Burma News International - February 5, 2013

Burma News International

Burma News International
February 5, 2013

Govt, KIO agree to further peace talks

The Kachin Independence Organization (KIO) has agreed to a further round of peace talks later this month with the Myanmar government’s Union-level Peacemaking Committee, according to KIO peace delegation leader Swong Lut Gum.

Burma’s peace process good for business: Thailand

The ongoing peace process in Burma that began in 2011 has been good for cross-border trade between the two countries, according to Thai security sources.

Karen Revolution Day: Government militia joins hands with KNU

This year is the 64th anniversary of the Karen Revolution Day and for the first time, members of the Burma government’s army and militia attended the ceremony.

At least one killed in Yangon oil tanker explosion

At least one person was killed and two were missing on Monday evening when an explosion and subsequent fire took place on an oil tanker on the Hlaing River in Yangon, according to rescue workers.

Yangon squatters defy authorities

Squatters on P Moe Nin Road in Hlaingthaya Township in western Yangon have told Mizzima that even if local authorities take legal action to evict them, they still have no option but to continue living on that plot of land.

World Bank delegation heads to Myanmar

A high-level World Bank Group delegation led by International Financial Corporation (IFC) Executive Vice President and CEO Jin-Yong Cai are in Myanmar from February 3-5 to meet with President Thein Sein, government ministers, Aung San Suu Kyi, private sector representatives and development partners.

တွေ့ဆုံဆွေးနွေးပြီး ပြည်သူများဘဝ ငြိမ်းချမ်းလုံခြုံအောင် ကြိုးပမ်းမည်ဟု KIO ပြော

KIO နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေးဖေါ်ဆောင်ရေး ကော်မတီတို့ တရုတ်နိုင်ငံ ရွေလီမြို့ ကျင်းချိန့်ဟော် တယ်တွင် ဖေဖေါ်ဝါ ရီလ ၄ ရက်နေ့ နံနက်ပိုင်း ၉ နာရီမှ ညနေ ၄ နာရီကျော်အထိ တွေ့ဆုံဆွေးနွေးခဲ့ရာ နှစ်ဘက်ဆွေးနွေးပွဲများမှ တဆင့် လူထုဘဝ ငြိမ်းချမ်းလုံခြုံသည် အထိ ကြိုးပမ်းသွားမည်ဟု KIO ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်က ပြောကြားလိုက်သည်။

ကချင်တော်လှန်ရေးနေ့ကို လိုင်ဇာတွင် လူထုများသာကျင်းပနိုင်

ယနေ့ ဖေဖော်ဝါရီ ၅ ရက်တွင်ကျရောက်သော (၅၃) ကြိမ်မြောက် “ကချင်တော်လှန်ရေးနေ့” အခမ်းအနားကို ကချင်ပြည် လွတ်လပ်ရေးတပ်မတော် (KIA) ဗဟိုဌာနချုပ် လိုင်ဇာတွင် ပြည်သူလူထုများသာ သီးသန့် ပြုလုပ်ကျင်းပခဲ့ကြသည်။

၅၃ ကြိမ်မြောက် KIO တော်လှန်းရေးနေ့ ဖားကန့်တွင် ကျင်းပ

ယနေ့ ကျရောက်သော (၅၃) ကြိမ်မြောက် KIO ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ တော်လှန်းရေးနေ့ အခမ်းအနားကို KIA တပ်ဖွဲ့ အသီးသီး၌ ကျင်းပခဲ့သလို ဖါးကန့်ဒေသ ၌လည်း ကျင်းပ ခဲ့ကြောင်း တပ်ရင်းမှူး ဒုတိယ-ဗိုလ်မှုးကြီး အင်ခွန်ဇော်တွဲက ပြောသည်။

အစိုးရနှင့် KIO ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ KNU ခေါင်းဆောင် တက်ရောက်

မြန်မာအစိုးရ၏ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့ဝင်များနှင့် ကချင်ပြည် လွတ်လပ်ရေးအဖွဲ့-KIO တို့ အကြား ယမန်နေ့က တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ် ရွှေလီမြို့၌ ငြိမ်းချမ်းရေးအတွက် အကြိုတွေ့ဆုံဆွေးနွေးခဲ့ရာ တွင် KNU မှ ဥက္ကဌနှင့် အထွေထွေ အတွင်းရေးမှူးတို့က လေ့လာ သူအဖြစ် တက်ရောက်ခဲ့ကြသည်။

မြောက်ဦး ဟိုတည်များတွင် နိုင်ငံခြားသားများ တည်းခိုခွင့် မပြုရန် အာဏာပိုင်များ ညွှန်ကြား

ရခိုင်ပြည်နယ် ရှေးဟောင်းမြို့တော် မြောက်ဦးသို့ နိုင်ငံခြားသားများ လာရောက် လည်ပတ်ခြင်းကို အာဏာပိုင်များက ပိတ်ပင် ထားသည်သာမက အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိလာပါကလည်း ဟိုတည်များတွင် တည်းခိုခွင့် မပြုရန်  ညွှန်ကြားထားသည်ဟု သတင်း ရရှိသည်။

‘ဦးအောင်မင်းနှင့် သဘောတူညီချက် တိုင်းရင်းသားဘာမှမရသေး’ ဟု RCSS/SSA အရာရှိပြော

ယမန်နေ့က ကျင်းပသော KIO ကချင်ပြည် လွပ်လပ်ရေးအဖွဲ့နှင့် အစိုးရကြား ဆွေးနွေးပွဲနှင့်ပတ်သက်၍ အစိုးရ၏ ငြိမ်းချမ်းရေး ကိုယ်စားလှယ် ခေါင်းဆောင် ဦးအောင်မင်းက ‘တောင်းသလောက်ပေးဖို့ လာခြင်းဖြစ်တယ်’ ဟု သတင်းထောက် များအား ပြောသွားသည့်အပေါ် ‘ဦးအောင်မင်းက နှုတ်သာပေးပြီး လက်တွေ့တွင်တိုင်းရင်းသားများဘာမှမရသေး’ ဟု သျှမ်းပြည်တပ်မတော် RCSS/SSA မှ အရာရှိတဦး ကပြောသည်။

အစိုးရနဲ့ KIO ငြိမ်းချမ်းရေး တည်ဆောက်မှုလမ်းစဉ် အဟန့်အတားဖြစ်နေဆဲဟု KIO ပြော

ကချင်ပြည် လွတ်လပ်ရေးအဖွဲ့ (KIO)နှင့် မြန်မာအစိုးရတို့ စစ်ရေးတင်းမာမှု ပြေငြိမ်းနိုင်ရေး နှစ်ဖက်တွေ့ဆုံ ဆွေးနွေးမှုများ အကြိမ်ကြိမ် ပြုလုပ်နေသော်လည်း လက်တွေ့ အနေအထားအရ ငြိမ်းချမ်းရေး တည်ဆောက် နိုင်မည့် လမ်းစဉ်အတွက် အဟန့်အတားဖြစ်နေသေးကြောင်း KIO ပြောသည်။

ရခိုင် ဒုက္ခသည်များ အတွက် အိမ်ယာ ၆၆၉ လုံး ဆတ်ရိုးကျချောင်း တစ်ဘက်ကမ်းတွင် တည်ဆောက်

ဇွန်လက ဖြစ်ပွားခဲ့သော ဆူပူ အကြမ်းဖက်မူ အတွင်း အိုးမဲ့ အိမ်မဲ့ ဖြစ်သွားခဲ့သော ရခိုင် ဒုက္ခသည် မိသားစုများ အတွက် အိမ်ယာ ၆၆၉ လုံးကို စစ်တွေတစ်ဘက်ကမ်း  ဆတ်ရိုးကျတွင် တည်ဆောက်နေ သည်ဟု သိရသည်။

ကော့ကရိတ်မြို့နယ်ရှိ လူထုမှီခိုရာ အင်တောဧက ၃၀၀ ခုတ်ထွင် ရှင်းလင်းခံရ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၌ ခေါင်မိုးဖက် ထွက်ရှိသည့် တတန်ကူးရွာ နှင့် ဆင်ကုန်းရွာ အကြားရှိ လူထုမှီခိုရာ အင်တော ဧက ၃၀၀ ကို DKBA မှ ဗိုလ်မှူးတစ်ဦးနှင့် စီးပွားရေးလုပ်ငန်းရှင်နှစ်ဦးတို့ ပူးပေါင်း၍ ခုတ်ထွင်ရှင်းမှု ပြုလုပ်နေသည်ဟု ယင်းဒေသမှ လာသည့်သတင်းအရ သိရသည်။

ကုလအထူး ကိုယ်စားလှယ် မြစ်ကြီးနားသို့ ရောက်ရှိ

ကုလ သမဂ္ဂ အတွင်းရေးမှူးချုပ်၏ အထူး ကိုယ်စားလှယ် မစ္စတာ ဗီဂျေး နမ်ဗီးယားသည် ပြည်ထောင်စု ၀န်ကြီး ဦးစိုးသိန်းနှင့် ဦးခင်ရီတို့ လိုက်ပါလျှက် ယနေ့ မနက်ပိုင်းတွင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့သို့ ရောက်ရှိခဲ့သလို ဂျန်မိုင်ကောင်းနှစ်ခြင်း အသင်းတော်မှ ကူညီပံ့ပိုးထားသော ဒုက္ခသည်စခန်းသို့ သွားရောက်ကြည့်ရှုခဲ့သည်။

Last Updated on ဗုဒ္ဓဟူးနေ့၊ ဖေဖေါ်ဝါရီလ 06 ရက် 2013 ခုနှစ်

ရမလ ပါတီ ဗဟိုကော်မီတီဝင်ဟောင်း ဦးဘတင် ကွယ်လွန်

ဗမာအစိုးရထံ ဒူးမထောက် လက်မမြှောက်ဘဲ သေသည့်အထိ ဆန့်ကျင် တော်လှန် တိုက်ပွဲ ၀င်သွားခဲ့သူ ရခိုင်ပြည် အမျိုးသား လွှတ်မြောက်ရေး ပါတီ ပါတီ ဗဟိုကော်မီတီ ၀င်ဟောင်း  ဦးဘတင်သည် ဖေဖေါ်ဝါရီ ၄ရက်နေ့တွင် ဘင်္ဂလားဒေ့ခ်ျနိုင်ငံ ကော့စ်ဘဇားခေါ် (ဖလောင်းချိတ်)မြို့ နေအိမ်တွင် ကွယ်လွန် အနိစ္စရောက်သွားခဲ့သည်။

ပထမအကြိမ် ရခိုင် နယ်စပ်ဒေသ အာစရိယပူဇော်ပွဲ နံသာတောင်တွင် ကျင်းပ

ရခိုင်ပြည်နယ် အနောက်ဘက် နယ်စပ် မောင်တောမြို့မြောက်ပိုင်းတွင် တည်ရှိသော  နံသာတောင် ကျေးရွာ နယ်စပ်ဒေသ ပရဟိတ စာသင်တိုက်တွင် ပထမဆုံး အကြိမ် အာစရိယ ပူဇော်ပွဲ အခမ်းအနားတခုကို ဖေဖေါ်ဝါရီလ ၂ ရက်နေ့က ကျင်းပ ပြုလုပ် ခဲ့သည်ဟု သတင်း ရရှိသည်။

Burma News International is an unique network of eleven independent media organizations: Mizzima News, Shan Herald Agency for News, Phop Htaw News Agency, Khonumthung News Group, Narinjara News, Kaladan Press Network, Independent Mon News Agency, Network Media Group, Kantarawaddy Times, Karen Information Center and Kachin News Group.

Copyright © 2011 Burma News International, All rights reserved.
You are receiving our daily news because you signed up at
www.bnionline.net

Our mailing address is:
Burma News International
P.O box - 76
Chiang Mai, Thailand 50202

Download Burmese font here: http://www.bnionline.net/Zawgyi-One_v4.30_November_14_20.ttf


---------------------------------------------
 
Duty Editor
Burma News International


bnidutyeditor6m@gmail.com
www.bnionline.net







Sent to thuaung.com@gmail.com — why did I get this?
unsubscribe from this list | update subscription preferences
Burma News International · Burma News International · P.O box - 76 · Chiang Mai University P.O, Chiang Mai 50202
Email Marketing Powered by MailChimp