သစ်ထူးလွင် |
- မြောက်ကိုရီးယား နျူကလီးယားစမ်းသပ် နိုင်ငံတကာ ရှုတ်ချ
- တိုင်းရင်းသားပြဿနာ ဒေါ်စု ၀င်ရောက်ညှိနှိုင်းလို
- ဖေဖေါ်ဝါရီလ (၁၃)ရက်နေ့ ထုတ် shade journal အတွဲ(၇)၊အမှတ်(၁၂)
- နယ်သာလန်နွား မြန်မာနိုင်ငံတွင် မွေးမြူရန် စမ်းသပ်မည်
- ကရင်မိန်းကလေးငယ်တဦးကို ထိုင်းအလုပ်ရှင်က ရေနွေးပူလောင်းနှိပ်စက်
- ဖေဖေါ်ဝါရီလ (၁၂)ရက်နေ့ ထုတ် မဇ္ဈိမဂျာနယ် အတွဲ (၂)၊ အမှတ် (၂၁)
- မောင်တောမြို့နယ်တွင် တူမီးသေနတ်နဲ့ ဓါးမြတိုက်ဟန်ဆောင်၍ လူသတ်မှုဖြစ်ပွား
- ရခိုင်ပြည်နယ် ဘူသီးတောင်မြို့နယ်မှာ ညမထွက်ရ အမိန့်ထုတ်ပြန်
- လုဒ်မယ်တော် သခင်မ ပွဲတော်
- အမည်မမှတ်မိ အမျိုးသမီးငယ်အား ရဲတပ်ဖွဲ့မှ မိဘများ ရှာဖွေအပ်နှံ
- ဒီချုပ်မှ ကျင်းပသော ကရင်ဒုံးပြိုင်ပွဲ လှိုင်းဖွဲ့ ဒုံးအဖွဲ့ ပထမရရှိ
- အကြမ်းဖက်ရိုက်နှက်ဖျက်ဆီးခံရသူများ နိုင်ငံတော် သမ္မတထံ တိုင်ကြား
- ပညာရေး ကျန်းမာရေးအတွက် ဝေဠုကျော်ဖောင်ဒေးရှင်း တည်ထောင် (ရုပ်/သံ)
- မြောက်ကိုရီးယားနိုင်ငံက တတိယအကြိမ်မြောက် နယူးကလီးယားစမ်းသပ်
- ဟုမ္မလင်းတွင် လူ ၃၂ ဦး အစာအဆိပ်သင့် ၂ ဦးသေဆုံး
- ချင်းအမျိုးသားနေ့ ရန်ကုန်တွင်ကျင်းပ
- အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ၆၆ နှစ်မြောက် ပြည်ထောင်စုနေ့  သို့ ပေးပို့လာသော မိန့်ခွန်းရုပ်သံ
- သမ္မတ ဦးသိန်းစိန်ရဲ့ (၆၆)နှစ်မြောက် ပြည်ထောင်စုနေ့ သဝဏ်လွှာ
- (၆၆) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အခမ်းအနား
- ဖေဖေါ်ဝါရီလ (၁၄)ရက်နေ့ ထုတ် First Eleven Sports Journal အတွဲ (၁၃)၊ အမှတ် (၃၇)
- ဖေဖေါ်ဝါရီလ (၁၂)ရက်နေ့ ထုတ် Digital Life Journal အတွဲ (၁)၊ အမှတ် (၄၁)
- အမေရိကန်စစ်ရေးလေ့ကျင့်မှု မြန်မာ ပထမဆုံး ပါဝင်ခွင့်ရ
- ငါးထောင်တန် တယ်လီဖုန်း စက်ရုံတည်ဆောက်
- ရဟန်းမင်းကြီးကို ချီးမွမ်းပူဇော်
- လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ရခိုင်က ဒုက္ခသည်စခန်းတွေကို လေ့လာ
| မြောက်ကိုရီးယား နျူကလီးယားစမ်းသပ် နိုင်ငံတကာ ရှုတ်ချ Posted: 12 Feb 2013 07:55 AM PST မြောက်ကိုရီးယားနိုင်ငံက နျူကလီးယား စမ်းသပ် ဖောက်ခွဲမှုကို အောင်မြင်စွာ ပြုလုပ်နိုင် ခဲ့တယ်လို့ ကြေညာ လိုက်ပါတယ်။ မြောက်ကိုရီးယားနိုင်ငံကို နျူကလီးယား စမ်းသပ်မှုတွေ ဆက်လက် မပြုလုပ်ဖို့ ကုလသမဂ္ဂ က အတန်တန် သတိပေး နေတဲ့ကြားက အခုလို လုပ်ဆောင်လိုက်တာပါ။--- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||||||
| တိုင်းရင်းသားပြဿနာ ဒေါ်စု ၀င်ရောက်ညှိနှိုင်းလို Posted: 12 Feb 2013 07:47 AM PST မြန်မာအစိုးရနဲ့ တိုင်းရင်းသား လူမျိုးစုတွေကြား ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကို ကြားဝင်ညှိနှိုင်း ဆောင်ရွက်ပေးလိုတဲ့ ဆန္ဒရှိကြောင်း အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် က ဒီကနေ့ ကမ်းလှမ်း လိုက်ပါတယ်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||||||
| ဖေဖေါ်ဝါရီလ (၁၃)ရက်နေ့ ထုတ် shade journal အတွဲ(၇)၊အမှတ်(၁၂) Posted: 12 Feb 2013 06:44 AM PST | ||||||
| နယ်သာလန်နွား မြန်မာနိုင်ငံတွင် မွေးမြူရန် စမ်းသပ်မည် Posted: 12 Feb 2013 06:24 AM PST နယ်သာလန် နို့စားနွားမျိုးနဲ့ နွားအကောင်လိုက် မွေးမြူရေး လုပ်ငန်းကို မြန်မာပြည်မှာ စမ်းသပ် လုပ်ဆောင်သွားဖို့ ရှိတယ်လို့ မွေးမြူရေးနဲ့ ဆေးကုသရေး ဦးစီးဌာနက ပြောပါတယ်။ နယ်သာလန်နိုင်ငံက Royal Friesland ကုမ္ပဏီနဲ့ ---- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||||||
| ကရင်မိန်းကလေးငယ်တဦးကို ထိုင်းအလုပ်ရှင်က ရေနွေးပူလောင်းနှိပ်စက် Posted: 12 Feb 2013 06:07 AM PST ထိုင်းနိုင်ငံ အနောက်မြောက်ပိုင်း ကမ်ဖိုင်ဖစ်ခရိုင်မှာ မြန်မာနိုင်ငံက ကရင် မိန်းကလေး ငယ်တဦးကို ထိုင်းအလုပ်ရှင် လင်မယားက ရေနွေးပူလောင်းပြီး နှိပ်စက်ခဲ့တယ်လို့ ထိုင်းလူမှု ကယ်ဆယ်ရေး ဌာနက ပြောပါတယ်။ သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||||||
| ဖေဖေါ်ဝါရီလ (၁၂)ရက်နေ့ ထုတ် မဇ္ဈိမဂျာနယ် အတွဲ (၂)၊ အမှတ် (၂၁) Posted: 12 Feb 2013 05:58 AM PST | ||||||
| မောင်တောမြို့နယ်တွင် တူမီးသေနတ်နဲ့ ဓါးမြတိုက်ဟန်ဆောင်၍ လူသတ်မှုဖြစ်ပွား Posted: 12 Feb 2013 05:23 AM PST ရခိုင်ပြည် အနောက်ဘက် မောင်တော ခရိုင် မောင်တောမြို့နယ် ငခူရရွာသစ် ကျေးရွာအနီး ယောင်ဘွယ် ကျေးရွာတွင် ၄င်းအနီးအနား ဘင်္ဂလီ ကျေးရွာများမှ ဘင်္ဂလီ ၁၅ ယောက်ခန့်သည် ယမန်နေ့ ည ၁၀ နာရီ ၁၅ မိနစ်တွင် တူမီးသေနတ်ဖြင့် ဓါးမြတိုက် ဟန်ဆောင်၍ အကြမ်းဖက် ၀င်ရောက်တိုက်ခိုက်ခဲ့ သောကြောင့် တစ်ဦးသေ သုံးဦး ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့ကြောင်း ---- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||||||
| ရခိုင်ပြည်နယ် ဘူသီးတောင်မြို့နယ်မှာ ညမထွက်ရ အမိန့်ထုတ်ပြန် Posted: 12 Feb 2013 05:06 AM PST ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် အတွင်းမှာ လက်နက်ကိုင် အကြမ်းဖက်သမားတွေ ဝင်ရောက် တိုက်ခိုက်ခဲ့ပြီးတဲ့နောက် မောင်တောမြို့နယ်နဲ့ ထိစပ်နေတဲ့ ဘူးသီးတောင်မြို့နယ်တစ်ခုလုံး မှာ ဖေဖော်ဝါရီလ ၁ဝ ရက်နေ့ကစပြီး ည ၈ နာရီ ကနေ မနက် ၆ နာရီအထိ ညမထွက်ရ အမိန့် ပုဒ်မ-၁၄၄ ထုတ်ပြန်လိုက်ပါတယ်။--- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||||||
| Posted: 12 Feb 2013 04:54 AM PST တိုင်းပြည်တဝှမ်း ငြိမ်းချမ်းကာ ကျမ်းမာ ပျော်ရွှင်သော နိုင်ငံ ဖြစ်ရန် အတွက် မြစ်ကြီးနား မြို့နယ်၊ တန်ဖရဲကျေးရွာ (ဧရာဝတီ မြစ်ဆုံဘေး)ရှိ မာရိယာ ကောင်းကင်ဘုံ သခင်မ ဘုရားကျောင်းဝင်းတွင် ၁၆ ကြိမ်မြောက် ပွဲတော်ကို တနင်္လာနေ့က ကျင်းပခဲ့ကြရာ ပရိသတ် ၂,၀၀၀ ကျော် တတ်ရောက်ခဲ့ကြသည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||||||
| အမည်မမှတ်မိ အမျိုးသမီးငယ်အား ရဲတပ်ဖွဲ့မှ မိဘများ ရှာဖွေအပ်နှံ Posted: 12 Feb 2013 04:16 AM PST ၅.၂.၂၀၁၃ ရက်နေ့ ၁၄၂၀ အချိန် သာကေတမြို့နယ် " ဒန်ကို " စက်သုံးဆီ အရောင်းဆိုင် ရှေ့တွင် တွေ့ရှိသော အမည်မသိ အမျိုးသမီးငယ်အား သာကေတ၊ ၁၀/တောင်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစစ်ကြည်မှ သာကေတ အမှတ်(၂)ရဲစခန်းသို့ လာရောက် ပို့ အပ်ခဲ့သဖြင့် --- သတင်း အပြည့်စုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||||||
| ဒီချုပ်မှ ကျင်းပသော ကရင်ဒုံးပြိုင်ပွဲ လှိုင်းဖွဲ့ ဒုံးအဖွဲ့ ပထမရရှိ Posted: 12 Feb 2013 04:13 AM PST ရန်ကုန်မြို့ တော်ဝင်နှင်းဆီ၌ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် စတင် ကျင်းပသည့် ၆၆နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ကရင်အမျိုးသား ဒုံးအက ပြိုင်ပွဲကို ယနေ့ ဆုပေး အပ်ကြောင်း သိရသည်။ ကရင်ဒုံးအက ပြိုင်ပွဲတွင် အသင်း(၂၄)ပါဝင် ယှဉ်ပြိုင်ပြီး --- သတင်း အပြည့်စုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||||||
| အကြမ်းဖက်ရိုက်နှက်ဖျက်ဆီးခံရသူများ နိုင်ငံတော် သမ္မတထံ တိုင်ကြား Posted: 12 Feb 2013 03:14 AM PST ဘိုကလေးမြို့နယ်-ကဒုံကနိ ရဲစခန်းအပိုင် မရမ်းချောင်းကျေး ရွာတွင် ၂၀၁၂ ခုနှစ် အောက်တို ဘာလ(၅)ရက် ည(၁၁)နာရီခန့် အချိန်တွင် တစ်ညတည်း အိမ် (၃)လုံးအား လူ(၄၀)ခန့်က အုပ်စု ဖွဲ့၍ အကြမ်းဖက် တိုက်က်ခိုက်မှုပြု လုပ်ခဲ့ကြောင်း --- သတင်း အပြည့်စုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||||||
| ပညာရေး ကျန်းမာရေးအတွက် ဝေဠုကျော်ဖောင်ဒေးရှင်း တည်ထောင် (ရုပ်/သံ) Posted: 12 Feb 2013 02:53 AM PST ရုပ်ရှင်သရုပ်ဆောင် ဝေဠုကျော်က ပဋိပက္ခဖြစ်နေတဲ့ ဒေသတွေ အပါအဝင် ကျန်ဒေသတွေမှာပါ ပညာရေးနဲ့ ဒေသဖွံ့ဖြိုးရေးအတွက် ဖောင်ဒေးရှင်း တစ်ခုကို ဖေဖော်ဝါရီ ၁၂ရက်နေ့မှာ ထူထောင်လိုက်ပါတယ်။ ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ | ||||||
| မြောက်ကိုရီးယားနိုင်ငံက တတိယအကြိမ်မြောက် နယူးကလီးယားစမ်းသပ် Posted: 12 Feb 2013 02:01 AM PST မြောက်ကိုရီးယားနိုင်ငံက တတိယ အကြိမ်မြောက် နယူးကလီးယား စမ်းသပ် ဖောက်ခွဲမှုကို သည်နေ့ ဖေဖော်ဝါရီ ၁၂ မှာ အောင်မြင်စွာ ပြုလုပ်ခဲ့တယ်လို့  မြောက်ကိုရီးယား အစိုးရရဲ့ မီဒီယာကနေ တရားဝင် ထုတ်ဖော် ပြောဆိုလိုက် ပါတယ်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||||||
| ဟုမ္မလင်းတွင် လူ ၃၂ ဦး အစာအဆိပ်သင့် ၂ ဦးသေဆုံး Posted: 12 Feb 2013 01:40 AM PST ခန္တီးခရိုင် ဟုမ္မလင်းမြို့နယ် ထမံသီ စံပြကျေးရွာ အုပ်စု ယက်ဖရွာရှိ လပြည့် နဂါးသစ်ပါးလွာ စက်ရုံ တွင် ဖေဖေါ်ဝါရီလ ၁၁ ရက်နေ့ က ၀န်ထမ်းများ အစာ အဆိပ်သင့်မှု ဖြစ်ပွားခဲ့ပြီး နှစ်ဦးသေဆုံး သွားကြောင်း သိရသည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||||||
| ချင်းအမျိုးသားနေ့ ရန်ကုန်တွင်ကျင်းပ Posted: 12 Feb 2013 01:21 AM PST ယခင်အစိုးရ လက်ထက် အဆက်ဆက်တွင် လွတ်လပ်စွာ ကျင်းပခွင့် မရရှိခဲ့သည့် ချင်းအမျိုးသားနေ့ကို အရှိုချင်းတိုင်း ရင်းသားများက ဖေဖော်ဝါရီလ ၁၂ ရက်တွင် ရန်ကုန်မြို့၌ ကျင်းပခဲ့သည်။ ဖေဖော်ဝါရီလ ၂၀ ရက်တွင် ကျရောက်မည့် ၆၅ နှစ်မြောက် ချင်း အမျိုးသားနေ့ အကြိုအဖြစ် --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||||||
| အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ၆၆ နှစ်မြောက် ပြည်ထောင်စုနေ့  သို့ ပေးပို့လာသော မိန့်ခွန်းရုပ်သံ Posted: 12 Feb 2013 02:41 AM PST အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ၆၆ နှစ်မြောက် ပြည်ထောင်စုနေ့  သို့ ပေးပို့လာသော ဒေါ်အောင်ဆန်း စုကြည် ၏ မိန့်ခွန်းရုပ်သံ ရုပ်သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ | ||||||
| သမ္မတ ဦးသိန်းစိန်ရဲ့ (၆၆)နှစ်မြောက် ပြည်ထောင်စုနေ့ သဝဏ်လွှာ Posted: 12 Feb 2013 12:29 AM PST
ယနေ့ အချိန်အခါသည် ပြည်ထောင်စုဖွား တိုင်းရင်းသားတို့၏ ရင်ထဲတွင် ထာဝရ သတိတရ ရှိနေရသည့် နေ့ထူးနေ့မြတ် ဖြစ်သော ပြည်ထောင်စုနေ့ အချိန်အခါ ဖြစ်ပါသည်။ ဤကဲ့သို့ ကျက်သရေမင်္ဂလာ အပေါင်းနှင့် ပြည့်စုံသည့် နေ့ထူးနေ့မြတ်တွင် သွေးချင်း ညီအစ်ကိ...ု မောင်နှမအားလုံး နှလုံးစိတ်ဝမ်း အေးချမ်းပြီး ကောင်းကျိုးမင်္ဂလာ အဖြာဖြာနှင့် ပြည့်စုံကြပါစေဟု ဆုမွန်ကောင်း တောင်းလျက် နှုတ်ခွန်း ဆက်သအပ်ပါသည်။ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်သည် တိုင်းရင်းသားညီအစ်ကိုများ စည်းလုံးညီညွတ်စွာဖြင့် လက်တွဲ၍ အတူတကွ တည်ဆောက်ခဲ့သည့် နိုင်ငံတော်ကြီး ဖြစ်ပေသည်။ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးအတွက်လည်း အားလုံး ဝိုင်းဝန်းကြိုးပမ်းခဲ့ကြပါသည်။ အတိတ်သမိုင်းတွင် မြန်မာမင်း အဆက်ဆက်တို့သည့် အမိနိုင်ငံတော် တည်မြဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး၊ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးတို့ကို အားသွန်ခွန်စိုက် ကြိုးပမ်းခဲ့ကြပါသည်။ သို့အတွက်ကြောင့် အတိတ်က မြန်မာနိုင်ငံတော်ကြီး သည်လည်း စည်ပင်ဖွံ့ဖြိုး တိုးတက်ခဲ့သည်ကို တိုင်းရင်းသား ညီအစ်ကိုများ အသိပင် ဖြစ်ပေသည်။ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဟူသော အမျိုးသားရေး မူဝါဒကို ပြည်ထောင်စုဖွား တိုင်းရင်းသားအားလုံး စောင့်ထိန်း ကာကွယ်ရမည် ဖြစ်ပေသည်။ ကိုလိုနီ နယ်ချဲ့တို့၏ တောင်ပေါ်မြေပြန့် သွေးခွဲ အုပ်ချုပ်ခဲ့မှုကြောင့် လွတ်လပ်ရေး ရပြီးစမှစ၍ အမိနိုင်ငံတော်ကြီးအတွင်းရှိ တိုင်းရင်းသား ညီအစ်ကို မောင်နှမများ တစ်ဦးနှင့် တစ်ဦး နားလည်မှု လွဲမှားကာ စည်းလုံးညီညွတ်မှု ပျက်ပြားခဲ့ရပါသည်။ ချစ်ကြည်လေးစားအပ်ပါသော ပြည်ထောင်စုဖွား တိုင်းရင်းသားသွေးချင်း ညီအစ်ကိုများ ခင်ဗျား- ကိုလိုနီစနစ် ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ကျွန်ပညာရေးစနစ် အကောင်အထည်ဖော်မှု၊ တိုင်းရင်းသားညီအစ်ကိုတို့အပေါ် မတရား ကုပ်သွေးစုပ်ပြီး စိုးမိုးခြယ်လှယ်မှု၊ မြန်မာ့သယံဇာတ တို့ကို မတရား ရယူသိမ်းပိုက်မှု စသည့် ခါးသီးသော အတွေ့အကြုံတို့ကို မြန်မာတိုင်းရင်းသား ညီအစ်ကို မောင်နှမအားလုံး နှစ်ပေါင်းများစွာ ခါးစည်းခံခဲ့ရပါသည်။ မျိုးချစ်စိတ်ဓါတ် ပြင်းထန်လှသည့် တိုင်းရင်းသား ညီအစ်ကို မောင်နှမများသည် အတူတကွ လက်တွဲပြီး နယ်ချဲ့ကို တွန်းလှန်တိုက်ခိုက်ခဲ့ကြပါသည်။ နယ်ချဲ့တို့ကလည်း မြေပြန့်ဒေသနှင့် တောင်ပေါ်ဒေသတို့ကို ခွဲခြားကာ တိုင်းရင်းသားအချင်းချင်း စိတ်ဝမ်းကွဲပြားအောင် နည်းအမျိုးမျိုးဖြင့် သွေးခွဲအုပ်ချုပ်ခဲ့ကြပါသည်။ ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သည့် ပညာတတ် မျိုးချစ်လူငယ်တို့က ခေါင်းဆောင်ကာ မြန်မာ့တပ်မတော်ကို ဖွဲ့စည်းပြီး ဖက်ဆစ် အကူအညီ ရယူ၍ မြန်မာ့မြေပေါ်မှ ကိုလိုနီနယ်ချဲ့တို့ကို မောင်းထုတ်နိုင်ခဲ့ပါသည်။ သို့သော်လည်း ဖက်ဆစ်တို့၏ ရက်စက်ကြမ်းတမ်းစွာ ညှဉ်းပန်းနှိပ်စက်မှုကြောင့် မြန်မာတိုင်းရင်းသား ညီအစ်ကိုများ အားလုံးက ဖက်ဆစ်တို့ကို မြန်မာ့မြေပေါ်မှ တိုက်ထုတ်ခဲ့ရပြန်ပါသည်။ နယ်ချဲ့တို့က ပြန်လည်ဝင်ရောက်လာကြပြီး တောင်ပေါ်ဒေသကို ချန်လှပ်၍ ပြည်မကိုသာ လွတ်လပ်ရေ ပေးလိုသည့်အတွက် အမိန်မြန်မာနိုင်ငံတော်ကြီးကို ချစ်မြတ်နိုးသည့် ဗိုလ်ချုပ်အောင်ဆန်း အပါအဝင် ပြည်ထောင်စုဖွား တိုင်းရင်းသားညီအစ်ကို ခေါင်းဆောင်များက ၁၉၄၇ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့တွင် ပင်လုံညီလာခံကို ကျင်းပကာ တိုင်းရင်းသား အားလုံး တညီတညွတ်တည်း လွတ်လပ်ရေးတောင်းဆိုကြမည်ဟု ကတိပြု လက်မှတ်ရေးထိုးခဲ့ကြပါသည်။ ထိုနေ့ကို အစွဲပြု၍ ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် နှစ်စဉ်ကျင်းပ ပြုလုပ်လာခဲ့ရာ ယခုအခါ (၆၆)နှစ် ပြည့်မြောက်ပြီ ဖြစ်ပါသည်။ (၆၆)နှစ်မြောက် ဤနေ့ထူးနေ့မြတ် အချိန်အခါတွင် တိုင်းရင်းသား ညီအစ်ကို မောင်နှမအချင်းချင်း သွေးစည်းညီညွတ်ရေး၊ အမိမြန်မာ နိုင်ငံတော်ကြီး ရေရှည်တည်တံ့ခိုင်မြဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးကို အထူးအလေးထားပြီး တိုင်းရင်းသားတို့၏ အသည်းနှလုံးထဲတွင် ပြည်ထောင်စု စိတ်ဓါတ်၊ မျိုးချစ်စိတ်ဓါတ်တို့ အစဉ်အမြဲ ကိန်းအောင်းနေဖို့ လိုအပ်လှပေသည်။ ချစ်ကြည်လေးစားအပ်ပါသော ပြည်ထောင်စုဖွား တိုင်းရင်းသား သွေးချင်းညီအစ်ကိုများ ခင်ဗျား- လွတ်လပ်ရေးရပြီးနောက် ပုဂ္ဂိုလ်စွဲ၊ ဝါဒစွဲ၊ လူမျိုးစွဲတွေကြောင့် ပြည်ထောင်စုဖွား တိုင်းရင်းသား အချင်းချင်း သွေးကွဲခဲ့ကြပါသည်။ ပြည်တွင်း၌ တည်ငြိမ်အေးချမ်းမှု မရရှိခဲ့သည့်အတွက် နိုင်ငံ ဖွံ့ဖြိုး တိုးတက်မှု နှေးကွေးခဲ့ရပါသည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီး ထာဝရ ငြိမ်းချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံအဖြစ်သို့ ရောက်ရှိအောင် တိုင်းရင်းသား ညီအစ်ကို မောင်နှမအားလုံးက လက်တွဲပါဝင် ဆောင်ရွက်သင့်သည်ကို အထူး သတိပြုသင့်ပေသည်။ ပြည်တွင်း ပြည်ပ အဖျက်သမားတို့၏ အန္တရာယ်ကိုလည်း တိုင်းရင်းသား အားလုံးက ပြည်ထောင်စုစိတ်ဓါတ်ဖြင့် ပူးပေါင်းကာကွယ် တားဆီးဖို့ လိုအပ်လှပေသည်။ ကိုလိုနီနယ်ချဲ့တို့၏ သွေးခွဲ အုပ်ချုပ်မှု၊ ဖိနှိပ်သွေးစုပ်မှု၊ ပြည်တွင်းတည်ငြိမ်အေးချမ်းရေး ပျက်ပြားမှု စသည့် ခါးသီးသော အတွေ့အကြုံတို့ကို သင်ခန်းစာယူကာ တိုင်းရင်းသား အားလုံးက အမိမြန်မာနိုင်ငံတော်ကြီး ထာဝရ ငြိမ်းချမ်းသာယာရေး၊ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရမည် ဖြစ်ပေသည်။ နိုင်ငံတော်အစိုးရအနေဖြင့် မြန်မာပြည်အနှံ တိုင်းရင်းသားညီအစ်ကိုတို့ နေထိုင်ရာ ဒေသအသီးသီးတွင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အခြေခံကောင်းများ ရရှိအောင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေတွင် ဒီမိုကရေစီစနစ် ဒီမိုကရေစီစနစ် ဆက်လက်ရှင်သန်ဖွံ့ဖြိုးရန်အတွက် နိုင်ငံရေး တည်ငြိမ်မှုနှင့် လက်နက်ကိုင် ပဋိပက္ခများချုပ်ငြိမ်းပြီး ထာဝရငြိမ်းချမ်းရေးရရှိရန်မှာ အဓိကလိုအပ်ချက် ဖြစ်ပေသည်။ ထို့ကြောင့် မြန်မာ့နိုင်ငံရေးလုပ်ငန်းစဉ်တွင် နိုင်ငံသားအားလုံး ပါဝင်လာနိုင်အောင် ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါသည်။ ဒီမိုကရေစီစနစ် ရှင်သန်ဖွံ့ဖြိုးရန်အတွက် တိုင်းပြည် တည်ငြိမ် အေးချမ်းရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် တိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဦးစားပေးဆောင်ရွက်နေပါသည်။ တိုင်းရင်းသား ညီအစ်ကိုများ အားလုံးကလည်း ဝိုင်းဝန်းပါဝင် ကူညီဆောင်ရွက်ကြရန် လိုအပ်ပါသည်။ ချစ်ကြည်လေးစားအပ်ပါသော ပြည်ထောင်စုဖွား တိုင်းရင်းသား သွေးချင်းညီအစ်ကိုများ ခင်ဗျား- အစိုးရသစ်အနေဖြင့် နိုင်ငံတော်ကြီး ရေရှည်တည်တံ့ခိုင်မြဲရန်အတွက် နိုင်ငံရေးအင်အား၊ စီးပွားရေးအင်အား၊ နိုင်ငံတော်ကာကွယ်ရေးအင်အား တောင့်တင်းရန် လိုအပ်သည်ဟု ခံယူထား ပါသည်။ သို့မှသာ ခေတ်မီ ဖွံ့ဖြိုးတိုးတက်သည့် ဒီမိုကရေစီ နိုင်ငံတော်သစ်ကြီးကို တည်ဆောက် နိုင်မည် ဖြစ်ပါသည်။ ရရှိပြီးဖြစ်သည့် အခြေခံကောင်းများကို တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးတို့တွင် ပိုမိုတိုးတက် ကောင်းမွန်အောင် ကြိုးစားအကောင်အထည် ဖော်လျှက်ရှိသည်ကို တိုင်းရင်းသား ညီအစ်ကိုများ အသိပင် ဖြစ်ပေသည်။ (၆၆)နှစ်မြောက် ပြည်ထောင်စုနေ့ အခါသမယတွင် တိုင်းရင်းသား ညီအစ်ကို အချင်းချင်း သွေးစည်း ညီညွတ်စွာဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်ကြီးကို ဒီမိုကရေစီ နည်းလမ်းကျစွာ တည်ဆောက်ကြပါစို့ဟု တိုက်တွန်းနှိုးဆော်လိုက်ပါသည်။ website of Myanmar President Office | ||||||
| (၆၆) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အခမ်းအနား Posted: 11 Feb 2013 08:53 PM PST ![]() ၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်သော (၆၆) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အခမ်းအနားကို ရန်ကုန်မြို့ ပြည်သူ့ ရင်ပြင်တွင် နံနက် (၇) နာရီ၌ ကျင်းပရာ အခမ်းအနားသို့ တက်ရောက်လာသော ရန်ကုန်တိုင်းအတွင်းရှိ မြို့ နယ်အသီးသီးအား နံနက် (၅) နာရီတွင် ပြည်လမ်းမပေါ်တွင် တွေ့ရစဉ်။ (ဓာတ်ပုံ-ဘိုဘို၊ မဇ္ဈိမ) ![]() (၆၆) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အခမ်းအနားကို ရန်ကုန်မြို့ ပြည်သူ့ ရင်ပြင်တွင် ၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ နံနက် (၇) နာရီ၌ ကျင်းပရာ အခမ်းအနားသို့ တက်ရောက်လာသော ပြည်ထောင်စုနွယ်ဝင် တိုင်းရင်းသားလူမျိုးများအား တွေ့ရစဉ်။ (ဓာတ်ပုံ-ဘိုဘို၊ မဇ္ဈိမ) ![]() ၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်သော (၆၆) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အခမ်းအနားကို ရန်ကုန်မြို့ ပြည်သူ့ ရင်ပြင်တွင် နံနက် (၇) နာရီ၌ ကျင်းပရာ ဂုဏ်ပြုတပ်ဖွဲ့ နှင့် စစ်တီးဝိုင်းတပ်ဖွဲ့  ချီတက်လာစဉ်။ (ဓာတ်ပုံ-ဘိုဘို၊ မဇ္ဈိမ) ![]() ၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်သော (၆၆) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အခမ်းအနားကို ရန်ကုန်မြို့ ပြည်သူ့ ရင်ပြင်တွင် နံနက် (၇) နာရီ၌ ကျင်းပရာ ဂုဏ်ပြုတပ်ဖွဲ့ နှင့် စစ်တီးဝိုင်းတပ်ဖွဲ့  ချီတက်လာစဉ်။ (ဓာတ်ပုံ-ဘိုဘို၊ မဇ္ဈိမ) ![]() ၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်သော (၆၆) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အခမ်းအနားကို ရန်ကုန်မြို့ ပြည်သူ့ ရင်ပြင်တွင် နံနက် (၇) နာရီ၌ ကျင်းပရာ ဂုဏ်ပြုတပ်ဖွဲ့ နှင့် စစ်တီးဝိုင်းတပ်ဖွဲ့  ချီတက်လာစဉ်။ (ဓာတ်ပုံ-ဘိုဘို၊ မဇ္ဈိမ) ![]() ၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်သော ပြည်ထောင်စုနေ့ အထိမ်းအမှတ် အခမ်းအနားကို ရန်ကုန်မြို့ ပြည်သူ့ ရင်ပြင်တွင် နံနက် (၇) နာရီ အချိန်တွင်ပြုလုပ်ကျင်းပရာ ရန်ကုန်တိုင်းဝန်ကြီးနှင့် ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများ၊၀န်ထမ်းအမှုထမ်းများ၊ ရန်ကုန်မြို့ရှိ မြို့နယ်များနှင့် တိုင်းရင်းသားပြည်သူများတက်ရောက်ကာ မြန်မာနိုင်ငံတော် အလံအား အလေးပြုစဉ်။ (ဓာတ်ပုံ-ဘိုဘို၊ မဇ္ဈိမ) နိုင်ငံတော်အလံကို အလေးပြုနေစဉ် စစ်တီးဝိုင်းမှ နိုင်ငံတော်သီချင်းကို တီးမှုတ်ပေးခဲ့သည်။ ![]() ၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်သော ပြည်ထောင်စုနေ့ အထိမ်းအမှတ် အခမ်းအနားကို ရန်ကုန်မြို့ ပြည်သူ့ ရင်ပြင်တွင် နံနက် (၇) နာရီ အချိန်တွင်ပြုလုပ်ကျင်းပရာ ရန်ကုန်တိုင်းဝန်ကြီးနှင့် ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများ၊၀န်ထမ်းအမှုထမ်းများ၊ ရန်ကုန်မြို့ရှိ မြို့နယ်များနှင့် တိုင်းရင်းသားပြည်သူများတက်ရောက်ကာ မြန်မာနိုင်ငံတော် အလံအား အလေးပြုစဉ်။ (ဓာတ်ပုံ-ဘိုဘို၊ မဇ္ဈိမ) နိုင်ငံတော်အလံကို အလေးပြုနေစဉ် စစ်တီးဝိုင်းမှ နိုင်ငံတော်သီချင်းကို တီးမှုတ်ပေးခဲ့သည်။ ![]() ၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်သော ပြည်ထောင်စုနေ့ အထိမ်းအမှတ် အခမ်းအနားကို ရန်ကုန်မြို့ ပြည်သူ့ ရင်ပြင်တွင် နံနက် (၇) နာရီ အချိန်တွင်ပြုလုပ်ကျင်းပရာ ရန်ကုန်တိုင်းဝန်ကြီး ဦးမြင့်ဆွေမှ နိုင်ငံတော်သမ္မတ၏ (၆၆) နှစ်မြောက်ပြည်ထောင်စုနေ့ သဝဏ်လွှာကို ဖတ်ကြားစဉ်။ (ဓာတ်ပုံ-ဘိုဘို၊ မဇ္ဈိမ) အင်္ဂလိပ်နယ်ချဲ့တို့ မြန်မာနိုင်ငံကို လွတ်လပ်ရေးပေးရာတွင် တောင်တန်းဒေသနှင့် မြေမြန့်ဒေသကို ခွဲခြားထားရန်ကြံစည်ချက်ကို ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ပြည်ထောင်စုတိုင်းရင်းသား ခေါင်းဆောင်များ စည်းလုံးညီညွတ်စွာ သွေးစည်းခဲ့သောနေ့၊ တောင်တန်းနှင့် မြေပြန့် အတူတကွ လွတ်လပ်ရေးကိုရယူရန် သဘောတူ လက်မှတ်ရေးထိုးခဲ့သောနေ့ ဖြစ်သည်ဟု ဖတ်ကြားပါရှိသည်။ မဇ္ဈိမသတင်းဌာန | ||||||
| ဖေဖေါ်ဝါရီလ (၁၄)ရက်နေ့ ထုတ် First Eleven Sports Journal အတွဲ (၁၃)၊ အမှတ် (၃၇) Posted: 11 Feb 2013 08:44 PM PST ဖေဖေါ်ဝါရီလ (၁၄)ရက်နေ့ ထုတ် First Eleven Sports Journal အတွဲ (၁၃)၊ အမှတ် (၃၇) ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ | ||||||
| ဖေဖေါ်ဝါရီလ (၁၂)ရက်နေ့ ထုတ် Digital Life Journal အတွဲ (၁)၊ အမှတ် (၄၁) Posted: 11 Feb 2013 08:41 PM PST ဖေဖေါ်ဝါရီလ (၁၂)ရက်နေ့ ထုတ် Digital Life Journal အတွဲ (၁)၊ အမှတ် (၄၁) ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ | ||||||
| အမေရိကန်စစ်ရေးလေ့ကျင့်မှု မြန်မာ ပထမဆုံး ပါဝင်ခွင့်ရ Posted: 11 Feb 2013 08:36 PM PST အမေရိကန်စစ်တပ် ဦးဆောင်ပြီးတော့ ထိုင်းနိုင်ငံတွင်းမှာ နှစ်စဉ်။ ပြုလုပ်တဲ့ Cobra Gold စစ်ရေး လေ့ကျင့်မှုကို တနင်္လာနေ့ ကစပြီး ပြုလုပ်ခဲ့တာမှာ မြန်မာ လက်နက်ကိုင်တပ်ဖွဲ့တွေ ပထမဆုံး အနေနဲ့ ပါဝင်လာပါတယ်။ Cobra Gold စစ်ရေး လေ့ကျင့် မှုဟာ အာရှဒေသ တွင်းမှာ နိုင်ငံပေါင်းစုံ ပါဝင်တဲ့ အကြီးမားဆုံး စစ်ရေး လေ့ကျင့် မှုလည်း ဖြစ်ပါတယ်။ ဒီစစ်ရေးလေ့ကျင့်မှုမှာ မြန်မာနိုင်ငံ ပါဝင်လာတာဟာ စွမ်းရည်ပိုင်း ဆိုင်ရာ နိမ့်ကျနေတဲ့ မြန်မာစစ်တပ်ကို ပိုပြီးတော့ စနစ်ကျလာစေ လိမ့်မယ်လို့ အမေရိကန်ပြည်ထောင်စုက မျှော်လင့်ထားတာပါ။ ဒီအကြောင်းကိုတော့ ဗွီအိုအေသတင်းထောက် Daniel Schearf ဘန်ကောက်မြို့ကနေ သတင်းပေးပို့ထားတာကို ကိုကျော်သိင်္ခ က တင်ပြထားပါတယ်။ အမေရိကန် ဦးဆောင်တဲ့ နှစ်စဉ် စစ်ရေးလေ့ကျင့်မှုမှာ ပါဝင်တဲ့ အာရှဒေသတွင်းက နိုင်ငံပေါင်း ၇ နိုင်ငံစလုံးဟာ စစ်ရေးဆိုင်ရာ နည်းပညာတွေနဲ့ ဒေသတွင်း ပူးပေါင်း ဆောင်ရွက်ရေးတွေမှာ ပိုပြီး အားကောင်းလာစေပါတယ်။ ဒီ Cobra Gold စစ်ရေး လေ့ကျင့်မှုမှာတော့ အင်ဒိုနီးရှား၊ ဂျပန်၊ မလေးရှား၊ စင်္ကာပူနဲ့ ကိုရီးယားနိုင်ငံတို့က စစ်တပ်တွေ အပြည့်အ၀ ပါဝင်ပြီး လေ့ကျင့်ကြပါတယ်။ တခြားနိုင်ငံတွေကတော့ ကိုယ်စားလှယ်တွေလောက်ပဲ စေလွှတ်ပြီး ကြည့်ရှုလေ့လာတဲ့ သဘောအနေနဲ့သာ ပါဝင်ကြတာပါ။ အဲ့ဒီအထဲမှာ ဒီနှစ်မှာ ပထမဆုံးအနေနဲ့ ပါဝင်လာတဲ့ မြန်မာဘက်က စစ်တပ်အရာရှိ နှစ်ဦးလည်း ပါဝင်ပါတယ်။ အခုနှစ်အတွင်း စစ်ရေးလေ့ကျင့်မှုမှာ မြန်မာပါဝင်ခွင့်ရဖို့ ထိုင်းနိုင်ငံဘက် လက်ခံပြီး ဖိတ်ကြားခဲ့တာ လည်း ဖြစ်ပါတယ်။ ပူးတွဲစစ်ရေးလေ့ကျင့်မှုအပိုင်းကို ရေပြင်နဲ့ မြေပြင် နှစ်ခုစလုံးမှာ လေ့ကျင့်တာဖြစ်ပြီး၊ ဒီလေ့ကျင့်မှုမှာ တိုက်ခိုက်ရေး ဂျက်လေယာဉ်တွေ၊ ရဟတ်ယာဉ်တွေနဲ့ သင်္ဘောတွေအပြင် ကယ်ဆယ်ရေး၊ တောတွင်းတိုက်ခိုက်ရေးနဲ့ လက်နက်မျိုးစုံ တပ်ဆင်ရေး လေ့ကျင့်တာတွေလည်း ပါဝင်ပါတယ်။ ၁၀ ရက်တာ စစ်ရေးလေ့ကျင့်မှုမှာ မြန်မာနိုင်ငံကို အကန့်အသတ်နဲ့သာ ပါဝင်ခွင့်ပြုထားတာဖြစ်ပြီး၊ အခုလို မြန်မာနိုင်ငံအနေနဲ့ သိသိသာသာ ပါဝင်လာတာကိုတော့ အမေရိကန်ပြည်ထောင်စုအနေ နဲ့ ထောက်ခံကြောင်း အမေရိကန်သံရုံး ပြောခွင့်ရ ခရစ်စတင်း နီဒလာ (Kristin Kneedler) က ပြောပါတယ်။ "ဒီနှစ် Cobra Gold စစ်ရေးလေ့ကျင့်မှုမှာ မြန်မာနိုင်ငံအနေနဲ့ တပ်အင်အား စီမံခန့်ခွဲတာ နဲ့ ဆေးဝါးပြုစု ကုသရေးအပိုင်းတွေကို လေ့လာမှာပါ။ သိကြတဲ့အတိုင်းပါပဲ၊ အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာနိုင်ငံမှာ ဒီထက်ပိုပြီးတော့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့ မြန်မာအစိုးရကို တွန်းအားပေးနေတာပါ။ ဒီအထဲမှာ တစိတ်တပိုင်းအနေနဲ့ မြန်မာစစ်တပ် လည်း ပါဝင်ပါတယ်။ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုဖြစ်စဉ်မှာ စစ်တပ်ပါဝင်လာဖို့ ကျမတို့က တွန်းအားပေးနေတာ ဖြစ်ပါတယ်ရှင်။" စစ်အစိုးရအုပ်ချုပ်ခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်း မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ် ဆိတ်သုဉ်းပြီး စီးပွားရေး ချွတ်ခြုံကျခဲ့ရသလို လူ့အခွင့်အရေး ချိုးဖောက်မှုတွေလည်း ဆိုးဆိုးရွားရွားကို ဖြစ်နေ ခဲ့တာပါ။ ဒါပေမဲ့ ၂၀၁၀ မှာတော့ စစ်အစိုးရဟာ သူတို့ ရေးဆွဲခဲ့တဲ့ လမ်းပြမြေပုံထဲကအတိုင်း အနှစ် ၂၀ အတွင်း ပထမဆုံးအကြိမ် ရွေးကောက်ပွဲကို ကျင်းပခဲ့ပါတယ်။ ရွေးကောက်ပွဲမှာတော့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါဝင်ခွင့်မရဘဲ စစ်အစိုးရ ကျောထောက်နောက်ခံပေး ထားတဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီကပဲ နိုင်ငံတော်အာဏာကို ရခဲ့တာပါ။ ဒါပေမဲ့လည်း သမ္မတဦးသိန်းစိန် တက်လာပြီးတဲ့နောက် နိုင်ငံရေးနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲ မှုတွေက မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ဝေဖန်ပြောဆိုနေသူတွေအပေါ် အံ့အားသင့်သွားစေခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စုအပါအ၀င် အနောက်နိုင်ငံ တော်တော်များများကလည်း မြန်မာနိုင်ငံ အပေါ် စီးပွားရေး ပိတ်ဆို့ဒဏ်ခတ်မှု အတော်များများကို ဖြေလျှော့ပေးခဲ့ပြီး၊ မြန်မာ အစိုးရနဲ့ ခေါင်းဆောင်ပိုင်း ဆွေးနွေးမှုတွေလည်း လုပ်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလတုန်းကတော့ မြန်မာပြည်ကို အလည်လာတဲ့ ပထမဆုံး အမေရိကန်သမ္မတ အဖြစ် သမ္မတ အိုဘားမား မြန်မာပြည်ကို လာရောက်ခဲ့ပါတယ်။ မြန်မာနိုင်ငံအတွင်း အခုလို ပြုပြင်ပြောင်းလဲမှုတွေ လုပ်လာနေပေမဲ့လည်း မြန်မာနိုင်ငံနဲ့ စစ်ရေးအရ ဆက်ဆံမှုအပိုင်း မှာတော့ အမေရိကန်ပြည်ထောင်စုအနေနဲ့ သတိထားနေရတုန်းပဲလို့ မစ္စစ် နီဒလာ က ပြောပါတယ်။ ဒါပေမဲ့ အခုလို အမေရိကန်ပြည်ထောင်စု ဦးဆောင်ပြုလုပ်တဲ့ စစ်ရေးလေ့ကျင့်မှုဟာ ဒီအထဲမှာ ပါဝင်တဲ့ နိုင်ငံတွေအပေါ်ကိုတော့ အပြုသဘောဆောင်တဲ့ အကျိုးသက်ရောက်မှု ဖြစ်စေတယ် လို့လည်း သူက ပြောခဲ့ပါတယ်။ "အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာစစ်တပ်နဲ့ ဆက်ဆံတဲ့နေရာမှာ သတိထားပြီး အထောက် အပံ့ ပေးတာမျိုးရှိသလို၊ စစ်တပ်ရဲ့ စံချိန်စံညွှန်းကိုလည်း ချိန်ထိုးကြည့်ပါတယ်။ Cobra Gold လို စစ်ရေးလေ့ကျင့်မှုမျိုးက လက်နက်ကိုင်တပ်ဖွဲ့တွေကို ပြည်တွင်းမှာ တည်ငြိမ်ဖို့၊ တာဝန်ယူတတ်ဖို့နဲ့ လူ့အခွင့်အရေးကို ကာကွယ်တတ်လာဖို့အတွက် တကယ့်ကို အားပေးပါတယ်ရှင်" ထိုင်းနိုင်ငံမှာ ခုတကြိမ် ကျင်းပတဲ့ Cobra Gold စစ်ရေးလေ့ကျင့်မှုဟာ ၃၂ ကြိမ်မြောက် ကျင်းပတာလည်းဖြစ်ပါတယ်။ ဒီနေ့ စစ်ရေးလေ့ကျင့်မှုမှာတော့ ပါဝင်တဲ့နိုင်ငံအားလုံးဟာ သဘာဝဘေးအန္တရာယ် ကျရောက်တဲ့နေရာတွေမှာ လူသားချင်း စာနာမှု အကူအညီတွေ ပေးတဲ့ အပိုင်းကို အဓိကထားပြီး လေ့ကျင့်ကြမှာဖြစ်တယ်လို့ နီဒလာ က ပြောပါတယ်။ လူ့အခွင့်အရေးအဖွဲ့တွေကတော့ - လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ စစ်တပ်အင်အား အလွန်အကျွံ သုံးစွဲမှုတွေအပေါ် မြန်မာစစ်တပ်ကို ဝေဖန်နေကြတာပါ။ ဒီဇင်ဘာလထဲက မြန်မာစစ်တပ်နဲ့ ကချင်လွတ်မြောက်ရေးတပ် KIA တို့ ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေမှာ မြန်မာစစ်တပ်ဘက် က လေယာဉ်တွေ၊ ရဟတ်ယာဉ်တွေ အသုံးပြုပြီး တိုက်ခိုက်ခဲ့ပါတယ်။ အခုလို တိုက်ပွဲတွေ အပြင်းအထန် တိုက်ခိုက်ခဲ့တဲ့အတွက် ဒုက္ခသည်ပေါင်း ၈ သောင်းကျော် အိုးအိမ်စွန့်ခွာပြီး ထွက်ပြေးခဲ့ကြရပါတယ်။ ဒီကြားထဲမှာပဲ နိုင်ငံတကာက နှစ်ဘက် အပစ်အခတ် ရပ်စဲရေး တောင်းဆိုမှုတွေနဲ့ တရုတ်အစိုးရရဲ့ ကြားဝင်ပေးမှုကြောင့် မြန်မာအစိုးရနဲ့ KIO အကြား ဒီလထဲမှာပဲ အပစ်အခတ်ရပ်စဲရေးအတွက် ဆွေးနွေးမှုတွေ လုပ်ဖြစ်ခဲ့ပါတယ်။ မြန်မာနိုင်ငံအတွင်း နိုင်ငံရေးအပြောင်းအလဲတွေ ရှိလာပြီဆိုပေမဲ့ စစ်အစိုးရ ရေးဆွဲခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွှတ်တော်ရဲ့ ၂၅ ရာခိုင်နှုန်းမှာ စစ်တပ်က ပါဝင်ခွင့် ရနေတုန်းပဲ ဖြစ် ပါတယ်။ ကျော်သိင်္ခ (ဗွီအိုအေ) | ||||||
| ငါးထောင်တန် တယ်လီဖုန်း စက်ရုံတည်ဆောက် Posted: 11 Feb 2013 07:58 PM PST ငါးထောင်တန် ဖုန်းထွက်ရှိ ရန် ကြိုးစား လျက်ရှိသော ရွှေ ပြည် တံခွန်အများပိုင် ကုမ္ပဏီလီ မိတက်မှ မြန်မာနိုင်ငံတွင် ဆက် သွယ်ရေး ကဏ္ဍ တစ်တောင့် တစ် နေရာ ဖွံ့ဖြိုး တိုးတက်စေရန် အတွက် မြန်မာနိုင်ငံတွင် တယ် လီဖုန်းစက်ရုံ စတင်တည်ထောင် မည်ဖြစ်ကြောင်း သိရသည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||||||
| ရဟန်းမင်းကြီးကို ချီးမွမ်းပူဇော် Posted: 11 Feb 2013 06:11 PM PST အမေရိကန် သမ္မတ အိုဘားမားက ဝတ်ပြု ဆုတောင်းရင်း ပုပ်ရဟန်းမင်းကြီး ဘင်နီဒစ် အမေရိကန် ပြည်သူတွေ အပေါ် ဆောင်ရွက် ပေးခဲ့သမျှ အတွက် ချီးမွမ်း ပြောဆိုခဲ့ပါတယ်။ ဂျာမနီ ဝန်ကြီးချုပ် အန်ဂလာ မာကဲလ် အပါအဝင် --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||||||
| လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ရခိုင်က ဒုက္ခသည်စခန်းတွေကို လေ့လာ Posted: 11 Feb 2013 05:39 PM PST မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့် အရေး အထူး ကိုယ်စားလှယ် Tomas Ojea Quintana ဟာ ဒီကနေ့ ဖေဖေါ်ဝါရီလ ၁၁ ရက် မနက်ပိုင်းက စစ်တွေမြို့ကို ရောက်ရှိပြီး၊ နေ့လည်ပိုင်းမှာ မြေပုံ မြို့က ဒုက္ခသည် စခန်းတွေကို လေ့လာခဲ့ပါတယ်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
| You are subscribed to email updates from Thit Htoo Lwin To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
| Google Inc., 20 West Kinzie, Chicago IL USA 60610 | |


































