သျှမ်းသံတော်ဆင့်

သျှမ်းသံတော်ဆင့်


သျှမ်းပြည်သားများ တရုတ်နယ်စပ်ဖြတ်ခွင့်ရရေး ခက်ခဲနေဆဲ

Posted: 15 Feb 2013 06:30 AM PST

တရုတ် - မြန်မာနှစ်နိုင်ငံ နယ်စပ်တစ်လျှောက်  မြန်မာလဝက ရုံးစိုက်ရာမြို့များ၌   နယ်စပ်ဖြတ်သန်းခွင့် စာအုပ် ပြု လုပ်ရာတွင် သျှမ်းပြည် (တောင်ပိုင်း) နှင့် (အရှေ့ပိုင်း) နေနယ်ခံများ အတွက် အခက်အခဲ ပိုရှိနေကြောင်း သိရသည် ။


သျှမ်းပြည် (မြောက်ပိုင်း) မူစယ်မြို့တွင် မြောက်ပိုင်း အိမ်ထောင်စုစာရင်းရှိသူများကိုသာ အဆိုပါ နယ်စပ်ဖြတ်သန်းခွင့် စာအုပ် ထုတ်ပေးခြင်း ဖြစ်သည် ။

မြန်မာပြည် အရပ်ရပ်မှ ဒေသခံများမှာ (မူစယ်မြို့မှလွဲ၍ ) တရုတ် - မြန်မာနယ်စပ် တစ်လျှောက် မြန်မာ လဝက ရုံးစိုက်ရာ အခြားမြို့များတွင် ၎င်းနယ်စပ်ဖြတ်သန်းခွင့် စာအုပ် ပြုလုပ်ခွင့်ရရှိနေပါသည်။

သို့သော်  သျှမ်းတောင် နှင့် အရှေ့ပိုင်း ဒေသခံများမှဪမူ နယ်စပ်ဖြတ်ခွင့်စာအုပ်ရရေး ပိုမိုခက်ခဲနေကြောင်း မြန်မာလဝကနှင့် နီးစပ်သူ သျှမ်းပြည်သားတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည် ။

"သျှမ်းပြည် မှတ်ပုံတင်နံပတ်က ၁၃ / နဲ့စတာပေါ့နော်။ သျှမ်းပြည် (မြောက်ပိုင်း) ကျတော့ မူစယ်မှာလုပ်လို့ရတယ်။ အဲဒီ သျှမ်းပြည် တောင်ပိုင်း နဲ့ အရှေ့ပိုင်း ဒေသခံတွေက တခြားဒေသခံတွေထက် ရဖို့ပိုခက်တယ်။ ဘာဖြစ်လို့ဆိုတော့ တခြား ဒေသခံတွေက မူစယ် မဟုတ်တဲ့ တခြားနေရာမျိုးမှာ သွားလုပ်လို့ရတယ်။ ဒီ ၁၃/ နဲ့စတဲ့ တောင်ပိုင်းတို့ အရှေ့ပိုင်းတို့ ဆို လုပ်မပေးဘူး။ တကယ်လို့လုပ်ပေးခဲ့ရင်တောင် တရုတ်နိုင်ငံထဲဝင်ဖို့ မူစယ်လဝက ခွင့်မပြုဘူး " ဟု သူက ဆိုသည် ။

ယခင် စစ်အစိုးရ နဝတ ၊ နအဖလက်ထက်က သျှမ်းပြည်အား မြောက်ပိုင်း ၊ တောင်ပိုင်း ၊ အရှေ့ပိုင်းဟူ၍ ၃ ပိုင်းခွဲ အုပ် ချုပ်ခဲ့သော်လည်း ယခုအစိုးရလက်ထက်တွင် သျှမ်းပြည်ကို ထိုသို့ခွဲခြားထားခြင်း မရှိတော့ကြောင်း၊  ထို့ကြောင့် သျှမ်းပြည် (မြောက်ပိုင်း) မူစယ်မြို့တွင် သျှမ်းဒေသခံအားလုံးအတွက် ၄င်းနယ်စပ်ဖြတ်သန်းခွင့် စာအုပ် ထုတ်ပေးသင့်ကြောင်း သူက ဆက်ပြောသည် ။

ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍ တောင်တန်းမြေပြန့် ကွာဟနေမှုကို ညှိနှိုင်းပေးဖို့ ကျားဖြူအမတ်တောင်းဆို

Posted: 15 Feb 2013 06:29 AM PST

မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာတွင် တိုင်းဒေသဖွံ့ဖြိုးတိုးတက်မှုနှင့် တိုင်းရင်းသားပြည်နယ်များဖွံ့ဖြိုး တိုးတက် မှုကို မျှမျှတတဆောင်ရွက်ပေးရန်အစည်းအဝေး၏ ၂၀ ရက်မြောက်နေ့က လွှတ်တော်အတွင်း တင်ပြဆွေးနွေးခဲ့ရသည်ဟု ကျားဖြူပါတီ၏ ပြည်သူ့လွှတ်တော် အမတ်က ပြောပါသည်။

Sai Hakကျားဖြူပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းဟတ် (ဓါတ်ပုံ- facebook)

"ကျနော်တို့ တိုင်းရင်းသားဒေသတွေမှာ ဖွံ့ဖြိုးတိုးတက်မှုမရှိတဲ့အချိန်မှာ နေပြည်တော်မှာ တိုးချဲ့ပြီးရင်း တိုးချဲ့ဆောက် လုပ်ပြီးရင်းဆောက်လုပ်နေတယ်။ ဥပမာ ကားလမ်းမကြီးတွေဆိုရင် ၁၀ လမ်းသွားကို ထပ်ပြီးတိုးချဲ့နေချိန်  သျှမ်းပြည်မှာ ကားလမ်းက တလမ်းသွားကနေ မတက်နိုင်ဘူး။ ဆေးရုံဆေးခန်းကြီးတွေဆိုရင်လဲနေပြည်တော်မှာ ကုတင် ၁၀၀၀ ဆန့်တို့ ကုတင် ၅၀၀ ဆန့်တို့ ဆောက်ပြီးထပ်ဆောက်နေတယ်။ စတာတွေပေါ့နော် ။ ကျနော် ဖေဖော်ဝါရီ ၁၃ ရက်နေ့က တင်ပြ ဆွေးနွေးမှုထဲမှာလဲ ထဲ့သွင်းတင်ပြသွားပါတယ်" ဟု မိုင်းရယ်မြို့နယ် ကျားဖြူပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းဟတ်ကပြောပါသည်။

ဥပမာ လမ်းဖောက်လုပ်ခြင်း၊ တံတားတည်ဆောက်ခြင်း၊ စက်ရုံအလုပ်ရုံများ တည်ဆောက်ခြင်း၊ ဆက်သွယ်ရေး ကောင်းမွန် ရေး၊ လျှပ်စစ်ဓါတ်အားရရှိရေး၊ ပညာရည်မြင့်တင်ရေး၊ ကျန်းမာရေးဆိုင်ရာပံ့ပိုးမှု စသည့်ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များ အကောင် အထည်ဖော်ဆောင်ရွက်သည့်အခါ တိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက် အတတ်နိုင်ဆုံးအချိုးညီ မျှမျှတတဖြစ်အောင်ဆောင် ရွက်ပေးရန် လိုအပ်သည်ဟု  ဖေဖော်ဝါရီ ၁၃ ရက်နေ့က တင်ပြခဲ့ကြောင်းဆိုပါသည်။

၂၀၁၃ - ၂၀၁၄ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်းဥပဒေမူကြမ်းနှင့်ပတ်သက်ပြီး မူ နှင့်အခြေခံသဘောများအပေါ် အကြံပြု တင်ပြဆွေးနွေးရာတွင် ၁- လက်နက်ကိုင်အဖွဲ့အစည်းများစုနှင့်အပစ်အခတ်ရပ်စဲပြီး စေ့စပ်ဆွေးနွေးမှုများ ဆောင်ရွက်နိုင်ခဲ့ သော်လည်း လက်နက်ကိုင်ပဋိပက္ခလုံးဝ ချုပ်ငြိမ်းခြင်းမရှိသေးဘဲ တိုက်ပွဲများဆက်လက်ဖြစ်ပွါးနေခြင်း၊ ၂- ဆန္ဒပြတောင်းဆို မှုအမျိုးမျိုး ပေါ်ပေါက်နေလျှက်ရှိခြင်း၊ ၃- နယ်စပ်ဒေသ တိုင်းရင်းသားများနှင့် နိုင်ငံသားမဟုတ်သူများ အကြား ပဋိပက္ခဖြစ် ပွါးခြင်း၊ ၄- နိုင်ငံအနှံ့ လယ်ယာမြေများ မတရားသိမ်းဆည်းခံရမှုများကြောင့် တောင်သူသမားများ မြေယာပြန်လည် လုပ်ကိုင်ပိုင်ဆိုင်လိုခွင့် တောင်းဆိုမှုများမြင့်မားနေခြင်း၊  ၅-  ဆင်းရဲနွမ်းပါးမှုများ အမြန်လျှော့ချနိုင်ရေး ကောင်းမွန်သော အစီအမံများလိုအပ်နေခြင်း အစရှိအချက်များကို တင်ပြခဲ့ရသည်ဟု စိုင်းဟတ်ကပြောပါသည်။

"အစိုးရတရပ်ဟာ နိုင်ငံတော်တည်ဆောက်ရာမှာ လူထုရဲ့ဆန္ဒသဘောအတိုင်းလိုက်နာပြီးလုပ်ရမယ်လေ။ အခု လူထုက သူတို့လိုအပ်တာကို  ကျနော်တို့ကို တင်ပြတယ်။ ကျနော်တို့က လွှတ်တော်ထဲကိုသွားပြီးတင်ပြတယ်။ ဒါပေမယ့် အစိုးရက ကျနော်တို့တင်ပြချက်ကို အလေးမထားဘူး အဲ့လိုသဘောမျိုးဖြစ်နေတယ်" ဟု ဆိုပါသည်။

နိုင်ငံတော်အေးချမ်းမှုမရှိခြင်းသည် ခေတ်အဆက်ဆက် ယုံကြည်မှု တည်ဆောက်နိုင်ခြင်းအကျိုးဆက်ပင်ဖြစ်ကြောင်း၊ နှစ်ကာလကြာရှည်စွာ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများ ယနေ့ထိ ချုပ်ငြိမ်းခြင်းမရှိသေးဘဲ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားကာ တိုင်းပြည်ရဲ့ လူမှုရေး၊ စီးပွားရေး၊ ပညာရေး ကျန်းမာရေး အဘက်ဘက်နိမ့်ကျနေလျက်ရှိသဖြင့် အမြန်ကုစား ရန်လိုအပ်နေရာ တိုင်းရင်းသားများအခြင်းခြင်းကြား ယုံကြည်မှုတည်ဆောက်ရန် အထူးလိုအပ်သည်ဟု လည်းပါရှိပါသည်။

ပထမအကြိမ် ပြည်သူ့လွှတ်တော် ဆဌမပုံမှန်အစည်းအဝေးကို ပြီးခဲ့သည့် ဂျန္နဝါရီလ ၁၁ ရက်နေ့ကတည်းက စတင် ကျင်းပခဲ့ရာမှ မတ်လအတွင်း ပြီးဆုံးဖွယ်ရှိကြောင်း ကြားသိရသည်။

တောင်ကြီး - မိုင်းရှူး ဗင်ကား ဓါးပြတိုက်ခံရ

Posted: 15 Feb 2013 06:28 AM PST

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့မှ မိုင်းရှူးမြို့သို့  ပြေးဆွဲသည့် အမြန်ယာဉ်ငယ် ဗင်ကား  သုံးစီးထက် မနည်း  ဓါးပြတိုက်ခံရကြောင်း ဒေသခံများပြောချက်အရ သိရပါသည်။

Van TGI to MSတောင်ကြီး-မိုင်းရှူး ခရီးသည်တင် ဗင်ကားများ (ဓါတ်ပုံ-သျှမ်းသံတော်ဆင့်)

" အရင်အပတ် သောကြာနေ့ ၈ ရက်နေ့ တုန်းကလေ ကျနော်တို့တောင်ကြီးက အပြန်လမ်း အက်စ်ကွေ့မှာ ဓါးပြတိုက်ခံရ တာ။ ကျနော် မြင်တာဘဲ ကားကသုံးစီး၊ တောင်ကြီး မိုင်းရှုး ဗင်ကားတွေကြီးဘဲ ဓါးပြတိုက်ခံရတာ။ ကျနော်တယောက် တည်း ပစ္စည်းကော ငွေကော တန်ဘိုး သိန်း ၂၀ လောက်ပါသွားတယ်" - ဓါးပြတိုက်ခံရသူ အားဖှန်ကပြော ပါသည်။

ဖေဖေါ်ဝါရီ ၈ ရက်နေ့က နံနက် တောင်ကြီးမြို့မှ မိုင်းရှူးမြို့သို့ထွက်ခွါသော ခရီးသည်တင် ဗင်ကား အမျိုး အစား ၃ စီးက မိုင်းရှူးမြို့မရောက်မှီ မိုင်းနောင်မြို့နယ်အခွဲအတွင်း ဟဲဆိုင်ရွာနှင့် ဟန်နားရွာအကြား အက်စ် ကွေ့၌ ဓါးပြတိုက်ခံခဲ့ရကြောင်း၊ ခရီးသည်များထံ မှရွှေငွေများအားလုံးအပြင် ကားပေါ်ပါ အဘိုးတန်ပစ္စည်း များအားလုံးကိုပါ ယူဆောင်သွားကြောင်း စုစုပေါင်းကာလတန်ဖိုး ကျပ်သိန်းရာကျော်ပါသွားကြောင်း ကား ဆရာများအသိုင်းအဝိုင်းက ပြောပါသည်။

"တောင်ကြီးကနေ မိုင်းရှူးကိုလာရင် အဲဒီနေရာနားရောက်ရင် မိုးက ချုပ်နေပြီလေ။ ဓါးပြတွေကတော့ သျှမ်း စကားဘဲပြောတယ်။ အဲဒီနေရာမှာ ဓါးပြတိုက်တာကတော့ နာမည်ကြီးဘဲ။ ခဏခဏဖြစ်တယ်။ သူတို့ကိုင်တဲ့ သေနတ်တွေ တော့ တူမီးသေနတ်တွေဘဲ။ နှစ်ပြောင်းပါတဲ့ဟာ လဲကိုင် တယ်" - ဟု အားဖှန်ကဘဲပြော ပါသည်။

အဆိုပါ အက်စ်ကွေ့သည် မိုင်းနောင်အခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် အမှတ် ၂ နှင့် ၁၀ မိုင်ခန့်သာ ဝေးကြောင်း၊ အစိုးရစစ်တပ်အနေဖြင့် ဒေသအတွင်းခရီးသွားများအတွက် လုံခြုံရေးယူပေးလိုသည့် ဆန္ဒရှိ လျှင် ပေးနိုင်သည့်အခြေအနေရှိကြောင်း၊ အဆိုပါဒေသတဝိုက်တွင် သျှမ်းပြည်တပ်မတော် RCSS/SSA နှင့် SSPP/SSA တို့ထိန်းချုပ်နယ်မြေ၏ ကြားခံနယ်မြေဖြစ်သောကြောင့်လည်း ဓါးပြများဝင်ရောက် နေရာယူလှုပ်ရှားခြင်း ဖြစ်နိုင် ကြောင်း ကြားသိရပါသည်။

အဆိုပါ အက်စ်ကွေ့ဒေသသည် ယမန်နှစ် မေ ၂၉ နှစ်ဦးပိုင်းကလည်းမကြာခဏ ဓါးပြတိုက်မှုဖြစ်ပွားကြောင်း၊ မိုင်းရှုး မြို့သို့ ခရီးထွက်မည့် ကစထ အမှတ် ၂ မှူး ဗိုလ်ချုပ်အောင်သန်းထွဋ်အား လုံခြုံရေးယူပေးသည့် တပ်ခွဲမှူး တပ်ဖွဲ့  ဓါးပြနှင့် တိုးရာ ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားသဖြင့် အဆိုပါတပ်ခွဲမှူး ကျဆုံး ခဲ့ရသည်။၂၀၁၁  မှ ယနေ့အထိ အဆိုပါဒေသအတွင်းတွင် ဓါးပြတိုက်မှု ၁၀ ကြိမ်ထက် မနည်းဖြစ်ပွားခဲ့ပြီဖြစ်သော်လည်း ယနေ့တိုင် မည့်သည့် လက်နက်ကိုင်အဖွဲ့အစည်းမှ လူထုအိုးအိမ် စည်းစိမ် လုံခြုံရေးတာဝန်မယူ ပေးနိုင် ကြောင်း၊  မည်သည့်အဖွဲ့မှ ဓါးပြရန် မကာကွယ်ပေးနိုင်ကြောင်း ခရီးသွားပြည်သူလူထုက ပြောဆိုပါသည်။