[mrsorcerer:37349] စင်ကာပူမှာသာတဲ့လ ... (Rev Augustus)

စင်ကာပူမှာသာတဲ့လ ..... သက်သေခံချင်ပါသည်။ (Rev Augustus)
စင်ကာပူတွင် ညဖက် ကားပေါ်စီးရင်း အပြင်ဖက်သို့ ငေးကြည်မိရာ လမင်းကြီး သာနေသည်ကို မြင်ရပါသည်။ စိုင်းထီဆိုင် သီချင်းတစ်ပုဒ် ရန်ကုန်မှာသာတဲ့လ သတိရမိပါသည်။ စင်ကာပူမှာ နေ့၊ည အချိန်တိုင်းလို လင်းထိန်နေသောမြို့ဖြစ်ပြီး တိုက်တာများကို ကြည့်ရာ လျှပ်စစ်မီးထိန်လင်းနေသောကြောင့် ထိုလမင်းကြီးသည် စင်ကာပူတွင်သာနေခြင်းမှာ အကျိုးမရှိဟု မြင်မိပါသည်။ ထိုလမင်းကြီး ဟိုး.. မြန်မာပြည် နာဂစ်ဒေသတွင် သာနေပါက အလွန်အကျိုးရှိမည်ဖြစ်သော်လည်း စင်ကာပူတွင်သာသော လမင်းကြီးကို ငပေါကြီး ဟု အမည်ပေးရမလိုဖြစ်နေပါသည်။ မိမိဘ၀ကိုလည်း တစ်ခါတစ်ခါ ပြန်စဉ်းစားရင်း မြန်မာပြည်တွင် အလွန်လိုအပ်နေသော်လည်း စင်ကာပူတွင် သင်းအုပ်ဆရာလုပ်ရခြင်းမှာ စင်ကာပူတွင်သာသောလ ကဲ့သို့ အားမလို၊အားမရ ဖြစ်မိသည်။

ကျွန်တော်သည် အနှစ်၂၀ကျော် ဆီးချိုရောဂါသည်ဖြစ်ပါသည်။ ရောဂါကို ပြင်းပြစွာ ခံစားရသောကြောင့် ဆေးထိုးနေရသည်။ စင်ကာပူအသင်းသူ အများစုသည် သူနာပြုဆရာမများ ဖြစ်သောကြောင့် ကျွန်တော့ ဆီးချိုရောဂါအတွက် အကောင်းဆုံး အကူညီပေး၊ လုပ်ကိုင်ပေးကြသည်။ တဖြေးဖြေး ပိုဆိုးဝါးလာသော ဆီးချိုရောဂါကြောင့် မနက်တခါ၊ ညတခါ ဆေးထိုးနေရသည်။ ကြီးမားလှသော ဗိုက်ကြီးသည် ဆီးချိုဆေးထိုးရခြင်း၏ တရားခံကဲ့သို့ ဖြစ်နေသည်။ စားလိုက်ရသော ဆေးများမှာလည်း ပဲကြီးလှော်စားသကဲ့သို့ ဖြစ်သည်။ စားသောက်ဆိုင်များတွင် မစားသောက်မှီ ဗိုက်ကိုဆေးထိုးရသောကြောင့် အချို့ မူးရစ်ဆေး ထင်ကောင်းထင်ကြမည်။ ပြင်းပြစွာ ခံစားရသည့်အခြေအနေဖြစ်ခဲ့သည်။
ဆေးဆရာဝန်ထံလည်း ပုံမှန်ပြရသည်။ ဆေးဖိုးချည်း တစ်လ ဒေါ်လာ၇၀၀ (ဘတ်ငွေနှင့်တွက်ကြည့်ပါ၊ မနည်းလှပါ)။ ဆေးကလည်း မထိုးပဲမနေနိုင်၊ နောက်ပိုင်း ပိုဆိုးလာရာ ကြိတ်မှိတ်ခံသည်။ ဘယ်သူ့မှလဲ မပြောတော့ပါ။ ဆရာဝန်ကပြောသည် ..ကျောက်ကပ်လည်းမကောင်းတော့၊ နှလုံးလဲမကောင်း၊ ဘာတခုမှ ရစရာမရှိတော့ကြောင်း ပြောသည်။ နောက်ဆုံးတွင် မြန်မာပြည်မှ တိုက်ပုံ၃ခု ယူလာပြီး၊ တိုက်ပုံနှင့်ပုဆိုးဝတ်ရသည်။ မြန်မာဆန်သည် ဟု ထင်စရာဖြစ်သော်လည်း အမှန်မှာ ဆီးချိုထသဖြင့် ဖောယောင်နေသော ခန္တာနှင့်၊ ပေါင်၊ခြေသလုံး တစ်ဆိုက်တည်း ယောင်ကိုင်းနေသောကြောင့် ရှုးဖိနပ်၊ဘောင်းဘီရှည်မ၀တ်နိုင် သဖြင့် ပုဆိုး၊တိုက်ပုံ ၀တ်နေရခြင်းဖြစ်သည်။ ဝေဒနာဒဏ်ကို ပြင်းပြစွာခံစားရင်း မိမိဘ၀ သင်းအုပ်ဆရာ၊ စင်ကာပူမှာသာတဲ့လ ငါ့ဘ၀ ..ဘုရားသခင် မကယ်နိုင်တော့ဘူးလား..ဟု စဉ်းစားမိသည်။

နောက်ဆုံး ဆရာဒေးဗစ်လားနှင့် မဲလဘုန်းတွင် တွေ့သည်။ သူက Healing တရားများ ဟောသည်။ နားထောင်သည်။ မိမိနှင့်မဆိုင်သလို.. ကျွန်တော် Healing တရားများကို မဟောပါ။ မိမိမခံစားရသော Healing အကြောင်း ဟောစရာအကြောင်းမရှိ ငါမလုပ်နိုင်တာ ငါမဟောဘူး..ဟု ခံယူသည်။ သို့သော် ဘုရားသခင်က အတင်းပို့ဆောင်သည်။ ၂၀၁၂ တရုပ်နှစ်သစ်ကူးတွင် စားနေကျ ဆီးချိုဆေးများ အားလုံး ရပ်ပစ်လိုက်သည်။ မြန်မာပြည် ၃ပတ် ခရီးထွက်သည်။ စင်ကာပူပြန်လာပြီး ဆရာဝန်နှင့်တွေ့သည်။ ဆရာဝန်က ကျွန်တော့ကို အရမ်းဆူသည်။ သြော်..မိမိက အသင်းတော်တွင် အသင်းသားများကို ၀ိညာဉ်ရေးအတွက် အရမ်းဆူပြောခဲ့သည်။ ယခု ဆရာဝန်က မိမိကို အရမ်းဆူနေပါသည်။ ဆရာဝန်က Exercise လေ့ကျင့်ခဏ်း လုပ်သလား မေးရာ၊ မလုပ်ဖြစ်၊ တခါမှ မလုပ်ဖူးသော လေ့ကျင့်ခဏ်းများ လုပ်ရတာလည်း မလွယ်ပါ။ ဆူခံရပြန်သည်။ နောက်ဆုံး ဆေးမှန်မှန်စားသလား မေးရာ မစားတော့ကြောင်းပြောရသည်။ ဆူပြန်သည်။ ဆီးချိုစစ်ဆေးကြည့်ရာ တခါမှမရဘူးသော ဆီးချိုအဆင့် Normal ရလဒ်ဖြစ်နေသောကြောင့် ဆရာဝန်က အံ့သြနေသည်။ ခင်ဗျား ဘာလုပ်ခဲ့သလဲ ..ဟုမေးရာ..ဘာမှမလုပ်ပါ...ဟုဖြေရသည်။ ဆီးချို နော်မယ်အဆင့်ရောက်နေတာ တခုခု ဆေးစား၊ လေ့ကျင့်ခဏ်းလုပ်မှ ဖြစ်မည်ထင်သောကြောင့် ထပ်မေးရာ .. No, I am going by Faith ... ယုံကြည်ခြင်းနဲ့သွားပါတယ်..လို့ဖြေလိုက်ပါသည်။ ဆရာဝန်က ..ဟာ..ခင်ဗျားရဲ့ ဆီးချိုက ဆေးကို အမြဲတမ်းစားရမှာ၊ ဆီးချိုရောဂါကို ငါက အမြစ်ပြက် ကုသမပေးနိုင်ဘူး။ Control ထိန်းချုပ်ပေးတာလောက်ပဲ ဆေးအားဖြင့်လုပ်ပေးနိုင်တယ်။ ဖောယောင်တာတွေ မဖြစ်အောင် ပေါ့ ..ဟုပြောသောအခါ၊ ကျွန်တော်က ..ခင်ဗျားလုပ်မပေးနိုင်တဲ့ ဆီးချိုရောဂါကို လုပ်ပေးနိုင်တဲ့ ဘုရားသခင်နဲ့ပဲ ကုသရတယ်..ဟုပြောလိုက်ပါသည်။

အခု ခြေလက်များ ဖောယောင်ခြင်းမရှိတော့ပါ။ ဘောင်းဘီဝတ်နိုင်ပါပြီ၊ ဆရာဒေးဗစ်လား ပေးသော ရှုးဖိနပ်များလည်း ကောင်းကောင်း စီးနိုင်ပါပြီ။ အစားအသောက်များလည်း အကုန်စားနိုင်ပါပြီ။ Praise Lord...

Sermon အစဆုံး ဆက်လက်ဖေါ်ပြပါမည်။
mp3 ဖိုင် MCA King Peter ပေးပို့သဖြင့် အောက်ပါ မုရန်လင့်ခ်မှ နားဆင်ရန်
http://murann.com/mp3/Rev.Augustus_2013.02.17_sermon.mp3

Youtube: http://youtu.be/eBCKOnkBJ-0

The End..
ကျမ်းချက်။ ဟေရှာယ အခန်း၆း၁-၈
သြဇိမင်းကြီးကွယ်လွန်မှ ဟေရှာယ (ပရောဖက်ကြီး) ထာဝရဘုရားကိုမြင်ခြင်း။
Rev Saw Augustus (သင်းအုပ်၊ စင်ကာပူ ယုဒသန်နှစ်ခြင်းအသင်းတော် Sermon at MCA Bangkok, 17-Feb-2013)


--
With Faithfully
Zaw Aung
Email: uzawaung-At-gmail.com  Web: murann-dot-com

Grace be with you all

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
 
---
You received this message because you are subscribed to the Google Groups "မှော်ဆရာ အဖွဲ့  ( Ѧя Ƨσяcɛяɛя )" group.
To unsubscribe from this group and stop receiving emails from it, send an email to mrsorcerer+unsubscribe@googlegroups.com.
For more options, visit https://groups.google.com/groups/opt_out.