[mrsorcerer:37202] Fwd: [လူဗိုလ်ဟူသည် ...] ခရမ်းလွန်ရောင်ခြည် အမြင့်ဆုံး အဆင့် ၉ သက်ရောက်နေ



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2013/2/4
Subject: [လူဗိုလ်ဟူသည် ...] ခရမ်းလွန်ရောင်ခြည် အမြင့်ဆုံး အဆင့် ၉ သက်ရောက်နေ
To: lubo601@gmail.com


ရွှေအိမ်စည်စာကြည့်တိုက် - စာပေဒါနပြုသည် shared အမေ့အိမ်'s photo.
ခရမ်းလွန်ရောင်ခြည် အမြင့်ဆုံး အဆင့် ၉ သက်ရောက်နေ  Monday, 04 February 2013     မြန်မာနိုင်ငံတွင် အမြင့်ဆုံးအဆင့် ခရမ်းလွန်ရောင်ခြည် အဆင့်ကိုးသို့   ရောက်ရှိနေပြီး သဘာဝ တောတောင် ရေမြေများ ရှိနေခြင်း တို့ကြောင့် ခံသာလျှက်ရှိကြောင်း၊ ယခုအဆင့်ထက် ကျော်လွန်နိုင်မည် မဟုတ်ကြောင်း မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်က ဆိုသည်။
Monday, 04 February 2013

မြန်မာနိုင်ငံတွင် အမြင့်ဆုံးအဆင့် ခရမ်းလွန်ရောင်ခြည် အဆင့်ကိုးသို့
ရောက်ရှိနေပြီး သဘာဝ တောတောင် ရေမြေများ ရှိနေခြင်း တို့ကြောင့် ခံသာလျှက်ရှိကြောင်း၊ ယခုအဆင့်ထက် ကျော်လွန်နိုင်မည် မဟုတ်ကြောင်း မိုးလေ၀သပညာရှင် ဒေါက်တာ ထွန်းလွင်က ဆိုသည်။

"လက်ရှိ အဆင့်က အဆင့်၉လောက်မှာရှိပါတယ် အဲ့ဒီအဆင့်ရဲ့ အကျိုးသက်ရောက်မှုက အရေပြားလောင်ရုံ အသားအရေခြောက်ရုံ အခြေအနေပါ။ သိပ်ပြီးစိုးရိမ်စရာမရှိပါဘူး။" ဟု ဦးထွန်းလွင်ကပြောသည်။
ခရမ်းလွန်ရောင်ခြည် အညွန်းကိန်း တိုင်းထွာချက် အရ အဆင့် သုည မှ ဆယ့်တစ်အထိ ရှိပြီး အပူချိန် အညွှန်းကိန်း အဆင့်အရ တိုင်းတာမှုအရ သုည မှ သုံး အထိသည် အနိမ်ဆုံးအဆင့်၊ လေး မှ ရှစ် အထိသည် အလယ်အလတ်အဆင့်နှင့် ရှစ် မှ ဆယ့်တစ် အထိကို အမြင့်ဆုံးအဆင့် ဟုသတ်မှတ် ထားကြောင်း သိရသည်။

ခရမ်းလွန်ရောင်ခြည် ထိတွေ့မှု အနိမ့်ဆုံးအဆင့်သည် အရေပြားလောင်ခြင်း အသားအရေ မွဲခြောက်ခြင်း၊ မှဲ့ခြောက်များဖြစ်ပေါ် မည်ဖြစ်ပြီး အမြင့်ဆုံး
အဆင့်တွင် အရေပြားကင်ဆာဖြစ်ခြင်း၊ သားသမီးမရနိုင်ခြင်းများနှင့်
မျက်စိချို့ယွင်းခြင်း အစရှိသည့် ရောဂါဝေဒနာများကို ခံစားရနိုင်ကြောင်း
ဒေါက်တာထွန်းလွင်က သုံးသပ် ပြောဆိုသည်။

"ခရမ်းလွန်ရောင်ခြည်က ဗီတာမင် D ဓါတ်ပါတယ်။ ဗီတာမင် D ဓါတ်ချို့တဲ့
လွန်းရင် အများအားဖြင့် ကလေးတွေမှာ အရိုးပျော့ရောဂါ ဖြစ်တတ်တယ်။ ခရမ်းလွန်ရောင်ခြည် များလွန်းရင်လည်း အရေပြားကင်ဆာဖြစ်နိုင်တယ်" လို့ ဒေါက်တာမြင့်ဦး (G.P) ကပြောသည်။

မွေးကင်းစ ကလေးငယ်များတွင် ဖြစ်တတ်သော အသည်းရောင် အသားဝါရောဂါ၊ ခရုသင်းရောဂါ အစရှိသော အရေပြားရောဂါ များကို ကုသရာတွင် ခရမ်းလွန်ရောင်ခြည်ကုထုံးဖြင့် ကုသရကြောင်း ၎င်းက ဆက်ပြောသည်။

အဆိုပါ ခရမ်းလွန်ရောင်ခြည် ကျရောက်ခြင်းမှ ကာကွယ်ရမည့်နည်းလမ်း
အချို့မှာ နေရောင်အောက်သို့ သွားမည်ဆိုပါက အပူဒဏ်ကာကွယ်ပေးနိုင်
မည့် မျက်မှန် ၊ ဦးထုပ်နှင့် ထီးများကို အသုံးပြုသင့်သည် ဒေါက်တာထွန်းလွင်
က အကြံပြုပြောဆိုသည်။

မြန်မာနိုင်ငံသို့ ခရမ်းလွန်ရောင်ခြည်ကျရောက်ရခြင်းမှာ အိုဇုန်းလွှာပေါက်ခြင်း
၏ အကျိုးဆက်ကြောင့် ဖြစ်သော်လည်း အဆင့်ခုနှစ်သာရှိပြီး မြန်မာနိုင်ငံမှ
ရေမြေ တောတောင် အားသာချက်များကြောင့်လည်း အဆင့် (၉)ထပ်
ကျော်လွန်နိုင်မည် မဟုတ်ဟု ၄င်းက ဆက်လက်ပြောသည်။

ကမ္ဘာကြီးမှာတိုးတက်လာသည်နှင့် အမျှစက်ရုံအလုပ်ရုံများ ပေါ်ပေါက်လာပြီး အဆိုပါစက်ရုံများမှ လောင်စာများ စွန့်ပစ်ပစ္စည်းများကို မီးရှို့ရာမှ ထွက်ပေါ်
လာသည့် ဓါတ်ငွေ့များသည် လေထုညစ်ညမ်းမှုများ ဖြစ်ပေါ်လာသော
ကြောင့် အိုဇုန်းလွှာပေါက်ရခြင်း ဖြစ်သည်။

Myit Makha Mediagroup


--
Posted By Blogger to လူဗိုလ်ဟူသည် ... at 2/05/2013 11:37:00 AM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
 
---
You received this message because you are subscribed to the Google Groups "မှော်ဆရာ အဖွဲ့  ( Ѧя Ƨσяcɛяɛя )" group.
To unsubscribe from this group and stop receiving emails from it, send an email to mrsorcerer+unsubscribe@googlegroups.com.
For more options, visit https://groups.google.com/groups/opt_out.