သစ်ထူးလွင် |
- တစ်ဖက်ပိတ် ဆည်ကြောင့် ညောင်လေးပင် မြို့နယ်ရှိ လယ်ဧက ၂၀,၀၀၀ ကျော် ရေနစ်မြုပ်
- ဆန္ဒပြသံဃာများကို စစ်ဘက်သုံး လက်နက်ဖြင့် ဖြိုခွဲဟု ရှေ့နေများကွန်ရက်ပြော
- နှိပ်စက်ခံရသည့် ကရင်မိန်းကလေးကို မြန်မာအစိုးရ ကူညီမည်
- ဖေဖော်ဝါရီလ (၁၄)ရက်နေ့ ထုတ် အားကစားမြင်ကွင်း ဂျာနယ် အတွဲ(၂)၊ အမှတ်(၇)
- ဖေဖော်ဝါရီလ (၁၃)ရက်နေ့ ထုတ် Smart Pro ဂျာနယ် အတွဲ(၁)၊ အမှတ်(၄)
- ဖေဖော်ဝါရီလ (၁၁)ရက်နေ့ ထုတ် အလင်းတန်းဂျာနယ် အမှတ်စဉ် ၇၄၃
- ခွင့်ပြုချက် မရသေး၍ ကုလ အကူအညီများ ဖားကန့်သို့ မရောက်ခဲ့
- ဧရာဝတီမြစ်အောက်ပိုင်းညစ်ညမ်း၍ အောင်လံဒေသခံများ သောက်ရေ ခက်ခဲ
- ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ခန့်အပ်
- ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကို ဖြုတ်ချနိုင်ရေး ရွေးကောက်ပွဲ ကော်မရှင်ထံသို့ တင်ပြပြီးဟုဆို
- အောက်ခြေ၀န်ထမ်းများ ပြောင်းလဲစေဖို့ မက်လုံးများ ပေးရန်လို
- ၀မ်းတွင်းရဲစခန်းမှူးအား တိုင်ကြားစာ
- ဆက်သွယ်ရေး ၀န်ကြီးအသစ်ခန့်အပ်တာ ဘာသဘောဆောင်သလဲ
- တန်ဖိုးနည်းအိမ်ရာအတွက် လျှောက်လွှာများ စတင်ခေါ်ယူ
- ပညာရေး ရန်ပုံငွေတွေ ပေးအပ်လှူဒါန်း (ရုပ်/သံ)
- ဇေယျဝတီမှာ ကာမစိတ်ထကြွစေသည့် ဆေးများဖမ်းဆီးရမိ
- ငြိမ်းချမ်းရေး တကယ်လိုချင်ရင် လာဆွေးနွေးဖို့ ကေအိုင်အိုကို ကာချုပ်ဖိတ်ခေါ်
- ရွှေမြွေဟောက် ပူးတွဲစစ်ရေးလေ့ကျင့်မှု သတင်းမြင်ကွင်း (ရုပ်/သံ)
- ဦးမင်းကိုနိုင်နဲ့ ဦးပြုံးချို ဥရောပ ၃ နိုင်ငံခရီး ထွက်ခွါ
- လုံခြုံရေးအရ ကာမိုင်းစာစစ်ဌာန မြစ်ကြီးနားသို့ ပြောင်းရွှေ့
- ရွာပုန်းရွာရှောင် ဒုက္ခသည်များကို ဦးစားပေး ကူညီမည်
- စီးပွားကူးသန်းက ငှားရမ်းထားတဲ့ တက္ကစီအငှားယာဉ်တွေကို အပိုင်လွှဲပြီ
- ကားပစ္စည်း ဂိုထောင်စောင့်အား ရိုက်နှက်ပြီး ပစ္စည်းများအား လုယက်
- လွှတ်တော်သို့ လာရောက် လေ့လာသူများလာ ကိုယ်ရေးရာဇ၀င် သုံးရက်ကြိုပို့ရန်လို
- သဲဖြူချောင်းသည် မူးယစ်ဆေးသုံးစွဲသူများ စားကျက်ဖြစ်လာ
| တစ်ဖက်ပိတ် ဆည်ကြောင့် ညောင်လေးပင် မြို့နယ်ရှိ လယ်ဧက ၂၀,၀၀၀ ကျော် ရေနစ်မြုပ် Posted: 14 Feb 2013 05:32 AM PST ပဲခူးတိုင်း ဒေသကြီး ညောင်လေးပင် မြို့နယ်ရှိ မုက္ခမူ ချောင်းကို အင်းဂရန် ရရှိသူ များက တစ်ဖက်ပိတ် ဆည်ဖြင့် ငါးဖမ်း သောကြောင့် ယင်းဒေသ ဝန်းကျင်မှ လယ်ဧက ၂၀,၀၀၀ ကျော် နှစ်စဉ် ရေနစ်မြုပ် ပျက်စီးကြောင်း ယင်းဒေသခံ တောင်သူ များက ပြောကြားသည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
| ဆန္ဒပြသံဃာများကို စစ်ဘက်သုံး လက်နက်ဖြင့် ဖြိုခွဲဟု ရှေ့နေများကွန်ရက်ပြော Posted: 14 Feb 2013 05:25 AM PST စစ်ကိုင်းတိုင်း မုံရွာခရိုင် လက်ပန်းတောင်းတောင် ကြေးနီးစီမံကိန်း ရပ်ဆိုင်းဖို့ တောင်းဆို ဆန္ဒပြခဲ့တဲ့ သံဃာတွေကို ဖြိုခွဲရာမှာ ရဲဘက်သုံး အဓိကရုဏ်း နှိမ်းနင်းရေး လက်နက်ကို အသုံးမပြုဘဲ စစ်ဘက်သုံးလက်နက်ကို အသုံးပြုခဲ့တယ်လို့ ရှေ့နေ့များကွန်ရက်က ပြောဆိုလိုက်ပါတယ်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
| နှိပ်စက်ခံရသည့် ကရင်မိန်းကလေးကို မြန်မာအစိုးရ ကူညီမည် Posted: 14 Feb 2013 05:13 AM PST ထိုင်းအလုပ်ရှင် လင်မယားရဲ့ ရေနွေးပူလောင်း နှိပ်စက်ခံခဲ့ရတဲ့ အသက် ၁၂ နှစ်အရွယ် မြန်မာအလုပ်သမား ကရင်မိန်းကလေးအတွက် နစ်နာကြေး၊ တရားမျှတမှု ရရှိရေးအတွက် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးတာဝန်ရှိသူတွေက စီစဉ်နေပါတယ်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
| ဖေဖော်ဝါရီလ (၁၄)ရက်နေ့ ထုတ် အားကစားမြင်ကွင်း ဂျာနယ် အတွဲ(၂)၊ အမှတ်(၇) Posted: 14 Feb 2013 05:11 AM PST ဖေဖော်ဝါရီလ (၁၄)ရက်နေ့ ထုတ် အားကစားမြင်ကွင်း ဂျာနယ် အတွဲ(၂)၊ အမှတ်(၇) ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ | ||
| ဖေဖော်ဝါရီလ (၁၃)ရက်နေ့ ထုတ် Smart Pro ဂျာနယ် အတွဲ(၁)၊ အမှတ်(၄) Posted: 14 Feb 2013 05:08 AM PST | ||
| ဖေဖော်ဝါရီလ (၁၁)ရက်နေ့ ထုတ် အလင်းတန်းဂျာနယ် အမှတ်စဉ် ၇၄၃ Posted: 14 Feb 2013 05:07 AM PST | ||
| ခွင့်ပြုချက် မရသေး၍ ကုလ အကူအညီများ ဖားကန့်သို့ မရောက်ခဲ့ Posted: 14 Feb 2013 04:18 AM PST ကမ္ဘာ့ ကုလသမဂ္ဂ က ကချင်ပြည်နယ် ဖားကန့်မြို့ပေါ်ရှိ စစ်ပြေး ဒုက္ခသည်များ အတွက် ပထမဆုံး အကြိမ် စားနပ်ရိက္ခာများ စတင် ပို့ဆောင်မည်ဟု သိရသော်လည်း ဗုဒ္ဓဟူးနေ့က သွားရောက် နိုင်ခြင်း မရှိခဲ့ခြင်းမှာ နိုင်ငံခြားသား နှစ်ဦး ပါဝင်နေခြင်းကြောင့် အာဏာပိုင်များ ဆိုင်းငံ့ထားသည်ဟု သိရကြောင်း --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
| ဧရာဝတီမြစ်အောက်ပိုင်းညစ်ညမ်း၍ အောင်လံဒေသခံများ သောက်ရေ ခက်ခဲ Posted: 14 Feb 2013 04:08 AM PST အရက်ချက် စက်ရုံ နှင့်  ဇီးခွဲစက် အချို့လည်ပတ် နေခြင်းကြောင့် ဧရာဝတီမြစ် အောက်ပိုင်း ရေညစ် ညမ်းမှုနှင့်  ရေစီးဆင်းမှု ပြောင်းပြန် ဖြစ်ကာ သောက်သုံးရေ အခက်အခဲနှင့် ရင်ဆိုင် နေရကြောင်း အောင်လံ ဒေသခံ များက ပြောသည်။ အောင်လံမြို့ တွင်းရှိ UKT အရက်ချက် စက်ရုံနှင့်  မြို့ ပြင် ရှိ ဇီးခွဲစက် အချို့ မှ စွန့်ပစ် အရည်နှင့် ---- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
| ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ခန့်အပ် Posted: 14 Feb 2013 03:55 AM PST ကာကွယ်ရေး ၀န်ကြီးဌာန၊ ပြောရေး ဆိုခွင့်ရှိသူ အဖြစ် ရုံးအဖွဲ့မှူး ဒုတိယ ဗိုလ်မှူးကြီး ကျော်သူကို တာဝန် ပေးထားရာမှ ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ် အောင်သော် အား ပြောင်းလဲ တာဝန်ပေးမည်ဟု နိုင်ငံတော် သမ္မတ၏ ပြောရေး ဆိုခွင့်ရှိသူ ပြန်ကြားရေး ၀န်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဦးရဲထွဋ်က ပြောသည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||
| ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကို ဖြုတ်ချနိုင်ရေး ရွေးကောက်ပွဲ ကော်မရှင်ထံသို့ တင်ပြပြီးဟုဆို Posted: 14 Feb 2013 03:41 AM PST မန္တလေးတိုင်း ဒေသကြီး တံတားဦးမြို့နယ်မှ မြို့ခံများက ၎င်းတို့မြို့နယ် ကိုယ်စားပြု ပြည်သူ့လွှတ် တော် ကိုယ်စားလှယ် ဒေါ်ခင်သန္တာကို ပြန်လည် ဖြုတ်ချနိုင်ရေး အတွက် မဲဆန္ဒရှင်များ၏ သဘော ထား လက်မှတ်များကို စုဆောင်းနိုင်ခဲ့ပြီး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံသို့ ပေးပို့တင်ပြ ထားပြီး ဖြစ်ကြောင်း သိရသည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
| အောက်ခြေ၀န်ထမ်းများ ပြောင်းလဲစေဖို့ မက်လုံးများ ပေးရန်လို Posted: 14 Feb 2013 03:28 AM PST အများပြည်သူ ၀န်ဆောင်မှု ပေးမည့် အစိုးရ ၀န်ထမ်းများ အတွက် လာဘ်ပေး လာဘ်ယူမှု နည်းပါး လာပြီး လုပ်ငန်း စွမ်းဆောင်ရည် မြှင့်တင်ပေးရန်၊ အောက်ခြေ ၀န်ထမ်းများအား စတင် ပြောင်းလဲ ပေးရန် ဦးတည် လုပ်ဆောင် လာကြောင်း ဌာနဆိုင်ရာ အဆင့်မြင့် အရာရှိကြီးအချို့က သုံးသပ်ပြော ကြားလာသည်။ ပြည်သူများနှင့် တိုက်ရိုက်ထိတွေ့ ဆက်ဆံနေရသည့် အစိုးရရုံးဌာနများ အတွင်းရှိ ၀န်ထမ်းများ၏ အရည်အသွေးနှင့် ၀န်ဆောင်မှုပိုင်းဆိုင်ရာ အားနည်းချက်များကြောင့် နာမည်ပျက် သတင်းဆိုးများ ထွက်ပေါ်လေ့ရှိသည်။ အထူးသဖြင့် ထိုဌာနပိုင်းဆိုင်ရာများ နှင့် ဆက်သွယ်လုပ်ကိုင်ရသည့် လုပ်ငန်း အများစုမှာ အချိန် ကုန်၊ လူပင်ပန်းနှင့် စိတ်ပျက်ဖွယ်ရာ ကြုံတွေ့ရလေ့ရှိ ကြောင်း အမြဲတစေ ကြားသိခဲ့ရာမှ အစိုးရ သစ် အပြောင်းအလဲတွင် သမ္မတကြီး ဦးသိန်းစိန်က အများပြည်သူ ၀န်ဆောင်မှုဟူသည့် စကားရပ် ကို မကြာသေးခင်က ပြောဆိုလာသည်။ ထိုစကားရပ်၏ နောက်ဆက်တွဲတွင် အစိုးရ၀န်ကြီးဌာနများအတွင်း ပြုပြင် ပြောင်းလဲမှုဆိုသည့် အသုံးအနှုန်း တွင်တွင်သုံးလာသော်လည်း လက်ရှိအချိန်အထိ သိသာထင်ရှားသည့် ပြောင်းလဲမှု များမရှိသေးဘဲ အားနည်းချက်များရှိနေသေးကြောင်း လေ့လာသူများက ထောက်ပြပြောဆိုကြ သည်။ "ဥပမာ ကျွန်မ ကြုံရတာဆိုရင် အခု စက်သုံးဆီရောင်းဝယ်ရေးကို ပုဂ္ဂလိက ပေးလိုက်တော့ အခု ရက်ပိုင်းမှာဆိုရင် ရက် ၂၀ နောက်ပိုင်း ဆီဝယ်လို့မရတော့ဘူး။ ပြီးတော့ မနက်ဆိုလည်း ၁၁ နာရီ ထက်နောက်ကျရင် ဆီကကုန်ပြီ။ ဒီတော့ ဒီလိုပြဿနာတွေဖြစ်နေတာကို အစိုးရပိုင်းက ဘယ်လို လုပ်ဆောင်နေတာလဲ။ အောက်ခြေကို သေချာမလေ့လာကြလို့လား။ ဒီလို လွှတ်ထားတာဟာ ၀ိသမ စီးပွားရေးလုပ်ငန်းရှင်တွေကို အခွင့်အရေးပေးတာနဲ့ တူနေတယ်" ဟု ဗဟန်းမြို့နယ်မှ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက ပြောသည်။ ထိုသို့သော အများပြည်သူနှင့် တိုက်ရိုက်ထိတွေ့ ဆက်ဆံရသော ၀န်ကြီးဌာနများအနေဖြင့် အောက်ခြေအထိဆင်းကာ ၀န်ထမ်းများ၏ အနေအထားများကိုလည်း လေ့လာမှ အမှန်တကယ် ပြောင်းလဲမည်ဟု ၎င်းက သုံးသပ်ပြောကြားသည်။ အစိုးရ၀န်ကြီးဌာနများတွင် အမှန်တကယ် ပြုပြင်ပြောင်းလဲချင်စိတ်ရှိသည်ဆိုပါက အောက်ခြေ ၀န်ထမ်းများကို အခြေပြု ပြောင်းလဲရန်သည် အဓိက ဖြစ်ကြောင်းလည်း ၎င်းကဆိုသည်။ "သူတို့ ပြောင်းလဲချင်စိတ်ဖြစ်လာအောင် အနေအထားတွေ ပြောင်းလဲပေးဖို့ လိုပါတယ်။ လုပ်ငန်း ခွင်မှာ ပျော်လာအောင် မက်လုံးတွေ၊ ရပိုင်ခွင့်တွေ ဖန်တီး ပေးနိုင်ရပါမယ်။ ကိုယ်တိုင်မပြောင်းလဲ ဘဲနဲ့ သူတို့ကလည်း အများပြည်သူအတွက် ပြောင်းလဲဖို့ လုပ်ဆောင်နိုင်မှာ မဟုတ်ဘူး" ဟု ဒေါက်တာညိုညိုသင်းက ပြောသည်။ "နောက်တစ်ခုက တယ်လီဖုန်းဘီလ် ဆောင်တာတို့၊ အများပြည်သူနဲ့ ဆိုင်တဲ့ ကိစ္စတွေမှာ၊ အရာရှိ ပိုင်းကလည်း မပြောင်းလဲဘူး။ အောက်ခြေကလည်း မပြောင်းလဲဘူး"ဟု ၎င်းက ဆက်လက် ပြော သည်။ အစိုးရ၀န်ထမ်းများအတွင်း လာဘ် ပေးလာဘ်ယူအရေးနှင့် ပတ်သက်ပြီး အစိုးရက တင်းတင်းကျပ် ကျပ် ကိုင်တွယ်လာသောကြောင့် ဌာနဆိုင်ရာများတွင် ယခု အရေးယူမှုများ ဆောင်ရွက်နေပြီ ဖြစ် ကြောင်း သတင်းထွက်ရှိနေသော်လည်း ထိထိရောက်ရောက် လုပ်ဆောင် နိုင်မှု အားနည်းနေသေး လားဆိုသည်ကို မူ မေးခွန်းထုတ်ရမည်ဖြစ်သည်။ "တရားရုံးအချို့မှာတော့ ငွေပေးပြီးမှ အလုပ်ဖြစ်တာတွေ ရှိနေသေးတယ်။ ရဲစခန်းအချို့မှာလည်း ဒီလိုငွေတောင်း တတ်တဲ့အကျင့်တွေက ကျန်နေသေးတယ်"ဟု ဒေါက်တာညိုညိုသင်းက ပြော သည်။ အများပြည်သူနှင့် သက်ဆိုင်သော ၀န်ကြီးဌာနတစ်ခုဖြစ်သည့် ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ် အားပေးရေးအဖွဲ့မှ ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်လတ်ကမူ အောက်ခြေ၀န်ထမ်းများမှ စတင်ကာ ပြည်သူအတွက် ၀န်ဆောင်မှုကောင်း ကောင်းပေးနိုင်ရန် စတင်ပြောင်းလဲ ဆောင်ရွက်နေပြီ ဖြစ် သည်ဟု မြန်မာတိုင်း(မ်)ကို ပြောသည်။ "အခုဆိုရင် ငွေတောင်းခံလွှာတွေကို လစဉ် ၁၁ ရက်နေ့ဆို စတင်ဝေပြီ။ စနေ၊ တနင်္ဂနွေပါ ငွေ လက်ခံပေးနေတယ်။ မီတာဖတ်တာ၊ ငွေကောက်ခံတာကအစ ပြည်သူက လျှပ်စစ်နဲ့ပတ်သက်ပြီး လိုအပ်ချက်ရှိတယ်ဆိုရင် အကုန်ဖြေရှင်း ဆောင်ရွက်ပေးနေတယ်" ဟု ၎င်းက ပြောသည်။ နေ့စဉ် ပြည်သူများ ထိတွေ့နေရသည့် လျှပ်စစ်ဓာတ်အားသုံးစွဲမှုနှင့် ပတ်သက်ပြီး လိုအပ်ချက်ရှိခဲ့ လျှင် ဆက်သွယ်တိုင်ကြားနိုင်ရန်အတွက် နေ့ဆိုင်း ညဆိုင်း နှစ်ဆိုင်းခွဲခြားကာ ဖြေရှင်းဆောင်ရွက် ပေးနေသည်ဟု ဦးမောင်မောင်လတ်က ပြောသည်။ "ရန်ကုန်မှာ မီတာဖတ်စာရေးတွေက ငါးရက်အတွင်း အလုံး ၁,၀၀၀ လောက်ဖတ်ရတယ်။ အချိန်မီ လုပ်နိုင်အောင် ဆောင်ရွက်နေပါတယ်။ ပြည်သူတွေကလည်း လိုအပ်ချက်ရှိတယ်ဆိုရင် ဖုန်းဆက် ပြီး တိုင်ကြားပြောဆိုနိုင်ပါတယ်" ဟု ၎င်းက ပြောသည်။ ဦးမောင်မောင်လတ်ကဌာနအတွင်း ၀န်ထမ်းများအတွက် အရည်အသွေး မြှင့်တင်ရေးသင်တန်းများ ဖွင့်လှစ်ထားသကဲ့သို့ ၀န်ထမ်းများ လာဘ်ပေးလာဘ်ယူကိစ္စရှိပါက ခုံရုံးဖွဲ့ စစ်ဆေးကြောင်း၊ တိုင်တမ်းမှုများကို အလေးထား စစ်ဆေးပေးနေပြီး လွန်ခဲ့သည့်နှစ်အတွင်း ၀န်ထမ်းများနှင့် ပတ်သက်သည့် အမှုတွဲ စုစုပေါင်း ၃၀၀ ကို ဖြေရှင်းခဲ့ရ ကြောင်း ၎င်းက ပြောသည်။ "အခုဆိုရင် ရုံးကိုလာတဲ့ လုပ်ငန်းနဲ့ ပတ်သက်တာတွေဆိုရင် ရုံးခန်းတွေထဲမှာ ၀င်ပြီး ပြောဆိုတာ တွေ မရှိတော့ဘူး။ ဧည့်ဆောင်မှာပဲ သပ်သပ်တွေ့ဆုံတယ်။ ဒါက လာဘ်ပေးလာဘ်ယူနဲ့ ပတ်သက်ပြီး ဌာနက တင်းတင်းကျပ်ကျပ် လုပ်လာတဲ့ဟာပါ"ဟု ဦးမောင်မောင်လတ်က ပြော သည်။ ၎င်းနည်းတူ အများပြည်သူနှင့် တိုက်ရိုက်ထိတွေ့နေရပြီး ပြည်သူ၏ တိုင်ကြားစာအများဆုံး ရရှိ လေ့ရှိသည့် ဌာနတစ်ခု ဖြစ်သည့် ကုန်းလမ်းပို့ဆောင်ရေး ညွှန် ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသောင်းလွင်ကလည်း အရာရှိမှ အောက်ခြေ၀န်ထမ်းအထိ အဓိက စိတ်နေသဘောထားများကို ပြင်ဆင်ရန် လိုအပ်သည်ဟု ဆိုသည်။ "အရာရှိတွေကနေ အောက်ခြေ၀န်ထမ်းတွေကို အဆင့်ဆင့်စိတ်ဓာတ် တွေ ပြောင်းလဲပေးဖို့ လိုပါ တယ်။ ကျွန်တော်တို့ဌာနက ၀န်ကြီးဌာန ၃၃ ခု ထဲမှာ တော်တော်လေးကို ပေါ်ပြူလာဖြစ်ပြီးတော့ မီးမောင်းထိုးခံရတာများတယ်။ လုပ်ရတဲ့အလုပ်နဲ့ဝန်ထမ်း မလုံလောက်တာတွေလည်း ဖြစ်နေ တယ်။ ဒါကိုလည်း နားလည်ပေးကြဖို့ ပြောချင်တာပါ" ဟု ဦးသောင်းလွင်က ပြောသည်။ လက်ရှိတွင် ပြည်ပမှ တင်သွင်းလာ သော မော်တော်ယာဉ်များနှင့် ပတ်သက်ပြီး ပုဂ္ဂလိကကုမ္ပဏီ များနှင့် အများဆုံး ဆက်ဆံလုပ်ဆောင်ရာတွင် လုပ်ငန်းပိုင်းဆိုင်ရာ နှောင့်နှေးကြန့်ကြာမှုများ၊ ၀န်ဆောင်မှုပိုင်းဆိုင်ရာ လိုအပ်ချက်များ ကြောင့် ဌာနသို့ တိုင်ကြားစာများ များစွာ ရောက်ရှိနေခဲ့ သည်။ "ခေတ်ပြောင်း၊ စနစ်ပြောင်းတဲ့ အချိန်မှာ ၀န်ထမ်းတွေပိုလုပ်ရမယ်ဆိုတာ မှန်ပါတယ်။ အခုဝန်ထမ်း တွေကိုလည်း သေချာကြပ်ကြပ်မတ်မတ်လုပ်ဖို့ ညွှန်ကြားနေပါပြီ။ စိစစ်မယ်။ ပြီးတော့ ပြုပြင် ပြောင်းလဲရေးကိုလည်း ပိုသိ အောင် လုပ်နေတယ်" ဟု ဦးသောင်းလွင် က ပြောသည်။ "ကျွန်တော်တို့ဌာနနဲ့ ပတ်သက်ပြီး တကယ်နစ်နာခဲ့တယ်ဆိုတာတွေ ရှိရင် နိုင်ငံတော်ကို တင်ပြ ပေးပါ။ အခုဆို ဌာနတွင်း လာဘ်ကိစ္စနဲ့ပတ်သက်ပြီး အရေးယူ ဆောင်ရွက်တာတွေလည်း ရှိနေပါ ပြီ" ဟု ၎င်းက ပြောသည်။ လူအများနှင့်ဆက်ဆံရသည့် အစိုးရ ၀န်ကြီးဌာနတိုင်းလိုလိုတွင် မလိုလား အပ်သော ငွေကြေး လာဘ်ယူလုပ်ကိုင် နေမှုများကို ယခုကာလအတွင်း ဖော် ထုတ်အရေးယူနိုင်ရန်လည်း အစိုးရက လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေး ကော်မတီဖွဲ့ကာ စစ်ဆေးဆောင်ရွက်နေပြီ ဖြစ်သည်။ ၀န်ကြီးဌာနများ ပြုပြင်ပြောင်းလဲရေး နှင့်ပတ်သက်ပြီး အပြောင်းအလဲစနေပြီ ဖြစ်သည်ကို ၀န်ထမ်း တိုင်းသိရှိရန် လိုအပ်ချက်သည် အဓိကဖြစ်ကြောင်းလည်း နိုင်ငံတော်သမ္မတအကြံပေး၊ ဦးကိုကိုလှိုင်က ပြောသည်။ "စနစ်ဟောင်းမှာ လူတွေက နှစ်အကြာကြီးနေပြီး ကျင့်သားရနေကြပြီ။ အသစ်တစ်ခုစဖို့ကတော့ ပြောင်းလဲစပြုတဲ့အချိန်မှာ အမှားတွေတော့ ရှိနေဦးမှာပါပဲ။ စိတ်ထားတွေ၊ အမူအကျင့်တွေ၊ ပြီးရင် ပြောင်းရမယ့်စနစ်ကို သိရမယ်" ဟု ဦးကိုကိုလှိုင်က ပြောသည်။ အပြောင်းအလဲကို သိပြီးပါက အမှန် တကယ် ပြောင်းလဲရန်အတွက် စနစ်တီထွင်ရမည်ဖြစ်ပြီး အချိန်တော့ ပေးရမည်ဖြစ်ကြောင်း၊ ယခင်က အထက်မှ အောက်ခြေသို့ အဆင့်ဆင့်စေခိုင်းသည့် စနစ်မှ၊ အောက်ခြေမှ အထက်သို့ ပြန်လည်တင်ပြလုပ်ဆောင်သည့်စနစ်ကို ပြုပြင်သင့်ကြောင်း ၎င်းက ဆိုသည်။ "လူထုအခြေပြုဆိုတာ ဖြစ်လာတဲ့ အတွက် အောက်ခြေကနေအထက် သိအောင်လုပ်ဖို့ လိုတယ်။" ဒီလို အပြောင်းအလဲကာလမှာ မြန်မြန်ပြောင်းနိုင်တဲ့ ဌာနတွေရှိသလို ဖြည်းဖြည်းပြောင်းရတဲ့ ဌာန တွေလည်း ရှိပါတယ်။ လူတွေရဲ့လုပ်ဆောင်နိုင်မှု အရည်အချင်းတွေ ပေါ်မှာမူတည်တယ်။ ပြောင်း ချင်တဲ့စိတ်ရှိပေမယ့် စွမ်းရည်မြှင့်တင်ရေးသင်တန်း တွေ ငွေရေးကြေးရေး အထောက်အပံ့ တွေနဲ့ နည်းပညာ၊ အိုင်ဒီယာပိုင်းတွေ လိုအပ်နေတယ်"ဟု ဦးကိုကိုလှိုင်က ပြောသည်။ ကျော်ဆုမွန် | မြန်မာတိုင်း(မ်) | ||
| ၀မ်းတွင်းရဲစခန်းမှူးအား တိုင်ကြားစာ Posted: 14 Feb 2013 03:21 AM PST (၁) မန္တလေးတိုင်း ဒေသကြီး ၊ ၀မ်းတွင်းမြို့နယ်တွင် (၄-၂-၂၀၁၃) ရက်နေ့တွင် ဖြစ်ပွားခဲ့သော အမှုဖြစ်ပါသည်။ ၄င်းနေ့တွင် အနောက်အရပ်မှ ယာဉ်မောင်းသူ ဦးအောင်မြင့်ကျော်(ခ)ဦးသာပေး မောင်းနှင်လာသော ကား နှင့် အရှေ့အရပ်မှ ဦးခင်မောင်အေး ၏ ဆိုင်ကယ် တို့ မျက်နှာချင်းဆိုင် ထိပ်တိုက် တိုက်မိပါသည်။ ဦးအောင်မြင့်ကျော်(ခ)ဦးသာပေး၏ ကားပေါ်တွင် ၀မ်းတွင်းရဲစခန်းမှူး ရဲအုပ် အောင်မြင့်ကျော် လည်း လိုက်ပါလာခဲ့ပါသည်။ ယင်းယာဉ်တိုက်မှုကြောင့် ဦးခင်မောင်အေး၏ နောက်မှာ လိုက်ပါလာသော ၄င်း၏ ဇနီး မှာ သေဆုံးခဲ့ပါသည်။ ဦးခင်မောင်အေးမှာလည်း မန္တလေးဆေးရုံကြီးတွင် အရေးပေါ်လူနာအဖြစ် ယနေ့ထိတိုင် ဆေးကုသမှု ခံယူလျှက်ရှိပါသည်။ ပြစ်မှုပုဒ်မ-၃၀၄(က) တွင်အကျုံးဝင်၍ ကြီးမားသော အမှုပင်ဖြစ်သော်လည်း ရဲအုပ် အောင်စိုးတင့်မှာ ကားပေါ်တွင် သူကိုယ်တိုင်လိုက်ပါလာခြင်းကြောင့် ဦးအောင်မြင့်ကျော်အား ဖမ်းဆီးအရေးယူခြင်း မပြုခဲ့ပါ ။ တရားဥပဒေသည် ရဲအုပ် အောင်စိုးတင့် နှင့် ဦးအောင်မြင့်ကျော်တို့အား မလွှမ်းမိုးနိုင်ပြီလော ........... ။ (၂) ၄င်းအပြင် ၀မ်းတွင်းရဲစခန်းမှူး ရဲအုပ်အောင်မြင့်ကျော်သည် စခန်းရှိ အောက်လက်ငယ်သားများအပေါ်တွင် နိုင်ထက်စီးနင်းပြုကျင့်လျက်ရှိပါသည်။ မကြာသေးမီရက်ပိုင်းအတွင်းက ရဲအုပ် အောင်မြင့်ကျော်သည် ဒုရဲအုပ် မောင်မောင်လွင်အား လက်သီးနှင့်ထိုးပြီး ကိုယ်ထိလက်ရောက် စော်ကားခဲ့ပါသည်။ ဒုရဲအုပ် မောင်မောင်လွင်မှ ပြန်လည် ကာကွယ်ခုခံခဲ့ရာ ရဲအုပ် အောင်မြင့်ကျော်သည် မောင်မောင်လွင်၏ ၃၂ ယ - xxxxxx ဆိုင်ကယ်အား လိုင်စင်မပါ without ဟုဆိုကာ အရပ်သားသက်သေ (၂) ယောက် ၊ ရှာဖွေပုံစံအပြည့်အစုံနှင့်အတူ သိမ်းဆည်းခဲ့ပါသည်။ ၄င်းဆိုင်ကယ်မှာ without မဟုတ် ၊ လိုင်စင်နှင့်ဖြစ်ပါသည်။ (၃) ၀မ်းတွင်း ရဲတပ်ဖွဲ့စခန်းရှိ ပျက်စီးနေသော လိုင်းခန်းရှစ်ခန်းအား ပြုပြင်ရန် မြို့မိ ၊ မြို့ဖ များထံ အကူအညီတောင်းခဲ့ရာ မြို့မိ၊ မြို့ဖများမှ တာဝန်ယူပြင်ဆင်ပေးခဲ့ပါသည်။ ၄င်း လိုင်းခန်းပြင်ဆင်ရန် အကြောင်းကို ခုတုံးလုပ်၍ စခန်းသို့လာသမျှ အမှုသည်များထံမှလည်း အလှူငွေများထပ်မံကောက်ခံကာ စခန်းမှူး ရဲအုပ် အောင်မြင့်ကျော်သည် အလှူငွေများကို ကိုယ်ကျိုးအတွက် သုံးစွဲခဲ့ပါသည်။ ထို့ပြင် ၀မ်းတွင်းမြို့၊ မြတ်ညီနောင် ဘုရားပွဲတော်တွင် ရောင်းချသော ရဲရံပုံငွေ ကြာဇံ၊ မုန့်ဟင်းခါး ရောင်းချရငွေများ ၊ မြို့လုံးဆိုင်ရာ ဘုံကထိန်တွင် ရောင်းချသော ရဲရံပုံငွေ ကြာဇံ၊ မုန့်ဟင်းခါး ရောင်းချရငွေများသည်လည်း ရံပုံငွေအဖြစ်သို့ မရောက်ရှိဘဲ ရဲအုပ် အောင်မြင့်ကျော်၏ ကိုယ်ကျိုးစီးပွားအဖြစ်သို့ ရောက်ရှိသွားပါကြောင်း အားထားလေးစားရပါသော ပြည်ထဲရေးဝန်ကြီး သိရှိစေရန် တင်ပြအပ်ပါသည်။ ၀မ်းတွင်းမှ ပြည်သူတဦး | ||
| ဆက်သွယ်ရေး ၀န်ကြီးအသစ်ခန့်အပ်တာ ဘာသဘောဆောင်သလဲ Posted: 14 Feb 2013 03:09 AM PST ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၈ ရက် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ အဂတိလိုက်စားမှုနဲ့ စစ်ဆေးခံနေရပြီး နုတ်ထွက်သွားရတဲ့ ဆက်သွယ်ရေးဝန်ကြီး ဦးသိန်းထွန်းရဲ့ နေရာမှာ အစားထိုးဖို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး မြတ်ဟိန်းကို သမ္မတ ဦးသိန်းစိန်က နာမည်စာရင်း တင်သွင်းလိုက်ပါတယ်။ နာမည်စာရင်းတင်ပြီး သိပ်မကြာခင်မှာပဲ အင်တာနက် လူမှုကွန်ရက်စာမျက်နှာတွေနဲ့ နောက်နေ့ ပြည်တွင်းထုတ်ဂျာနယ်တွေမှာ ဒီခန့်အပ်မှုနဲ့ ပတ်သက်တဲ့ ဝေဖန်မှုတွေ ပေါ်ထွက်လာပါတယ်။ အဓိက မေးခွန်းကတော့ ကျွမ်းကျင်မှုလည်း လိုအပ်ပြီး အရပ်သား ဘယ်သူ့ကိုမဆို ခန့်အပ်ပိုင်ခွင့်ရှိတဲ့ ဒီ ၀န်ကြီးနေရာမှာ ဘာကြောင့် စစ်ဗိုလ်ချုပ်တယောက်ကို ခန့်တာလဲ ဆိုတဲ့ မေးခွန်းပဲ ဖြစ်ပါတယ်။ သမ္မတ ဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရအဖွဲ့ဟာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို ဆောင်ရွက်နေပြီး စစ်မှန်တဲ့ တံခါးဖွင့် ဈေးကွက်စီးပွားရေးကိုလည်းသွားမယ်လို့ ကြွေးကြော်နေလေတော့ ဒီ ကြွေးကြော်သံတွေ တကယ်အမှန်ပဲလား၊ သူတို့ရဲ့ မဟာဗျူဟာ ရည်မှန်းချက်ဟာ ဘာလဲဆိုတာ မေးခွန်းထုတ်စရာ ရှိလာပါတယ်။ ခုတပတ် ဒီအကြောင်း ဆွေးနွေးတင်ပြသွားမှာ ဖြစ်ပါတယ်။ အားလုံးမှတ်မိကြဦးမယ် ထင်ပါတယ်။ အရင် အာဏာရှင်ကြီး ဦးနေ၀င်း တိုင်းပြည်အာဏာသိမ်းပိုက်ချိန်က စစ်ယူနီဖောင်းဝတ် ဗိုလ်ချုပ်ကြီးတစ်ယောက် ဖြစ်ပါတယ်။ ဒီ ယူနီဖောင်းဝတ်ပြီး တိုင်းပြည်ကို ၁၀ နှစ်ကျော်လောက် အုပ်ချုပ်ပါတယ်။ နောက်ပိုင်း တိုင်းပြည်ကို ဆိုရှယ်လစ်စနစ် ကျင့်သုံးမယ်ဆိုပြီး သူ့လက်အောက်ခံ စစ်ဗိုလ်ချုပ်တွေနဲ့ အတူတကွ မဆလပါတီ ဖွဲ့ပါတယ်။ အဲဒီ စစ်ဗိုလ်ချုပ်ဟောင်းတွေကိုပဲ လွှတ်တော်ထဲ ထည့်ပြီး နောက်ပိုင်း အရပ်သားအစိုးရ ဖွဲ့စည်းပါတယ်။ အဲဒီနောက် ရယ်စရာပြောပြောနေကြတဲ့ ဗိုလ်ချုပ်ကြီးနေ၀င်းကနေ သမ္မတကြီး ဦးနေ၀င်းကို အာဏာလွှဲတာ လုပ်ပါတယ်။ ဒီအတိုင်းပဲ နောက်ပိုင်း သမ္မတ ရာထူးကပါ ဖယ်ပေးခဲ့ပြီး ပါတီဥက္ကဋ္ဌကြီးအဖြစ် ဆက်နေပါတယ်။ ပြောရရင် အဲဒီအချိန်က ဦးနေ၀င်း ချမှတ်ခဲ့တဲ့ မဟာဗျူဟာကတော့ စစ်ဗိုလ်ချုပ်တွေဟာ စစ်တပ်ကို ထိထိရောက်ရောက် ထိန်းချုပ်ပြီး အာဏာလက်ရှိ အစိုးရ၊ လွှတ်တော်နဲ့ ပါတီကို အပြည့်အ၀ အကာအကွယ်ပေး၊ အချိန်တန်ရင် အစိုးရအဖွဲ့မှာ အာဏာရလိမ့်မယ်၊ လွှတ်တော်နဲ့ ပါတီထဲမှာ ထိပ်ပိုင်းနေရာရလိမ့်မယ်၊ ဒီနည်းနဲ့ စစ်ဗျူရိုကရေစီ ယန္တရားကို ကျကျနန တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။ ဒီလိုနဲ့ ၁၉၈၈ ဒီမိုကရေစီ တောင်းဆိုတဲ့ ပြည်သူ့အုံကြွမှုကြီးဖြစ်ပေါ်လာတဲ့အခါ အဲဒီ ယန္တရားကြီး ပျက်စီးသွားပြီး တိုင်းပြည်ကို စစ်ဗိုလ်ချုပ်တွေက စစ်ယူနီဖောင်းတွေဝတ်ပြီး အသစ်တဖန် ပြန်လည် အုပ်ချုပ်ကြပြန်ပါတယ်။ အနှစ် ၂၀ ကျော်ကြာတဲ့အခါ တိုင်းပြည်လည်း ချွတ်ခြုံပြာကျ၊ ပြည်သူတွေကလည်း မုန်းတီး၊ ကမ္ဘာကလည်း လက်မခံတဲ့အခါ လက်ရှိ မြင်တွေ့နေရတဲ့ မဟာဗျူဟာမြောက် အပြောင်းအလဲကို လုပ်ပါတယ်။ ကိုယ့်ဘာသာကိုယ် ရေးထားတဲ့ ဖွဲ့စည်းပုံကို အတည်ပြု၊ တရားမျှတမှု လုံးဝမရှိတဲ့ ရွေးကောက်ပွဲကျင်းပပြီး အသစ်ပေါ်ပေါက်လာတဲ့ ပါတီ၊ လွှတ်တော်နဲ့ အစိုးရအဖွဲ့ ထိပ်ပိုင်းနေရာ အသီးသီးမှာ ယူနီဖေါင်းချွတ်ထားတဲ့ စစ်ဗိုလ်ချုပ်တွေ နေရာယူကြပါတယ်။ အရင် အစိုးရအဖွဲ့ တာဝန်ယူခဲ့သူတွေကို လွှတ်တော်ကော်မတီ ဥက္ကဋ္ဌ တာဝန်တွေပေးပြီး ယူနီဖောင်းချွတ်ကာစ စစ်ဗိုလ်ချုပ်တွေကိုတော့ အစိုးရအဖွဲ့မှာ ခန့်အပ်ပါတယ်။ လက်ရှိ အစိုးရအဖွဲ့ ၀န်ကြီး အယောက် ၃၀ ၀န်းကျင်မှာ ၂၃ ယောက်ဟာ စစ်ဗိုလ်ချုပ်ဟောင်းတွေ ဖြစ်နေတာ၊ လွှတ်တော်ရေးရာ ကော်မတီနေရာ အားလုံးနီးပါးမှာ စစ်ဗိုလ်ချုပ်ဟောင်းတွေကို တာဝန်ပေးထားတာ၊ ကြံ့ခိုင်ရေးပါတီ ထိပ်ပိုင်းခေါင်းဆောင် အားလုံး စစ်ဗိုလ်ချုပ်ဟောင်းတွေ ဖြစ်နေတာကြည့်ရင် သိနိုင်ပါတယ်။ ဒီလိုနဲ့ အရင် အာဏာရှင်ဟောင်းတွေဟာ စစ်ဗိုလ်ချုပ်ဟောင်းတွေနဲ့ လက်ရှိ စစ်ဗိုလ်ချုပ်အသစ်တွေ ပါဝင်တဲ့ ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီကနေ တဆင့် တိုင်းပြည်အာဏာကို ဆက်ပြီးချုပ်ကိုင်သွားဖို့ မဟာဗျူဟာကျကျ စီစဉ် အကောင်အထည်ဖော်နေတာ တွေ့နိုင်ပါတယ်။ စစ်ဗိုလ်ချုပ်တွေဟာ အချိန်တန်ရင် ယူနီဖောင်းချွတ်ပြီး အစိုးရအဖွဲ့မှာ အာဏာရလိမ့်မယ်၊ နောက် အစိုးရအဖွဲ့ကနေနားရင် ပါတီနဲ့ လွှတ်တော်မှာ အရေးပါတဲ့ နေရာ ဆက်ယူရလိမ့်မယ်၊ ဒီအတွက် စစ်တပ်ဟာ ကြံ့ခိုင်ရေးပါတီ၊ အာဏာရ အစိုးရနဲ့ လွှတ်တော်ကို အပြည့်အ၀ ထောက်ခံ အကာအကွယ်ပေးရမယ် ဆိုတဲ့ အရင် အာဏာရှင် ဦးနေ၀င်း ကျင့်သုံးသွားခဲ့တဲ့ မဟာဗျူဟာမြောက် လမ်းကို ဆက်လျှောက်ဖို့ ကြံစည်နေတာပဲ ဖြစ်ပါတယ်။ ဒါက လက်ရှိ ဗိုလ်ချုပ်ကြီးမြတ်ဟိန်းကို ဆက်သွယ်ရေးဝန်ကြီး ခန့်အပ်တာက သက်သေခံနေပါတယ်။ အာဏာရှင်ကြီး ဦးနေ၀င်း ရှေ့ဆောင်လမ်းပြခဲ့သလို စစ်ဗိုလ်ချုပ်တွေဟာ သူတို့ ဦးဆောင်တဲ့ တော်လှန်ရေးကောင်စီ ၊ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်၊ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး လမ်းစဉ်၊ နိုင်ငံတော်အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေး လမ်းစဉ်တွေကို အကောင်အထည် ဖော်ခဲ့ပေမယ့် တကြိမ်မှ မအောင်မြင်ခဲ့သလို အခုလည်း အာဏာကို လုံးဝ လက်မလွှတ်ဘဲ ဒီမိုကရေစီလို့ နာမည်ပေးထားတဲ့ လမ်းကြောင်းကို မဟာဗျူဟာ အစီအစဉ်ချမှတ်ပြီး ချီတက်နေပြန်ပြီ ဖြစ်ပါတယ်။ ဒီလမ်းကြောင်းအတိုင်းသာ ဆက်ချီတက်ကြရင်ဖြင့် တိုင်းပြည်မှာ ဒီမိုကရေစီ ထွန်းကားဖို့၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးရဖို့၊ စီးပွားရေး အပါအ၀င် အဘက်ဘက်က ဖွံ့ဖြိုးတိုးတက်လာဖို့ မမြင်မိပါကြောင်း တင်ပြလိုက်ရပါတယ်။ by တိုင်းကျော် (ဒီဗွီဘီ) | ||
| တန်ဖိုးနည်းအိမ်ရာအတွက် လျှောက်လွှာများ စတင်ခေါ်ယူ Posted: 14 Feb 2013 03:01 AM PST ရန်ကုန်မြို့၊ မြို့တော်ခန်းမ အနီးရှိ စည်ပင်သာယာ ၁၀ ထပ်ရုံးတွင် တန်ဖိုးနည်း အိမ်ရာများ အတွက် လျှောက်လွှာများ စတင်ခေါ်ယူ နေပြီ ဖြစ်ကြောင်း ရန်ကုန်မြို့တော်၊ စည်ပင်သာယာရေး ကော်မတီမှ သိရသည်။ အဆိုပါ တန်ဖိုးနည်း အိမ်ရာအတွက် လူ ၁ ဦးလျှင် လျှောက်လွှာ တစ်စောင်နှုန်း လျှောက်ထားနိုင်ပြီး --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
| ပညာရေး ရန်ပုံငွေတွေ ပေးအပ်လှူဒါန်း (ရုပ်/သံ) Posted: 14 Feb 2013 02:47 AM PST ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ယက်လုပ်ခဲ့တဲ့ ဆွယ်တာ ၂ ထည်ကို လေလံတင် ရောင်းချရငွေ သိန်းတထောင်ကျော်နဲ့ ပညာရေး ရန်ပုံငွေတွေကို ပညာဒါန ကျောင်းတွေနဲ့ တက္ကသိုလ်ကျောင်းသားတွေအတွက် ထောက်ပံ့ကြေးတွေ ပေးအပ်လှူဒါန်း ခဲ့ကြပါတယ်။ ဒီသတင်းကို ဒေါ်ခင်ရူပါ တင်ဆက်။ ရိုက်ကူး ဖိုးကျော်။ ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ | ||
| ဇေယျဝတီမှာ ကာမစိတ်ထကြွစေသည့် ဆေးများဖမ်းဆီးရမိ Posted: 14 Feb 2013 02:39 AM PST ၁၂-၂-၂ဝ၁၃ ရက်နေ့ ၁၆၃၅ အချိန် ပဲခူးတိုင်း ဒေသကြီး၊ ဖြူးမြို့နယ် ဇေယျဝတီရဲစခန်းမှ တပ်ဖွဲ့ဝင်များ၊ ဇေယျဝတီ တိုက်နယ် ဆေးရုံမှ ဒေါက်တာ ဇော်သိန်းကျော် တို့ပါဝင်သည့် ပူးပေါင်း အဖွဲ့သည် ဈေးပိုင်း ရပ်ကွက် အတွင်းရှိ ဦးအုန်းပရာကပ်၏ နေလဆေး စတိုး ဆိုင်အား ---- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
| ငြိမ်းချမ်းရေး တကယ်လိုချင်ရင် လာဆွေးနွေးဖို့ ကေအိုင်အိုကို ကာချုပ်ဖိတ်ခေါ် Posted: 14 Feb 2013 02:28 AM PST ကချင်လွတ်လပ်ရေး တပ်မတော် (ကေအိုင်အေ) အနေနဲ့ အမှန်တကယ် ငြိမ်းချမ်းရေး ရယူလိုရင် အချိန်မရွေး လာရောက် တွေ့ဆုံ ဆွေးနွေးဖို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဖိတ်ခေါ်လိုက်ပါတယ်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||
| ရွှေမြွေဟောက် ပူးတွဲစစ်ရေးလေ့ကျင့်မှု သတင်းမြင်ကွင်း (ရုပ်/သံ) Posted: 14 Feb 2013 02:18 AM PST ထိုင်းနိုင်ငံမှာ လက်ရှိ ပြုလုပ်နေတဲ့ Cobra Gold ရွှေမြွေဟောက် ပူးတွဲစစ်ရေးလေ့ကျင့်မှုမှာ U.S, Thailand, Japan, Indonesia, South Korea, Singapore, Malaysia (၇)နိုင်ငံ အဓိကပါဝင်ပါတယ်။ အမေရိကန်ရဲ့ ဖိတ်ခေါ်မှုနဲ့ မြန်မာနိုင်ငံဟာ ဒီနှစ်မှာ လေ့လာသူအနေနဲ့ စစ်အရာရှိ ၂ယောက် ပါဝင်ပါတယ်။ ဒီစစ်ရေးလေ့ကျင့်မှုမှာ မြန်မာဟာ humanitarian operations တွေမှာပဲ လေ့လာခွင့်ရဦးမှာ ဖြစ်ပါတယ်။ ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ | ||
| ဦးမင်းကိုနိုင်နဲ့ ဦးပြုံးချို ဥရောပ ၃ နိုင်ငံခရီး ထွက်ခွါ Posted: 14 Feb 2013 03:31 AM PST ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ ခေါင်းဆောင်တွေ ဖြစ်ကြတဲ့ ဦးမင်းကိုနိုင်နဲ့ ဦးပြုံးချိုတို့ဟာ ပထမဦးဆုံးအကြိမ်အဖြစ် ဥရောပ ၃ နိုင်ငံခရီးအတွက် ဒီကနေ့ ညနေပိုင်း ၄း၃၀နာရီမှာ မြန်မာနိုင်ငံကနေ ထွက်ခွာသွားပါတယ်။ ဦးမင်းကိုနိုင် နဲ့ ဦးပြုံးချိုတို့ ဟာ နော်ဝေနိုင်ငံ အော်စလိုမှာ နှစ်စဉ် ကျင်းပတဲ့ နိုင်ငံတကာ ကျောင်းသားငြိမ်းချမ်းရေး ဆုပေးပွဲအခမ်းအနားကို တက်ရောက်မှာဖြစ်ပါတယ်။ နိုင်ငံတကာ ကျောင်းသားပွဲတော်က ပေးအပ်တဲ့ ကျောင်းသားငြိမ်းချမ်းရေးဆုကို ၂၀၀၁ ခုနှစ်က ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ)နဲ့ အဲဒီအချိန်က အကျဉ်းကျခံနေရတဲ့ ဦးမင်းကိုနိုင်တို့ ပူးတွဲရရှိခဲ့ဖူးပါတယ်။ ဦးမင်းကိုနိုင်နဲ့ ဦးပြုံးချိုတို့ဟာ နော်ဝေကနေ ပြင်သစ်နဲ့ ဒိန်းမတ် နိုင်ငံတို့ကို သွားရောက်ဖို့ ရှိနေပါတယ်။ သွားရောက်တဲ့ နိုင်ငံတွေက အစိုးရတာဝန်ရှိသူတွေနဲ့ တွေ့ဆုံမှာဖြစ်သလို မြန်မာအသိုင်းအ၀ိုင်းတွေနဲ့လည်း သီးသန့် တွေ့ဆုံမယ်လို့ ဦးပြုံးချိုက ဒီဗွီဘီကိုပြောသွားပါတယ်။ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်ဟာ အကျဉ်းထောင်က လွတ်မြောက်အပြီး ငြိမ်းချမ်းရေးအသွင်ကူပြောင်းရေး လေ့လာဖို့အတွက် ဖိလစ်ပိုင်နိုင်ငံကို အခုနှစ် ဇန်န၀ါရီလက သွားရောက်ခဲ့ပြီး အခု ခရီးစဉ်ဟာ ဒုတိယမြောက် ပြည်ပခရီးလည်း ဖြစ်ပါတယ်။ DVB TV News
| ||
| လုံခြုံရေးအရ ကာမိုင်းစာစစ်ဌာန မြစ်ကြီးနားသို့ ပြောင်းရွှေ့ Posted: 14 Feb 2013 02:02 AM PST လုံခြုံရေး အခြေ အနေကြောင့် ကာမိုင်း စာစစ်ဌာနကို မြစ်ကြီးနား သို့ ပြောင်းရွှေ့ ဖွင့်လှစ်လိုက်သည်ဟု ပညာရေး ဝန်ကြီးဌာနမှ သိရသည်။ တက္ကသိုလ်ဝင် စာမေးပွဲ ဖြေဆိုရန် ကျောင်းသား၊ ကျောင်းသူ ၃၂၉ ဦး လျှောက်လွှာ တင်ထားသော ကာမိုင်းမြို့နယ်ရှိ စာစစ်ဌာနကို--- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
| ရွာပုန်းရွာရှောင် ဒုက္ခသည်များကို ဦးစားပေး ကူညီမည် Posted: 14 Feb 2013 01:53 AM PST အပစ်အခတ် ရပ်စဲထားသော ကရင် လက်နက်ကိုင်အဖွဲ့ အစည်းများနှင့် အစိုးရတို့ ပူးပေါင်းကာ ကရင်ပြည်နယ် အတွင်းရှိ ဖြစ်ပွားခဲ့သော စစ်ပွဲများကို ရှောင်ရှားခဲ့ကြသော ရွာပုန်း ရွာရှောင်များအား ပထမဦးစားပေး အနေဖြင့် အကူအညီများ ပေးရန် စီစဉ်ထားကြောင်း သိရသည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
| စီးပွားကူးသန်းက ငှားရမ်းထားတဲ့ တက္ကစီအငှားယာဉ်တွေကို အပိုင်လွှဲပြီ Posted: 14 Feb 2013 02:07 AM PST စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ၀န်ကြီးဌာန လက်အောက်ရှိ ခရီးသည် ပို့ဆောင်ရေး လုပ်ငန်း ကနေ ၁၉၉၅ - ၁၉၉၆ ခုနှစ်တုန်းက ဌားရမ်းထားတဲ့ တက္ကစီ အငှားယာဉ် အစီး ၂၀၀ ကျော်ကို သည်နေ့ကစပြီး မတ်လ ၃၁ ရက်နေ့ထိ အငှားပိုင်ရှင်တွေထံ ငွေကျပ် သိန်း၃၀ နဲ့အပြီး အပိုင် လွှဲပေးနေကြောင်း --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
| ကားပစ္စည်း ဂိုထောင်စောင့်အား ရိုက်နှက်ပြီး ပစ္စည်းများအား လုယက် Posted: 14 Feb 2013 01:40 AM PST ဒဂုံတောင် မြို့နယ်တွင် အမျိုးသား ၇ ဦးခန့်က ကားပစ္စည်း ဂိုထောင် စောင့်အား ရိုက်နှက်ပြီး ဂိုထောင်အတွင်းမှ ဆယ်သိန်းကျော် တန်ဖိုးရှိ ပစ္စည်းများအား လုယက်မှု ဖြစ်ပွား ခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ ၁၁ ရက် မနက် ၅ နာရီအချိန်တွင် ဒေါ်အေးမိမိခိုင် (၃၇) နှစ်၊ ကုမ္ပဏီ မန်နေဂျင်း ဒါရိုက်တာ ဧရာဝတီပါဝါ ကုမ္ပဏီ ---- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
| လွှတ်တော်သို့ လာရောက် လေ့လာသူများလာ ကိုယ်ရေးရာဇ၀င် သုံးရက်ကြိုပို့ရန်လို Posted: 13 Feb 2013 09:42 PM PST ၂၀၁၂ ခုနှစ်အတွင်း ကျင်းပခဲ့သော အချိန်မှ စတင်ကာ လွှတ်တော်သို့ ပြင်ပအဖွဲ့အစည်းများမှ လာရောက်လေ့လာမှု များပြားလာကြောင်း ပြည်သူ့ လွှတ်တော်ရုံးမှ သတင်းရရှိသည်။ "ဒီမှာတော့ တချို့ရက်တွေ မှာ တစ်ရက်ကို နှစ်ဖွဲ့၊ သုံးဖွဲ့လာတာရှိတယ်" ဟု---- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
| သဲဖြူချောင်းသည် မူးယစ်ဆေးသုံးစွဲသူများ စားကျက်ဖြစ်လာ Posted: 13 Feb 2013 09:35 PM PST ကချင်ပြည်နယ် ဟိုပင်မြို့နှင့် တစ်မိုင်ဝန်းကျင် ဝေးသော သဲဖြူချောင်းတွင် ကျောင်းသားအချို့ အပါအ၀င် နေ့စဉ် လူဦးရေ ၅၀၀ ကျော်အထိ လာရောက်၍ မူးယစ်ဆေးဝါး ၀ယ်ယူသုံးစွဲနေကြောင်း မိုးညှင်းမြို့နယ် မူးယစ်ဆေးဝါး ကင်းစင်ပပျောက်ရေးအဖွဲ့က ပြောသည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
| You are subscribed to email updates from Thit Htoo Lwin To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
| Google Inc., 20 West Kinzie, Chicago IL USA 60610 | |
























