သစ်ထူးလွင် |
- ဖေဖော်ဝါရီလ (၁၉) ရက်နေ့ ထုတ် မဇ္ဈိမဂျာနယ် အတွဲ (၂)၊ အမှတ် (၂၂)
- ကချင်ဒုက္ခသည်များ ကူညီရန် UN အခက်ကြုံ
- ရှမ်းပြည်တပ်မတော် မြောက်ပိုင်းနှင့် အစိုးရ တိုက်ပွဲဖြစ်
- ပျောက်ဆုံး မြန်မာသင်္ဘောသားတွေကို ဆက်ရှာဖွေ
- မျက်နှာဖုံးစွပ်လူသတ်မှု တရားရုံးက အပြီးသတ် မစစ်ဆေးနိုင်သေး
- မြေဧကပေါင်း၂၃၅၀၀ ကျော် လယ်ယာမြေ သိမ်းယူမှုကြီး (ရုပ်/သံ)
- ဖေဖော်ဝါရီလ (၁၈) ရက်နေ့ ထုတ် အလင်းတန်း အနုပညာ ဂျာနယ် အမှတ်(၇၄၄)
- ဆိုင်ကယ်ပျောက်လို့ရဲကိုတိုင် ရှာပေးဖမ်းပေးရမယ့် ဒုက္ခ
- ရှမ်းပြည်တပ်မတော် တောင်ပိုင်းနှင့် အစိုးရတို့ နိုင်ငံရေး ဆွေးနွေးပွဲစရန် အကြိုတွေ့ဆုံ
- ချင်းတွင်းတံတားပေါ်မှ အမျိုးသမီးတစ်ဦးခုန်ချသေဆုံး
- ထုတ်ပယ်ခံနှင့် ရာထူး ချခံရမှုများတွင် စုစုပေါင်း ရဲတပ်ဖွဲ့ဝင် လေးထောင် နီးပါးရှိ
- ဖွဲ့စည်းပုံဥပဒေထက် မြန်မာအစိုးရ စိတ်ပိုင်းဆိုင်ရာပြုပြင်မှု အထူးလိုအပ်ဟု RCSS/SSA ခေါင်းဆောင်ပြော
- ရန်ကုန်-မော်လမြိုင် အမြန်ယာဉ် ပစ်တိုင်းထောင် ယာဉ်လိုင်းရဲ့ ခရီးသည်တွေအပေါ်မိုက်ရိုင်းမှု
- မအူပင်မှာ ကျေးရွာ အုပ်ချုပ်ရေးမှူးကို ဆန္ဒပြ (ရုပ်/သံ)
- ၁၀ စုနှစ်ခန့်က မြေယာသိမ်းဆည်းမှုကြောင့် မရမ်းကုန်းတွင် ဆန္ဒပြ
- ကားနှင့် ဆိုင်ကယ်တိုက်မိ၊ ဆိုင်ကယ်စီးသူများပွဲချင်းပြီးသေဆုံး
- တိုင်းရင်းဆေးကုသည့်လက်မှတ်မရှိဘဲ ကုစားသူများအား ဒဏ်ကြေး(၁၀)ဆတိုးမြှင့်
- အင်းလေးကန်ဟိုတယ်ဇုံ အတွက် မြေသိမ်း
- ဆီးရီးယား စစ်ရာဇ၀တ်မှုတွေ ကုလ စုံစမ်းစစ်ဆေး
- မြန်မာကလေးစစ်သား ၂၄ ဦး ပြန်လွှတ်ပေးမှု ကုလကြိုဆို
- ကျန်းမာရေး အသုံးစားရိတ် ၁၄ ဆ တိုးမြှင့်သုံးစွဲမည်
- သီရိလင်္ကာတွင် ဟာလာ အမှတ် တံဆိပ် ထည့်သွင်းမှု ပပျောက်ရေး ဆန္ဒပြ
- အများသဘောမတူသော အဆောက်အဦးကိစ္စ ၈၈နှင့် သံဃာနှစ်ပါး ညှိနှိုင်းပေး
- လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ မေးခွန်းကို တိတိကျကျ ဖြေကြားဖို့ ညွှန်ကြား
- အင်းလေးဟိုတယ်ဇုန် တည်ဆောက်ရေး တားဆီးခဲ့သူ ဒေသခံတွေ တရားရုံး ရင်ဆိုင်နေရ
| ဖေဖော်ဝါရီလ (၁၉) ရက်နေ့ ထုတ် မဇ္ဈိမဂျာနယ် အတွဲ (၂)၊ အမှတ် (၂၂) Posted: 19 Feb 2013 07:07 AM PST | ||
| ကချင်ဒုက္ခသည်များ ကူညီရန် UN အခက်ကြုံ Posted: 19 Feb 2013 06:55 AM PST ကချင်ပြည်နယ်တွင်း တပ်မတော် နှင့် KIO/KIA တို့၏ တိုက်ပွဲ များကြောင့် ထွက်ပြေး တိမ်းရှောင်နေရ သော စစ်ဘေးရှောင် ဒုက္ခသည် များကို ကူညီရန် အရေးပေါ် ကယ်ဆယ်ရေး ပစ္စည်းများ ပို့ဆောင် ရာတွင် ကုလသမဂ္ဂ (UN) အဖွဲ့အစည်းများ သည် အခက်ကြုံနေ ရကြောင်း --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
| ရှမ်းပြည်တပ်မတော် မြောက်ပိုင်းနှင့် အစိုးရ တိုက်ပွဲဖြစ် Posted: 19 Feb 2013 04:58 AM PST အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူ လက်မှတ်ထိုးထားတဲ့ ရှမ်းပြည်တပ်မတော် မြောက်ပိုင်းနဲ့ အစိုးရတပ်ဖွဲ့တွေ ရှမ်းပြည်နယ် တန့်ယန်းမြို့နယ် မိုင်းကောင်မှာ ဒီနေ့ တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။ ဖေဖော်ဝါရီ ၁၉ ရက် ညနေ ၃ နာရီခွဲကနေ ၅ နာရီလောက်အထိ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့--- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
| ပျောက်ဆုံး မြန်မာသင်္ဘောသားတွေကို ဆက်ရှာဖွေ Posted: 19 Feb 2013 03:53 AM PST ဖိလစ်ပိုင် အနောက်မြောက်ဘက် ကမ်းလွန် ပင်လယ်ပြင်မှာ နစ်မြုပ်သွားတဲ့ ကုန်တင် သင်္ဘောက ပျောက်ဆုံးနေတဲ့ မြန်မာ သင်္ဘော သား ၁၄ ဦးကို ဖိလစ်ပိုင် အာဏာပိုင် တွေက ဆက်လက် ရှာဖွေ နေဆဲ ဖြစ်ပါတယ်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||
| မျက်နှာဖုံးစွပ်လူသတ်မှု တရားရုံးက အပြီးသတ် မစစ်ဆေးနိုင်သေး Posted: 19 Feb 2013 03:44 AM PST မြောက်ဥက္က လာပမြို့နယ် ဝေဘာဂီ ၆ လမ်းအတွင်းရှိ စားသောက်ဆိုင်တွင် ဖြစ်ပွားခဲ့သော လူသတ်မှုမှာ တစ်နှစ်နှင့် သုံးလကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း ယခုလက်ရှိ အချိန်ထိ တရားလိုပြသက်သေ ၅၆ ဦးအနက် ၃၀ကျော်ခန့်သာ စစ်ဆေးပြီး ဖြစ်ကြောင်း ဖေဖော်ဝါရီ ၁၉ ရက်နေ့က ---- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||
| မြေဧကပေါင်း၂၃၅၀၀ ကျော် လယ်ယာမြေ သိမ်းယူမှုကြီး (ရုပ်/သံ) Posted: 19 Feb 2013 03:28 AM PST ပဲခူးတိုင်း အတွင်း စက်မှုဇုံ စီမံကိန်းး ၊ ဟံသာဝတီ လေယာဉ်ကွင်း စီမံကိန်းနဲ့ တက္ကသိုလ်ပိုင်မြေ ဆိုပြီး လယ်သမားပိုင် လယ်ယာမြေတွေကို နစ်နာကြေး တစ်စုံတရာမပေးပဲ မတရား သိမ်းယူခဲ့တာနဲ့ပတ်သက်လို့ တာဝန်ရှိသူတွေအနေနဲ့ လာမယ့် မက်လ ၁ ရက်နေ့မှာ လာရောက် ညှိနိုင်း ဖြေရှင်းပေးဖို့ လယ်သမားတွေက တောင်းဆို လိုက်ပါတယ်။ လယ်သမားအရေး ကူညီဆောင်ရွက် ပေးနေတဲ့ ကိုလေးနိုင်ဦးနဲ့ လယ်သိမ်ခံ လယ်သမားတွေ ဖေဖော်ဝါရီလ ၁၆ ရက်နေ့က တွေ့ဆုံစဉ်မှာ အခုလိုပြောဆို သွားတာပါ။ လာမယ့် မက်လ ၁ ရက်နေ့ဟာ လယ်သမားတွေနဲ့ ကျူးကျော် နေထိုင်သူတွေကို ဒီမြေနေရာကနေ ဖယ်ရှားပေးဖို့ ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး ဦးဝေဇင်ထွန်းက နှင်စာထုတ် နောက်ဆုံးသက်မှတ် ထားတဲ့နေ့ဖြစ်သလို အဲဒီနေ့မှာ မဖယ်သေးဘူးဆိုရင် တရားစွဲ ဆိုသွားမယ်လို့ ဆိုထားပါတယ်။ လယ်သမားတွေက သူတို့ရဲ့ နစ်နာချက်တွေအပေါ်မှာ လယ်ယာမြေ အစားထိုးပေး တာမျိုး ဒါမှမဟုတ် နစ်နာကြေး အဖြစ် ဆောင်ရွက်ပေး တာမျိုး ဖြစ်စေချင်နေကြတာပါ။ပဲခူးတိုင်းအတွင်း စက်မှုဇုန်စီမံကိန်း ၊ ဟံသာဝတီ လေယာဉ်ကွင်း စီမံကိန်းနဲ့ တက္ကသိုလ်မြေ ဆိုပြီး ရပ်ကွက်ကြီး ၅ ၊ ရပ်ကွက်ကြီး ၈ ၊ ရပ်ကွက်ကြီး ၉ နဲ့ ဘုရားသုံးစူ ၊ စာကလေးကွင်း ၊ နွားတဲကုန်း ၊ လာဂမို့ အပါအဝင် ကျေးရွာ အတော်များများက မြေဧကပေါင်း၂၃၅၀၀ ကျော် သိမ်းယူထား တယ်လို့ သိရပါတယ်။ BurmaVJMedia ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ | ||
| ဖေဖော်ဝါရီလ (၁၈) ရက်နေ့ ထုတ် အလင်းတန်း အနုပညာ ဂျာနယ် အမှတ်(၇၄၄) Posted: 19 Feb 2013 02:48 AM PST | ||
| ဆိုင်ကယ်ပျောက်လို့ရဲကိုတိုင် ရှာပေးဖမ်းပေးရမယ့် ဒုက္ခ Posted: 19 Feb 2013 02:43 AM PST ငါးယှန်ကျေးရွာဆိုတာ ချောင်းဦးမြို့ တောင်ဖက်မှာရှိပြီး မန္တလေး-မုံရွာ လမ်းမကြီးပေါ်က အေးအေး ချမ်းချမ်း ရှိလှတဲ့ရွာလေးပါ။ ၁၃-၂-၁၃ ရက်နေ့ညက ရွာလယ်မှာရှိတဲ့ ဒေါ်မြဌေး တို့မိသားစုမှာလည်း စိတ်အေးလက်အေး အိပ်ပျော် နေကြတာပါ။ မနက်လင်းတဲ့အခါ နေအိမ်ဝင်းအတွင်း အိမ်အောက်မှာ သော့ခပ်ထောင်ထားတဲ့ ဒေါ်မြဌေးသား မောင်အောင်ကိုဦး ရဲ့ ဆိုင်ကယ် မရှိတော့ပါဘူး။ ဆိုင်ကယ် ထောင်တဲ့အနားမှာ ထားတဲ့ ပဲအိတ်တစ်အိတ်လည်း မရှိတော့ပါဘူး။ သူခိုးကဆိုင်ကယ်ကို ခိုးရုံနဲ့အားမရလို့ ပဲတစ်အိတ်ပါ ဆိုင်ကယ်ပေါ် တင်ပြီး လစ်သွားပုံရပါတယ်။ အဖြစ်အပျက်ကို ကျေးရွာအုပ်ချုပ်ရေးမှူးကို ပထမဆုံး သတင်းပို့ပါ တယ်။ သူခိုးအခိုးခံရတယ်ဆိုတော့ ပြန်ရရ မရရ ရဲစခန်းကို အကြောင်းကြား တိုင်တန်းဖို့တာဝန် ရှိတယ် လို့ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်ဇော်မင်း က ပြောပါတယ်။ ရဲစခန်းကိုလည်း လွှဲစာရေးသားပေးလို့ ချောင်းဦး ရဲစခန်းကို ၁၄-၂-၁၃ နေ့လည်ပိုင်းမှာဘဲ အမှုဖွင့်တိုင်တန်းခဲ့ပါတယ်။ ချောင်းဦးရဲစခန်းမှူးက စုံစမ်းကြပါဦး ပြန်တွေ့မှ လာပြောပါ။ အဲသည်တော့မှအမှုဖွင့်ပေးပြီး တရားခံ ထောင်များများ ကျအောင်လုပ်ပေး ပါ့မယ် လို့ပြောလွှတ်ပါတယ်။ အခြားဘာမှလုပ်မပေးပါဘူး။ ဆိုင်ကယ်ပိုင်ရှင် မောင်အောင်ကိုဦး(၅/ခဥတ (နိုင်) ၀၅၉၄၂၅) မကျေမနပ်နဲ့ ပြောတာတွေကို နားထောင်ကြည့်ပါ- ကျွန်တော်တို့ရွာက လမ်းမကြီးပေါ်ကရွာဆိုတော့ သူခိုးက ရွာကလူ ဟုတ်ချင်မှ ဟုတ်မှာဗျ။ လူတွေအိပ်နေတဲ့ အနားက ဆိုင်ကယ်သော့ကို အသံမမည်အောင် ဖွင့်သွားနိုင်တာ၊ ဆိုင်ကယ်နဲ့တင် အားမရလို့ ပဲအိတ်ကိုပါ တင်သွားနိုင်တဲ့သူဆိုတော့ နှယ်နှယ်ရရသူခိုးတော့ ဟုတ်ပုံမရဘူး။ အမှန်တော့ မြို့နယ်အတွင်း လူဆိုးစာရင်း၊ ခိုးလေ့ ခိုးထရှိသူ တွေက ဘယ်သူတွေ၊ ထောင်ထွက်သူခိုးတွေက ဘယ်သူတွေဆိုတာ ကျွန်တော်တို့ တောသူတောင်သားတွေ ဘယ်သိပါ့မလဲဗျာ။ ခိုးရာပါပစ္စည်း ရောင်းဝယ်တဲ့ နေရာတွေကိုလည်း ကျွန်တော်တို့က မသိဘူး။ သိလည်း သွားမေးလို့ ဘယ်ရမလဲဗျ။ ရိုက်လွှတ်တာခံရမှာပေါ့။ ကျွန်တော် တို့အနေနဲ့ ဘယ်လိုလုပ် စုံစမ်းလို့ရမှာလည်းဗျာ။ စုံစမ်း ထောက်လှမ်းတယ် ဆိုတာက ရဲတွေရဲ့အလုပ် မဟုတ်ဘူးလား။ ပစ္စည်းအခိုးခံရတဲ့သူက တရားခံတွေ့အောင်ရှာပြီးမှ အမှုဖွင့် ပေးပါ့မယ် ဆိုတာတော့ ချောင်းဦးရဲတွေတာဝန်မဲ့လွန်းတယ်ဗျာ။ ဒီအတိုင်းဆို ရဲတွေက ပြည်သူလူထု အသက်အိုးအိမ် ပစ္စည်းဥစ္စာ တွေကို ဘယ်လိုဘယ်ပုံ အကာအကွယ် ပေးမှာလညှ်းလို့ တွေးမိတယ်ဗျာ။ တောသူတောင်သား တစ်ယောက်အနေနဲ့ နိုင်ငံတော်ကို ရိုးရိုးသားသား တောင်းဆိုပါရစေ။ ကျွန်တော်တို့ ပြည်သူတွေ ကျူးလွန်ခံရတဲ့ ရာဇ၀တ်မှုတွေအတွက် အားကိုးအားထားပြုနိုင်မယ့် ဌာနတစ်ခုလောက်များ မြန်မာပြည်မှာ ရှိမယ်ဆိုရင် လူဖြစ်ရကျိုးနပ်ပါပြီ။ သေပျော်ပါပြီဗျာ။ အမှန်တော့ ချောင်းဦးရဲမှ မဟုတ်ပါဘူး။ မြန်မာတစ်ပြည်လုံးမှာ ရှိတဲ့ရဲအားလုံး စုံစမ်းထောက်လှမ်း ဖော်ထုတ်ရတဲ့ ပင်ပင်ပန်းပန်းအလုပ်ကို မလုပ်ကြပါဘူး။ အမှုကြီးတွေအတွက်ကလည်း စီအိုင်ဒီ ရှိတယ် တို့မလိုဘူး လို့သဘောထား နေကြတာပါ။ ယခုခေတ်ရဲများဟာ အမှုတောင်မှ ဖြောင့်အောင်စစ်တတ်ကြတာ မဟုတ်ပါဘူး။ မြန်မာတစ်ပြည်လုံးဖြစ်နေတဲ့ ဒီလိုပြဿနာတွေကို တာဝန်ရှိသူများအနေနဲ့ အလေးထား ဖြေရှင်းဆောင်ရွက်နိုင်ဖို့ တင်ပြ လိုက်ရ ပါတယ်။ မင်းခေါင် - ချောင်းဦး | ||
| ရှမ်းပြည်တပ်မတော် တောင်ပိုင်းနှင့် အစိုးရတို့ နိုင်ငံရေး ဆွေးနွေးပွဲစရန် အကြိုတွေ့ဆုံ Posted: 19 Feb 2013 02:36 AM PST အပစ်အခတ်ရပ် သဘောတူ ထားတဲ့ ရှမ်းပြည် တပ်မတော် တောင်ပိုင်း အဖွဲ့နဲ့ အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့တို့ဟာ ဒီကနေ့ မွန်းလွဲပိုင်းက ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ နိုင်ငံရေး ဆွေးနွေးပွဲ ဖြစ်ပေါ်ဖို့ အကြိုညှိနှိုင်း ဆွေးနွေးခဲ့ပါတယ်။ အစိုးရဘက်က --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||
| ချင်းတွင်းတံတားပေါ်မှ အမျိုးသမီးတစ်ဦးခုန်ချသေဆုံး Posted: 19 Feb 2013 02:04 AM PST မုံရွာမြို့အနီး အလုံမြို့ ချင်းတွင်း မြစ်ကူး တံတားပေါ် မှအမျိုးသမီး တစ်ဦး ခုန်ချ အဆုံးစီရင် မှုတစ်ခု ဖေဖော်ဝါရီ ၁၉ ရက်နေ့ နံနက် ၈နာရီခွဲ ခန့်က ဖြစ်ပွား ခဲ့ကြောင်း သိရသည်။ ထိုအမျိုးသမီးမှာ ချင်းတွင်းမြစ် အနောက်ဘက်ကမ်း ဆားလင်းကြီးမြို့နယ် ဝက်မှေး ရွာဟောင်းမှ---- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
| ထုတ်ပယ်ခံနှင့် ရာထူး ချခံရမှုများတွင် စုစုပေါင်း ရဲတပ်ဖွဲ့ဝင် လေးထောင် နီးပါးရှိ Posted: 19 Feb 2013 02:11 AM PST တစ်နှစ်ခွဲကျော် ကာလ အတွင်း လာဘ်စားမှု၊ အမှု ကြန့်ကြာမှု၊ တရားခံ သေဆုံးမှု အပါအ၀င် ထုတ်ပယ်ခံနှင့် ရာထူး ချခံရသည့် ရဲဝန်ထမ်း ဦးရေမှာ လေးထောင်နီးရှိပြီး ယင်းတို့အနက် ရဲအရာရှိ ၁၀၅၇ ဦး ပါဝင် ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ ထုတ်ပြန် ဖြေကြားချက်အရ သိရသည်။--- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
| ဖွဲ့စည်းပုံဥပဒေထက် မြန်မာအစိုးရ စိတ်ပိုင်းဆိုင်ရာပြုပြင်မှု အထူးလိုအပ်ဟု RCSS/SSA ခေါင်းဆောင်ပြော Posted: 19 Feb 2013 01:47 AM PST နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်မှာထက် နိုင်ငံခေါင်းဆောင်များ၏ Mind Set စိတ်ပိုင်း ဆိုင်ရာပြုပြင်မှု လိုအပ်နေကြောင်း သျှမ်းပြည် တပ်မတော် ခေါင်းဆောင် ဒု-ဗိုလ်ချုပ်ကြီး ယွက်စစ် ကပြော ပါသည်။ " စိတ်ပိုင်းဆိုင်ရာပြုပြင်မှုမလုပ်ရင်တော့ ဥပဒေကိုဘယ်လောက်ဘဲပြင်ပြင် တနေ့နေ့ကျရင် အကျင့် ဟောင်းက ပြန်ပေါ်မှာ ဘဲ။ နောက်တခေါက် အာဏာပြန်သိမ်းဦးမှာဘဲ။ ဒါကြောင့် ဥပဒေထက် စိတ်ဓါတ် ရေးရာကို အရင်ပြင်ဆင်သင့်တယ်လို့ ထင်ပါတယ်" ဟု ဒု- ဗိုလ်ချုပ်ကြီးယွက်စစ်ကပြော ပါသည်။ ၂၀၀၈ ဥပဒေ ပြင်ဆင် ရေးလည်းအထူးလိုအပ်ကြောင်း ၊ ၎င်းအားမပြင် ဆင်ပါက နိုင်ငံရေးဆွေးနွေးရန် မဖြစ်နိုင်ကြောင်း၊ ထို့ကြောင့် မိမိတို့ အနေဖြင့် အပစ်ရပ်လိုက်ခြင်းမှာလည်းအလဟဿ ဖြစ်ရကြောင်း ဒု- ဗိုလ်ချုပ်ကြီးယွက်စစ်က ထောက်ပြ ပါသည်။ ဖွဲ့စည်းပုံကို လွှတ်တော်အတွင်းရော လွှတ်တော်ပြင်ပ၌ပါ ပြင်ဆင်သင့် သည်ဟု ဆိုပါသည်။ စိတ်ပိုင်းဆိုင်ရာပြုပြင်ရန် အတွက်မူ လူထုဘ၀ဖွံ့ဖြိုး တိုးတက်မှုအတွက် တည်ဆောက်ပေးရန်နှင့် ကျောင်းသင်္ခန်းစာ၏ သင်ရိုးညွှန်းတမ်းများကို ပြင်ဆင်ပေး ရန်လိုအပ်ကြောင်း စဝ်ယွက်စစ်က ပြောပါသည်။ " ငယ်စဉ်ကတည်းက စိတ်ပိုင်းဆိုင်ရာ စာရိတ္တမြင့်မားပေးတဲ့ သင်ရိုးညွှန်း တမ်းတွေ ၊ သမိုင်းမှန်ကို ပြတဲ့သင်ရိုးညွှန်းတမ်း တွေကို သင်ပေးမှ ကောင်း မယ်လေ" ဟု ဆိုပါသည်။ နိုင်ငံ့ခေါင်းဆောင်များ စိတ်ဓါတ်ရေးရာပြုပြင်နိုင်ပါက ဖွဲ့စည်းပုံအခြေခံဥပဒေ ၌ မည်သို့ ရေးထားစေကာမူ ပြည်သူလူထုက အကောင်းပြုမည်မှာ မလွဲကြောင်း သျှမ်းအမျိုးသားခေါင်းဆောင်တဦးကပြောပါသည်။ " ကျောင်းသင်ရိုးညွှန်းတမ်းရဲ့ သမိုင်းဘာသာတွေမှာကြည့်လိုက်ရင် မြန်မာ ဘုရင်မင်းတွေကဘဲ ဘုန်းတန်ခိုးအာဏာ စက်ကြီးမားတယ် တော်တယ် တတ်တယ်ဖြစ်နေတယ်။ တိုင်းရင်းသား ဘုရင်မင်းမြတ်တွေတော်တာ တခါမှမသင်ဖူး သေးဘူး။ ဒီဟာကိုကြည့်ခြင်းအားဖြင့် ပြည်ထောင်စုကို ဘယ်လိုတည်ဆောက်နိုင်ပါတော့မလဲ" ဟု လည်း ဆိုပါသည်။ ယနေ့ခေတ်အစိုးရ၏ တပ်မတော်သည် ပြည်သူလူထုနှင့် တိုင်းရင်းသား များအား ကြောက်လန့်နေသဖြင့် စစ်အင်အားဖြင့် တိုင်းရင်းသားနယ်မြေ အတွင်း တိုးချဲ့နေရာယူထားသည်ကိုတွေ့ရကြောင်း၊ အင်္ဂလိပ် အုပ်ချုပ် သည့်ခေတ်က မြန်မာ တနိုင်ငံလုံးအုပ်ချုပ်ရာ၌ စစ်တပ်အင်အား ၁၅ တပ်ရင်းသာ သုံးကြောင်း သျှမ်းပြည်အတွင်း တပ်ရင်း ၂ ရင်းဖြင့်သာ အုပ်ချုပ်ကြောင်း အဆိုပါခေါင်းဆောင်က ထောက်ပြသည်။ လွန်ခဲ့သည့်နှစ်ပေါင်း ၆၀ ကတည်းက လုံခြုံရေးအကြောင်းပြကာ မြန်မာ အစိုးရ၏ စစ်တပ်များ တိုင်းရင်းသား နယ်မြေများအတွင်း အင်အားတိုးချ လာသည့်ကိစ္စနှင့်ပတ်သက်၍လည်း ယခုလ ၁၄ ရက်နေ့ ပထမအကြိမ် ဆဌမမြောက် ပြည်သူ့ လွှတ်တော်အစည်းအဝေး သို့ ကျားဖြူပါတီ အမတ် နန်းဝါနုက တင်ပြခဲ့သေးသည်ဟု ဆိုပါသည်။ "လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀ ကတည်းက ကျမတို့သျှမ်းပြည်မှာ လုံခြုံရေးမရှိလို့ ငြိမ်းချမ်းရေးမရှိတာဆိုပြီး အစိုးရက ဘက်စုံ ဖွံ့ဖြိုး တိုးတက်ရေးလာ မလုပ်ပေးဘူး။ ဒါကြောင့် စစ်အင်အားတွေပို့ပို့လာတယ်။ မြေပေါ်မြေအောက် သယံဇာတ တွေကို တော့ လာယူပြီးပြန်သွားတယ်။ သို့ပေမယ့်ဘာမှ လာမပေးဘူး။ ဒါကြောင့်ကျမတို့သျှမ်းပြည်သားတွေက အလုပ် အကိုင်မဲ့ပြီး အိမ်နီးချင်းနိုင်ငံကိုထွက်ပြေးကြကုန်တယ်။ သျှမ်းပြည်သားတွေဆုံးရှုံးတယ်။ သူများနိုင်ငံမှာကျွန်ခံနေရတယ်။ ဒီနေ့မှာ ကျ တော့ ပြောင်းလဲလာပြီလို့ပြော ကြပြီ။ဆိုတော့အစိုးရကနေ ပြန်လည်ထူထောင်ရေးဖွံ့ဖြိုးတိုးတက်ရေးဇုံ လုပ်ပေးသင့်တယ်။ နိုင်ငံခြားသားတွေကိုရင်းနှီးမြုပ်နှံမှုပြုဖို့ဖိတ်ခေါ်ပေးသင့်တယ်လို့ ကျမတင်ပြ တယ်။ ဒီကိစ္စ နဲ့ပတ်သက်ပြီး တော့ လွှတ်တော်ဘက်ကဘာမှပြန်မဖြေသေး ဘူး။ ထိုင်းရောက် သျှမ်းတွေပြန်လာနိုင်ဖို့အတွက်လဲကျမ ၂၀၁၁-၂၀၁၅ ကုန်အထိ ပဉ္စမကာလ ကုန် ၅ နှစ်အမျိုးသားစီမံကိန်းမှာတင်ပြသွားတယ်။ ငြိမ်းချမ်းရေးအဖွဲ့တွေကနေ ပြန်လည်ထူထောင်ရေး လုပ်ပေးဖို့ ပြည်ပ ရောက် သူတွေကို ပြည်တွင်းပြန်ဝင်လာရင်အလုပ်ရှိအောင်လို့ စက်ရုံ အလုပ်ရုံတွေထူထောင်ပေးဖို့ တောင်းဆိုထားတယ်။" ဟု နန်းဝါနုက သျှမ်းသံတော်ဆင့်အားပြောပြသည်။ သျှမ်းပြည်အတွင်း၌ စစ်တိုင်း ၄ တိုင်းလက်အောက် တပ်ရင်းများ အပြင် တခြားသော ကွပ်ကဲမှုဌာနချုပ် တပ်ရင်းများ စုစုပေါင်း ၂၂၃ ရင်း ရှိကြောင်း NDD ဒီမိုကရေစီ နှင့်ဖွံ့ဖြိုးတိုးတက်ရေးအင်အားစု သုသေသနနှင့်မှတ်တမ်း တင်ဌာနမှ ၂၀၁၁ က ထုတ်ဝေသည့် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် စစ်ဘက်နှင့် အရပ်ဘက် အုပ်ချုပ်ရေးအင်္ဂါစဉ် စာအုပ်တွင်ဖော်ပြထားပါသည်။ သျှမ်းသံတော်ဆင့်
| ||
| ရန်ကုန်-မော်လမြိုင် အမြန်ယာဉ် ပစ်တိုင်းထောင် ယာဉ်လိုင်းရဲ့ ခရီးသည်တွေအပေါ်မိုက်ရိုင်းမှု Posted: 18 Feb 2013 10:29 PM PST ရန်ကုန်-မော်လမြိုင် အမြန်ယာဉ်လိုင်း တွင် ယာဉ်လိုင်းပေါင်းများစွာ ပြေးဆွဲ လျှက်ရှိသည့် အနက် ပစ်တိုင်းထောင် မော်တော် ယာဉ်လိုင်းသည် ၀န်ထမ်းများ၏ ဆက်ဆံရေး ညံ့ဖျင်းခြင်း၊ ထိုင်ခုံ နေရာကောင်းများကို လက်မှတ်ရောင်း ၀န်ထမ်းများမှ အလွဲသုံးစားလုပ်ခြင်း၊ အဲကွန်း မအေးခြင်း စသည့် ဆားဗစ် အလွန်တရာ ညံ့ဖျင်းသော်လည်း ယခင် စစ်အစိုးရ လက်ထက်မှစပြီး လူကြီးပိုင်းနှင့်ပေါင်းသင်းကာ အခြားမည်သည့် အဝေးပြေး အမြန်ယာဉ်လိုင်းမှ ရန်ကုန်မြို့တွင်းသို့ ၀င်ရောက်ခွင့် မရချိန်တွင် ၄င်း ပစ်တိုင်းထောင် (PTT) (ယခင် ရွှေမြိုင်သားအမည် ပူးတွဲ တပ်ဆင်ထား) မှ ရန်ကုန်တိုင်း လမ်းမတော်မြို့နယ် ၀ါးတန်းလမ်း ဂိတ်သို့ ယခု လက်ရှိအချိန်အထိ ပို့ဆောင်ပြေးဆွဲပေးလျှက်ရှိသောကြောင့် ခရီးသည်အများစုသည် မချစ်သော်လည်း အောင့်ကာနမ်း၊ မကြိုက်သော်လည်း ကြိတ်မှိတ် စီးနင်းကြရတဲ့သဘောမှာရှိပါတယ်။ ယခုလက်ရှိ PTT ၏ ယာဉ်လက်မှတ်စီးနင်းခ ဈေးနှုန်းများမှာ ရိုးရိုး ငါးထောင့်ငါးရာကျပ်နှင့် အထူး ရှစ်ထောင်ကျပ်အသီးသီးဖြစ်ပါတယ်။ နေ့ခင်းနှင့် ည အချိန်နှစ်မျိုး ပြေးဆွဲပေးပါသည်။ ၁၈.၀၂.၂၀၁၃ ရန်ကုန်မှ မော်လမြိုင်သို့ နေ့ခင်းပိုင်း ပြေးဆွဲခဲ့သော ဓါတ်ပုံပါ အမြန်ယာဉ်ဟာ ရန်ကုန်မော်လမြိုင် အဝေးပြေးလမ်းပေါ်ရှိ သထုံမြို့ အနီးတွင် ၁၀ဘီးကျောက်ကား တစ်စီးအား ဘရိတ် မမိပဲ ကားဦးခေါင်းဖြင့် ၀င်ရောက်တိုက်မိသဖြင့် ကားအရှေ့ မှန်ကြီးကွဲကာ မော်လမြိုင်သို့ ည၇နာရီတွင်ဝင်ရောက်ရမည့်အစား ၂နာရီတိတိနောက်ကျပြီးမှ ည၉နာရီခွဲအချိန်တွင် ခရီးစဉ်ဆိုက်ရောက်ခဲ့ပါတယ်။ ပုံမှန်အားဖြင့် ရန်ကုန်မှမော်လမြိုင်သို့ နေ့ခင်းထွက်လာတဲ့ကားသည် ညနေတွင်ခရီးသည်များအားပြန်လည်တင်ဆောင်ကာ မော်လမြိုင်မှ ရန်ကုန်သို့ပြန်လည် ထွက်ခွါပါတယ်။ ယခုကဲ့သို့ ညနေကမှ ကျောက်တင် ၁၀ဘီးကားကို ၀င်တိုက်ပြီး ရှေ့မှန်ကြီးကွဲကာ ပြန်ရောက်လာတဲ့ PTT အထူး ကားဟာ ကား အစားထိုး ပြီးပြန်လည်ထွက်ခွါရမည့်အစား ယင်း တိုက်ကား(ရှေ့မှန်လုံးဝမပါတော့) သောကားဖြင့်ပင် ပုံမှန်အချိန်ထက် ၁နာရီနီးပါး နောက်ကျပြီးမှ မော်လမြိုင်မှရန်ကုန်သို့ ခရီးစဉ်ပြန်လည်ထွက်ခွါခဲ့ပါတယ်။ ယခုကဲ့သို့ မိမိ၏ အကျိုးအမြတ်ကို ရှေ့တန်းတင်ကာ ခရီးသည်များ၏ လုံခြုံရေး၊ ကျန်းမာရေး ကို လုံးဝမငဲ့ကွက်ပဲ ၀ိသမ လောဘဖြင့် စီးပွါးရှာကာ ကြီးပွါးလျှက်ရှိသော ပစ်တိုင်းထောင်(PTT/ရွှေမြိုင်သား) ရန်ကုန်-မော်လမြိုင် ယာဉ်လိုင်းပိုင်ရှင် ဦးပြုံး၏ အကြောင်းအား မြန်မာပြည်သူပြည်သားများ သိရှိ ရှောင်ရှားနိုင်ရန် သတင်းပေးတင်ဆက်လိုက်ရပါတယ်။ ခရီးသည် တဦး | ||
| မအူပင်မှာ ကျေးရွာ အုပ်ချုပ်ရေးမှူးကို ဆန္ဒပြ (ရုပ်/သံ) Posted: 18 Feb 2013 10:03 PM PST ဖေဖော်ဝါရီလ ၁၈ ရက် နေ့မနက်က မအူပင်မြို.နယ်မှာ ကျေးရွာ အုပ်ချုပ်ရေးမှူး ရွေးချယ်တဲ့ ကိစ္စနဲ.ပတ်သက်ပြီး မကျေနပ်ချက်တွေကို တရားဝင်ခွင့်ပြုချက်နဲ.ဆန္ဒထုတ်ဖော်မှု ပြုလုပ် ခဲ့ကြပါတယ်။ ဒေါ်ညိုမာသက် တိုက်ရိုက်သတင်းပေးပို. ထားပါတယ်။ — at မအူပင်မြို.နယ်၊ ဧရာဝတီတိုင်း. ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ | ||
| ၁၀ စုနှစ်ခန့်က မြေယာသိမ်းဆည်းမှုကြောင့် မရမ်းကုန်းတွင် ဆန္ဒပြ Posted: 18 Feb 2013 09:35 PM PST ယနေ့ နံနက် ၉ နာရီခန့်တွင် ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ ၆ ရပ်ကွက်တွင် ယခင် ၁၀ စုနှစ်ခန့်က မြေယာ မတရား သိမ်းဆည်း ထားမှုနှင့် ပက်သက်ပြီး ဆန္ဒ ထုတ်ဖော်မှု ပြုလုပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ ဆန္ဒထုတ်ဖော်မှုမှာ နံနက် ၉ နာရီ မှ နေ့လည် ၁၁ နာရီ ခွင့်ပြုချက်ရ ထားခြင်းဖြစ်ပြီး --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ ဓါတ်ပုံ - စူးရှ - The Myanma Age | ||
| ကားနှင့် ဆိုင်ကယ်တိုက်မိ၊ ဆိုင်ကယ်စီးသူများပွဲချင်းပြီးသေဆုံး Posted: 18 Feb 2013 09:22 PM PST ဟဲဟိုး၊ ဖေဖော်ဝါရီ ၁၉ ဖေဖော်ဝါရီ ၁၈ ရက် ည ၇နာရီခွဲခန့်က တောင်ကြီးမှ မန္တလေးသို့ပြေးဆွဲသော ရွှေတာင်ရိုး ယာဉ်လိုင်းမှ ခရီးသည်တင် လေအိတ်ကား တစ်စီးနှင့် ရွှေညောင် မြို့ ခမရ ၉၄ မှ တပ်ကြပ်ဦးမြမွေးနင့် အဖော်တစ်ဦးတို့ စီးနင်း လာသော ဆိုင်ကယ် သည် ရှမ်းပြည်နယ် တောင်ပိုင်း ဟဲဟိုးမြို့ နန်ကုန်းပိုင်း ရပ်ကွက် ကံတလိ ဘုန်းကြီးကျောင်း အနီး ကားလမ်းမပေါ်တွင် မျက်နာချင်း ဆိုင်တိုက်မိ ခဲ့ကြောင်း ဟဲဟိုး သတင်းထောက်မှ သတင်းပေးပို့သည်။ တိုက်မိသည့် အရှိန်မှာပြင်းထန်သဖြင့် ဆိုင်ကယ်စီး လာသူနှစ်ဦးမှာ အခင်းဖြစ်ရာ နေရာတွင် ပွဲချင်းပြီး သေဆုံးခဲ့သည်။ ခရီးသည်တင် ကားပေါ်တွင် ပါလာသည့် ခရီးသည်များမှာ ထိခိုက်ဒဏ်ရာ ရရှိခြင်းမရှိပါ။ ဆိုင်ကယ်ကို ကား၏ ညာဘက်ခြမ်းနင့် တိုက်မိခြင်းဖြစ်ကြောင်း သိရသည်။ သတင်း+ဓာတ်ပုံ - ထူးအိမ်သွင် Popular Myanmar News Journal | ||
| တိုင်းရင်းဆေးကုသည့်လက်မှတ်မရှိဘဲ ကုစားသူများအား ဒဏ်ကြေး(၁၀)ဆတိုးမြှင့် Posted: 18 Feb 2013 09:04 PM PST တိုင်းရင်း ဆေးခန်းဖြင့် ဆေးကု ရာတွင် ကုသခွင့် လက်မှတ်မရှိဘဲ ဆေးကုသ သူများကို ယခင် သတ်မှတ်ထားသည့် ဒဏ်ကြေး ထက်(၁၀)ဆတိုးမြှင့် သက်မှတ် ပြဋ္ဌာန်းလိုက်ပြီ ဖြစ်ကြောင်း တိုင်း ရင်းဆေး ကောင်စီမှ သိရသည်။ ဆေးကု သခွင့်မရှိဘဲ ဆေး ကုသသူများကို --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||
| အင်းလေးကန်ဟိုတယ်ဇုံ အတွက် မြေသိမ်း Posted: 18 Feb 2013 08:30 PM PST ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ လဆန်း က ရှမ်းပြည်နယ် အစိုးရမှ အင်းလေးကန် အရှေ့ဘက် ကမ်းစပ်ရှိ ကံဘဲ့ အင်ကြင်းကုန်းရွာ မှ တောင်သူ ၈၃ ဦး ပိုင်ဆိုင် တဲ့ ယာမြေ ဧက ၁ဝဝ ကျော် အပါအဝင် မြေလွတ်မြေရိုင်း ဧက ၆ဝဝ ကျော် ကို သိမ်းယူခဲ့ပါတယ်။---- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
| ဆီးရီးယား စစ်ရာဇ၀တ်မှုတွေ ကုလ စုံစမ်းစစ်ဆေး Posted: 18 Feb 2013 08:13 PM PST ဆီးရီးယား အရေးကိစ္စ ကုလသမဂ္ဂ စုံစမ်းရေးအဖွဲ့ရဲ့ အဖွဲ့ဝင်တ ဦးကနေ ICC နိုင်ငံတကာ ပြစ်မှု ဆိုင်ရာ တရားရုံးက ဆီးရီယားနိုင်ငံတွင်းက စစ်ရာဇ၀တ်မှု တွေကို စုံစမ်းစစ်ဆေးဖို့ တောင်းဆို လိုက်ပါတယ်။ ဆီးရီးယားအရေး ကုလသမဂ္ဂ စုံစမ်းရေးအဖွဲ့ရဲ့ ---- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
| မြန်မာကလေးစစ်သား ၂၄ ဦး ပြန်လွှတ်ပေးမှု ကုလကြိုဆို Posted: 18 Feb 2013 08:06 PM PST မြန်မာ စစ်တပ်ထဲက ကလေးစစ်သား ၂၄ ဦးကို ပြန်လွှတ်ပေးလိုက် တဲ့အပေါ် ကုလသမဂ္ဂ က ချီးမွမ်း ကြိုဆိုလိုက်ပါတယ်။ စစ်တပ်တွင်းက ကလေးစစ်သား ၂၄ ဦးကို စိစစ်ပြီး ပြန်လွှတ်ပေးတဲ့ အခမ်းအနားတရပ်ကို ပြီးခဲ့တဲ့ သောကြာနေ့တုန်းက ရန်ကုန်မြို့မှာ ကျင်းပခဲ့ပြီး၊ အစိုးရ တာဝန်ရှိသူတွေ၊ စစ်တပ် အရာရှိတွေအပြင်--- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||
| ကျန်းမာရေး အသုံးစားရိတ် ၁၄ ဆ တိုးမြှင့်သုံးစွဲမည် Posted: 18 Feb 2013 02:53 PM PST ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်မှာ မြန်မာ တစ်နိုင်ငံလုံးမှာရှိတဲ့ အစိုးရဆေးရုံတွေ အတွက် အရင်နှစ်ကထက် (၁၄) ဆ အထိတိုးပြီး ကျပ်ငွေ ဘီလီယံ (၅၀) အထိ ဆေးဝါးပစ္စည်းတွေ ဝယ်ယူသုံးစွဲဖို့ရှိတယ်လို့ ကျန်းမာရေး ဝန်ကြီးဌာနက ဒီကနေ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးမှာ တင်ပြခဲ့ပါတယ်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
| သီရိလင်္ကာတွင် ဟာလာ အမှတ် တံဆိပ် ထည့်သွင်းမှု ပပျောက်ရေး ဆန္ဒပြ Posted: 18 Feb 2013 01:22 PM PST သီရိလင်္ကာနိုင်ငံ မြို့တော် ကိုလမ်ဘိုတွင် ဆင်ဟာလီ လူမျိုး သဘောထား တင်းမာသည့် ဗုဒ္ဓဘာသာအုပ်စု တစ်ခုသည် နိုင်ငံ၌ အစားအသောက် များနှင့် အခြား ကုန်ပစ္စည်းများတွင် မူဆလင်ဘာသာဝင်တို့၏ ဟာလာ အမှတ်အသား ထည့်သွင်းသည့် စနစ် ပပျောက်ရေး အတွက် ဆန္ဒပြ တောင်းဆို ခဲ့ကြကြောင်း--- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
| အများသဘောမတူသော အဆောက်အဦးကိစ္စ ၈၈နှင့် သံဃာနှစ်ပါး ညှိနှိုင်းပေး Posted: 18 Feb 2013 01:14 PM PST ရန်ကုန်မြို့၊ သာကေတမြို့နယ်၊ (၃)မာန်ပြေ ရပ်ကွက်၌ အများသဘောမတူသော အဆောက်အဦးအား ၁၇ရက်နေ့တွင် စည်ပင်မှတာဝန်ရှိသူများက ဖျက်သိမ်း ပေးသော်လည်း အပြီးတိုင် မဖျက်သိမ်းသောကြာင့် ဒေသခံ ပြည်သူများက မကျေနပ်၍ ယနေ့ညနေတွင် ယင်းလမ်းသို့ ရောက်ရှိလာကြပြီး အပြီးသတ်ဖျက်သိမ်းပေးရန် ---- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ သတင်း - ဓါတ်ပုံ The Myanma Age | ||
| လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ မေးခွန်းကို တိတိကျကျ ဖြေကြားဖို့ ညွှန်ကြား Posted: 18 Feb 2013 09:34 AM PST နိုင်ငံတော် စီမံကိန်းတွေနဲ့ ပတ်သက်ပြီး လွှတ်တော် ကိုယ်စားလှယ်တွေ ရဲ့ ဆွေးနွေး မေးမြန်းချက်တွေကို ဝန်ကြီးဌာနတွေ အနေနဲ့ ပွင့်လင်း မြင်သာမှု ရှိရှိနဲ့ တိတိကျကျ ပြန်လည် ရှင်းလင်းပေး စေချင်ကြောင်း ပြည်ထောင်စု လွှတ်တော် နာယက ဦးခင်အောင်မြင့်က ဖေဖေါ်ဝါရီလ ၁၈ ရက် ဒီကနေ့ ပြည်ထောင်စု လွှတ်တော်မှာ တိုက်တွန်း လိုက်ပါတယ်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
| အင်းလေးဟိုတယ်ဇုန် တည်ဆောက်ရေး တားဆီးခဲ့သူ ဒေသခံတွေ တရားရုံး ရင်ဆိုင်နေရ Posted: 18 Feb 2013 09:27 AM PST အင်းလေး ဟိုတယ်ဇုန် တည်ဆောက်ရေး ကန့်သတ်နယ်မြေ အတွင်းမှာ ဝင်ရောက်တားဆီးခဲ့တယ်လို့ စွပ်စွဲခံရတဲ့ ဒေသခံတောင်သူ ၇ ဦးကို ဒီကနေ့ ဖေဖေါ်ဝါရီလ ၁၈ ရက်နေ့က ညောင်ရွှေ မြို့နယ်တရားရုံးမှာ ပထမဆုံး အကြိမ် ရုံးတင်စစ်ဆေး ခဲ့ပါတယ်။ ---- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
| You are subscribed to email updates from Thit Htoo Lwin To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
| Google Inc., 20 West Kinzie, Chicago IL USA 60610 | |






















.jpg)














