သစ်ထူးလွင်

သစ်ထူးလွင်


နေရာတိုင်းတွင် အမြတ်မထုတ်သင့်ဟု ဒုဝန်ကြီး ဦးမြင့်သိန်း ပြောကြား

Posted: 24 Feb 2013 07:05 AM PST

ပြည်ပသို့ အလုပ်သမား စေလွှတ် နေသော ပြည်ပ အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီများ အနေဖြင့်
နေရာတိုင်းတွင် အမြတ်မထုတ်သင့် ဟု အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနမှ ဒုဝန်ကြီး ဦးမြင့်သိန်းက ပြည်ပ အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီ အသင်း ဖွဲ့စည်းခြင်း စည်းဝေးပွဲတွင် ပြောကြားသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

လူမှုဖူလုံရေး ဝန်ကြီးဌာနမှ ဒုဝန်ကြီး ဦးမြင့်သိန်း ။ ဓါတ်ပုံ - The Myanma Age

အမေရိကန်ကုန်သည်ကြီးများအဖွဲ့ မြန်မာနိုင်ငံခရီးစတင်

Posted: 23 Feb 2013 11:08 PM PST

အမေရိကန် ပြည်ထောင်စုက ထိပ်တန်း စီးပွားရေး လုပ်ငန်းကြီးတွေရဲ့ ကိုယ်စားလှယ်တွေ ပါဝင်တဲ့ အမေရိကန် ကုန်သည်ကြီးများ အသင်း ကိုယ်စားလှယ်တွေ မြန်မာနိုင်ငံကို ဒီကနေ့ ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှာ ရောက်ရှိလာမှာ ဖြစ်ပါတယ်။ ဒီခရီစဉ်ဟာ အင်မတန်အရေးပါ မှတ်ကျောက်တင်ရမယ့် ခရီးစဉ်ဖြစ်တယ်လို့ အမေရိကန်ကုန်သည်ကြီးများအသင်း အာရှဒေသဆိုင်ရာ ဒုတိယဥက္ကဋ္ဌ Tami Overby ကပြောပါတယ်။ အမေရိကန်နဲ့ မြန်မာနိုင်ငံကြား စီးပွားဆက်ဆံရေးကို ပုံမှန်ဖြစ်အောင် အကြီးအကျယ် အားထုတ်ခဲ့ပြီးနောက်မှာ ဆက်ဆံရေးကို နောက်ထပ် တဆင့်မြှင့်ဖို့ဖြစ်တယ်လို့လည်း ခရီးစဉ်ဆိုင်ရာ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

လယ်ယာလုပ်ငန်း၊ မော်တော်ကားလုပ်ငန်း၊ လက်လီအရောင်းလုပ်ငန်းတို့အပြင် စွမ်းအင်၊ အီလက်ထရောနစ်၊ တယ်လီကွန်မြူနစ်ကေးရှင်း ဆက်သွယ်ရေးစတဲ့ လုပ်ငန်းတွေက စီးပွားရေးလုပ်ငန်းရှင် ကိုယ်စားလှယ် စုစုပေါင်း ၅၀ ပါဝင်တဲ့အဖွဲ့ဟာ မြန်မာနိုင်ငံကို ဖေဖော်ဝါရီလ ၂၄ ရက်နေ့ကနေ ၂၈ ရက်နေ့အထိ လာရောက်ကြမှာဖြစ်ပါတယ်။ အမေရိကန် ကုန်သည်ကြီးများအဖွဲ့ ကိုယ်စားလှယ်တွေဟာ ရန်ကုန်မြို့မှာ ကျင်းပဖို့ရှိတဲ့ အမေရိကန် မြန်မာ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ နှီးနှောဖလှယ်ပွဲကို တက်ရောက်ကြမှာဖြစ်သလို နှစ်နိုင်ငံကြား အဓိကကျတဲ့ လုပ်ငန်းတွေမှာ ဘယ်လို ချဲ့ထွင် ရင်းနှီးမြှုပ်နှံ ကုန်သွယ်လို့ ရမလဲဆိုတဲ့ အခွင့်အလမ်းတွေကို လေ့လာမှာဖြစ်တယ်လို့ ပြောပါတယ်။

ဒါ့အပြင် အဖွဲ့ကိုယ်စားလှယ်တွေဟာ နေပြည်တော်မှာလည်း ဒုတိယသမ္မတ ဦဉာဏ်ထွန်းအပြင် သမ္မတရုံးဝန်ကြီး ဦးတင်နိုင်သိန်း၊ အမျိုးသားစီမံကိန်းနဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီး၊ ကုန်သွယ်ရေး၊ ဘဏ္ဍာရေး၊ စွမ်းအင်နဲ့ စက်မှုဝန်ကြီးဌာနက အဆင့်မြင့်တာဝန်ရှိသူတွေနဲ့ လည်း တွေ့ဆုံဖို့ ရှိတယ်လို့ သိရပါတယ်။ ဒါ့အပြင် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကျွမ်းကျင်သူတွေ၊ NGO တွေနဲ့လည်း တွေ့ဆုံမှာဖြစ်တယ်လို့ အမေရိကန် ကုန်သည်ကြီးများအသင်း
ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

အမေရိကန် ကုမ္ပဏီတွေအနေနဲ့ စွမ်းရည်မြှင့်တင်ရေး၊ လူသားရင်းမြစ် ဖွံ့ဖြိုးတိုးတက်ရေး အကူအညီတွေ၊ သင်တန်းတွေပေးနိုင်တယ်လို့ အာရှဒေသဆိုင်ရာ ဒုတိယဥက္ကဋ္ဌ Tami Overby ကပြောပါတယ်။ စီးပွားရေးအရ အမေရိကန်က အရေးယူ ဒဏ်ခတ်ခဲ့တဲ့ မြန်မာနိုင်ငံကို အမေရိကန်သမ္မတ ဘရက်အိုဘားမား လာရောက်ခဲ့ပြီးနောက်မှာ ခုလို အမေရိကန် ထိပ်တန်းစီးပွားရေးလုပ်ငန်းကြီးတွေရဲ့ ကိုယ်စားလှယ်တွေ မြန်မာနိုင်ငံကို ပထမဆုံးအကြိမ် လာရောက်ကြတာဖြစ်ပါတယ်။

မြန်မာနိုင်ငံက နိုင်ငံရေး၊ လူ့အခွင့်အရေးအခြေအနေတွေ တိုးတက်မှု ရှိလာတဲ့အတွက်လို့ ဆိုပြီး အမေရိကန်က စီးပွားရေး ဘဏ္ဍာရေးအရ ပိတ်ဆို့ ဒဏ်ခတ်မှုတွေကို ဖြေလျော့ပေးခဲ့ ပြီးနောက်မှာ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံကြဖို့ နိုင်ငံတကာက စီးပွားရေးလုပ်ငန်းတွေက ကြိုးစားနေကြပါတယ်။ သောကြာနေ့ကပဲ မြန်မာနိုင်ငံက ဘဏ်တချို့ကို အမေရိကန်ပြည်ထောင်စုနဲ့ ငွေကြေးဆိုင်ရာ ၀န်ဆောင်မှုလုပ်ငန်းတွေ လုပ်ကိုင်နိုင်ဖို့ အမေရိကန် ဘဏ္ဍာရေးဌာနက ခွင့်ပြုခဲ့ပါတယ်။ အရင်က အမေရိကန်ရဲ့ ပိတ်ဆို့ ဒဏ်ခတ်မှုကြောင့် အမေရိကန် ဗဟိုဘဏ်ကတဆင့်သွားရတဲ့ ငွေကြေးအလွှဲအပြောင်းလုပ်လို့ မရတဲ့အချက်ဟာ
မြန်မာနိုင်ငံနဲ့ နိုင်ငံတကာကုန်သွယ်ရေးမှာ အဓိက အတားအဆီးတခု ဖြစ်စေခဲ့ပါတယ်။

ဗွီအိုအေ (မြန်မာဌာန)


ဖေဖေါ်ဝါရီလ(၂၆)ရက်နေ့ ထုတ် Digital Life Journal အတွဲ-၁၊ အမှတ်-၄၃

Posted: 23 Feb 2013 11:04 PM PST

ဖေဖေါ်ဝါရီလ(၂၆)ရက်နေ့ ထုတ် Digital Life Journal အတွဲ-၁၊ အမှတ်-၄၃

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ


ပေါ့လျော့မှုကြောင့် မီးလောင်မှုများဖြစ်

Posted: 23 Feb 2013 10:45 PM PST

၂၃-၂-၂၀၁၃ ရက်နေ့ ၀၉၄၅ အချိန် မကွေးတိုင်း ဒေသကြီး၊ ပွင့်ဖြူမြို့နယ်၊ ၀ဲတောင်အုပ်စု၊ နှောကျင်းကျေးရွာနေ ဒေါ်စန်းမူ(၆၁)နှစ်၏ နေအိမ်မီးဖို မီးကြွင်းမီးကျန်မှ တစ်ဆင့် မီးလောင်ကျွမ်းခဲ့ရာ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ ၀င်များနှင့် ကျေးရွာနေ ပြည်သူများ၏ ၀ိုင်းဝန်းငြှိမ်း သတ်မှုကြောင့် ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




လင်မယားချင်းစကားများရာမှ ဓါးဖြင့်ခုတ်သဖြင့် ဇနီးဖြစ်သူသေဆုံး

Posted: 23 Feb 2013 10:39 PM PST

၂၂-၂-၂၀၁၃ ရက်နေ့ ၂၀၃၀ အချိန် မကွေးတိုင်း ဒေသကြီး၊ စလင်းမြို့နယ်၊ ကျွဲဦးကျေးရွာ၏ အနောက်ဘက် (၁)မိုင်ခန့် အကွာ ကြက်သမနှီး ဖျာစခန်း၌ လူသတ်မှု ဖြစ်ပွားခဲ့ကြောင်း သတင်း ရရှိပါသည်။ စလင်းမြို့နယ် ရဲတပ်ဖွဲ့မှူးနှင့် လင်းဇင်း ရဲစခန်းတပ်ဖွဲ့ဝင်များမှ ၂၃-၂-၂၀၁၃ ရက်နေ့ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



အောင်ပန်းမြို့တွင် မီးလောင်ပြီး လူတစ်ဦးသေဆုံး

Posted: 23 Feb 2013 10:01 PM PST

ရှမ်းပြည်နယ် တောင်ပိုင်း၊ အောင်ပန်းမြို့၊ လက်မပင် ရပ်ကွက်တွင် ဖေဖော်ဝါရီလ (၂၃) ရက်နေ့ညနေ ပိုင်း အချိန်က အိမ်မီးလောင်ပြီး အမျိုးသား တစ်ဦး သေဆုံး သွားခဲ့ကြောင်း သိရသည်။ အောင်ပန်းမြို့၊ လက်မပင် ရပ်ကွက်တွင် နေထိုင်သူ ဦးကောင်းဖေသည် မိသားစုဝင်များ အပြင်သွားနေ ခိုက်တွင် ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ





သက်တန်းနှစ်ပေါင်း (၂၀၀၀) ကျော်ရှိကျောက်တန်းမြို့ ဆင်ကန်ကြီးပြန်လည်တူးဖော်

Posted: 23 Feb 2013 09:56 PM PST

ရန်ကုန်တိုင်း ဒေသကြီး၊ သံလျင်မြို့နယ်၊ ကျောက်တန်းမြို့ ဆင်ကန်ရပ်ကွက်ရှိ အများပြည်သူ သောက်သုံး ရေကန်ကြီးကို ရွှေမှော် ၀န်း လူမှု ယဉ်ကျေး ကူညီရေးအဖွဲ့ မှ ဖေဖော်ဝါရီ (၇) ရက်မှ စတင် က ဒိုက်ပင်များ ဆယ်ယူရှင်းလင်း ခြင်း၊ ကောနေသော ကန်မြေများ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



လျှပ်စစ်ဝါယာရှော့ဖြစ်ရာမှ မီးလောင်မှုဖြစ်ပွား

Posted: 23 Feb 2013 09:42 PM PST

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၃

၂၂-၂-၂၀၁၃ ရက်နေ့ ၁၆၄၀ အချိန် ရှမ်းပြည်နယ်၊ လောက်ကိုင်မြို့၊ အမှတ်(၂)ရပ်ကွက် နေ ရန်မုန်းဖန်(၂၄)နှစ် ပိုင်ဆိုင်သည့် "" ခွားကော်"" တည်းခိုခန်းတွင် လျှပ်စစ်ဝါယာကြိုး ရှော့ဖြစ်ရာမှ မီးစတင်လောင်ကျွမ်းခဲ့ရာ လောက်ကိုင်ခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ နယ်မြေခံ တပ်မှ တပ်ဖွဲ့ဝင်များနှင့်ပြည်သူများ ၀ိုင်းဝန်းငြှိမ်းသတ်သဖြင့် ၁၇၄၅ အချိန် မီးငြိမ်းသွားခဲ့သည်။

မီးလောင်မှုကြောင့် တည်းခိုခန်း ၂ ထပ်အဆောက်အဦမှ အခန်း ၅ ခန်း၊ အောက်ထပ်ရှိ စိုင်းခမ်းနွဲ့ ရွှေဆိုင်ခန်း ၁ ခန်း၊ သီရိစန်္ဒာ စတိုးဆိုင်ခန်း ၁ ခန်း၊ ရွှေကြယ် ဖုန်းဆိုင်ခန်း ၁ ခန်း၊ ဆောက်လုပ်ရေးပစ်္စည်းအရောင်းဆိုင်ခန်း ၂ ခန်း၊ စုစုပေါင်း ၁၀ ခန်း ၊ တန်ဘိုး ၁၇၅ သိန်းကျပ်ခန့် မီးလောင်ဆုံးရှုံးခဲ့သဖြင့် တည်းခိုခန်းပိုင်ရှင် ရန်မုန်းဖန်အား လောက်ကိုင်ရဲစခန်း(ပ)၂/၂၀၁၃၊ ပြစ်မှုပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည် (facebook)


မော်လမြိုင်တွင် မီးလောင်မှုတစ်ခုဖြစ်ပွား

Posted: 23 Feb 2013 09:39 PM PST

ဖေဖော်ဝါရီလ ၂၃ရက်နေ့ ည၁၂နာရီခွဲ အချိန်မှ စတင်၍ မော်လမြိုင်မြို့နယ်ရှိ ဖက်တန်းရပ်ကွက်၌ မီးလောင်ကျွမ်းမှု တစ်ခု ဖြစ်ပွားကြောင်း ယင်းရပ်ကွက်နေ ထိုင်သူ ကိုကျော်စံဝင်း၏ ပြောကြားချက်အရ သိရသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

မော်လမြိုင်တွင် မီးလောင်မှုတစ်ခုဖြစ်ပွား။ ဓာတ်ပုံ-ကျော်စံဝင်း

ဖေဖေါ်ဝါရီလ(၂၁)ရက်နေ့ ထုတ် ပြည်မြန်မာ သတင်း ဂျာနယ် အမှတ် (၈၅၉)

Posted: 23 Feb 2013 09:25 PM PST

ဖေဖေါ်ဝါရီလ(၂၁)ရက်နေ့ ထုတ် ပြည်မြန်မာ သတင်း ဂျာနယ် အမှတ် (၈၅၉)

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ




ဖေဖေါ်ဝါရီလ(၂၅)ရက်နေ့ ထုတ် လျှပ်တစ်ပြက်သတင်းဂျာနယ် အတွဲ(၄)၊ အမှတ် (၂၀)

Posted: 23 Feb 2013 09:24 PM PST

ဖေဖေါ်ဝါရီလ(၂၅)ရက်နေ့ ထုတ်  လျှပ်တစ်ပြက်သတင်းဂျာနယ် အတွဲ(၄)၊ အမှတ် (၂၀)

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ




ဖေဖေါ်ဝါရီလ(၂၁)ရက်နေ့ ထုတ် မြန်မာအင်ဒီပဲန်ဒင့် သတင်းဂျာနယ် အမှတ် (၄၁)

Posted: 23 Feb 2013 09:21 PM PST

ဖေဖေါ်ဝါရီလ(၂၁)ရက်နေ့ ထုတ် မြန်မာအင်ဒီပဲန်ဒင့် သတင်းဂျာနယ် အမှတ် (၄၁)

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



ဖေဖေါ်ဝါရီလ(၂၀)ရက်နေ့ ထုတ် Good Health ကျန်းမာရေးနှင့် အလှအပ ဂျာနယ် အမှတ် (၄၂၅)

Posted: 23 Feb 2013 09:18 PM PST

ဖေဖေါ်ဝါရီလ(၂၀)ရက်နေ့ ထုတ် Good Health ကျန်းမာရေးနှင့် အလှအပ ဂျာနယ် အမှတ် (၄၂၅)

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ




ယာဉ်တိုက်မှု ဖြစ်ပွားခြင်းအား ကူညီပေးပါ

Posted: 23 Feb 2013 03:01 PM PST

ဧရာဝတီတိုင်း ဒေသကြီး ၊ မြန်အောင်မြို့နယ် ၊ ထူ ကျေးရွာ အုပ်စု ၊ ဘွက်ကုန်း ကျေးရွာ တွင် ၂၃.၂.၂၀၁၂ နေ့နေ့လည် ၂း၀၀ နာရီ အချိန်တွင် ဦးလှဝင်း ပိုင်သော ထော်လာဂျီ  နှင့် တရွာတည်းနေ အမျိုးသမီး တစ်ဦးတို့ ရွာ လည် လမ်းမတွင် တိုက်မိရာ အမျိုးသမီးမှာ ညာဘက်ခြေသလုံးရိုး ကျိုးသွားပြီး မျက်နှာ နှင့် မေးရိုးတို့တွင်ပေါက်ပြဲ ဒဏ်ရာများရှိ ခဲ့ပြီး ပြည်မြို့သို့ဆေးကု
သမှုခံယူရန် သွားရောက်နေပြီ ဖြစ်ပါသည်။

၎င်းယာဉ်ပိုင်ရှင် ဦးလှဝင်း သူမှာ ခရိုင်ရဲမှူးနှင့် ပိုင်သည့် အတွက် မည်သည့် အရေးယူမှု မှ ပြုလုပ်ခြင်း မခံရဘဲ မည်သည့် အပိုင်ရဲစခန်း မှ လာရောက် မေးမြန်းခြင်း မရှိဘဲဖြစ်နေပါသည်။

 ယခုလို ဒီမိုကရေစီ နိုင်ငံတော် သစ်ဆီသို့ အလျင်အမြန် ပြောင်းလဲနေသော ကာလတွင် ယခုကဲ့သို့သော ဖြစ်စဉ်များ မဖြစ်သင့်တော့ပါ။

ယခုဖြစ်စဉ် ကြောင့် ကျေးလက် နေပြည်သူများမှာ စိုးရိမ်မှု၊ အားငယ်မှုများ ဖြစ်ပေါ်နေ လျက်ရှိနေကြပါသည်။ ၄င်းဦးလှဝင်း ဆိုသူမှာ အထက်လူကြီးများနှင့် ပိုင်အောင်ပေါင်းပြီး ကျေးရွာ တွင် လည်းလူထု အပေါ်အနိုင် ကျင့်ဗိုလ်ကျ လျက်ရှိသည့် အတွက် မည်ကဲ့သို့ပြုလုပ်ရမည်ကို မသိသော ရိုးသားသည့် ကျေးလက်နေ လူတန်းစားများ အတွက် တင်ပြပေး စေလိုပါသည်။

 လက်ရှိဖြစ်နေသော အမှုကိုလည်း ဖုန်းကွယ် ထားသည့်အတွက် မည်ကဲ့သို့ ပြုလုပ်ရမည်ကို တင်ပြပေးစေလိုပါသည်။

Aung Kyaw Oo


အလုပ်သမားရုံးခွဲ တာဝန်ခံများ ကွန်ပြူတာဖြင့် ငွေစာရင်း မပို့တတ်လျှင် အရေးယူမည်ဟုဆို

Posted: 23 Feb 2013 02:34 PM PST

ရုံး(၇၇)ရုံးရှိ လစဉ် အလုပ်သ မား စာရင်း ထည့်ဝင်ကြေး ငွေစာ ရင်းများအားOn LIne (သို့) Off Line  ဖြင့် အချက်အ လက်များအား ကွန်ပြူတာ အသုံး ပြုကာမပို့ တတ်သည့် ရုံးတာဝန်ခံ များအား အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အလုပ်သမား အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာနမှ ဒုတိယ၀န်ကြီး ဒေါ်ဝင်းမော်ထွန်းမှ ဆိုသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



သမ္မထံလိပ်မူတိုင်ကြားသော တိုင်ကြားစာများအား လက်ခံဆောင်ရွက် ပေးမည်မဟုတ်ဟုဆို

Posted: 23 Feb 2013 02:26 PM PST

တိုင်ကြား စာများသည် နိုင်ငံတော် သမ္မတထံသို့ တိုက်ရိုက်မူရင်း ပေးပို့၍ မိမိတို့ထံ မိတ္တူပို့၍ တိုင်ကြားပါက ယင်းတိုင်ကြား စာများအား လက်ခံဆောင်ရွက် ပေးမည် မဟုတ်ကြောင်း ဖေဖေါ်ဝါရီလ ၂၁ ရက်နေ့က နေပြည်တော်ရှိ အမျိုးသား လွှတ်တော် အဆောက်အဦး ၌ ပြုလုပ်ခဲ့သော ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


လူထုအသံ ထုတ်ဖော်မည့် သံချပ်ပြိုင်ပွဲ ပြုလုပ်မည်

Posted: 23 Feb 2013 02:16 PM PST

ပြည်သူလူထုအသံကို ထုတ်ဖော် ပြသနိုင်မည့် ရိုးရာသင်္ကြန် သံချပ်ပြိုင်ပွဲကို ကျင်းပပြု လုပ်သွားမည်ဖြစ်ပြီး ပြိုင်ပွဲ အတွက် လျှောက်လွှာများ ဖိတ်ခေါ် ထားကြောင်း ရွှေ FM ၏ ထုတ်ပြန် ကြေညာချက်အရ သိရသည်။ အဆိုပါ သံချပ်ပြိုင်ပွဲကို ရွှေ FM နှင့် Bo Bo အင်တာတိန်းမန့်တို့က ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


မြန်မာနိုင်ငံတွင် စက်ရုပ်နှင့် မော်တော်ကား ထုတ်မည်

Posted: 23 Feb 2013 02:09 PM PST

အဆင့်မီ မော်တော် ကားများကို စက်ရုပ်နှင့် ထုတ်လုပ်ရန် ရန်ကုန်တွင် မော်တော်ကား စက်ရုံကြီး တစ်ရုံကို တည်ဆောက်တော့မည် ဖြစ်ကြောင်း မြန်မာမော်တာ ကော်ပိုရေးရှင်း ဥက္ကဋ္ဌ ဦးဌေးအောင်က ပြောသည်။ "အခု ဂျပန်နိုင်ငံကို သွားတော့ ဂျပန်က သဘောတူညီ ချက်တစ်ခု ရလာတာက ရိုဘော့တွေနဲ့ ကားထုတ်မယ့် ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


စတုတ္ထအကြိမ်မြောက် Job fair Yangon 2013 ပြပွဲကျင်းပ

Posted: 23 Feb 2013 10:03 AM PST

စတုတ္ထ အကြိမ်မြောက် Job fair Yangon 2013 ကို ဖေဖော်ဝါရီ ၂၃မှ ၂၄အထိ MICT parkတွင် နှစ်ရက်တာ ကျင်းပပြု လုပ်မည် ဖြစ်ကြောင်း သိရသည်။ ယင်းပြပွဲတွင် ပြည်တွင်းပြည်ပ အလုပ်သမား အေဂျင်စီပေါင်း ၃၅ ခုမှ ဆိုင်ခန်းပေါင်း ၅၀ကျော်ဖြင့် လာရောက်ပြသ ထားပြီး အလုပ်အကိုင် ရှာဖွေသူများ အနေဖြင့် ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



ခွင့်ပြုချက်မရှိပဲ ဓာတ်ဆီဆိုင်ဖွင့်မှု မန္တလေးမြို့ခံတွေ ကန့်ကွက်

Posted: 23 Feb 2013 09:45 AM PST

မန္တလေးမြို့လယ်၊ ၂၅လမ်းနဲ့  ၈၆-၈၇ လမ်းကြားမှာ သက်ဆိုင်ရာ အာဏာပိုင်တွေ ခွင့်မပြုတဲ့ကြားက ဖွင့်လှစ်ခဲ့တဲ့  ပုဂ္ဂလိက ဓာတ်ဆီဆိုင်ကို ကန့်ကွက်တဲ့အနေနဲ့ မြို့ခံလူတစ်စုက ၂၅ လမ်းတလျှောက်က အိမ်တွေ၊ ဈေးဆိုင်တွေမှာ ဒီကနေ့ ဗီနိုင်း ပိုစတာတွေကို လိုက်လံချိတ်ဆွဲခဲ့ကြပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


မန္တလေးမြို့လယ်၊ ၂၅လမ်းနဲ့ ၈၆-၈၇ လမ်းကြားမှာ သက်ဆိုင်ရာ အာဏာပိုင်တွေ ခွင့်မပြုတဲ့ကြားက ဖွင့်လှစ်ခဲ့တဲ့ ပုဂ္ဂလိက ဓာတ်ဆီဆိုင်ကို ကန့်ကွက်ကြောင်း ဒေသခံများ ရှင်းလင်းပွဲပြုလုပ်
Photo : RFA/San Oo

လိုင်ဇာဘက်သွားမည့် ကယ်ဆယ်ရေးယာဉ်တန်း ဗန်းမော်ရောက်

Posted: 23 Feb 2013 09:38 AM PST

ကချင်ပြည်နယ်က စစ်ပြေး ဒုက္ခသည် တွေဆီကို လူသားချင်း စာနာမှု အကူအညီ တွေပေးဖို့ သွားနေကြတဲ့ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာက ယာဉ်တန်းတွေ အခုဆိုရင် ကချင်ပြည်နယ် ဗန်းမော်မြို့ကို ရောက်ရှိ နေပြီ ဖြစ်ပါတယ်။ အရင်တုန်းက လုံခြုံရေး အကြောင်းပြချက်နဲ့ သွားခွင့်မပေးဘဲ တားမြစ်ထားတဲ့ ကချင်ပြည်နယ်အတွင်းက ကချင်လက်နက်ကိုင်တပ်တွေ ထိန်းချုပ်ရာနယ်မြေတွေဆီကို အစိုးရက ပထမဆုံးအကြိမ် သွားခွင့်ပြုလိုက်တာလည်း ဖြစ်ပါတယ်။ အပြည့်အစုံကိုတော့ မဆုမွန်က တင်ပြထားပါတယ်။

ကချင်ပြည်နယ်တွင်းက လက်နက်ကိုင်ထိန်းချုပ်ရာနယ်မြေတွေက စစ်ပြေးဒုက္ခသည်စခန်းတွေ ဆီကို အစိုးရကနေ ပထမဆုံးအကြိမ် သွားရောက်ခွင့်ပြုလိုက်ပြီးတဲ့နောက်ပိုင်း ကုလသမဂ္ဂဆိုင်ရာ အကူအညီပေးရေး ယာဉ်တန်းတွေဟာ  ကေအိုင်အေ၊ ကေအိုင်အို ထိန်းချုပ်နယ်မြေရှိရာ လိုင်ဇာမြို့အနီး ဗန်းမော်မြို့ကို ရောက်ရှိနေပြီဖြစ်ပါတယ်။ ဒုက္ခသည်စခန်းတွေဆီအထိ အကူအညီတွေ ပေးဖို့နိုင်ဖို့ အစိုးရနဲ့ ကချင်လက်နက်ကိုင်အပါအဝင် လွှတ်တော်ထဲက တိုင်းရင်းသားရေးရာ ကော်မတီအပါအဝင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေဘက်ကလည်း ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးနေကြတယ်လို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ကချင်စည်းလုံးညီညွတ်ရေးနှင့်ဒီမိုကရေစီပါတီက ဒေါ်ဒွဲဘူကပြောပါတယ်။

"လိုင်ဇာကိုသွားဖို့ ဗန်းမော်မှာကားတွေ စောင့်နေတယ်။ ဖားကန့်ဘက်ကိုလည်း သွားနေပြီလို့ ပြောပါတယ်။ ဗန်းမော်နဲ့ လိုင်ဇာနဲ့ သိပ်မဝေးဘူးရှင့်။ ဒီ လိုင်ဇာနားက တံတားချိုးလိုက်တော့ အဲဒီတံတားမှာပဲ ဘယ်လိုလဲမသိဘူး လမ်းခရီးကတော့။ သွားမယ်ဆိုရင်တော့ သိပ်တော့မဝေးဘူး။ ဒါပေမဲ့ သူတို့ဘယ်လမ်းသွားမလဲတော့ မသိဘူး။ တရုတ်ဘက်လမ်းလား၊ ဒီဘက်လမ်းလား။ အဲဒီတော့ ဟိုဘက် KIA ဘက်ကလည်း ညှိနှိုင်းဖို့ လိုတာပေါ့နော်။ သူတို့ဘက်က မြန်မြန်လေး လာဖို့လိုတာပေါ့။"

ကုလယာဉ်တန်းတွေဟာ ကေအိုင်အိုဌာနချုပ် လိုင်ဇာမြို့အထိ အရောက် သွားရောက်ကြမှာဖြစ်ပြီးတော့ လုံခြုံရေးဆိုင်ရာ သဘောတူညီချက်တွေကိုတော့ ကချင်လက်နက်ကိုင်တပ်ဖွဲ့ ကေအိုင်အေ၊ ကေအိုင်အိုအပါအဝင် မြန်မာစစ်တပ်နဲ့ပါ ညှိနှိုင်းဆောင်ရွက်နေတာဖြစ်တယ်လို့ သမ္မတပြောခွင့်ရ ဦးရဲထွဋ်ကပြောပါတယ်။

"ကျနော်တို့ဘက်က ခွင့်ပြုထားပြီးပြီ။ ကျနော်တို့နယ်မြေကနေ ကျော်ပြီးတော့ ဟိုဘက်က  KIA/KIO ထိန်းချုပ်တဲ့နယ်မြေထဲ ၀င်မှာဆိုတော့ သူတို့လည်း ဟိုဘက်မှာ ပြန်ကြည့်နေတယ် ထင်ပါတယ်ခင်ဗျ။ ဟိုဘက်ကို ဆက်သွားဖို့အတွက်တော့ ကြည့်နေတာတွေရှိတယ်လို့ပဲ ကျနော်တို့ အကြမ်းမျဉ်း နားလည်ပါတယ်။ အသေးစိတ် အခြေအနေကတော့ UN က အဖွဲ့အစည်းတွေမှ သိမယ်ခင်ဗျာ။"

ဒါဟာ ကချင်လက်နက်ကိုင်တပ်ဖွဲ့နဲ့ မြန်မာအစိုးရကြား တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွား ပြီးနောက်ပိုင်း နိုင်ငံတကာ အကူအညီပေးရေးယာဉ်တန်းတွေကို အစိုးရက ကချင်လက်နက်ကိုင်အဖွဲ့တွေ ထိန်းချုပ်ရာနယ်မြေကို ပထမဆုံးအကြိမ် သွားရောက် ခွင့်ပြုလိုက်တာလည်း ဖြစ်ပါတယ်။ကုလယာဉ်တန်းတွေဟာ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ဖားကန့်ဒေသက စစ်ပြေးဒုက္ခသည်စခန်းတွေရှိရာကို သွားရောက်ပြီးတော့ ဒုက္ခသည်တွေလိုအပ်နေတဲ့ စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေကို တလစာ အကူအညီ အထောက်အပံ့တွေပေးခဲ့ပြီး နောက်ထပ်လည်း သွားရောက်ကူညီပေးဖို့ အစီအစဉ်ရှိတယ်လို့ သိရပါတယ်။

အခုဆိုရင် ကချင်လက်နက်ကိုင်တပ်ဖွဲ့နဲ့ အစိုးရကြား နိုင်ငံရေးဆွေးနွေးပွဲတွေ လုပ်နိုင်ဖို့ အစိုးရဘက်က ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီအဖွဲ့နဲ့ တိုင်ရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ UNFC နဲ့ အကြိုညှိနှိုင်းမှုတွေ လုပ်ဆောင်နေချိန်မှာပဲ ကချင်ပြည်နယ်ထဲက တိုက်ပွဲတွေ အနည်းငယ်ငြိမ်သက်သွားခဲ့ပါတယ်။ ဒီလိုတိုက်ပွဲတွေ ငြိမ်သက်သွားရတာ ငြိမ်းချမ်းရေးအစပျိုးမှုပဲဖြစ်တယ်လို့လည်း သမ္မတပြောခွင့်ရ ဦးရဲထွဋ်ကပြောပါတယ်။

"သမ္မတကြီးကလည်း ဒီစားပွဲဝိုင်းကို လာဖို့ဆိုပြီးတော့ အားလုံးကို ဖိတ်ခေါ်ထားတယ်။ နဂိုကတည်းက သမ္မတကြီးက မိမိကိုယ်မိမိ ခုခံတာကလွဲလို့ စတင်တိုက်ခိုက်တာ၊ ထိုးစစ်ဆင်တာတွေ မလုပ်ရဘူးလို့ ညွှန်ကြားခဲ့ပါတယ်။ ဒါပေမဲ့လည်း တဘက်မှာကျတော့လည်း တပ်တွေက အရမ်းနီးနေတယ် ဆိုတဲ့အတွက်ကြောင့်မိုလို့ သူကပစ်၊ ကိုယ်ကပစ်နဲ့ တိုက်ပွဲတွေက ရပ်လို့မရဘူးဖြစ်နေတာပေါ့။ ဒါပေမဲ့ ကျနော်တို့ ရွှေလီ ဆွေးနွေးပွဲစတဲ့အချိန်က စပြီးတော့ ကေအိုင်အေ  ဘက်ကလည်း ကျနော်တို့ဘက်က စောင့်ထိန်းသလို သူတို့ဘက်ကလည်း စတင်မတိုက်ခိုက်ဘူးလို့ စောင့်ထိန်းတဲ့အတွက်ကြောင့်မို့ ဒါတွေက ရပ်သွားတာ ဖြစ်ပါတယ်ခင်ဗျ။"

အခုဆိုရင် တိုက်ပွဲတွေ အတန်ငယ်အေးပြီး စစ်ငြိမ်သွားတဲ့ ကချင်ပြည်နယ်တွင်းက ဒုက္ခသည်စခန်းတွေက စစ်ပြေးဒုက္ခသည်တွေ အတွက် စိတ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်ရေး အပါအဝင် မိမိတိုရဲ့ နေအိမ်တွေကို စိတ်ချလုံခြုံစွာ ပြန်ပြီးတော့ နေထိုင်ရေးနဲ့ လိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေနဲ့ အတူ ပညာရေး၊ စီးပွားရေး ပြန်ထူထောင်နိုင်ဖို့ အလုပ်အကိုင်ဖန်တီးပေးနိုင်ဖို့တွေကိုပါ ဆောင်ရွက်ပေးဖို့ အရေးတကြီး လိုအပ်နေတယ်လို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဒွဲဘူကပြောပါတယ်။

"အခု လောလောဆယ်မှာတော့ တိုက်ပွဲတွေတော့ သိပ်မကြားတော့ပါဘူး။ လူထုကလည်း ခုဆို အိပ်ပျော်စားဝင်ပြီလို့ ကျမတို့ကို ပြောပါတယ်။ အဲဒီတော့ ဒီအနေအထားမှာတော့ ဒီ ဒုက္ခသည်တွေအတွက် အလေးထားပြီး ဆောင်ရွက်သင့်တဲ့ အခြေအနေပါ။ ဒုက္ခသည်တွေက များတော့ သူတို့အတွက် အရာရာတိုင်း ပြည့်စုံဖို့တော့မလွယ်ပါဘူး။ အခု ဒုက္ခရောက်လာတာလည်း ကြာလာပြီလေ။ အလှူရှင်တွေရဲ့ အလှူငွေနဲ့ ရပ်တည်နေတာလည်း ကြာလာပြီဆိုတော့ ဘယ်လောက် လုပ်ပေးပေးပေါ့နော်၊ အကောင်းဆုံးကတော့ ဒီစစ်တွေ ပြီးသွားပြီးမှ မိမိနေရာကို ပြန်အခြေစိုက် နေထိုင်နိုင်ဖို့ အဲဒီမှာ ပြန်ပြီးတော့ ကိုယ့်ဟာကိုယ် ရပ်တည်နိုင်အောင် ကူညီနိုင်ဖို့က အရေးကြီးပါတယ်။ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာတော့ အများကြီး လိုအပ်ပါတယ်။ ဒါ့အပြင် အစိုးရကိုလည်း ကျမတို့ တောင်းဆိုထားပါတယ်။ ဒီ ဒုက္ခသည်စခန်းတွေမှာ စိတ်ပိုင်းဆိုင်ရာ ပြုပြင်မှု သင်တန်းတွေ လုပ်ဖို့အတွက်လည်း ကျမ တောင်းဆိုထားပါတယ်။"

စစ်ပြေးဒုက္ခသည်တွေအတွက် ရေသန့်အပါအဝင် စားနပ်ရိက္ခာတွေဟာ အထူးလိုအပ်နေပြီး ကျန်းမာရေး အခြေခံ စောင့်ရှောက်မှုတွေဟာ ဒုက္ခသည်စခန်းတွေထဲက ဒုက္ခသည်တွေ အပါအဝင် ဘေးကင်းရာ နေရာတွေ၊ တောတွေထဲအထိ သွားပုန်းအောင်းနေကြတဲ့ စစ်ပြေးဒုက္ခသည်တွေအတွက်လည်း အရေးတကြီးလိုအပ်နေပါတယ်။ တရုတ်-မြန်မာနယ်စပ် အပါအဝင် ကချင်ပြည်နယ်တွင်း ကချင်လက်နက်ကိုင် ထိန်းချုပ်ရာနယ်မြေနဲ့ အစိုးရထိန်းချုပ်ရာ နယ်မြေတွေက ဒုက္ခသည်စခန်းတွေမှာ အိုးအိမ်စွန့်ခွာထွက်ပြေးနေရတဲ့ စစ်ပြေးဒုက္ခသည်ဦးရေဟာ တစ်သိန်းကျော်ရှိနေပြီဖြစ်ပါတယ်။

မဆုမွန် (ဗွီအိုအေ)

ကချင်ဒုက္ခသည်စခန်းတခုပုံ (ဖေဖော်ဝါရီလ ၁၂ ရက်၊ ၂၀၁၂)။

တရုတ်အစိုးရပြောတဲ့ တရုတ်ပြည်က ကင်ဆာရွာများ

Posted: 23 Feb 2013 09:35 AM PST

တရုတ်နိုင်ငံရဲ့ ပတ်ဝန်းကျင်ရေးရာ ဝန်ကြီးဌာနက ကင်ဆာကျေးရွာတွေ ရှိနေပါတယ်လို့ ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။ ဒါဟာ တရုတ်နိုင်ငံရဲ့ ဒေသတခိျု့မှာ သဘာဝဝန်းကျင် ညစ်ညမ်းမှုတွေ အများကြီး ဖြစ်နေပြီလို့ လူထုထင်မြင်ချက်တွေ တော်တော်ကြီး ထွက်ပေါ်ပြီးနောက်မှာ အခုလို မှတ်ချက် ထွက်လာတာလည်း ဖြစ်ပါတယ်။---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


မြစ်ချောင်းတလျှောက်နေသူတွေနဲ့ စက်ရုံတွေနား နားသူတွေဟာ ကင်ဆာရောဂါ ဖြစ်နိုင်ချေ များနေပါတယ်။

ဆီးရီးယားအတိုက်အခံ နိုင်ငံတကာကို ကန့်ကွက်

Posted: 23 Feb 2013 09:27 AM PST

ဆီးရီးယား အဓိက အတိုက် အခံ အဖွဲ့ ဖြစ်တဲ့ ဆီးရီးယား အမျိုးသား ညွန့်ပေါင်း အဖွဲ့ SNC က ဆီးရီးယား နိုင်ငံမှာ ဖြစ်ပွား နေတဲ့ အကြမ်းဖက် မှုတွေ ရပ်တန့် သွားအောင် နိုင်ငံ တကာ ကနေ မဆောင်ရွက် နိုင်ခဲ့တဲ့ အပေါ် ကန့်ကွက်တဲ့ အနေနဲ့ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ဆီးရီးယား မြို့ကြီးတွေကို စကက် ဒုံးတွေနဲ့ ပစ်နေ တာကို နိုင်ငံတကာက နှုတ်ဆိတ်နေ တယ်လို့ SNC စွပ်စွဲ

နိုင်ငံရေး အကျဉ်းသား ကိစ္စ ဆွေးနွေး

Posted: 23 Feb 2013 09:21 AM PST

မြန်မာ နိုင်ငံက အကျဉ်းထောင်တွေ ထဲမှာ နောက်ဆုံး ကျန်ရှိ နေတဲ့ နိုင်ငံရေး အကျဉ်းသားတွေ စိစစ်ရေး နဲ့ ပတ်သက်ပြီး အစိုးရ တာဝန်ရှိ သူတွေနဲ့ နိုင်ငံရေး အကျဉ်း သားတွေ လွတ်မြောက်ရေး အတွက်လှုပ်ရှား ဆောင်ရွက် နေသူတွေ ရန်ကုန်မြို့ မှာ ရှိတဲ့ ငြိမ်းချမ်းရေး စင်တာမှာ စနေနေ့က ပထမဆုံး အကြိမ် တွေ့ဆုံ ဆွေးနွေး ခဲ့ကြ ပါတယ်။---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ထောင်ကျနေတဲ့ နိုင်/ကျဉ်း ၂၃၇ ဦး ရှိပြီး၊ အချုပ် ကျခံ အပါအဝင် အားလုံး ၄၀၀ နီးပါးရှိ