အလွယ်တကူ ကူးစက်နိုင်သောကြောင့်ဖြစ်ပါတယ်..ရေကူးကန်တစ်ကန် ထဲသို့
ပိုးအားလုံးပြန့်နှံ့ ကူးစက်နိုင်ဖို့အတွက် HIV ပိုးရှိတဲ့သွေး တဇွန်းပမာဏလောက်ထဲ့ရမယ့်နေရာမှာ
ဘီပိုးသွေးအတွက်ဆိုရင် တစ်စက် လောက်ပမာဏဟာ လုံလောက်တယ်လို့ ခိုင်းနှိုင်းထားတာ ဖတ်မှတ်ဖူးပါတယ်
ဒီပို့စ်ကိုအရင်တင်ထားခဲ့ဖူးသားရှိနေရင်လည်း ထပ်ပီးနှိုးဆော်လိုက်ပါတယ်
"အသည်းရောင် ဘီပိုးဆိုတာ ဘာပါလဲ"
အသည်းရောင်စေတတ်တဲ့ Virus ပိုးမျိုး ဖြစ်ပါတယ်။ Virus အမျိုးအစား ခြောက်မျိုးရှိရာ နာမည် ကွဲပြားအောင်
A,B,C,D,E,G လို့ ပေးထားပါတယ်။ အဲဒီ ပိုးခြောက်မျိုးထဲက တစ်မျိုး ဖြစ်ပါတယ်။
တခြား အသည်းရောင် Virus ပိုးတွေနဲ့ ဘာကွာပါသလဲ။
အသည်းရောင် ဘီပိုးဟာ DNA Virus ဖြစ်ပါတယ်။ တခြား အသည်းရောင် ပိုးတွေက RNA ဗိုင်းရပ်စ် ဖြစ်ပါတယ်။
ရောဂါ လက္ခဏာ ဘာကွာပါလဲ။
အသည်းရောင်နည်း နှစ်မျိုး ရှိပါတယ်။ Acute Hepatitis ခေါ်တဲ့ ရုတ်တရက် အသည်းရောင် အသားဝါဆိုရင် ပျို့ချင်၊
အန်ချင်၊ မစားချင်၊ မသောက်ချင်၊ ဆီးဝါ၊ မျက်လုံးဝါ၊ ညာဘက် ရင်ဘတ်အောင့်တာတွေ ဖြစ်ပြီး အခြေအနေဆိုးလျှင်
ကယောင်ကတမ်းဖြစ်၊ နေ့နဲ့ညမှားပြီး နေ့ဘက်မှာ အိပ်၊ ညဘက်မှာ မအိပ်၊ သတိလစ်၊ တက်၊ သွေးယိုစတဲ့ လက္ခဏာ
တွေ ဖြစ်တတ်ပါတယ်။ ခွဲခြားတဲ့ သွေးစစ်နည်း Viral Markers တွေကသာ A ရယ်၊ B ရယ်၊ C ရယ်၊ D ရယ်၊ Eရယ်၊
G ရယ် စသဖြင့် ပြောနိုင်ပါတယ်။ နောက်တစ်နည်းမှာ နာတာရှည် အသည်းရောင် ဖြစ်ပါတယ်။ အသည်းရောင် A ပိုး
နဲ့ အသည်းရောင် E ပိုးဟာ နာတာရှည် မဖြစ်ပါ။ ရောဂါလက္ခဏာ မပြဘဲ Viral Markers ခေါ် သွေးစစ်မှသာ တွေ့
သူ၊ အသည်းစစ်ချက် LFT (Liver Function Tests) တွေ သွေးထဲမှာ မြင့်တက်နေသူ၊ ကိုယ်ပေါ်မှာ အနီစက်ကလေး
တွေ ပေါ်သူ၊ မျက်လုံးနည်းနည်းဝါသူ၊ ရေဖျဉ်းရှိ၊ ခြေထောက်ရောင်သူ၊ နို့သီးစူသူ၊ ချိုင်းမွေး၊ ဆီးခုံမွေးပါးသူ၊ သား
မြတ်သိမ်သူ စသဖြင့် နာတာရှည် ရောဂါလက္ခဏာတွေ တူကြပါတယ်။ သွေးစစ်ချက်သာ ကွာပါတယ်။
အသည်းရောင် ဘီပိုး Carrier ဆိုတာ ဘာပါလဲ။
ရောဂါလက္ခဏာ မပြဘဲ ခန္ဓာကိုယ်ထဲမှာ ပိုးရှိသူကို Carrier လို့ ခေါ်ပါတယ်။ ရောဂါလက္ခဏာမပြဘဲ သွေးစစ်မှသာ
ဘီပိုးရှိကြောင်း သိရသူတွေကို ဘီပိုး Carrier လို့ ခေါ်ခဲ့ကြပါတယ်။ ဒါပေမဲ့ အသည်းရောင် ဘီပိုးရှိသူတွေဟာ နောင်
အခါ နှစ်အကြာမှာ အသည်းခြောက်၊ အသည်းကင်ဆာ ဖြစ်တတ်တဲ့အတွက် အသည်းရောင်ဘီပိုး Carrier လို့ မခေါ်
ကြတော့ပါ။ အသည်းရောင်ဘီပိုး ရှိသူလို့ပဲ ခေါ်ပါတော့တယ်။
အသည်းရောင် ဘီပိုးဖြစ်တဲ့ သူများသလား။
အလွန်များပါတယ်။ ကမ္ဘာပေါ်မှာ သန်း ၄၀၀ လောက် ရှိမယ်လို့ ထင်တယ်။ သန်း ၄၀၀ ထဲက ၇၅ ရာခိုင်နှုန်းဟာ
အာရှ အာဖရိက ပစိဖိတ်ဒေသမှာ ရှိပါတယ်။ ဒီဒေသတွေမှာ လူတစ်ရာမှာ ရှစ်ယောက်ကနေ ၁၀ ယောက်ခန့်
အသည်းရောင် ဘီပိုး ရှိပါတယ်။
အသည်းရောင် ဘီပိုးဟာ အရေးကြီးတဲ့ ရောဂါ ဖြစ်သလား။
အရေးအကြီးဆုံး နှစ်ချက် ပြောပါမယ်။ ပထမအချက်က လူတစ်ယောက်မှာ အသည်းရောင်ဘီပိုး ရှိလို့ရှိမှန်း မသိတဲ့
အချက်ပါပဲ။ ဒုတိယ အချက်ကတော့ ရေရှည်မှာ အသည်းခြောက်၊ အသည်းကင်ဆာ ဖြစ်စေလို့ပါပဲ။
တစ်ကမ္ဘာလုံးနဲ့ သက်ဆိုင်တဲ့ ပြဿနာလား။
တစ်ကမ္ဘာလုံးမှာ အသည်းရောင်ဘီပိုးရှိသူ များပါတယ်။ တစ်နှစ်မှာ တစ်သန်းလောက် အသည်းရောင်ဘီပိုးနဲ့ ပတ်သက်
တဲ့ အသည်းရောဂါနဲ့ သေဆုံးကြရပါတယ်။
ကူးစက် တတ်သလား။
အလွန်ကူးစက်တတ်ပါတယ်။ အဓိကကတော့ ပိုးရှိတဲ့သွေး၊ ခန္ဓာကိုယ်မှထွက်တဲ့ အရည်တွေက ပွန်းပဲ့ ဒဏ်ရာကနေ
ဝင်သွားတယ်။ သွေးသွင်းရာ၊ မူးယစ်ဆေး သုံးစဉ်၊ မသန့်ရှင်းတဲ့ ဆေးထိုးအပ်တွေ သုံးစဉ်၊ ပိုးမသန့်စင်တဲ့ ခွဲစိတ်မှု
၊ သွားနုတ်မှုစတဲ့ လမ်းတွေဟာ အသည်းရောင် ဘီပိုးဝင်တဲ့ လမ်းတွေပဲ။ ကလေးမွေးစဉ်မှာ ပိုးရှိတဲ့ အမေကနေ
မွေးကင်းစကလေးကို ကူးတယ်။
HIV နဲ့ အသည်းရောင် ဘီပိုး ဘယ်ဟာက ပိုကူး တတ်သလဲ။
အသည်းရောင်ဘီပိုးက HIV ကူးတဲ့နည်းတွေနဲ့ တူတယ်။ အဆတစ်ရာလောက် HIV ထက် ပိုကူးတတ်တယ်။
အသည်းရောင် ဘီပိုး ဝင်ပြီးရင် အလိုလိုကော ပျောက်နိုင်သလား။
ကံကောင်းတာက အသည်းရောင်ဘီပိုးက ဝင်ပြီးရင် အလိုလို ပျောက်နိုင်တယ်။ ဒါပေမဲ့ ကံမကောင်းတာက လူကြီးဘဝ
မှာ ဝင်ရင် ၉၅ ရာခိုင်နှုန်း အလိုလို ပျောက်ပေမယ့် ကလေးဘဝမှာ ဝင်ရင် ၃၀ ရာခိုင်နှုန်းသာ ပျောက်တယ်။ မွေးကင်းစ
မှာ ဝင်ရင် ၅ ရာခိုင်နှုန်းသာ ပျောက်တယ်။ ပိုးက ရောဂါလက္ခဏာ မပြဘဲ နှစ်၂၀၊ ၃၀ ရှိနေနိုင်တယ်။
မဝင်အောင် ကာကွယ် နိုင်ပါသလား။
သွေးကို စစ်ဆေးပြီးမှ သွင်းရမယ်။ မသန့်ရှင်းတဲ့ ဆေးထိုးအပ် မသုံးရဘူး။ သွေးထွက်တတ်တဲ့ သွားပွတ်တံ၊ မုတ်ဆိတ်
ရိတ်ဓား သီးသန့်သုံးရမယ်။ သွေးစွန်း ပစ္စည်းတွေကို စနစ်တကျ ဖယ်ရှားစွန့်ပစ်ရမယ်။ အဓိက ကာကွယ်နည်းကတော့
ကာကွယ်ဆေးထိုးတာပါပဲ။
ကာကွယ်ဆေးက ထိရောက်သလား။
အလွန်ထိရောက်တယ်။ သတ်မှတ်ထားတဲ့ ကာကွယ်ဆေး သုံးကြိမ် ဒါမှမဟုတ် လေးကြိမ် ထိုးရင် လူတစ်ရာမှာ ၉၅
ယောက် အောင်တယ်။ အသက်ငယ်ရင် အောင်နှုန်းများတယ်။ အသက်ကြီးရင် အောင်နှုန်း နည်းတယ်။
မွေးကင်းစကလေးတွေ ကာကွယ်ဆေး ထိုးလို့ရသလား။
အသက်အရွယ်မရွေး၊ ကျားမ မရွေး၊ ကာကွယ်ဆေးထိုးနိုင်တယ်။ မွေးကင်းစတွေ ကာကွယ်ဆေးထိုးရမယ်။ ထိုးသင့်
တယ်။ ထိုးနိုင်တယ်လို့ မဖြေဘဲ ထိုးရမယ်၊ ထိုးသင့်တယ်လို့ ဖြေပါတယ်။
ချက်ချင်းကာကွယ်ဆေးထိုးကြပါလို့ နှိုးဆော်ပါတယ်...
ဆေးသုတေသနဦးစီးဋ္ဌာန (အောက်မြန်မာပြည်)
အမှတ် ၅။ ဇီဝကလမ်း၊ ဒဂုံမြို့နယ်၊ ရန်ကုန်မြို့ (ရွှေတိဂုံဘုရားတောင်ဘက်မုဒ်အနီး)
ဖုန်း။ ၃၇၅၄၄၇။ ၃၇၅၄၅၉။ ၃၇၅၉၅၇ လိုင်းခွဲ (၁၁၃)
မှာ ဆေးစစ်ခ ၃ထောင်၊ ကာကွယ်ဆေး ထိုးခ ၅၀၀၀ (၂၀၁၀ ခုနှစ် ကျွန်တော်ထိုးခဲ့စဉ်က ဈေးနှုန်းတွေပါ
အစိုးရဆေးစစ်ဋ္ဌာနဖြစ်သောကြောင့် ဈေးနှုန်းသက်သာပါတယ်..အကယ်ရ်ျ ပိုးရှိခဲ့ပါက လမ်း ၅၀ ရှိ ဖြူစင်မေတ္တာ တိုင်းရင်းဆေးခန်းသို့
သွားရောက်တိုင်ပင်နိုင်ပါတယ်)
( ကပ်ရောဂါဘေးမှ ကင်းဝေးပါစေ)
link https://www.facebook.com/photo.php?fbid=450639155006470&set=a.3...
Share on facebook Share on linkedin Share on twitter Share on email More Sharing Services 0
BY ရဲရင့်(ကနေဒါ) ... 2/10/2013
--မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
---
You received this message because you are subscribed to the Google Groups "မှော်ဆရာ အဖွဲ့  ( Ѧя Ƨσяcɛяɛя )" group.
To unsubscribe from this group and stop receiving emails from it, send an email to mrsorcerer+unsubscribe@googlegroups.com.
For more options, visit https://groups.google.com/groups/opt_out.