February 14, 2013 (Burmese Version)

 

သတင်းလွှာကို ကောင်းကောင်းမမြင်ရပါက ဤနေရာသို့နှိပ်ပါ။

 
 

မန္တလေးရှိ ရှေးထိုင်းဘုရင် အုတ်ဂူ တူးဖော်စစ်ဆေးမည်

ထိုင်းဘုရင့်ဂူ အပါအ၀င် သမိုင်းဝင် အဓိကရ ပုဂ္ဂိုလ်များ မြှုပ်နှံထားသော ဤလင်းဇင်းကုန်း သုဿန်သည် မန္တလေးမြို့ ချဲ့ထွင်မည့် စီမံကိန်းတွင် ပါဝင်နေရာ ဒေသအာဏာပိုင်များက ဖျက်ဆီးပစ်မည့် အထဲတွင် ပါဝင်နေသည်။ R ead More

 

ဒေါ်အောင်ဆန်းစုကြည်ကို ယုံကြည်ကြောင်း ဒု ဗိုလ်ချုပ်ကြီး ယွက်စစ် ပြော

ဒေါ်အောင်ဆန်း စုကြည်ကို ကျနော်တို့ အနေနဲ့လည်း ယုံကြည်တယ်၊ ဘာဖြစ်လို့လဲ ဆိုတော့ ဒီပြည်ထောင်စုထဲမှာ ဒီမိုကရေစီကို လမ်းစ တံခါး လာဖွင့်ပေးတာလည်း ဒေါ်အောင်ဆန်းစုကြည်ပဲ ဖြစ်တယ် Read More

 

ရခိုင်ပြည်နယ်အရေးကိစ္စ သက်ဆိုင်ရာ လူမျိုးစု ၂ စုတို့ ညှိနှိုင်းအဖြေရှာရမည်ဟု ကင်တားနားပြော

ယင်းသို့ တွေ့ဆုံစဉ် ရိုဟင်ဂျာဆိုသည့် အသုံးအနှုန်းများကို မသုံးဘဲ ဘင်္ဂါလီ ဆိုသည့် အသုံးအနှုန်း ကိုသာ သုံးစွဲ ပြောဆိုခဲ့ကြောင်း Read More

 

နိုင်ငံခြားသားများ နေပြည်တော်သွားရန် ခွင့်ပြုထားသော်လည်း ဝင်ရောက်မှု မရှိသေး

နေပြည်တော်သည် မြန်မာပြည်၏ မြို့တော်သာဖြစ်ပြီး သဘာဝ အလှအပများ၊ ရှေးဟောင်း အမွေအနှစ်များ မရှိခြင်းကြောင့် နိုင်ငံခြား ခရီးသွားများ သွားရောက် လည်ပတ်မှု အတွက် စိတ်မ၀င်စားကြောင်း Read More

 

တက္ကသိုလ် အရန်တပ်ရင်း ပြန်လည် ဖွင့်လှစ်

“တက္ကသိုလ် ကျောင်းသားလူငယ်တွေ ပညာသင်ကြားရေး တခု တည်းတင် မဟုတ်ဘူး၊ အခြေခံစစ်ပညာ၊ လက်နက်ငယ် စစ်ရေးဗျူဟာ၊ အုပ်ချုပ်ရေးပိုင်းပါ တတ်မြောက်အောင် သင်ကြားမယ့် ရည်ရွယ်ချက်ပါ” Read More

 

ကိုယ့်ကိုယ်ကို သတ်သေတော့မည် ဆိုလျှင်

အိမ် အပေါ်ထပ်မှ ခုန်ချသူ၊ အဆိပ်သောက်သူ၊ ဆွဲကြိုးချသူ စသဖြင့် နည်းမျိုးစုံနဲ့ သေကြောင်းကြံကြတဲ့ သတင်းတွေ တွေ့ရသည်။ အတော်များများကလည်း အထမြောက်တာ တွေ့ရ၏။ Read More

 

ဒုတိယပင်လုံ ပေါ်ထွန်းပါစေ

ထာဝရငြိမ်းချမ်းရေးကို လူမျိုးစုံ တိုင်းရင်းသား အားလုံးနှင့် တသဘောတည်း လက်ရည်တပြင်တည်း တည်ဆောက်လိုလျှင် ပင်လုံကဲ့သို့ တန်းတူရေးနှင့် ကိုယ်ပိုင် ပြဌာန်းခွင့်တို့ အပေါ် တိုင်းရင်းသား အားလုံး သဘောတူ လက်ခံမည့် အာမခံချက်ကို ဖော်ဆောင်ရမည် Read More

 

ဝဲလ်ဘက်၊ ရော်နယ်ဒိုတို့ရဲ့ ဂိုးတွေနဲ့ ရီးယဲလ် – မန်ယူ သရေကျ

ပရိသတ် မျှော်လင့်ထားကြတဲ့ ဗန်ပါစီနဲ့ ရွန်းနီတို့ ဟာ သိပ်ခြေစွမ်း မပြနိုင်ခဲ့ကြဘဲ နောက်တန်းက အီဗန်၊ ဂျုန်းစ်၊ ၀ဲဘ်ဘက်တို့ကို မန်ယူပရိသတ်များက ချီးကျူးပြောဆို ခဲ့ကြပါတယ်။ Read More

 

ဗိုလ်ချုပ်တွေ ပင်စင်ယူတဲ့အခါ ဝန်ကြီး ရာထူးရတာ အစဉ်အလာ ဖြစ်လာပြီလား

ဆက်သွယ်ရေး ၀န်ကြီးအဖြစ် ဗိုလ်ချုပ်ကြီးမြတ်ဟိန်းကို ခန့်အပ်မှုသည် စစ်တပ်ကြီးစိုးသော စနစ်ကို ပြန်လည် အသက်သွင်းမှု အဖြစ် နိုင်ငံရေးသမားများက ဝေဖန်ကြသည်။ Read More

 

မြန်မာကလေးများနေ့ အလှူ (ရုပ်/သံ)

မြန်မာနိုင်ငံ ကလေးများနေ့မှာ ရန်ကင်းမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD က ဦးဆောင်ပြီး ရန်ကင်း ကလေးဆေးရုံမှာ ဆေးကုသခံနေရတဲ့ ကလေးငယ်တွေ အတွက် အဟာရဒါန နဲ့ ကစားစရာ အရုပ်တွေကို ပေးအပ်လှူဒါန်းခဲ့ပါတယ်။ Read More

 

အနုပညာဖန်တီးမှုနှင့် လွတ်လပ်ခွင့် (ရုပ်/သံ)

နိုင်ငံတကာမှာ မြန်မာ့ပန်းချီပညာ ပိုမိုထိုးဖေါက်နိုင်ဖို့ လက်ရှိ အခြေအနေထက် ပိုမိုလွတ်လပ်တဲ့ ဖန်တီးမှုတွေကို စီစစ်ရေးအနေနဲ့ ခွင့်ပြုသင့်ကြောင်း ပန်းချီဆရာတွေ ပြောဆိုထားတာကို ဧရာဝတီမှ တင်ဆက်ထားပါတယ် Read More

 

အိန္ဒိယ အောက်လွှတ်တော် ဥက္ကဋ္ဌ နှင့် ဦးသိန်းစိန် တွေ့ဆုံ

သမ္မတ ဦးသိန်းစိန်နှင့် အိန္ဒိယနိုင်ငံ အောက်လွှတ်တော် ဥက္ကဋ္ဌ Honourable Smt. Miera Kumar တို့ ယမန်နေ့က နေပြည်တော်၌ တွေ့ဆုံသည်။ ယင်းသို့ တွေ့ဆုံရာ၌ ကုလားတန်မြစ် စီမံကိန်း အကောင်အထည် Read More

 
 

စစ်ဗိုလ်ချုပ် နှစ်ဦးကို ၀န်ကြီးများ ခန့်

စစ်ဗိုလ်ချုပ် နှစ်ဦးကို ပြည်ထောင်စု ၀န်ကြီးများ အဖြစ် သမ္မတ ဦးသိန်းစိန် က ခန့်အပ်လိုက်သည်။ ဗိုလ်ချုပ်ကြီး မြတ်ဟိန်း ကို ဆက်သွယ်ရေးနှင့် သတင်း အချက်အလက် နည်းပညာ ၀န်ကြီးဌာန ၀န်ကြီး၊ ဒုတိယ ဗိုလ်ချုပ်ကြီး သက်နိုင်ဝင်းကို နယ်စပ်ရေး ရာ ၀န်ကြီးဌာန ၀န်ကြီး အဖြစ် ခန့်အပ်ကြောင်း ထုတ်ပြန်ထားသည်။ Read More

 
 

ငြိမ်းချမ်းရေးအတွက် အချိန်မရွေး လာဆွေးနွေးရန် ကာကွယ်ရေး ဦးစီးချုပ် ပြော

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တပ်ဖွဲ့ များအနေဖြင့် အမှန်တကယ် ငြိမ်ချမ်းရေး ရယူလိုပါက အချိန်မရွေး လာရောက်တွေ့ ဆုံဆွေးနွေးနိုင်ကြောင်း ဖိတ်ခေါ်လိုက်သည်။ Read More

 
 

ဧရာဝတီတိုင်း လွှတ်တော် အထူးအစည်းအဝေး ခေါ်

လစ်လပ်နေသည့် လွှတ်တော်ဥက္ကဋ္ဌနေရာ ရွေးချယ်တင်မြှောက်ရန် ဧရာဝတီတိုင်းဒေသကြီး လွှတ်တော် အထူးအစည်းအဝေး တရပ်ကို ယနေ့ ခေါ်ယူထားကြောင်း သိရသည်။ Read More

 
 

ဤသတင်းလွှာမှာ ဧရာဝတီအင်တာနက်စာမျက်နှာက သတင်း၊ ဆောင်းပါး၊ အယ်ဒီတာ့အာဘော်နဲ့ အခြားကဏ္ဍတွေအားလုံး ပါဝင်ပါတယ်။ သိလိုတာ များရှိရင် news@irrawaddy.org ကို အီးမေးလ်ပို့ပြီး မေးမြန်းနိုင်ပါတယ်။

 

ဧရာဝတီနေ့စဉ်သတင်းလွှာကို ဆက်မယူလိုတော့ပါက ဤနေရာသို့ နှိပ်ပါ။ သတင်းလွှာယူသူများစာရင်းမှ အလိုအလျောက်ပယ်ဖျက်ပြီး ဖြစ်ပါလိမ့်မယ်။