[mrsorcerer:37185] Fwd: [လူဗိုလ်ဟူသည် ...] နောက်မီလျှံနာတစ်ယောက်အကြောင်း



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2013/2/3
Subject: [လူဗိုလ်ဟူသည် ...] နောက်မီလျှံနာတစ်ယောက်အကြောင်း
To: lubo601@gmail.com


by Than Saw on Sunday, February 3, 2013 at 9:15am ·


ကွန်နက်ရှင်မကောင်းဘူး။ ထူးခြားတယ်။ ဓါတ်ပုံတွေတင်တာ အဆင်မပြေဘူး။ ပြုတ်ကျလွန်းလို့ ထပ်ကာတလည်းလည်း နည်းပေါင်းစုံနဲ့ တင်နေရတယ်။ ဗိုက်လည်း ဆာလာပြီ။


ဗြိတိန်က သူဌေးတွေအကြောင့်ဖွင့်ချလို့ လုံခြုံရေး အစောင့်ခွေးတွေ လာရိုက်နေသလားလို့တောင် ထင်မိတယ်။ ဗြိတိန်အကြောင်းကို အဖြူတွေအချင်းချင်းက ဒီလိုရေးရင် ဘယ်သူကမျှ မပြောဘူး။ တခြားနိုင်ငံကလာနေသူဆိုတော့ သစ္စာမစောင့်ဘူးလို့ ပြောခြင်ပြောမယ်။

မနုဿပညာရှုထောင့်အရ ကောင်းသောသူရော မကောင်းသောသူအကြောင်း အားလုံး ရေးသား ပြောသာပါ။ အတင်းအဖျုင်းလို့ ပြောလည်း ခံရမှာဘဲလေ။ အတင်းအဖျင်း ဘဲဟာ။

မနေ့က Harrods မသွားခင် ပထမလေ့လာတဲ့ ဆိုင်သုံးခုအထဲက Pesto တဘူးနဲ့ ပေါင်မုန့်တစ်ထုတ်ဝယ်မိလို့ Harrods ဆိုင်ထဲ အထုတ်ကို မယူသွားခြင်လို့၊ အိမ်ပြန်လာထားသာ ဓါတ်လှေကားမှာ ကျမတို့ တိုက်ကြီးထဲမှာ နေတဲ့ မီလျှံနာတစ်ယောက်နဲ့ သူသားကို  တွေ့တယ်။ သူတို့ အကြောင်းပြောရအုန်းမယ်။

လွန်ခဲ့တဲ့ ၈နှစ်လောက်က ရုပ်အင်မတန်ရုပ်ဖြောင့်တဲ့ အင်္ဂလိပ်လူမျိုးရယ် အီရန်မလား အီတာလျှံမလား ဂရိမလား မသိတဲ့ အင်မတန် ချော အရပ်ရှည်တဲ့ဇနီးရယ် အင်မတန်ရိုင်းတဲ့ သားငယ်လေး ကျမတို့ရဲ့ အရင်က သက်ကြီးရွယ်အို ဒုက္ခတမစွမ်းမသန်သူတွေအတွက် စပယ်ရှယ်ဒီဇိုင်းနဲ့ ဆောက်ထားပေးတဲ့ မိုးပျံတိုက်ကြီးမှာ အိပ်ခန်း၂ခုပါတဲ့ အိမ်ခန်းကိုဝယ်ပြီး ဝင်လာတယ်။

ဒီလိုမီလျှံနာတွေက ဒီအိမ်ခန်းတွေကို အိပ်ခန်း ၁ခုဘဲရှိတဲ့ ကျမလို အိမ်ခန်းကို ကာလပေါက်ဈေး ပေါင် ၄ သိန်းခွဲအထိ Cash Down  ငွေချက်ခြင်း  ပေးချေ ဝယ်သူတွေဖြစ်တယ်။

အိပ်ခန်း၂ ခုပါရင်တော့ ဘယ်လောက်ဖြစ်မလည်း စဉ်းစားကြည့်ပါ။

မီလျှံနာ ဂျူးမကြီးနဲ့ မီလျှံနာ ဂျာမန်မကြီးလို လိမ်ပြီး ကျမအိမ်ခန်းလို အိမ်ခန်းတွေကို  ပေါင် တစ်သောင်းခွဲလောက်နဲ့ လွန်ခဲ့တဲ့ ၃၅ နှစ်လောက်က ဝယ်ခဲ့သူတွေမဟုတ်ပါ။ ဒါ့ကြောင့် Cash Down ဝယ်နိုင်သူ မီလျှံနာတွေက ဘယ်အိမ်နီးချင်းကိုမျှ လူမထင်ပါ။

ကျမအလုပ်က စောစောပြန်လာတိုင်း သူတို့မိသားစုဆီကို Harrods, Selfridges, John Lewis, Waitrose တို့က ယဉ်ကြီးယဉ်ငယ်တွေ သူတို့ မိသားစုအတွက် အင်တာနက်ကမှာသာတွေကို အထုတ်ကြီး အထုတ်ငယ်နဲ့ အပတ်စဉ် လာပို့ပေးနေသာကို ကြုံရတယ်။ မြေပေါ် ခြေမကျသူတွေပါ။

အင်္ဂလိပ်ယောက်ျားက ကျမနဲ့ ဓါတ်လှေခါးထဲမှာ နှစ်ယောက်ထဲရှိသာတောင် Hello Goodbye အစမှာ မလုပ်ပါ။ ကိုယ်နောက်က ရောက်လာလို့ အဝင်တံခါး အရင်ဖွင့်ပေးမိတဲ့ အခါမှာတော့ ကျေးဇူးတင်စကားကို မျက်နှာ မကြည့်ဘဲ ပြောသူပါ။

ဘာမျှ မကြာပါဘူး။ အင်မတန် ကြွားခြင်တဲ့ စပ်စုတတ်တဲ့ ဒီလူရဲ့ ဇနီးက ဓတ်လှေခါးထဲမှာ ကျမကို မိတ်ဖွဲ့ပါတော့တယ်။ အလာပသလာပပြောတယ်။ အိုင်တို့က ဒီအိမ်စုတ်မှာ လာနေသာ ယောက်ျားမြို့လည်ခေါင်မှာ အလုပ်ရှိတော့ အဆင်ပြေလို့တဲ့။ သူတို့ တခါတခါ ပျောက်နေတာ နယ်မှာရှိတဲ့ country house မှာ ပြန်နေလို့တဲ့။ ဒီအိမ်စုတ်မှာ နေရတာ စိတ်ကုန်ရင် ခဏပြန်နေသာတဲ့။ ဟိုနေ့ဒီနေ့မှာ ဟောလီဒေးကပြန်လာတဲ့။

သူတို့ရဲ့ ကားခေါင်မိုးပေါ်မှာ ရွက်လှေအသေးစားတင်ထားတဲ့ သိန်းချီတန် ကားကို လူမြင်အောင် တိုက်ကြီးဘေး လမ်းပေါ်မှာ မြို့တော် ကောင်စီကို ပိုက်ဆံအများကြီးပေးပြီး ရပ်ထားတယ်လေ။ ကျမတို့ တိုက်ကြီးပတ်ပတ်လည်မှာ ကားပတ်အကြီးကြီးတွေ ၃ ခုတောင်ရှိတယ်။ အဲဒီမှာ ဒီသိန်းချီတန်ကား သွားမထားဘူးလေ။ ရွက်လှေ အမိုးပေါ်မှာ ရှိနေလို့ ကားပတ်က်တွေက လက်မခံသာလားတော့ မသိပါ။

၂၀၀၇ ခုနှစ်မှာ ကျမက အမိုးပေါ်မှာ ပန်းခြံစိုက်တော့ မိန်းမကစိတ်ဝင်စားတယ် အီတာလျှံ ဟင်းချက် အမွှေးအကြိုင် အရွက်တွေလတ်လတ်ဆတ်စားခြင်လို့တဲ့။ ကျမက အချိန်မရွေးသွားခူးစားပါဆိုတော့ အိုး မွတ်စလင် ဆယ်ကျော်သက် ကောင်လေးတွေ ပန်းအိုးတွေထဲ သေးပန်းနေသာ သူပြူတင်းပေါက်က မြင်ရသတဲ့။ သူမွတ်စလင်သေးပန်းထားတဲ့ ဟင်းသီးဟင်းရွက်မစားဘူးလို့ ပြောတော့မှဘဲ ကျမသိလိုက်တယ်။ အီတာလျှံမကိုး။

၂၀၀၉ လောက်မှာ ဗြိတိန်မှာ ဘဏ်တွေ ဘိုင်ပြတ်ကုန်လို့ အစိုးရက ပြည်သူ့အခွန်အထဲက ယူပြီး ဘဏ်တွေ ဒေဝါလီ မခံရအောင်ကူညီတယ်။ အဲဒီအခါမှာ ဘဏ်တွေ မှီပြီး  စတော့ရှယ်တွေနဲ့ ချမ်းသာတဲ့ တချို့သူဌေးတွေ ဒေဝါလီခံကြရတယ်။ အင်္ဂလိပ် သန်းကြွယ်သူဌေးတစ်ယောက်ဟာ အရင်ကလို အဆင့်အတန်းမျိုးမနေနိုင်တော့လို့ သမီး မိန်းမ ခွေး အားလုံးသတ်၊ အကြွေးရှင်လက်ထဲ အပ်ရတော့မဲ့ နန်တော်လိုအိမ်ကို မီးမြိုက်ပြီး ကိုယ့်ကိုယ်ကိုယ် ပြစ်သတ်သေခဲ့တယ်။

တနေ့မှာ ဒီအင်္ဂလိပ် ကျမနောက်က ခေါင်းငိုက်စိုက်ကြပြီး လိုက်လာသာတွေ့ရတယ်။ ကျမက ဘတ်စကားစီးပြီး ဗစ်တိုးရီယား ဘူတာရုံသွား. ပြီးရထားစီးပြီး လဝကရုံးချုပ်ကို အလုပ်သွားဖို့လေ။ သူက ကျမကို ဟိုင်းလို့ ပထမဦးဆုံး အကြိမ်နှုတ်ဆက်ပြီး ကျော်တက်သွားတယ်။ ပစ်ကာဒစ်လီဆပ်ကပ်က ဘတ်စကား အမှတ် ၃၉ မှတ်တိုင်မှာ သူခေါင်းငိုက်စိုက်နဲ့ ဘတ်စ်ကားစောင့်နေသာ တွေ့လိုက်ရတယ်။ အမှတ် ၃၉ က ကျမစီးမဲ့ ဘတ်စကားပါ။ ကျမဘတ်စကား မှတ်တိုင်မှာ ဆိုက်တော့ သူလည်းလိုက်တက်လာတယ်။ သိပ်အံသြသွားတယ်။ အင်မတန် မာနကြီးတဲ့ မီလျှံနာဘာ့ကြောင့် သေမဲ့ရုပ်နဲ့ ဘတ်စ်ကားလာစီးသာလည်း တွေးမိတယ်။ တခါ ဟိုင်းလုပ်ထားလို့ ထပ်မဟိုင်းတော့ဘူး။ ဗစ်တိုးရီယား ဘူတာရုံက ကားနောက်ဆုံး မှတ်တိုင်ကျမှ သူဆင်းပြီး ဗော့စ်ဟောတံတား လမ်းဘက်သွားတာ တွေ့မိတယ်။

ကျမက Easy Crydon သွားတဲ့ ရထားပေါ်မှာ တွေးမိတယ်။ အမလေး ဒီလူ တံတားပေါ်က ခုန်ချသေတော့မယ် တူတယ်။ မိန်းမက အဲဒီအချိန်မှာ ကလေးနှစ်ယောက်ရှိပြီး နောက်ဗိုက်က ထပ်ပူနေပြီ။  ဒုက္ခဘဲ မိန်းမနဲ့ ကလေး ၃ ယောက်တော့ လင်မရှိဘဲ ကျန်တော့မယ်လို့ တွေးပူမိတယ်။

အဲဒီနေ့က ဒီလူ သတ်မသေခဲ့ပါဘူး။ နောက်ပိုင်းမှာ ဓါတ်လှေခါးထဲမှာ ခဏခဏ ထပ်ဆုံတယ်လေ။ စကားစမည်လည်း စပြောလာတယ်။ ဘယ်နိုင်ငံကလည်းလို့ မေးတယ်။ အော် လူ့အခွင့်အရေး တော်တော် ချိုးဖောက်တဲ့ နိုင်ငံကပါလားလို့ ပြောတော့ ကျမသိပ် စိတ်မသက်သာပါ။

၂၀၀၉ နဲ့ ၂၀၁၀ မှာ မြို့တော်ကောင်စီက လူမိုက်ငှားထားတဲ့ ၄ ပေ ၆လက်မလောက်ရှိတဲ့ အမဲငမိုက်သားက ကျမရဲ့ ပန်းခြံနဲ့ ကျမကို နေ့တဓူဝ ဒုက္ခပေးတယ်။ လင်မယားနှစ်ယောက်စလုံး ကျမကို လာကူပေးတယ်။ သူတို့ကိုလည်း သိပ်ဒုက္ခပေးတယ် လို့ပြောတယ်။ မိန်းမက သူ့အခန်းကို လာလည်ပါလို့ ပြောတယ်။ ဖိတ်တယ်။ ဆင်ခြေဆင်ချက်တွေ ပေးပြီးမသွားတော့ သူတို့ဘဲ ကျမကို တွေ့ခြင်ရင် ပန်းခြံထဲမှာ ကျမရှိတုန်း ဆင်းလာတတ်ကြတယ်။

၂၀၁၁  နွေနှောင်း နေ့တနေ့မှာ ဒီလူရယ် သားလေးရယ် သမီးငယ်ရယ် ပန်းခြံထဲဆင်းလာတယ်။ ကလေးတွေက လူတွေခိုးတဲ့အခါပါမသွားဘဲ ကျန်ခဲ့တဲ့ ပန်းသီးတွေ မော့ကြည့်နေတော့ ကျမက ခူးပြီးပေးတယ်။ ဒီလူက အရမ်းဝမ်းသာသွားတယ်။ ကျမက ပန်းသီးတွေကို တကယ်ဘဲ ပေးမှာလားတဲ့ မေးတယ်။

ပြီး ပန်းသီးတွေက ကြီးနေတော့ ဒီလူက ခုံပေါ်မှာ ခဏတင်ပြီး မြန်မာပြည်အကြောင်း သူစပ်စုတယ်။

မိုးချုပ်ခါနီးကျတော့ အိမ်ပြန်သွားကြတယ်။ ပန်းသီးတွေ မေ့ကျန်ခဲ့တာ သတိမထားမိဘူး။ မကြာပါဘူး  ဒီလူ လှေခါးပေါ်က ကလေးတွေမပါဘဲ ပြေးဆင်းလာသာ တွေ့လိုက်ရတယ်။ ပန်းသီးတွေ ကျန်ခဲ့လို့ဆိုပြီး ပန်းသီးတွေ လာယူတယ်။ ကျေးဇူးတင်စကားလည်း ထပ်ခါတလည်းလည်းပြောတယ်။ ကလေးတွေက ပန်းသီးပေးလို့ သိပ်ပျော်နေကြသတဲ့။ သူ့မျက်နှာမှလည်း ပြုံးရွှင်နေလိုက်သာ။

ဒီမီလျှံနာ မိသားစုကတော့ ဗြိတိန် စီးပွားရေးကျပ်လို့ လူကောင်းတွေ ဖြစ်လာကြတဲ့သူတွေ ဖြစ်ပါတယ်။ ပြုံးလည်း ပြုံးတတ်လာတယ်။

တခါတုန်းက အင်မတန်ဈေးကြီးတဲ့ ဆိုင်တွေကဘဲ အင်တာနက်က မှာစားတတ်တဲ့ မြေပေါ်ခြေမချသူတွေပါ။ နယ်မှာ မြေရှိ နန်းတော်လို အိမ်တွေရှိခဲ့လို့ ပန်းသီးပင်တွေလည်း သူတို့နယ်က ခြံတွေမှာ ရှိနေခဲ့မှာပါ။

မနေ့က ဒီလူ ကိုယ်တိုင် ဈေးဝယ်ပြီး သားနဲ့ပြန်လာတယ်လေ။ Waitrose က အစားအစာတွေကို ကျွတ်ကျွတ်အိပ်တွေနဲ့ သယ်လာတယ်။ အခုသူတို့ တမိသားစုလုံး မြေပေါ်ကို ပြုတ်ကျလာပြီး မြေဆီနံ့ တသင်းသင်းကို စားနေကြလို့ မျက်နှာတွေမှာ အပြုံးကိုယ်စီပါ။ မြန်မာနိုင်ငံအကြောင်းမေးတဲ့အခါ ကိုယ်ကလည်း ဂုဏ်ယူစွာနဲ့ အားလုံးလောက်တော့ အဆင်ပြေနေပြီလို့ ဆိုခဲ့တော့ သူက မျက်ခုံးပင့်ပြတယ်။ သိပ်ယုံတဲ့ပုံတော့ မတွေ့ပါ။

ကျမက သူတို့မိသားစု ဘာလုပ်တယ်။ ဘာလူမျိုးလဲ။ ဘယ်နယ်မှာ အိမ်တွေရှိသာလည်း ဆိုသာတွေကို ၈နှစ်လုံးလုံး လုံးဝတခွန်းမှ မမေးခဲ့ပါ။ အိမ်ထဲဖိတ်သာလည်း တခါမျှမသွားခဲ့ပါ။ အရင် သိပ်ရင်းနှီးလာသာ လက်ခံခဲ့ မိလို့ နောက်ဆုံး မတတ်နိုင်ဘဲ ခွဲခွာခဲ့ရတဲ့ အတွေ့အကြုံတွေ ရှိခဲ့လို့ပါ။ ဘယ်သူ့ကိုမျှ နီးနီးကပ်ကပ် သိပ်ပြီး မခင်မင်လိုပါ။


--
Posted By Blogger to လူဗိုလ်ဟူသည် ... at 2/04/2013 11:34:00 AM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
 
---
You received this message because you are subscribed to the Google Groups "မှော်ဆရာ အဖွဲ့  ( Ѧя Ƨσяcɛяɛя )" group.
To unsubscribe from this group and stop receiving emails from it, send an email to mrsorcerer+unsubscribe@googlegroups.com.
For more options, visit https://groups.google.com/groups/opt_out.