သစ်ထူးလွင်

သစ်ထူးလွင်


ရေနံ နိုင်ငံရေး၊ ပိုက်လိုင်း နိုင်ငံရေး

Posted: 09 Feb 2013 03:08 AM PST

မေလကျရင် တရုတ်-မြန်မာ ရေနံပိုက်လိုင်း စဖွင့်တော့မယ်၊ နောက်နှစ်ကျရင် ရေနံပိုက်လိုင်းနဲ့ အပြိုင် ဓာတ်ငွေ့ပိုက်လိုင်းလည်း လိုက်ဖွင့်တော့မယ်။ ဒါဟာ တရုတ်စွမ်းအင်လုံခြုံရေးနဲ့ ဒေသတွင်း ပထ၀ီနိုင်ငံရေးအတွက် အလှည့်အပြောင်း ဖြစ်လာတော့မယ်လို့ နိုင်ငံတကာ သတင်းဆောင်းပါးတွေ ဖတ်ရပါတယ်။

တရုတ်-မြန်မာ ရေနံပိုက်လိုင်းက မြန်မာပြည် ရခိုင်ကမ်းရိုးတန်းကနေ တရုတ်ပြည် အနောက်တောင်ပိုင်း ယူနန်ပြည်နယ်အထိ ကီလိုမီတာ ၁ ထောင်နီးပါး (တရုတ်ဘက်ကတော့ ကီလိုမီတာ ၈၀၀ နီးပါးလို့ဆို)  လောက် ရှည်လျားပါတယ်။

မီဒီယာတွေမှာ အများဆုံး တွေ့ရတဲ့ ကိစ္စကတော့ "မလက္ကာအကျပ်အတည်း" ပါပဲ။ အတိုချုပ်ကတော့ အရှေ့အလယ်ပိုင်းက ရေနံတွေကို တရုတ်ပြည်ကို ရေနံတင်သင်္ဘောတွေနဲ့ သယ်တဲ့အခါ မလင်္ကာရေလက်ကြားကို ဖြတ်ရတယ်။ ဒီနယ်မြေဟာ အမေရိကန်ရေတပ်နဲ့ ဂျပန် ရေတပ်တွေ စိုးမိုးထားတဲ့ ပင်လယ်ပြင်ဖြစ်နေတယ်။ တရုတ်အတွက် နောက်ကျောမလုံဘူး၊ အခုတော့ ကျောက်ဖြူကနေ ယူနန်အထိ ကုန်းတွင်းကနေ ပိုက်လိုင်းသွယ်နိုင်လို့ တရုတ်အတွက် စိတ်အေးရပြီ။ မလက္ကာအကျပ်အတည်း ပြေလည်သွားမယ်လို့ ဆိုကြပါတယ်။ တကယ်တမ်း ကျတော့ ထင်သလောက်မဟုတ်ပါဘူး။

ဆင့်ပါးစပ်နှမ်းပက်သလိုပါပဲ။ တရုတ်မြန်မာ ရေနံပိုက်လိုင်းကနေ ပို့နိုင်တဲ့ ပမာဏဟာ ၂၀၀၉ ခုနှစ်အတွင်း မလက္ကာ ရေလက်ကြားကို ဖြတ်သန်းပြီး တရုတ်ပြည်ကို တင်ပို့နေတဲ့ ရေနံပမာဏရဲ့ ၁၀ ရာခိုင်နှုန်းပဲ ရှိပါတယ်။ ၂၀၃၀ မှာ တိုးပို့ရမယ့် ပမာဏနဲ့ နှိုင်းယှဉ်ရင် ၃ ရာခိုင်နှုန်းပဲ ရှိမယ်။ ဒါကြောင့် တရုတ်-မြန်မာပိုက်လိုင်းဟာ မလက္ကာလမ်းကြောင်းအတွက် အစားထိုးစရာ မဖြစ်နိုင်ပါဘူး။

မလက္ကာလမ်းကြောင်းမှာ အမေရိကန်က ဒုက္ခပေးမှာကို စိုးရိမ်လို့ မြန်မာပြည်ကနေ ပတ်သယ်ဖို့ ကြိုးစားတယ်ဆိုတာကလည်း တကယ်တော့ အဓိပ္ပာယ်မရှိလှပါဘူး။ အရေးအကြောင်းရှိရင် အမေရိကန်က တရုတ်-မြန်မာပိုက်လိုင်းကိုလည်း ဒုက္ခပေးနိုင်ပါတယ်။ ဆိုလိုတာက ပိုက်လိုင်း တလျှောက်က Pump Stations တွေ အများကြီးထဲက တခုကိုပဲ လေကြောင်းကနေ တိုက်ခိုက်လိုက်ရင် ရေနံနဲ့ ဓာတ်ငွေ့ပို့တာတွေ ရပ်လိုက်ရနိုင်ပါတယ်။ (အကယ်၍ ဒီလို တိုက်ခိုက်ခံရလို့ ယန္တရားတွေကို အစားထိုးမယ်ဆိုရင် အနည်းဆုံး တနှစ်လောက် အချိန်ကြာပြီး ဒေါ်လာသန်းချီ ကုန်ကျနိုင်ပါတယ်) ဒါကြောင့် စွမ်းအင်လုံခြုံရေးရှုထောင့်ကနေ ပြောမယ်ဆိုရင် ရေနံနဲ့ ဓာတ်ငွေ့ပိုက်လိုင်းဟာ ဘာမှ အရေးမပါလှပါဘူး၊ မလုံခြုံပါဘူး။

စီးပွားရေးရှုထာင့်ကကြည့်ရင်တော့ ယူနန်ပြည်နယ်ဆိုတာက ရေနံချက်စက်ရုံတွေရှိတဲ့ တရုတ်ပြည် အနောက်မြောက်နဲ့ တောင်ပိုင်းဆီကဆိုရင် အစွန်းပိုင်းကျနေပါတယ်။ ရေနံအခက်အခဲဟာ ယူနန်ပြည်နယ် ဖွံ့ဖြိုးရေးမှာ အဟန့်အတားဖြစ်နေပါတယ်၊ မြန်မာ-တရုတ် ပိုက်လိုင်းကနေ ရေနံစိမ်းတွေ တင်ပို့နိုင်ရင်တော့ ယူနန်ပြည်နယ်မှာပဲ ရေနံချက်စက်ရုံတွေ ဆောက်ပြီး ရေနံလည်း အလုံအလောက် ဖြစ်လာနိုင်မယ်။ ကုန်ကျစရိတ်လည်း လျှော့ချနိုင်မယ်။ ရေနံချက်စက်ရုံက ထွက်တဲ့ ဘေးထွက်ပစ္စည်း (ဥပမာ ဓာတ်မြေဩဇာ) တွေကိုလည်း ဆေးရွက်ကြီးလုပ်ငန်းမှာ အသုံးပြုနိုင်လို့ အကျိုးရှိမယ်။ (စီမံကိန်းအရ မြန်မာ-တရုတ် ပိုက်လိုင်းပြီးသွားရင် ယူနန် ရေနံချက် စက်ရုံကနေ နှစ်စဉ် ရေနံနဲ့ တခြား ဆက်စပ်လောင်စာတွေ တန်ချိန် သန်း ၂၀ လောက် ထုတ်နိုင်ဖို့ မျှော်မှန်းထားပါတယ်) အနီးအနားက စီချွမ်းနဲ့ တခြား ပြည်နယ် ၃ ခုကိုလည်း ပို့နိုင်မယ်။

မြန်မာပြည်က ဘာရမှာလဲ။  သေချာတာတခုကတော့ ပိုက်လိုင်းဖြတ်သန်းခအနေနဲ့ နှစ်ပေါင်း ၃၀ လုံးလုံး မြန်မာပြည်က ပိုက်ဆံရမယ်။ ဓာတ်ငွေ့ပိုက်လိုင်း တခုတည်းအတွက် နှစ်စဉ် အမေရိကန်ဒေါ်လာ သန်း ၁၅၀ ရပါမယ်။ (၀န်ကြီးတယောက်ပြောတဲ့ တရုတ်ကို ပေးရမယ့် အကြွေးသန်း ၃၃၀၀ နဲ့ နှိုင်းယှဉ်နိုင်ပါတယ်)  ဒီငွေတွေကို ဘယ်လိုသုံးမလဲ ဆိုတာကတော့ အကောင်းမြင်ဖို့ ခဲယဉ်းပါသေးတယ်)  ပိုက်လိုင်းနဲ့ အတူ မြန်မာပြည်မှာ ဆိပ်ကမ်းတွေ (မဒေးကျွန်းမှာ)၊ ကားလမ်း၊ ရထားလမ်းတွေကို တရုတ်က တည်ဆောက်ပေးရမယ်။ အခြေခံ အဆောက်အဦပိုင်းမှာ တိုးတက်လာနိုင်ပါတယ်။

အခုဆွေးနွေးခဲ့တာတွေထက် တရုတ်နဲ့ မြန်မာအစိုးရအတွက် အရေးကြီးတဲ့အကြောင်း ရှိနိုင်ပါတယ်။  အချုပ်ပြောရရင် ပိုက်လိုင်းကြောင့် တရုတ်နဲ့ မြန်မာတို့ကြားက ဆက်ဆံရေးမှာ ဘက်ပေါင်းစုံကနေ အခုထက် ပိုပြီး စည်းနှောင်မိသွားတဲ့ သဘောပါ၊ ဒါဟာ တရုတ်နဲ့ မြန်မာအစိုးရတို့ရဲ့ လက်တွေ့နိုင်ငံရေး ခြေလှမ်းလို့လည်း ယူဆနိုင်ပါတယ်။ တနည်းအားဖြင့် တယောက်ကို တယောက် ချုပ်လိုက်တဲ့ သဘောလို့ ဆိုနိုင်ပါတယ်။ ဥပမာ ဆိုကြပါစို့။ ၂၀၀၉ ခုနှစ် ရွှေဓာတ်ငွေ့လှုပ်ရှားမှုအဖွဲ့ရဲ့ အစီရင်ခံစာအရ ရေနံနဲ့ ဓာတ်ငွေ့ ပိုက်လိုင်းဟာ မြို့နယ်ပေါင်း ၂၂ ခုကို ဖြတ်သန်းသွားမယ်။ အဲဒီအချိန်က ပိုက်လိုင်းတလျှောက်မှာ လုံခြုံရေးယူထားတဲ့ စစ်သည်အင်အားက ၁၃၂၀၀ (တပ်ရင်းပေါင်း ၄၄ ခု) ရှိခဲ့ပါတယ်။ ဒီပိုက်လိုင်း လုံခြုံရေးကို အကြောင်းပြုလို့ တရုတ်စစ်တပ်နဲ့ မြန်မာ စစ်တပ်ကြားထဲက ဆက်ဆံရေးက အခုထက် ပိုပြီး နီးကပ်လာဖို့ ရှိပါတယ်။ (၁၉၉၀ ကနေ ၂၀၀၅ ခုနှစ်အတွင်းမှာ မြန်မာစစ်တပ်က အရာရှိ ၆၆၅ ယောက်နဲ့ အရာခံ ၂၄၉ ယောက်ကို တရုတ်ပြည်မှာ သင်တန်းပေးခဲ့ပါတယ်။ ကမ္ဘာ့နိုင်ငံတွေကို တင်ပို့တဲ့ တရုတ်လက်နက်ပစ္စည်းတွေရဲ့ ၄ ရာခိုင်နှုန်းက မြန်မာစစ်တပ်က ၀ယ်ယူခဲ့ပါတယ်)။ စဉ်းစားစရာကောင်းတဲ့ တချက်က မြန်မာအစိုးရအဆက်ဆက်က အသုံးပြုခဲ့တဲ့ တရုတ်နိုင်ဖဲ ကိစ္စ။ (ဗမာပြည်ကွန်မြူနစ်ကို တရုတ်ဖဲနဲ့ အနိုင်တိုက်ခဲ့တာ သမ္မတရုံးဝန်ကြီး ဦးအောင်မင်းကိုယ်တိုင် ၀န်ခံခဲ့ပါတယ်။)  ဓာတ်ငွေ့ ပိုက်လိုင်းတလျှောက်က တချို့အပိုင်းတွေကို  ကချင်နဲ့ ရှမ်းတပ်တွေက စိုးမိုးထားပါတယ်။ ဒီကိစ္စက ပိုက်လိုင်းလုံခြုံရေးရှုထောင့်ကနေ ကြည့်ရင် အန္တရာယ်များလွန်းပါတယ်။ ပိုက်လိုင်းရဲ့ လုံခြုံရေးဟာ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ အစိုးရ တပ်တွေကြားထဲက ဆက်ဆံရေးအပေါ်မှာ မူတည်နေသလို ဖြစ်နေပါတယ်။

ဒါပေမယ့် Transit Pipeline တွေရဲ့ သမိုင်းကြောင်းကို လေ့လာကြည့်ရင် ပိုက်လိုင်း ဖြတ်သန်းခွင့်ပြုထားတဲ့ နိုင်ငံက အပေးအယူကိစ္စတွေမှာ အသာစီးယူထားတာ တွေ့ရပါတယ်။ ငွေရေးကြေးရေးကနေ နိုင်ငံရေးအထိ ကျယ်ပြန့်ပါတယ်၊ ဥပမာဆိုကြပါစို့။ ပိုက်လိုင်းလုံခြုံရေးကို အကြောင်းပြပြီး တရုတ်အစိုးရဆီကနေ မြန်မာအစိုးရက ဘာတွေ တောင်းဆိုမလဲ၊ ချေးငွေကိစ္စကနေ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို ဖိအားတဲ့ ကိစ္စတွေ အထိ ဘာမဆို ဖြစ်နိုင်ပါတယ်။

 by နေသွင် (ဒီဗွီဘီ)

ကိုးကား။    ။ Modern China-Myanmar Relation (David I Steinberg and Hongwei Fan)


လှိုင်သာယာမီးလောင်မှုတွင် မီးဘေးသင့် ပြည်သူအချို့ စွပ်စွဲခံနေရ

Posted: 09 Feb 2013 02:34 AM PST

ဖေဖော်ဝါရီ ၃ ရက်နေ့ညတွင် လှိုင်သာယာမြို့နယ်၊ ၅ ရပ်ကွက်၊ မြရိပ်ညို ၅ လမ်း၌ မီးလောင်မှုကြီး တစ်ရပ် ဖြစ်ပွားခဲ့ပြီး မီးစတင် လောင်သည့် အကြောင်းအရင်း မသိရှိရသေးသော်လည်း မီးဘေး
သင့် ပြည်သူအချို့ မီးလောင်မှုနှင့် ပက်သက်၍ စွပ်စွဲခံနေရကြောင်း မီးစတင် လောင်ကျွမ်းသည်ဟု ယူဆရသော နေအိမ်ဘေးတွင် နေထိုင်သူ ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ဓါတ်ပုံ - စူးရှ

ဒေါက်တာဆိတ်ဖွား ဘယ်သူ ဘယ်ဝါ ဆိုတာ လူအတော်များများ သိတယ်လို့ ဆို

Posted: 09 Feb 2013 02:24 AM PST

ဒေါက်တာဆိတ်ဖွား ဘယ်သူ ဘယ်ဝါ ဆိုတာ လူအတော်များများ သိကြပါတယ်လို့ အလုံမြို့နယ်၊ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က ပြောပါတယ်။

ဥပဒေအထက်မှာ လွှတ်တော်ရှိနေသလားလို့ မေးခွန်းထုတ် ဝေဖန်ရေးသားခဲ့တဲ့ အင်တာနက်ပေါ်က ဒေါက်တာဆိတ်ဖွားဆိုသူကို ကော်မရှင်ဖွဲ့ပြီး စုံစမ်းဖော်ထုတ်ဖို့ လုပ်နေတာနဲ့ပတ်သက်ပြီး ဆက်သွယ်မေးမြန်းရာမှာ ဦးခိုင်မောင်ရည်က ခုလို ပြောကြားခဲ့တာပါ။ (ဒီဗွီဘီ)

ဦးခိုင်မောင်ရည် နှင့် မေးမြန်းချက် အသံဖိုင် နားဆင်ရန် ဒီနေရာကို နှိပ်ပါ


ဦးခိုင်မောင်ရည်

ဖေဖော်ဝါရီလ (၁၁)ရက်နေ့ ထုတ် The Voice Weekly Vol.9/No.6

Posted: 09 Feb 2013 02:07 AM PST

ဖေဖော်ဝါရီလ (၁၁)ရက်နေ့ ထုတ် The Voice Weekly Vol.9/No.6

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ


ဖေဖော်ဝါရီလ (၇)ရက်နေ့ ထုတ် ပြည်မြန်မာသတင်း ဂျာနယ် အတွဲ(၉)အမှတ်(၈၅၇)

Posted: 09 Feb 2013 01:51 AM PST

ဖေဖော်ဝါရီလ (၇)ရက်နေ့ ထုတ် ပြည်မြန်မာသတင်း ဂျာနယ် အတွဲ(၉)အမှတ်(၈၅၇)

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ





ဖေဖော်ဝါရီလ (၆)ရက်နေ့ ထုတ် Good Health ကျန်းမာရေးနှင့် အလှအပ ဂျာနယ် အမှတ်(၄၂၃)

Posted: 09 Feb 2013 01:47 AM PST

ဖေဖော်ဝါရီလ (၆)ရက်နေ့ ထုတ် Good Health ကျန်းမာရေးနှင့် အလှအပ ဂျာနယ် အမှတ်(၄၂၃)

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



ဖေဖော်ဝါရီလ (၅)ရက်နေ့ ထုတ် ရန်ကုန်တိုင်း(မ်)ဂျာနယ် အတွဲ(၉)အမှတ်(၆)

Posted: 09 Feb 2013 01:42 AM PST

ဖေဖော်ဝါရီလ (၅)ရက်နေ့ ထုတ် ရန်ကုန်တိုင်း(မ်)ဂျာနယ် အတွဲ(၉)အမှတ်(၆)

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ




ဒေါက်တာဆိတ်ဖွား၏ ဝေဖန်ချက်သည် အရေးပါသည့် ကိစ္စမဟုတ်ဟု ကော်မတီအဖွဲ့ဝင်ပြော

Posted: 08 Feb 2013 09:30 PM PST

ဥပဒေအထက်တွင် လွှတ်တော်ရှိနေသော Above The Law ခေါင်းစဉ်ပါ ဝေဖန်ချက်မှာ ကော်မတီဖွဲ့စည်း စုံစမ်းရလောက်အောင် အရေးပါသည့် ကိစ္စမဟုတ်ဟု ယင်းကော်မတီအဖွဲ့ဝင် ဦးလှဆွေ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၁၂) က ပြောသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ဦးလှဆွေ

တရုတ် နှစ်သစ်ကူးအမှီ လူသန်း၂၀၀ လောက် အိမ်ပြန်နေ

Posted: 08 Feb 2013 09:17 PM PST

Lunar New Year လို့ ခေါ်တဲ့ တရုတ်နှစ်သစ်ကူးကို ကြိုဖို့ အာရှတလွှားမှာ သန်းနဲ့ချီတဲ့ လူတွေ ပြင်ဆင်နေကြပါတယ်။ တရုတ်နှစ်သစ်ဟာ မနက်ဖြန် ဆန်းသစ်စ လမင်းကြီးကို မြင်ရချိန်မှာ စတင်မှာ ဖြစ်ပါတယ်။ တရုတ် ပြက္ခဒိန်အရ အခုနှစ်ဟာ မြွေနှစ်ဖြစ်ပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




ဘေဂျင်းက နှစ်သစ်အမှီ ခရီးသွားတွေ

အိန္ဒိယ မြန်မာ နယ်စပ် ချောင်းကူး တံတားပေါ် ဗုံးကွဲ

Posted: 08 Feb 2013 09:09 PM PST

အိန္ဒိယ မြန်မာနယ်စပ် တမူး စေတီ ပြည်ထောင်စုလမ်းမပေါ်က ချောင်းကူးတံတားမှာ မနေ့မနက်က မိုင်းတလုံးကွဲခဲ့လို့ တံတားပျက်စီးပြိုကျခဲ့ပါတယ်။ ဒီဒေသမှာ မြန်မာအစိုးရကို တိုက်ခိုက်နေတဲ့ လက်နက်ကိုင် အဖွဲ့အစည်းမရှိဘဲ ဘယ်လိုကြောင့် ဒီလိုဖြစ်ရသလဲ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


အိန္ဒိယ သမ္မတ မြန်မာ နိုင်ငံ လာရောက်စဉ်

တပ်မတော် အတွေးခေါ် အရင်ပြင်သင့်ဟု လုံခြုံရေး ပြုပြင်ပြောင်းလဲမှု ဆွေးနွေးမှုက ဆို (ရုပ်/သံ)

Posted: 08 Feb 2013 08:43 PM PST

နိုင်ငံတစ်ခုရဲ့ လုံခြုံရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေးမှာ တပ်မတော်ရဲ့ Mind-Set ကို အရင်ဆုံး ပြုပြင်ဖို့ လိုတယ်လို့ ဖေဖော်ဝါရီ ၈ရက်နေ့က ရန်ကုန်မြို့မှာ ပြုလုပ်တဲ့ ဆွေးနွေးပွဲမှာ ပြောဆိုခဲ့ကြပါတယ်။
ဖိလစ်ပိုင်နိုင်ငံက ဗိုလ်ချုပ်ကြီးဟောင်း ရေမွန်ဒို ဖာရားနဲ့ လုံခြုံရေးဆိုင်ရာ အကြံပေး အေရီရယ် ဟာနန်ဒက်စ်တို့ပါဝင်တဲ့ လုံခြုံရေးကဏ္ဍဆိုင်ရာ အပြောင်းအလဲ ဆွေးနွေးပွဲမှာ စစ်မတိုက်ဘဲ လုံခြုံမှုရယူနိုင်တဲ့အကြောင်း ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။

Kamayut Media

ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ


မလေးရှားကို လူကုန်ကူးမှု ပဲခူးတိုင်းအစိုးရ အရေးမယူဟု ကာယကံရှင်တွေဆို (ရုပ်/သံ)

Posted: 08 Feb 2013 08:37 PM PST

မလေးရှားနိုင်ငံကို အလုပ်သမားပို့ပြီး လူကုန်ကူးခဲ့သူကို အရေးယူပေးဖို့ ပဲခူးတိုင်း အစိုးရအဖွဲ့ကို တရားဝင် စာတင်ထားပေမယ့် တာဝန်ရှိသူတွေက အရေးမယူ ခဲ့တာမို့ နောက်ထပ် ၁ဝယောက် မလေးရှားကို ရောင်းစား ခံလိုက်ရ တယ်လို့ ကာယကံရှင်တွေက ဖေဖော်ဝါရီ ၇ရက်နေ့မှာ ပြောဆိုလိုက်ပါတယ်။
၈၈မျိုးဆက် ကျောင်းသားအဖွဲ့ရုံးမှာ ပြုလုပ်တဲ့ ရှင်းလင်းပွဲမှာ ပဲခူးတိုင်း သနပ်ပင်မြို့ ပြွန်ပေါက်နဲ့ အနီးအနား ကျေးရွာတွေက လူငယ် ၁၈ယောက်ကို ဦးညွန့်ဖေက မလေးရှားကို တရားမဝင် ပို့ဆောင်ခဲ့တယ်လို့ ကာယကံရှင်တွေက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

Kamayut Media

ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ


ဖေဖော်ဝါရီလ (၈)ရက်နေ့ ထုတ် focus Online's ဂျာနယ် အတွဲ (၇) အမှတ် (၂၈)

Posted: 08 Feb 2013 06:06 PM PST

ဖေဖော်ဝါရီလ (၈)ရက်နေ့ ထုတ် focus Online's ဂျာနယ် အတွဲ (၇) အမှတ် (၂၈)

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



ဖေဖော်ဝါရီလ (၃)ရက်နေ့ ထုတ် မော်နီတာ ဂျာနယ် အတွဲ (၂) အမှတ် (၄၁)

Posted: 08 Feb 2013 06:03 PM PST

ဖေဖော်ဝါရီလ (၃)ရက်နေ့ ထုတ် မော်နီတာ ဂျာနယ် အတွဲ (၂) အမှတ် (၄၁)

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ


ဖေဖော်ဝါရီလ (၈)ရက်နေ့ ထုတ် HR ဂျာနယ် အမှတ် (၂၈)

Posted: 08 Feb 2013 06:01 PM PST

ဖေဖော်ဝါရီလ (၈)ရက်နေ့ ထုတ် HR ဂျာနယ်  အမှတ် (၂၈)

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



ဘတ်စ်ကားပေါ်က ခါးပိုက်နှိုက်များ ဖမ်းဆီး

Posted: 08 Feb 2013 05:36 PM PST

ခရီးသည် တင်ယာဥင်္ပေါ်တွင် ခါးပိုက်နှိုက်မှု ကျူးလွန်ခဲ့ သည်ဆိုသူ လှိုင်သာယာ မြို့ နယ်နေ ခင်မာချိုအေး (၄၂)နှစ်၊ ဓဂုံအရှေ့  မြို့ နယ်နေ မျိုးမင်းကျော်(ခ) မိုးမိုး၊ ဌေးဝင်း(ခ) ဇော်မိုး (၃၈)နှစ်နှင့် မြတ်မင်းထွန်း (ခ) အလတ်ကောင် (၃၃)နှစ်တို့ ကို ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




အဘွားအိမ် လုပ်ချင်တာလုပ်မယ်ဟု ပြောက လူသတ်မှုဖြစ်ပွား

Posted: 08 Feb 2013 05:23 PM PST

ဇန်န၀ါရီလ (၂၈)ရက်နေ့ နေ့ လယ် (၁၂း၀၀)နာရီ အချိန်တွင် မင်္ဂလာဒုံ မြို့ နယ်၊ ထောက်ကြန့်  ရွာသစ်ကျေးရွာ၊ အပိုင်း(၁)၊ ဗိုလ်တစ်ထောင် လမ်းနေ ဒေါ်နွဲ့ နွဲ့ ရီ (၅၇)နှစ် နေအိမ်၌ ခင်ပွန်း ဖြစ်သူ ဦးညီဖန်(ခ) ညီပေ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



လာဘ်ပေးလာဘ်ယူ ပပျောက်ရေး ဥပဒေ လွှတ်တော် အတည်ပြု

Posted: 08 Feb 2013 05:11 PM PST

မြန်မာ နိုင်ငံမှာ အစိုးရသစ် တက်လာခဲ့ ပြီးတဲ့နောက် ပထမဆုံး အကြိမ် လာဘ်ပေး လာဘ်ယူမှု ပပျောက်ရေး ဥပဒေကို ပြည်ထောင်စု လွှတ်တော်မှာ မဲခွဲ အတည်ပြု လိုက် ပါတယ်။ မဲခွဲ ဆုံးဖြတ်မှု မတိုင်ခင်က လွှတ်တော် တွင်းမှာ အခြေ အတင် ဆွေးနွေး ခဲ့ကြတာ ရှိပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



လာဘ်ပေး လာဘ်ယူမှု ပပျောက်ရေး ဥပဒေကို ပြည်ထောင်စု လွှတ်တော်က အတည်ပြုခဲ့

ကလေးသူငယ် မဖွယ်မရာပြုမှု အိန္ဒိယတွင် ထူပြော

Posted: 08 Feb 2013 05:06 PM PST

အိန္ဒိယနိုင်ငံမှာ ကလေးငယ် တွေကို လိင်ပိုင်းဆိုင်ရာ စော်ကားမှု တွေဟာ စိုးရိမ် စရာကောင်း လောက်အောင် သာမန် ဖြစ်စဉ်လို ဖြစ်နေတယ်လို့ လူ့အခွင့်အရေး အဖွဲ့တခုက ပြောလိုက်ပါတယ်။ အိန္ဒိယ အစိုးရအနေနဲ့ ကလေးငယ်တွေ လိင်ပိုင်း
ဆိုင်ရာ စော်ကား ခံနေရတဲ့ ကိစ္စတွေကို ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




အမေရိကန် အရှေ့မြောက်ပိုင်း နှင်းမုန်တိုင်းတိုက်ခတ်

Posted: 08 Feb 2013 04:57 PM PST

အမေရိကန် အရှေ့မြောက်ပိုင်းမှာ ပြင်းထန်တဲ့ နှင်းမုန်တိုင်း စတင်ကျရောက် နေပြီ ဖြစ်တာကြောင့် အရှေ့မြောက်ပိုင်း ပြည်နယ်တွေက နေရာ အတော် များများမှာ အရေးပေါ် အခြေအနေ ကြေညာ ထားပါတယ်။ ကွန်နက်တီကပ် ပြည်နယ် နဲ့ မက်ဆားချူးဆက် ပြည်နယ် အုပ်ချုပ်ရေးမှူးတွေက လမ်းပေါ်ကို လုံးဝမထွက်ဖို့ တားမြစ်ထားပါတယ်။ ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



လက်ကျန် နိုင်-ကျဉ်းကော်မတီဖွဲ့ရေး အမေရိကန် ကြိုဆို

Posted: 08 Feb 2013 04:52 PM PST

မြန်မာနိုင်ငံမှာ အကျဉ်းကျနေတဲ့ နိုင်ငံရေး အကျဉ်းသား စိစစ်မှု ကော်မီတီ ဖွဲ့မယ့် အစီအစဉ်ကို အမေရိကန် အစိုးရ ကြိုဆို လိုက်ပါတယ်။ ပြီးခဲ့တဲ့ ၁ နှစ်ခွဲအတွင်းမှာ နိုင်ငံရေး အကျဉ်းသား ၇၀၀ ကျော်လွှတ်ပေးခဲ့တာ အပါအဝင် ဦးသိန်းစိန် အစိုးရဟာ နိုင်ငံရေး အကျဉ်းသားတွေနဲ့ ပတ်သက်တဲ့ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



အင်းစိန်အကျဉ်းထောင်ရှေ့မှာ စောင့်မျှော်နေကြတဲ့ နိုင်ငံရေးအကျဉ်းသား မိသားစုဝင်များ။

ထိပ်တန်းမြန်မာစက်ရုံ ဆန္ဒပြမှု အလုပ်သမား ၆ ဦး အလုပ်ထုတ်ခံရ

Posted: 08 Feb 2013 04:31 PM PST

ရန်ကုန်တိုင်း ဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ စက်မှုဇုန်(၄)၊ ဆိပ်ကမ်းသာ လမ်းမှာရှိတဲ့ ထိပ်တန်းမြန်မာ အထည်ချုပ် စက်ရုံက အလုပ်သမားတွေ လုပ်ငန်းခွင် မ၀င်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး အလုပ်သမား ၆ ဦးကို မနေ့က အလုပ်ထုတ်ပစ် လိုက်တယ်လို့ သိရပါတယ်။----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


အထည်ချုပ်စက်ရုံ အလုပ်သမားတွေ

ဘုရားသုံးဆူ နယ်စပ်ဂိတ် ပြန်ဖွင့်ရေး ဒုနိုင်ငံခြားရေး ဝန်ကြီး လာရောက် ဆွေးနွေး

Posted: 08 Feb 2013 04:23 PM PST

မြန်မာအစိုးရ ဒုတိယ-နိုင်ငံခြားရေး ဝန်ကြီး ဦးဇင်ယော် ဦးဆောင်ပြီး၊ ကရင်ပြည်နယ် အစိုးရအဖွဲ့ဝင်များ ပါဝင်တဲ့အဖွဲ့ဟာ ထိုင်းမြန်မာနယ်စပ် ကရင်ပြည်နယ် အတွင်းရှိ ဘုရားသုံးဆူမြို့ကို မနေ့ကရောက်ရှိလာပြီး ထိုင်း-မြန်မာနယ်စပ် တိုင်းထွာရေး၊ ဘုရားသုံးဆူ နယ်စပ်ဂိတ် ပြန်ဖွင့်ရေး၊  ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



ဘင်္ဂလားဒေ့ရှ် ကူးတို့သင်္ဘောမှောက် အများအပြားသေဆုံး

Posted: 08 Feb 2013 09:59 AM PST

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ သဲအိတ်တွေ အပြည့်တင်လာတဲ့ သင်္ဘောတစင်းနဲ့တိုက်မိပြီး ခရီးသည် ၁၀၀ လောက် တင်ဆောင်လာတဲ့ သင်္ဘောတစင်း တိမ်းမှောက်သွားတယ်လို့ တာဝန်ရှိသူတွေ က ပြောပါတယ်။ သောကြာနေ့က Munshiganj ဒေသက Meghna မြစ်ထဲမှာ MV Sarash သင်္ဘော တိမ်းမှောက်သွားတဲ့အတွက် လူတချို့ပျောက်ဆုံးနေတယ်လို့ တာဝန်ရှိသူတွေက ပြောဆိုပါတယ်။

ခရီးသည်တချို့က ကမ်းခြေဘက်ကို ကူးခတ်လာနိုင်ပြီး စုစုပေါင်း ၂၅ ယောက်လောက်ကို ကယ်တင်နိုင်ခဲ့ တယ်လို့ သိရပါတယ်။ ရေယာဉ်လုံခြုံရေးအဆင့် သတ်မှတ်ချက်မလိုက်နာမှုနဲ့ မကြာခဏ ၀န်ပိုသယ်ဆောင် မှုတွေကြောင့် Bangladesh နိုင်ငံမှာ မကြာခဏ လှေသဘောင်္တွေ တိမ်းမှောက်လေ့ ရှိပါတယ်။

ဗွီအိုအေ (မြန်မာဌာန)

ဘင်္ဂလားဒေ့ရှ် နိုင်ငံ၊ Meghna မြစ်ထဲမှာ သဲတင်သင်္ဘောနဲ့ လူစီးကူးတို့ တိုက်မိပြီး သေဆုံးခဲ့သူတဦး။ (ဖေဖော်ဝါရီလ ၈ ရက်၊ ၂၀၁၃။)