်။) | ||||
| Posted: 17 Feb 2013 01:46 AM PST လူအများ စားသုံး လျက်ရှိ သော အီကြာကွေး ထဲ၌ ရောင်းပန်း လှရန်အတွက် မိုးနီးယား (MX3) ဟုခေါ်သော ဓာတု ဆေးဝါးတစ် မျိုးအားသုံးစွဲကာ ကြော်လှော် ရောင်းချမှုများ ရှိကြောင်း စားသုံး သူ ကာကွယ်ရေး အသင်းမှ ဥက္ကဋ္ဌ ဦးဗအုပ်ခိုင်က ပြောကြားသည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||||
| မန္တလေး ရွှေတစ်ချောင်း မြောင်းအနီး မီးလောင် Posted: 17 Feb 2013 01:31 AM PST မန္တလေးတိုင်း ဒေသကြီး၊ မန္တလေး ခရိုင်၊ ပုသိမ်ကြီး မြို့နယ်၊ အောင်ချမ်းသာ ရပ်ကွက်၊ ရွှေတစ်ချောင်းမြောင်း အနီးတွင် ယနေ့ နံနက် ၁၁နာရီခန့်က မီးလောင်မှု ဖြစ်ပွား ခဲ့ရာ ၁၂ ပွဲ ဈေးသည်များ နေထိုင်သည့် ၁၀ ပေ၊ ၁၅ ပေ ပတ်လည် နံကပ်အိမ် ၁၇အိမ် မီးလောင်ကျွမ်းခဲ့ ပြီး လူအသေအပျောက် မရှိကြောင်း--- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||||
| မကွေးတွင် မြေနံရံထိန်း မြေကြီးပြိုကျ၍ အလုပ်သမား ၃ ဦးသေ Posted: 17 Feb 2013 01:13 AM PST မကွေးတိုင်း ဒေသကြီး မကွေးမြို့နယ် ရုံးကုန်းကျေးရွာ ၏ အရှေ့မြောက် (၂)မိုင်ခန့်အကွာ တောင်တွင်းကြီး- မလွန် မီးရထားလမ်း ဖောက်လုပ်ရေး လုပ်ငန်းခွင် တွင် ဖေဖော်ဝါရီ ၁၅ ရက် ညနေ၅နာရီက မြေပြိုကျမှု ဖြစ်ပွားခဲ့ရာ လူ၃ဦး သေဆုံးခဲ့ကြောင်း --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||||
| စက်ရုံစွန့်ပစ်ပစ္စည်းတွေကြောင့် ဒေသခံတွေ အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါများ ခံစားနေရ Posted: 16 Feb 2013 06:22 PM PST တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံ မြို့နယ်၊ အောက်ရေဖြူကျေးရွာက ဒေသခံအချို့နဲ့ ထားဝယ် ၈၈မျိုးဆက်ကျောင်းသားအဖွဲ့ဟာ တနင်္သာရီတိုင်း ဝန်ကြီးချုပ် ဦးမြတ်ကိုနဲ့ သောကြာနေ့ က တွေဆုံပြီး ဖွဲလောင်စာသုံး ရေခဲစက်က စွန့်ပစ်ပစ္စည်း တွေကြောင့် လူထုသောက်သုံး တဲ့ ရေတွင်းတွေ ပျက်စီးရသလို ကလေးနဲ့ သက်ကြီး ရွယ်အိုတွေမှာ အသက်ရှုလမ်းကြောင်း ---- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||||
| နိုင်ငံခြားသားအခြေချသူ လက်ခံမဲ့အစီအစဉ် စင်္ကာပူမှာဆန့်ကျင် Posted: 16 Feb 2013 06:09 PM PST စင်ကာပူနိုင်ငံမှာ ပြည်ပက အခြေချ နေထိုင်သူတွေကို လက်ခံပေးပြီးတော့ နိုင်ငံရဲ့ လူဦးရေကို တိုးမြှင့်ဖို့ အစီအစဉ်ကို ဆန့်ကျင်တဲ့ အနေနဲ့ ရှားရှားပါးပါး အစိုးရ ဆန့်ကျင်ဆန္ဒပြပွဲမှာ လူပေါင်း ထောင်ပေါင်းများစွာ ပါဝင်ဆန္ဒပြ ခဲ့ကြပါတယ်။ လက်ရှိ လူဦးရေ ၅.၃ သန်းကနေ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||||
| ပါကစ္စတန်ဗုံးကွဲမှု ၆၀ ကျော် သေဆုံး Posted: 16 Feb 2013 04:53 PM PST ပါကစ္စတန်နိုင်ငံ အနောက် တောင်ပိုင်း ဒေသမှာ ရှီအာ (Shi'ite) မူစလင်တွေကို ပစ်မှတ်ထား ဗုံးခွဲတိုက်ခိုက်လို့ လူ ၆၃ ဦး သေဆုံးပြီး လူ ၂၀၀ နီးပါး ဒဏ်ရာရ သွားကြတယ်လို့ ပါကစ္စတန်ရဲ တပ်ဖွဲ့က ပြောပါတယ်။ ကွာတာ (Quetta) မြို့က ရှီအာတွေ အနေများတဲ့ နေရာမှာ အဝေးထိန်း ခလုပ်နဲ့ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||||
| ဂျောဒန်နိုင်ငံရောက် မြန်မာအလုပ်သမားတွေ ဆန္ဒပြ Posted: 16 Feb 2013 04:43 PM PST ဂျောဒန်နိုင်ငံ အမ္မန်မြို့မှာ ရှိနေတဲ့ စီအန်ဂျေ အထည်ချုပ် စက်ရုံက မြန်မာအလုပ်သမား လုပ်ခလစားတိုးဖို့နဲ့ အလုပ်ခွင့်မှာ ယဉ်ကျေးမှုအရ တစ်ဦးနဲ့တစ်ဦးကောင်းမွန်စွာ ဆက်ဆံဖို့ကို ဖေဖေါ်ဝါရီ ၁၄ ရက်နေ့ကတည်းက တောင်းဆို ဆန္ဒပြ သပိတ်မှောက်နေကြပါတယ်။ --- သတင်း အပြည့်စုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||||
| ဖေဖော်ဝါရီလ (၁၆) ရက်နေ့ ထုတ် Techspace နည်းပညာ ဂျာနယ် အတွဲ (၁) ၊ အမှတ် ၄၇ Posted: 16 Feb 2013 04:32 PM PST ဖေဖော်ဝါရီလ (၁၆) ရက်နေ့ ထုတ် Techspace နည်းပညာ ဂျာနယ် အတွဲ (၁) ၊ အမှတ် ၄၇ ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ | ||||
| ဖေဖော်ဝါရီလ (၁၄) ရက်နေ့ ထုတ် မြန်မာအင်ဒီပဲန်ဒင့် သတင်းဂျာနယ် အမှတ် (၄ဝ) Posted: 16 Feb 2013 03:06 PM PST ဖေဖော်ဝါရီလ (၁၄) ရက်နေ့ ထုတ် မြန်မာအင်ဒီပဲန်ဒင့် သတင်းဂျာနယ် အမှတ် (၄ဝ) ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ | ||||
| ၈၈ မျိုးဆက် ကိုမင်းကိုနိုင် နော်ဝေမှာ ဆုယူ Posted: 16 Feb 2013 09:35 AM PST ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်း) က ခေါင်းဆောင် တစ်ဦး ဖြစ်တဲ့ ကိုမင်းကိုနိုင်ဟာ နော်ဝေ နိုင်ငံမှာ ကျောင်းသား ငြိမ်းချမ်းရေး ဆုကို သောကြာနေ့ညက လက်ခံရယူခဲ့ပါတယ်။ ဒီဆုကိုတော့ နော်ဝေနိုင်ငံ ထရွန်ဟမ်းမြို့က နိုင်ငံတကာ ကျောင်းသား ပွဲတော် အဖွဲ့ ISFit က --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||||
| စပစ်တ်ဖိုင်းယား တူးဖေါ်ရေး ပြန်ရုပ်သိမ်း Posted: 16 Feb 2013 09:28 AM PST မြန် မာပြည်မှာ ဒုတိယ ကမ္ဘာ စစ်ကျန် စပစ်တ် ဖိုင်းယား လေယာဉ် တွေ မြေအောက်မှာ မြှုပ်ထားတယ် ဆိုတာဟာ ဒဏ္ဍာရီ ပုံပြင် တပုဒ်သာ ဖြစ်ပြီး ရှာဖွေ တူးဖော်ရေး အစီ အစဉ် တွေကို ရုပ်သိမ်း လိုက်ပြီ လို့ ရှေးဟောင်း သုတေသီ တွေက ထုတ်ဖော် ပြောလိုက် ပါတယ်။--- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
| You are subscribed to email updates from Thit Htoo Lwin To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
| Google Inc., 20 West Kinzie, Chicago IL USA 60610 | |



















