[mrsorcerer:37184] Your Life Success | သင့်အတွက် အရေးအကြီးဆုံးအရာတွေအတွက် အချိန်ဘယ်လိုရှာမလဲ?

သင့်အတွက် အရေးအကြီးဆုံးအရာတွေအတွက် အချိန်ဘယ်လိုရှာမလဲ?

ဘ၀မှာ အရေးကြီးတဲ့အရာတွေ အများကြီးရှိပါတယ်။

သင့်ရဲ့ မိသားစုနဲ့ မိတ်ဆွေတွေ။ သင့်ရဲ့ ၀ါသနာတစ်ခုခုလည်း ဖြစ်နိုင်ပါတယ်။ ကျန်းမာအောင်နေထိုင်ဖို့။ ပြီးတော့ စာဖတ်ခြင်း၊ သင်ယူလေ့လာခြင်း၊ လူတစ်ယောက်အဖြစ် ကြီးထွားလာခြင်း။

ဒါပေမယ့် ဘ၀မှာ အရေးအကြီးဆုံးအရာတွေအတွက် အချိန်ရအောင်ရှာဖို့ဆိုတာ အမြဲတမ်းတော့ မလွယ်ကူလှပါဘူး။ တစ်ခါတစ်ရံမှာ တစ်နေ့တာရဲ့ အချိန်တွေဟာ မလုံလောက်ဘူးလို့တောင် ခံစားရပါတယ်။

သင် အဲဒီလို မခံစားရဘူးဆိုရင်တောင်မှ သင့်ရဲ့အချိန်အသုံးချမှုကို ပိုပြီး တိုးတက်အောင်လုပ်ဖို့ နည်းလမ်းတွေ ရှိပါတယ်။ ဒီဆောင်းပါးမှာ၊ ထိရောက်တဲ့နည်းလမ်းတစ်ချို့ကို ကျနော် မျှဝေလိုပါတယ်။


အာရုံစူးစိုက်ပါ

သင့်ရဲ့ဘ၀အတွက် ဘာတွေက အရေးအကြီးဆုံးလဲဆိုတာကို အာရုံစူးစိုက်မှုမရှိဘူးဆိုရင် ရည်ရွယ်ချက်မဲ့အပြုအမူတွေ၊ ရည်ရွယ်ချက်မဲ့အလုပ်တွေမှာ အချိန်နဲ့ ခွန်အားတွေ ကုန်ဆုံးသွားဖို့ လွယ်ကူပါတယ်။ သင့်အတွက် အမှန်တကယ် အရေးမကြီးပေမယ့် အလေ့အကျင့်အရ၊ ဒါမှမဟုတ် တခြား ခိုင်လုံတဲ့ အကြောင်းပြချက်တွေမရှိဘဲ လုပ်ဖြစ်နေတဲ့ အလုပ်မျိုးတွေပေါ့။

ပိုပြီး အာရုံစူးစိုက်နိုင်ဖို့ -

သင့်အတွက် အရေးအကြီးဆုံး၊ သင် အလေးအပေးဆုံး အရာ ၄ ခုကို ချရေးပါ။ ပြီးတော့ သင် နေ့စဉ် မြင်တွေ့နိုင်တဲ့နေရာမှာ ထားပါ။ သင့်ရဲ့ အာရုံကိုမှန်ကန်တဲ့နေရာမှာ ထားဖို့ဆိုတာ သင့်ကိုယ်သင် နေ့စဉ်နေ့တိုင်း သတိပေးနေဖို့လည်း လိုအပ်ပါတယ်။ သင့်ကိုယ်သင် အချိန်ပေးပြီး တွေးကြည့်လိုက်ပါ။ ပြီးတော့ အခုလက်ရှိမှာ သင့်ဘ၀အတွက် အရေးအကြီးဆုံးဖြစ်နေတဲ့အရာတွေကို ၄ ခုပဲ ကျန်အောင် လျှော့ချလိုက်ပါ။ အဲဒီ ၄ ခုကို စာရွက်နှစ်ရွက်ပေါ်မှာ ရေးထားပါ၊ တစ်ရွက်ကို သင့်ရဲ့ အလုပ်စားပွဲမှာ ကပ်ထားပါ၊ ကျန်တဲ့တစ်ရွက်ကို သင့်ရဲ့ အိပ်ရာဘေးမှာ ကပ်ထားပါ။

အနှောင့်အယှက်တွေကို နည်းအောင်လုပ်ပါ။ သင့်ကိုယ်သင် မေးကြည့်ပါ – သင့်ကို သင့်ရဲ့ အလုပ်တွေကနေ အာရုံစိုက်လို့မရအောင်လုပ်နေတဲ့ အရာ ၃ ခုက ဘာတွေလဲ? ပြီးတော့ အဲဒီအရာတွေ သင့်ကို မနှောင့်ယှက်နိုင်အောင် ဘယ်လိုလုပ်နိုင်မလဲဆိုတာ နည်းလမ်းရှာပါ။ အဲဒီနည်းလမ်းတွေက ဒါတွေ ဖြစ်ချင်ဖြစ်နိုင်ပါတယ် – သင့်ရဲ့ ရုံးခန်းတံခါးကို ပိတ်ထားတာ၊ ဖုန်းကို တစ်နာရီလောက်ဖြစ်ဖြစ်ပိတ်ထားတာ၊ ဒါမှမဟုတ် facebook notifications တွေကို ပိတ်ထားလိုက်ပါ။

ဟန်ချက်ညီမှုကို ရှာဖွေပါ။ သင်ဟာ အလုပ်ပြီး အလုပ် ဆက်တိုက်လုပ်နေမယ်ဆိုရင် အာရုံမစူးစိုက်နိုင်ဘဲ ဖြစ်သွားနိုင်ပါတယ်၊ ပြီးတော့ ရက်သတ္တပတ်တွေ ကြာလာတာနဲ့အမျှ သင့်ကို ပိုပြီး ပင်ပန်းနွမ်းနယ်လာစေပါတယ်။ ပိုကောင်းတဲ့နည်းလမ်းကို ရှာဖွေပါ။ Timer ကို သုံးပါ။ သင့်ရဲ့ဖုန်းနဲ့ပဲ ဖြစ်ဖြစ်၊ နာရီနဲ့ပဲ ဖြစ်ဖြစ်ပေါ့။ အဲဒီ Timer ကို ၄၅ မိနစ် ပေးထားလိုက်ပါ။ ပြီးရင်တော့ အံဆွဲထဲမှာဖြစ်ဖြစ်၊ သင်မမြင်နိုင်တဲ့တစ်နေရာရာမှာ ထည့်ထားလိုက်ပါ။
ဒီ ၄၅ မိနစ်အတွင်းမှာ သင့်ကိုယ်သင် အနှောင့်အယှက်တွေ ကင်းအောင် လုပ်ပါ။ ပြီးတော့ နာရီ မမြည်မချင်း အလုပ်ထဲမှာပဲ ကိုယ့်ကိုယ်ကိုယ် နှစ်မြှုပ်ထားလိုက်ပါ။ အဲဒီနောက်တော့ Timer ကို ၁၅ မိနစ် ထပ်ပေးပြီး အနားယူလိုက်ပါ။ သင့်အလုပ်စားပွဲကနေ ထသွားပါ။ ဒါမှမဟုတ် ဖြစ်နိုင်ရင် လမ်းထွက်လျှောက်ပါ။ မုန့်တစ်ခုခု ထွက်စားပါ။ ဒါမှမဟုတ် တစ်ယောက်ယောက်နဲ့ အလုပ်အကြောင်းမဟုတ်တဲ့ စကားစမြည်ပြောပါ။


ရိုးရှင်းပါ

သင် ကန့်သတ်ထားနိုင်တဲ့ အရာတစ်ချို့ -

သင့်ရဲ့ နေ့စဉ် အချက်အလက်သွင်းယူမှု။ သင်ဖတ်နေတဲ့ Blog တွေ၊ သတင်းစာတွေ၊ မဂ္ဂဇင်းတွေ၊ စာဖတ်အသင်းတွေ၊ ရေဒီယိုအစဉ်အစဉ်တွေ၊ တီဗီအစီအစဉ်တွေကို လျှော့ချလိုက်ပါ။ သင့်အတွက် တစ်ခုခု အမှန်တကယ်ရမယ့် အရာတွေကိုသာ ချန်ထားပါ။

Facebook ။ သင့်ရဲ့ Facebook Notifications တွေကို တစ်နေ့မှာ ဆယ်ကြိမ်လောက် စစ်နေမယ့်အစား တစ်နေ့မှာ တစ်ကြိမ်ပဲ စစ်ပါ။

လူမှုရေးကိစ္စများ။ ကျောင်းဆင်းတဲ့အခါ၊ ဒါမှမဟုတ် အလုပ်ပြီးတဲ့အခါ သင် ပါဝင်နေကျ လူမှုရေးကိစ္စတွေက ဘာတွေလဲ။ အဲဒါတွေကို စာရင်းပြုလိုက်ပါ။ သင်ပါဝင်နေတဲ့ club အသင်းတစ်ခုခုဟာ အရင်ကလောက် ပျော်စရာမကောင်းတော့တာ၊ အကျိုးမရှိတော့တာမျိုး ဖြစ်နေနိုင်ပါတယ်။ ဒါမှမဟုတ် သင်ဟာ ဒီနှစ်မှာ တခြားအရာတစ်ခုခုကို ပိုပြီး အာရုံစိုက်နိုင်ဖို့ သင် လက်ရှိအချိန်ပေးနေတဲ့အရာတွေကို ပြန်ဆန်းစစ်ကြည့်တာမျိုးလည်း သင် လုပ်ချင်မှာပါပဲ။


လျှော့ချပါ၊ ဒါမှမဟုတ် ဖယ်ထုတ်ပစ်ပါ

အပေါ်မှာ ဖော်ပြခဲ့တဲ့အရာတွေအပြင် တခြား ဘယ်အရာတွေကို သင် လျှော့ချနိုင်၊ ဖယ်ထုတ်ပစ်နိုင်ပါသလဲ? အလုပ် ဒါမှမဟုတ် ကျောင်းက တွေ့ဆုံပွဲတစ်ချို့လား။ ဒါမှမဟုတ် သင် အချိန်အများကြီးပေးပြီး ၀င်ကြည့်ဖြစ်နေတဲ့ အွန်လိုင်းအသင်းတွေလား။

သင်လုပ်နေကျဖြစ်လို့ ဆက်လုပ်နေတာမျိုးထက် သင့်ရဲ့ အလေ့အကျင့်တွေနဲ့ပတ်သက်လို့ မေးခွန်းထုတ်ကြည့်ပါ၊ ပြန်စဉ်းစားပါ။ သင့်အတွက် အရေးအကြီးဆုံးအရာတွေကို အချိန်ပေးနိုင်ဖို့ ဘယ်လိုအပြောင်းအလဲတွေကို လုပ်နိုင်သလဲဆိုတာ ကြည့်ပါ။

ဒီနှစ်မှာ သင့်ရဲ့ အချိန်တွေကို သင် ဘယ်လိုအသုံးပြုမလဲ?


Ref: How to Find More Time for the Things that Mean the Most to You This Year by Henrik Edberg


LikeYour Life Success on Facebook !


Related Articles:

သင့်ရဲ့ဘ၀ဟာ ရေခွက်တစ်ခွက်နဲ့ တူပါတယ်

အိပ်ရာစောစောထသူတစ်ယောက်ဖြစ်ဖို့

အောင်မြင်ပျော်ရွှင်ဖို့ ၂၀၁၃

အချိန်မလောက်တဲ့သူတွေအတွက်

သင့်စွမ်းအင်များကို ဖော်ထုတ်ပါ



အောင်မြင်ပျော်ရွှင်ရေး၊ လူမှုဆက်ဆံရေးနှင့်န့စဉ်ဘ၀အတွက် စိတ်ဓာတ်ခွန်အား

Your Life Success

www.yourlifesuccess.blog.com

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
 
---
You received this message because you are subscribed to the Google Groups "မှော်ဆရာ အဖွဲ့  ( Ѧя Ƨσяcɛяɛя )" group.
To unsubscribe from this group and stop receiving emails from it, send an email to mrsorcerer+unsubscribe@googlegroups.com.
For more options, visit https://groups.google.com/groups/opt_out.