---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2013/2/17
Subject: [လူဗိုလ်ဟူသည် ...] ဥပဒေကြောင်းအရ ဆက်လက်ရင်ဆိုင်မည်။
To: lubo601@gmail.com
--
Posted By Blogger to လူဗိုလ်ဟူသည် ... at 2/18/2013 11:02:00 AM
From: Blogger <no-reply@blogger.com>
Date: 2013/2/17
Subject: [လူဗိုလ်ဟူသည် ...] ဥပဒေကြောင်းအရ ဆက်လက်ရင်ဆိုင်မည်။
To: lubo601@gmail.com
Aye Chan Mon Created on Sunday, 17 February 2013 10:37 ဟိုတယ်အဖြစ် ပြောင်းလဲရန် ဖြိုဖျက်မှုများ ပြုလုပ်နေသည့် စုပေါင်းရုံးအား တားမြစ်ပေးရန် ပြည်သူ့ လွှတ်တော်အတွင်း ဆွေးနွေးမှုများ ပြုလုပ်ခဲ့သော်လည်း ရပ်ဆိုင်းမည်မဟုတ်ဘဲ ဆွေးနွေးမှုအား မှတ်တမ်းအဖြစ်သာ သတ်မှတ်ခဲ့သဖြင့် ရှေးဟောင်းအမွေအနှစ် အဖြစ် ဆက်လက်ထိန်းသိမ်းပေးနိုင်ရန် ဥပဒေကြောင်းအရ အရေးယူမှုများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှေ့နေများကွန်ရက်၏ ထုတ်ပြန်ချက်အရ သိရှိရပါသည်။ အဆိုပါ ဆွေးနွေးမှုအား တရားစီရင်ရေးနှင့် ဥပဒေရေးရာ ကော်မတီဥက္ကဋ္ဌ ကန်ပက်လက် မဲဆန္ဒနယ်မှ သူရဦးအောင်ကိုက ဖေဖော်ဝါရီ ၂ ရက်တွင် ရှေ့နေများ ကွန်ရက်နှင့် တွေ့ဆုံဆွေးနွေးပြီးနောက် ဖေဖော်ဝါရီလ ၇ ရက်တွင် ပြည်သူ့လွှတ်တော်၌ အရေးကြီးအဆိုအဖြစ် တရားရုံးချုပ်နှင့် စုပေါင်းရုံးအား ရှေးဟောင်းအမွေအနှစ်အဖြစ် ဆက်လက်ထိန်းသိမ်း ပေးနိုင်ရန် ဆွေးနွေးခဲ့သော်လည်း လွှတ်တော်မှ မှတ်တမ်းအဖြစ်သာ သတ်မှတ်ခဲ့သည်။ "အဆို မတင်သွင်းခင် အချိန်မှာ ကျွန်တော်တို့ ကိုယ်စားလှယ် လွှဲထားတဲ့သူတွေ မပါဘဲ တာဝန်ရှိသူတွေနဲ့ ကြိုတင်ညှိနှိုင်းခဲ့တယ်။ ပြီးတော့ စီမံကိန်း မရပ်ဆိုင်းဘဲ မှတ်တမ်းတင်မှုကို လက်ခံခဲ့တယ်" ဟု ရှေ့နေများကွန်ရက်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ ရှေ့နေများကွန်ရက်မှ ထုတ်ပြန်ချက်တွင် တရားရုံးကြီးနှစ်ခုအား ပြတိုက်နှင့် ဟိုတယ်အဖြစ် ပြောင်းလဲခြင်းအား နိုင်ငံတော်မှ ပြန်လည်ရှင်းလင်းရာတွင် လွဲမှားနေသော အချက်များ၊ အမှန်ကို ဖုံးကွယ်ထားမှုများ ပါဝင်နေကြောင်း ဖော်ပြခဲ့သည်။ ရှေးဟောင်းအမွေအနှစ် နိုင်ငံ့ဂုဏ်ဆောင် အမြင့်ဆုံး တရားရုံးကြီး (High Court)နှင့် စုပေါင်းရုံး (Small Causes Court)အား လက်ရှိတွင် တိုင်းဒေသကြီး တရားလွှတ်တော်နှင့် စုပေါင်းရုံးအဖြစ် အသုံးပြုနေ၍ မူလအတိုင်းသာ ဆက်လက် အသုံးပြုသင့်ကြောင်း၊ High Court ရုံးနှင့် Small Causes Court ရုံးအား မူလကပင် တရားရုံးအဖြစ် ဆောက်လုပ်ခဲ့သဖြင့် ခမ်းနားထည်ဝါ ပြည့်စုံသည့် တရားရေးဆိုင်ရာ အဆောင်အယောင်များ ရှိနေသည့် အပြင်သမိုင်း တန်ဖိုးပါ ရှိနေခြင်း၊ အချက်အချာကျသည့် တရားရုံးအား ပုဂ္ဂလိက လွှဲအပ်၍ လက်ရှိတရားစီရင်ရေး ရုံးများအား မြို့စွန်မြို့ဖျား ပို့ခြင်းမှာ နိုင်ငံဂုဏ်သိက္ခာ ကျဆင်းစေခြင်း စသည့်အချက်များအရ ရှေးဟောင်း အဆောက်အအုံများအား ပုဂ္ဂလိကသို့ လွှဲပြောင်းခြင်းမှာ မလျော်ကန်သည့် လုပ်ရပ်ဖြစ်ကြောင်း ရှေ့နေများကွန်ရက်မှ ပြောကြားသည်။ အဆိုပါ ရုံးနှစ်ရုံးအား ပုဂ္ဂလိကသို့ လွှဲပြောင်းမှုတွင် High Court ရုံးအား ထွန်းဖောင်ဒေးရှင်းဘဏ်သို့ နှစ် ၆၀ သက်တမ်းဖြင့် တစ်နှစ်လျှင် ကျပ်သိန်း ၂၄၀၀ ဖြင့် ယဉ်ကျေးမှုဆိုင်ရာ လုပ်ငန်းများ လုပ်ကိုင်ရန် ပေးအပ်ခဲ့ပြီး စုပေါင်းရုံးအား Flying Tiger Engineering Co.,ltd & Jewellery Lucky Production Co.,ltd မှ အခန်း ၁၄၅ ခန်းပါ ဟိုတယ်အဖြစ် လုပ်ကိုင်ရန် လွှဲပြောင်းခဲ့သော်လည်း ထွန်းဖောင်ဒေးရှင်းဘဏ်နှင့် ဆွေးနွေးမှုတွင် ပြတိုက်အဖြစ် လုပ်ကိုင်မည့် အစီအစဉ်အား ရပ်ဆိုင်းနိုင်သည့် အနေအထားတွင် ရှိနေသော်လည်း စုပေါင်းရုံးမှာမူ ဟိုတယ်အဖြစ် လုပ်ကိုင်ရန် ဖျက်ဆီးမှုများ ပြုလုပ်နေပြီဖြစ်ကြောင်း သိရှိရသည်။ "ကျွန်တော်တို့နိုင်ငံက ရှေးဟောင်းအမွေအနှစ်တွေကိုတောင် ပုဂ္ဂလိကလွှဲမှ ထိန်းသိမ်းနိုင်မယ်ဆိုတဲ့အထိ ဖြစ်နေပြီလား" ဟု တရားလွှတ်တော်ရှေ့နေ ဦးကိုနီက ဆိုပါသည်။ အဆိုပါ ရုံးနှစ်ရုံးအား ပြည်သူများ သဘောမတူပါက ပုဂ္ဂလိကသို့ လွှဲပြောင်းမှု ပြုမည်မဟုတ်ဘဲ သမ္မတထံ တင်ပြပေးမည်ဟု သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ကတိပေးမှုများ ရှိခဲ့သော်လည်း ထူးခြားမှု မရှိသဖြင့် ပေးအပ်သည့် ကတိအတိုင်း လုပ်ဆောင်စေလိုကြောင်း ရှေ့နေများကွန်ရက်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ တရားရုံးကြီးနှစ်ရုံးအား ပုဂ္ဂလိကသို့ လွှဲပြောင်းပေးအပ်မှု ရပ်ဆိုင်းပေးရန် ရှေ့နေများကွန်ရက်မှ ၂၀၁၂ ခုနှစ် အောက်တိုဘာလအတွင်း ဆန္ဒဖော်ထုတ်နေစဉ် အေးချမ်းမွန်(အဲဆာန်မန်) မှ Eleven Media Group တွင်ပါရှိသော သတင်းကို မိတ်ဆွေများထံ ကူးယူမျဝေပေး ဖြင်းဖြစ်ပါသည် |
--
Posted By Blogger to လူဗိုလ်ဟူသည် ... at 2/18/2013 11:02:00 AM
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
---
You received this message because you are subscribed to the Google Groups "မှော်ဆရာ အဖွဲ့  ( Ѧя Ƨσяcɛяɛя )" group.
To unsubscribe from this group and stop receiving emails from it, send an email to mrsorcerer+unsubscribe@googlegroups.com.
For more options, visit https://groups.google.com/groups/opt_out.
