[mrsorcerer:37347] Re: [လူဗိုလ်ဟူသည် ...] လူတစ်ယောက် ယုတ်နိမ့်တယ် မြင့်မြတ်တယ်ဆိုတာ




2013/2/17 Blogger <no-reply@blogger.com>

လူတစ်ယောက် ယုတ်နိမ့်တယ် မြင့်မြတ်တယ်ဆိုတာ မျိုးရိုးဂုဏ်သိက္ခာ ပစ္စည်းဥစ္စာ ရာထူးအာဏာရှိမှုတွေနဲ့ တိုင်းတာလို့ မရပါဘူး။ သူဘာလုပ်နေသလဲဆိုတဲ့ သူ့လုပ်ရပ်နဲ့ပဲ ဆိုင်ပါတယ်။

*****************************************
အနုရုဒ္ဓါအစရှိတဲ့ သာကီဝင်မင်းသား (၆) ယောက်တို့ရဲ့ အလုပ်အကျွေးက ဥပါလိ ဆိုတဲ့ လူငယ်တစ်ယောက်ပါ။ အနုပိယသရက်တောမှာ မြတ်စွာဘုရားသီတင်းသုံးနေစဉ် သာကီဝင် မင်းသားတွေ မြတ်စွာဘုရားထံ ရဟန်းပြုဖို့ သွားတဲ့အခါ ဥပါလိက နောက်လိုက်အထုပ်ဆွဲပေါ့။

မြတ်စွာဘုရား သီတင်းသုံးတော်မူရာ တောအုပ်အနီး ရောက်လာတဲ့အခါ သာကီဝင်မင်းသားတွေက ၀တ်ဆင်လာတဲ့ ရတနာတန်ဆာတွေကိုချွတ်ပြီး " ဥပါလိ…. တို့ကရဟန်းဝတ်ကြတော့မှာ သင် ဒီရတနာတွေကို ယူပြီးအသက်မွေးပါ။ ပြီးတော့ သင့်ကိုလည်း ကျွန်အဖြစ်မှ ငါတို့လွှတ်ပေးလိုက်ပါတယ် '' လို့ပြောပြီး ရတနာထုပ်ကို အပ်လိုက်ပါတယ်။

အရှင်သခင်တို့ရဲ့ စကာကိုနားထောင်ပြီး အထုပ်ထမ်းလျှက် ပြန်သွားသော ဥပါလိမှာ အတွေးကောင်းတစ်ခု ခေါင်းထဲရောက်လာပါတယ်။ " ငါ့ထက် အစစအရာရာ ပြည့်စုံတဲ့ မင်းသားတွေတောင် လောကီစည်းစိမ်ကိုစွန့်ပြီး ရဟန်းဝတ်ကြသေးတယ်။ ငါလိုအလုပ်အကျွေးတစ်ယောက်က ဘာကြောင့်မ၀တ်နိုင်ရမှာလဲ။ သူတို့စွန့်ခဲ့တဲ့ ရတနာတွေကို ယူလာတဲ့ ငါ့အဖြစ်က သူများထွေးထားတဲ့ တံထွေးကို မျိုသူပမာဖြစ်နေပါလား။ ဒါကြောင့် ဒီရတနာတွေကို အလိုရှိသူများယူကြပါစေ '' လို့ သစ်ကိုင်းမှာ ချိတ်ဆွဲလို့ ရဟန်းဝတ်ရန် သာကီဝင်မင်းသားတွေနောက်အပြေးလိုက်သွားပါတယ်။

မြတ်စွာဘုရားထံရောက်တော့ သာကီဝင်မင်းသားတွေနဲ့အတူ ရဟန်းဝတ်ပြီး နောင်အခါ ၀ိနည်းကို လေးစားလိုက်နာတဲ့ ရဟန်းတော်တွေထဲမှာ အသာဆုံး အမြတ်ဆုံးအဖြစ် ဧတဒဂ် ရတော်မူခဲ့ပါတယ်။ ပထမ သင်္ဂါယနာမှာလည်း ၀ိနည်းတော်ကို တာဝန်ယူဖြေဆိုတော်မူလို့ သာသနာတော်မှာ ထိပ်တန်းက သာသနာ့အကျိုးကိုဆောင်သွားတဲ့ ရဟန္တာမထေရ်ကြီး တစ်ပါးဖြစ်ခဲ့ပါတယ်။

ကောင်းပါပြီ။ ရှင်ဥပါလိမထေရ်ရဲ့ သမိုင်းလေးက ဘာကိုဆိုလိုပြီး ဘယ်လိုပညာရလိုက်ပါသလဲ။ အမှန်တော့ ဘ၀မှာ ဘယ်လိုနေထိုင် စားသောက်နေတယ်ဆိုတာထက် ဘာလုပ်နေတယ်ဆိုတာက ပိုအရေးပါကြောင်း ပြောပြနေတာပါ။ လောကမှာ အနေစုပ်ပေမဲ့ ရွှေထုတ်တဲ့ မြပ၀ါဆိုတာ အနေတတ်လို့ အသေမြတ်သူတွေကို ဆိုလိုတာဖြစ်ပါလိမ့်မယ်။ တစ်နေ့တာ စားဝတ်နေရေးအတွက် ဆိုက်ကားနင်းနေရတာကို ရှက်ပါသလား ။ လခစားမို့ တစ်လတစ်ခါ ချင့်ချိန်စားသောက်နေရတာကို စိတ်ညစ်ပါသလား ။ ဈေးဘမ်းခေါင်းရွက် အော်ဟစ်ရောင်းချ စားသောက်နေရတာကို အလိုမကျဖြစ်နေပါသလား။ အိမ်စုပ်နဲ့နေရလို့ အားငယ်နေပါသလား ။ တကယ်တော့ ရှက်စရာ အားငယ်စရာမလိုပါ။ အမှန်မှာ ဥစ္စာဓန မပြည့်စုံတာထက် ကိုယ့်ကျင့်သီလ မပြည့်စုံတာမှ ပိုရှက်စရာကောင်းတာပါ။

ကြိုးစားရှာ ချွေတာသုံး ကိုယ်ရသမျှနဲ့ ကျေနပ်နိုင်တာဟာ ဘ၀ရဲ့ တကယ့်ခွန်အားတွေပါ။ အမှန်တော့ လူသားတွေ လိုအပ်နေတာက အနည်းငယ်ပါ။ လိုချင်နေတာတွေကသာ များနေတာပါ။ ကိုယ့်ဘ၀ ကိုယ့်အတိုင်းအတာကို ကြည့်တတ်ဖို့ လိုပါတယ်။ ပတ်ဝန်းကျင်ကို ကြည့်တဲ့အခါမှာလည်း ကိုယ့်ထက်မြင့်သူကို မော့ကြည့်ပြီး မနာလိုစိတ် အားငယ်စိတ်တွေ မဖြစ်ဘဲ ဘ၀အတွက် ခွန်အားဖြစ်ပါစေ။ ကိုယ့်အောက်နိမ့်သူကိုကြည့်တော့ အထင်မသေးဘဲ ငဲ့ညှာထောက်ထား စာနာတတ်ခြင်းဟာ လူတစ်ယောက်အတွက် မှန်ကန်တဲ့ အမြင်တွေပဲ ဖြစ်ပါတယ်။

ပြီးတော့ ကိုယ့်ဘ၀ မပြည့်စုံတာနဲ့ မိဘကိုတရားခံ မလုပ်မိပါစေနဲ့။ အပြစ်မရှာပါနဲ့။လူဖြစ်အောင် ကျွေးမွေးပြုစုခဲ့တဲ့ ကျေးဇူးကိုပဲ ကျေအောင်ဆပ်ဖို့ကြိုးစားပါဦး။ ဆေးကုရာမှာနာမည်ကျော်လှတဲ့ ဆေးဆရာကြီးဇီဝကဆိုတာ မိန်းမရွှင်တစ်ယောက်ရဲ့သားပါ။ သို့သော် ဘုရားနဲ့တကွ သံဃာတွေ အများပြည်သူတွေ အားကိုးခဲ့ရတဲ့ ဆရာကြီးတစ်ယောက်ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် သင်ဘာကိုစိတ်ပျက်နေပါသလဲ အတိတ်ကမအောင်မြင်မှု ရှုံးနိမ့်မှုတွေကို ခ၀ါချပြီး ကြိုးစားလိုက်ပါ။ အမှားကို ဒီနေ့သိလို့ ဒီနေ့ပြင်လျှင် ဒီနေ့လူကောင်းဖြစ်ပါတယ်။ ကောင်းသောအမှုကိုလုပ်ဖို့ နောက်ကျတယ်ဆိုတာ မရှိပါဘူး။

လူတစ်ယောက် ယုတ်နိမ့်တယ် မြင့်မြတ်တယ်ဆိုတာ မျိုးရိုးဂုဏ်သိက္ခာ ပစ္စည်းဥစ္စာ ရာထူးအာဏာရှိမှုတွေနဲ့ တိုင်းတာလို့ မရပါဘူး။ သူဘာလုပ်နေသလဲဆိုတဲ့ သူ့လုပ်ရပ်နဲ့ပဲ ဆိုင်ပါတယ်။ ဒါကြောင့် မပြည့်စုံမှုတွေကြားမှာ ဘ၀မထည် အားငယ်နေမယ့်အစား ကောင်းမှုမြတ်နိုး ကောင်းအောင်ကြိုး၍ ကောင်းကျိုးကိုယ်၌ တည်ရန်အတွက် ဥပါလိမထေရ်နဲ့ ဆရာကြီးဇီဝကတို့ရဲ့ ဘ၀အပေါ် ကောင်းမြတ်သော ခံယူချက်ထားပုံးကို စံနမူနာယူပြီး ကြိုးစားကြပါလို့ တိုက်တွန်းရင်း……


အေးချမ်းမွန်(အဲဆာန်မန်) မှ ရွာဦးကျောင်းက ခေါင်းလောင်းသံ တွင်ပါရှိသော သတင်းကို မိတ်ဆွေများထံ ကူးယူမျဝေပေး ဖြင်းဖြစ်ပါသည်


--
Posted By Blogger to လူဗိုလ်ဟူသည် ... at 2/18/2013 11:03:00 AM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
 
---
You received this message because you are subscribed to the Google Groups "မှော်ဆရာ အဖွဲ့  ( Ѧя Ƨσяcɛяɛя )" group.
To unsubscribe from this group and stop receiving emails from it, send an email to mrsorcerer+unsubscribe@googlegroups.com.
For more options, visit https://groups.google.com/groups/opt_out.