---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2013/2/14
Subject: [လူဗိုလ်ဟူသည် ...] ချစ်သူ သိစေ
To: lubo601@gmail.com
ဖေဖေါ်ဝါရီ (၁၄) ချစ်သူများနေ့မှာ ကျနော်ထူးထူးခြားခြား ခံစားမိသည်။ ကျနော်နဲ့အတူ နေသော လူရွယ်အဆိုတော် (ရီယန်) ၏ ဖုန်းက မနက်အစောကြီးကတည်း မြည်လာသည်။ လူရွယ်၏ ပြုံးပျော်နေသော မျက်နှာကို မြင်ရသောအခါ ကျနော်၏ စိတ်နှလုံးအိမ်မှာလည်း ကြည်နူး မိခဲ့သည်မှာ အမှန်ပင်။
ချစ်သူများနေ့တွင် ဖွင့်ပြောဖို့ရန် ရည်ရွယ်ထားသည့် ကောင်မလေးကို ခင်မောင်တိုး၏ "ချစ်သူ သိစေ" သီချင်းကို အင်တာနက်မှ တဆင့် ဖုန်းနဲ့ ဖွင့်ပြသော မိတ်ဆွေလူရွယ်၏ နှလုံးသားနဲ့ ခံစားမှုကို တော်တော် သဘောကျမိသည်။
--
Posted By Blogger to လူဗိုလ်ဟူသည် ... at 2/15/2013 10:50:00 AM
From: Blogger <no-reply@blogger.com>
Date: 2013/2/14
Subject: [လူဗိုလ်ဟူသည် ...] ချစ်သူ သိစေ
To: lubo601@gmail.com
by Hla Shwe on Wednesday, February 13, 2013 at 11:19pm ·

ဖေဖေါ်ဝါရီ (၁၄) ချစ်သူများနေ့မှာ ကျနော်ထူးထူးခြားခြား ခံစားမိသည်။ ကျနော်နဲ့အတူ နေသော လူရွယ်အဆိုတော် (ရီယန်) ၏ ဖုန်းက မနက်အစောကြီးကတည်း မြည်လာသည်။ လူရွယ်၏ ပြုံးပျော်နေသော မျက်နှာကို မြင်ရသောအခါ ကျနော်၏ စိတ်နှလုံးအိမ်မှာလည်း ကြည်နူး မိခဲ့သည်မှာ အမှန်ပင်။
ချစ်သူများနေ့တွင် ဖွင့်ပြောဖို့ရန် ရည်ရွယ်ထားသည့် ကောင်မလေးကို ခင်မောင်တိုး၏ "ချစ်သူ သိစေ" သီချင်းကို အင်တာနက်မှ တဆင့် ဖုန်းနဲ့ ဖွင့်ပြသော မိတ်ဆွေလူရွယ်၏ နှလုံးသားနဲ့ ခံစားမှုကို တော်တော် သဘောကျမိသည်။
ပျော်ရွင်ကြည်နူးနေသော လူငယ်များ၏ ဘ၀ကို မြင်တိုင်း မိမိကိုယ်တိုင် လူငယ်ဘ၀က မခံစားမိဘူးသော ချစ်သူများနေ့ကို အောက်မေ့မိသည်။ ချစ်သူသက်တမ်းမရှိ ( မင်းကို အရမ်းချစ်ပါတယ်) လို့စကားမပြောဘဲ အိမ်ထောင်ပြုခဲ့ရသည့် ကျနော်၏ အမျိုးသမီး အတွက်ပါ ကိုယ်ချင်းစာစိတ်နဲ့ တော်တော်စိတ်မကောင်း ဖြစ်မိသည်။
မည်သည့် အသက်အရွယ်ပင် ဖြစ်စေ မိမိကို တခြားတပါးသူက "မင်းကို ချစ်ပါတယ်" ဟု ပြောသည့် စကားကို ကြားစေချင်သည်မှာ အမှန်ပင် ဖြစ်သည်။ ချစ်တယ် ဟူသော စကားသည် ချစ်သူ နှစ်ဦးကြားတွင် အဓိပ္ပါယ် အမြဲ ရှိနေမည်ဟု ယုံကြည်မိသည်။
မိမိ၏ အတိတ်အကြောင်းကို ပြန်လည် စဉ်းစားမိသည်။ ကျနော် အိမ်ထောင်ပြုအချိန်တွင် အသက် (၃၇) နှစ်ရှိနေပြီ။ ချစ်ရေး ချစ်ရာ စကားကို တလုံးမှ မပြောဘဲ အိမ်ထောင်ပြုခဲ့သည်။ ကျနော်သဘောကျသော အမျိုးသမီးကို မိဘများထံတွင် တောင်းခံခဲ့သည်။ ဆွေမျိုး မိဘများ၏ သဘောတူညီမှုနဲ့ ကျနော်နှင့် အိမ်ထောင် ပြုခဲ့ရသော အမျိုးသမီးအတွက် ယနေ့အချိန်တွင် စဉ်းစားမိသောအခါ တော်တော်စိတ်မကောင်း ဖြစ်မိသည်။ မိမိနဲ့ အိမ်ထောင်ပြုမည့် အမျိုးသားထံမှာ ချစ်တယ် ဟူသောစကားကို မကြားခဲ့ရသော အမျိုးသမီး၏ ရင်ထဲတွင် မည်ကဲ့သို့ ခံစားမှုမျိုး ရှိနေသည်ကို တခါမှ မေးမြန်းခဲ့သည်လည်းမရှိခဲ့။
ကျနော်၏ လူငယ်ဘ၀သည် ကျောင်းတက်လိုက်၊ နိုင်ငံရေးကို စိတ်ဝင်စားလိုက်ဖြင့် အချိန်ကုန်ခဲ့ရသည်။ ချစ်သူများနေ့ကို သတိပင်မရခဲ့။ သိပင်မသိရှိခဲ့။ မင်္ဂလာဆောင်သည့် မင်္ဂလာဦးည သည်ပင် ဖြေင့်ဖြောင့် ဖြူးဖြူး မရှိခဲ့ သည်ကို ပြန်ပြောင်း အမှတ်ရမိသည်။ မင်္ဂလဦးည အိပ်ရန် အိမ်မရှိ၊ ဟိုတယ်တခုတွင် မိတ်ဆွေတဦးမှ အခန်းငှားပေးသွားခဲ့သည်။ သို့သော်လည်း မိတ်ဆွေ ငှားပေးသော အခန်းတွင် မအိပ်ရဲဘဲ အခြားမိတ်မိတ်ဆွေတဦး၏ စီစဉ်ပေးမှုဖြင့် မင်္ဂလာဦးညကို ရင်တထိပ်ထိပ်ဖြင့် ဖြတ်သန်းခဲ့ရသည်။ မင်္ဂလာဦး ညတွင် မိမိနဲ့ ဘ၀ကြင်ဖေါ် ဖြစ်လာမည့် အိမ်သူ သက်ထားကို အချစ်အကြောင်းကို မပြောဖြစ်ခဲ့။ ကျနော်တို့ မင်္ဂလာဦး ဇနီးမောင်နှံက တခန်း၊ ကျနော်တို့မောင်နံ၏ အဖေါ်အဖြစ် တာဝန်ယူခဲ့ရသော ကရင်မိတ်ဆွေ နှစ်ဦးက တခန်းစီဖြတ်သန်းခဲ့ရသည်။
အိမ်ထောင်ပြုကတည်းက မြို့ပေါ်တွင် နေခဲ့ရသည့် အချိန်သည် မရှိခဲ့။ မဲဆောက်မြို့ပေါ်တွင် နေခဲ့ရသော အချိန်သည် နှစ်နှစ်ပင် မပြည့်သေး။ အချစ်အကြောင်းကို မပြောဖြစ်ပဲ သားလေး တဦးပင် မွေးဖွားခဲ့ပြန်သည်။ မြို့ပေါ်တွင် နေခွင့်ရသည့် အချိန်တွင် ချစ်သူများနေ့အကြောင်းကို ကျယ်ကျယ်ပြန့်ပြန့် ကြားခွင့် မြင်ခွင့်ရလာခဲ့သည်။ မိတ်ဆွေ လူပျိုကြီးများပင် ချစ်သူများနေ့တွင် တက်ကြွ ရွှင်လန်းနေသည်ကို တွေ့မြင်ခွင့်ရလာသည်။
လောကဓံတို့၏ အလှည့်အပြောင်းတွင် လူးလှိမ့်စွာခံစားရင်း ယခုနှစ်၏ ချစ်သူများနေ့တွင် အိမ်သူ သက်ထားနှင့်ပင် အတူနေထိုင်ခွင့် မရရှိခဲ့။ တဦးက နယ်စပ်တနေရာ၊ တဦးက ရှောင်လွဲမရနိုင်သော လောကဓံလှိုင်းတို့၏ ရိုက်ပုတ်မှုအောက်တွင် ခါးစည်းခံရင်း ဖြတ်သန်းနေကြရသည်။ အခွင့်သာ ရခဲ့မည်ဆိုလျင် ကျနော် ဆယ်စုနှစ်တခုနီးပါးမျှ ဖြတ်သန်းကျင်လည်ခဲ့သော အင်းလျားမြေတွင် အိမ်သူသက်ထားနဲ့ လက်ချင်းယှက်လျက် သားလေးကို ဆွဲကာ လမ်းလျှောက်ချင်မိသည်ဟု အနီးရှိ မိတ်ဆွေတဦးကို လှမ်းပြောမိသည်။
ဖေဖေါ်ဝါရီ (၁၄) ချစ်သူများနေ့သည် သတ်မှတ်ချက်သာ ဖြစ်သည်ဟု ကျနော့်မိတ်ဆွေတဦးက ပြန်ပြောသည်။ မိမိအချစ်သည် နေ့ရက်နဲ့ မဆိုင်ဘဲ ချစ်သူနှစ်ဦး၏ တဦးအပေါ် တဦးထားသော မေတ္တာတရားတို့၏ တုန့်ပြန်မှုသာ အရေးကြီးသည်ဟု ပြောကောင်းပြောကြပေလိမ့်မည်။
ယနေ့ လူငယ်များရူးသွပ်နေသော ချစ်သူများနေ့ကို ကျနော့်အနေဖြင့် လျစ်လျူမှု မပြုလိုပေ။ ယနေ့လူငယ်များအဖို့ ချစ်သူများနေ့တွင် ဖြူစင်သော မေတ္တာများဖြင့် အမှတ်တရ လက်ဆောင်များပေးကြ၊ ကြည်နူးဖွယ်ရာ ချစ်တင်း စကားပြောကြမည် ဆိုပါက ပျော်ရွင်ကြည်နူးဖွယ် အတိဖြင့် ပြည့်နှက် နေပေမည်။ ချစ်သူနှစ်ဦးပျော်ရွင် ကြည်နူးစေရေး အသက်ပေးသွားခဲ့သော " Pope Valentine" သည်လည်း လောကလူ့ဘုံထဲမှ သာနာ့ထန်ထမ်း သူတော်စင်တဦးသာ ဖြစ်ပေသည်။
ကျနော်တို့၏ အိမ်ထောင်သက်တမ်း ခြောက်နှစ်အတွင်း မပြောဖြစ်ခဲ့သော စကားကို ခင်မောင်တိုး၏ " ချစ်သူသိစေ" သီချင်းကို ဖုန်းကနေတဆင့် ဖွင့်ပြဖို့ ဆုံးဖြတ်မိသည်။
အသက် ၄၂ နှစ်ရှိ လူလတ်တဦး၏ ခပ်ပေါပေါ အတွေးဖြစ်သော " မင်းကို တော်တော်ချစ်နေရပါတယ်" ဟုပြောဖို့ ရှက်ရှက်နဲ့ ၀န်ခံလိုက်ပါတော့မည်။
ဖေဖေါ်ဝါရီ (၁၄) အမှတ်တရနေ့အတွက် နူးညံ့သိမ်မွေ့ကဗျာဆန်သော ကဗျာဆရာ မောင်စိန်ဝင်း ပုတီးကုန်းရဲ့ ဒီသီချင်းကို သိပ်နှစ်သက်သော "သူ"အတွက် စာသားလေးတွေပါ နားထောင်ရင်း ရေးဖွဲ့သီကုံးပေးလိုက်ပါတယ်။
ချစ်သူသိစေ
ပန်းပွင့်ရှိမှ ရနံ့ရတာမဟုတ်ဘူး ~~
ဖူးသည့်တစ်ငုံ ထုံသည့်တစ်ပွင့် ~
နမ်းခွင့်တစ်ရှိုက်ရခိုက်မှာ ထာဝရအမြဲတည် ~~
နှလုံးသားမှာ စွဲမြဲစွာထုံရစ် ~ ဆွတ်ပျံ့နေ ချစ်သူသိစေ ~
တွေ့ခွင့်ရမှ မင်းမျက်နှာလ၀န်း ~
ကြည့်ခွင့်တစ်ခါ မြင်ခွင့်တစ်လှည့် ~
မင်းမရှိလည်းစွဲမြဲစွာ ~
ဘယ်လောက်ဝေးနေ ~
မော့ကြည့်ရင် မိုးကောင်းကင်လိုရှိ ~ တွေ့လို့နေ ချစ်သူသိလေ ~
~ ဘယ်လောက်ဝေးဝေး ဘယ်မှာဖြစ်ဖြစ် ~ ~
တွယ်နှောင်ရစ်ငင်အိပ်မက်မှာအစဉ်အမြဲရှိ ~~ ~
နေရာချင်းလွဲလွဲ ဒေသချင်းကွဲကွဲ ~ ~
မြင်ယောင်စိတ်အစဉ် အိပ်မက်မှာရှိ ~
ဖွင့်ဟပြောမှ ကြားတတ်တာမဟုတ်ဘူး ~
စီးဆင်းတဲ့စိမ့်စမ်းရေ
~ ကျေးငှက်တို့တီးတိုးသံ ~~
ချိုစွာကြားရင် မင်းစကားသံ စွဲမြဲစွာကျန်ရစ် ~ ကြားလို့နေ ချစ်သူသိလေ ~~
~ တွေ့ခွင့်ရမှ မင်းမျက်နှာလ၀န်း ~ ~
ကြည့်ခွင့်တစ်ခါ မြင်ခွင့်တစ်လှည့် ~ ~
မင်းမရှိလည်းစွဲမြဲစွာ ~
ဘယ်လောက်ဝေးနေ ~ မော့ကြည့်ရင် မိုးကောင်းကင်လိုရှိ ~ ~ တွေ့လို့နေ ချစ်သူသိလေ ~
ဘယ်လောက်ဝေးဝေး ~ ဘယ်မှာဖြစ်ဖြစ် ~ တွယ်နှောင်ရစ်ငင် ~ အိပ်မက်မှာ အစဉ်အမြဲရှိ ~ ~
နေရာချင်းလွဲလွဲ ဒေသချင်းကွဲကွဲ ~ မြင်ယောင်စိတ်အစဉ် အိပ်မက်မှာရှိ ~ ~ ဖွင့်ဟပြောမှ ကြားတတ်တာမဟုတ်ဘူး ~ စီးဆင်းတဲ့စိမ့်စမ်းရေ ~ ~ ကျေးငှက်တို့ တီးတိုးသံ ~ ချိုစွာကြားရင် ~ ~~ မင်းစကားသံ စွဲမြဲစွာကျန်ရစ် ကြားလို့နေ ချစ်သူသိလေ ~~
ချစ်သော သူနဲ့ခွဲခွာနေရသောသူ လူသားအားလုံးအတွက်
လှရွှေ
--
Posted By Blogger to လူဗိုလ်ဟူသည် ... at 2/15/2013 10:50:00 AM
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
---
You received this message because you are subscribed to the Google Groups "မှော်ဆရာ အဖွဲ့  ( Ѧя Ƨσяcɛяɛя )" group.
To unsubscribe from this group and stop receiving emails from it, send an email to mrsorcerer+unsubscribe@googlegroups.com.
For more options, visit https://groups.google.com/groups/opt_out.