[mrsorcerer:37359] Re: ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေမှာ တရားမ၀င် ခိုးဝင်လာသည့် တိုင်းတစ်ပါးသားများ၏ အန္တရာယ်ကို ကာကွယ်ထားခြင်းဖြစ်၍ ပြင်ဆင်ရန် မလိုအပ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များ၊ ပညာရှင်များနှင့် တိုင်းရင်းသားများ ပြောကြား

ပြင်ရမှာက  ကင်တားနား  ရုံးထိုင်နေတဲ့  ကမ္ဘာ့အချမ်းသာဆုံးနိုင်ငံ  ဆွစ်ဇာလန်က  အရင်ဆုံးပြင်ရမှာပါ ။  ဆွစ်ဇာလန်နိုင်ငံဟာ  ဒီလောက်ပြည့်စုံပါလျှက်နဲ့   ကမ္ဘာမှာ  လူသားအပေါင်းကို  ဒုက္ခအပေးဆုံး   လူ့ အခွင့်အရေးအချိုးဖေါက်ဆုံးသူတွေဖြစ်တဲ့... အာဏာရှင်သူခိုးကြိးတွေ   မူယစ်ရာဇာကြိးတွေရဲ့   ခိုးဝှက်ထားတဲ့ ရတနာငွေကြေးတွေကို   သူခိုးလက်ခံ ထားပြီး   ကုလသမ္မဂ  ဒုက္ခသည်မဟာမင်းကြီးရုံး။။။လူ့ အခွင့်အရေးရုံး စိုက်ထားတာကို  နဲနဲလေးပြန်စဉ်းစာ  ပါဦးပြောချင်တယ် ။

လူဆိုးကြိးတွေရဲ့   ခိုးထားတာတွေ  သူခိုးလက်ခံလုပ်ပြီး   ဒုက္ခသည်ရုံး  ဘာရုံး ညာရုံး တွေ ကို  ခိုးရာပါပစ္စည်းတွေ  မဖျက်သိမ်းမခြင်း   အဲဒီရုံးတွေကို   တခြားနိုင်ငံတခုခုကို ရွှေ့ ပြောင်းဖို့ တောင်းဆိုကြရအောင် ။

2013/2/20 အေမီ <amizarhlaing@gmail.com>
၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေမှာ တရားမ၀င် ခိုးဝင်လာသည့် တိုင်းတစ်ပါးသားများ၏ အန္တရာယ်ကို 

ကာကွယ်ထားခြင်းဖြစ်၍ ပြင်ဆင်ရန် မလိုအပ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များ၊ ပညာရှင်များနှင့် 

တိုင်းရင်းသားများ ပြောကြား


Created on Wednesday, 20 February 2013 10:30 


၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေမှာ တရားမ၀င်ခိုးဝင်လာသည့် တိုင်းတစ်ပါးသားများ၏ အန္တရာယ်ကို 

ကာကွယ်ပေးထားခြင်းဖြစ်၍ ပြင်ဆင်ရန်မလိုအပ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များ၊ ဥပဒေပညာရှင်များနှင့် 

တိုင်းရင်းသားများက ပြောကြားသည်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ သောမတ်စ်အိုဟေးကင်တားနားက ၁၉၈၂ 

ခုနှစ် မြန်မာနိုင်ငံသား ဥပဒေကို ပြင်ဆင်ရန်နှင့် တိုင်းရင်းသားဖြစ်မှုနှင့် ကိုးကွယ်သည့် ဘာသာအပေါ် မူတည်ကာ

 နှိမ့်ချခွဲခြားမှု မရှိသည့် ဥပဒေအသစ် ပြင်ဆင်သင့်ကြောင်း လွှတ်တော်သို့ တိုက်တွန်းပြောဆိုခဲ့မှုအပေါ် ၎င်းတို့က

 ပြန်လည်တုံ့ပြန် ပြောဆိုခဲ့ခြင်းဖြစ်သည်။

ဘယ်ဘာသာကို ကိုးကွယ်ကိုးကွယ် လွတ်လပ်စွာကိုးကွယ်ခွင့် ပေးထားတယ်။ 

ဒါပေမယ့် လူတိုင်းဟာ ဘယ်နိုင်ငံမှာပဲနေနေ အဲဒီနိုင်ငံက သတ်မှတ်ထားတဲ့ ဥပဒေတွေကိုတော့

 လေးစားလိုက်နာရမယ့်အပြင် အဲဒီနိုင်ငံရဲ့ အခြေအနေတွေနဲ့ လိုက်လျောညီထွေဖြစ်အောင် နေထိုင်ရပါမယ် . . .

 သတ်မှတ်ထားတဲ့ ဥပဒေတွေကို မလိုက်နာရင် မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်ပေါ်နိုင်ပါတယ် . . .

မြန်မာနိုင်ငံတွင် ဥပဒေများ ရေးဆွဲရန်၊ ပြင်ဆင်ရန်နှင့် ပယ်ဖျက်ရန်အတွက် အာဏာရှိသော ပြည်ထောင်စုလွှတ်တော်ရှိကြောင်း၊ 

ကင်တားနားအနေဖြင့် မိမိတို့နိုင်ငံ၏ အချုပ်အခြာအာဏာကို ပြင်ဆင်ရန် တိုက်တွန်းပြောဆို၍ မရကြောင်း၊ ထိုသို့ပြောဆိုခြင်းမှာ

 ၎င်း၏လုပ်ပိုင်ခွင့်ကို ကျော်လွန်၍ ပြောဆိုခြင်းဖြစ်ကြောင်းလည်း ဝေဖန်ကြသည်။


ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နှင့် ဥပဒေပညာရှင်တစ်ဦးဖြစ်သူ ဦးသိန်းညွန့်က

 "သူပြင်ချင်တယ်ဆိုတာ သူပြောပုံအရဆိုရင် နိုင်ငံသားဥပဒေရဲ့ အနှစ်သာရကြီး တစ်ခုလုံးကို ထိခိုက်မယ့် အပြောမျိုး၊ 

ဒီဥပဒေက ကျွန်တော်တို့ နိုင်ငံသားတွေအတွက် အင်မတန်အရေးကြီးတဲ့ ဥပဒေ။ ကျွန်တော်တို့က သန်းထောင့်သုံးရာရှိတဲ့ 

တရုတ်ပြည်၊ သန်းထောင်ကျော်ရှိတဲ့ အိန္ဒိယ၊ သန်းတစ်ရာ့ခြောက်ဆယ်ကျော်ရှိတဲ့ ဘင်္ဂလားဒေ့ရှ် ကြားထဲမှာနေရတာ။ ဘင်္ဂလားဒေ့ရှ် နို

င်ငံကြီးတစ်ခုလုံးက ရှမ်းပြည်လောက်ပဲ ရှိတယ်။ ဒါကြောင့် နိုင်ငံသားဥပဒေက ခိုင်မာဖို့လိုတယ်။ ခိုင်မာဖို့ဆိုတာက ကျွန်တော်တို့နိုင်ငံထဲကို

 နိုင်ငံသား မဟုတ်တဲ့သူတွေ အလွယ်တကူ မ၀င်နိုင်အောင်၊ ပြီးတော့ ကျွန်တော်တို့နိုင်ငံရဲ့ မူဝါဒချမှတ်တဲ့နေရာမှာ နိုင်ငံခြား

 သွေးရောတဲ့သူတွေက အဆုံးအဖြတ် မပေးနိုင်အောင်က အရမ်းအရေးကြီးတယ်။ဒီနေ့ မြန်မာနိုင်ငံသားဥပဒေမှာ ငွေဒဏ်ကိစ္စ 

ငါးသောင်းသတ်မှတ်ထားတယ်။ အဲဒါကိုငါးသိန်းတို့၊ ငါးသန်းတို့ ပြင်မယ်ဆိုရင်တော့ ပြင်သင့်တယ်။ ကျန်တာတွေကတော့

 အခုအချိန်ထိ ဆက်လိုနေသေးတယ်" ဟုပြောသည်။

"၁၉၈၂ နိုင်ငံသားဥပဒေက မြန်မာနိုင်ငံသူ၊ နိုင်ငံသားတွေနဲ့ပဲ ပတ်သက်တယ်။ နိုင်ငံတစ်ခုရဲ့ နိုင်ငံသား ဥပဒေဆိုတာ 

သူ့ရဲ့ပထ၀ီနိုင်ငံရေး အခြေအနေကို မူတည်ပြီးကာမှ ပြဋ္ဌာန်းရတာရှိတယ်။ အမေရိကန်နဲ့ တူချင်မှတူမယ်။ တခြားနိုင်ငံတွေနဲ့

 တူချင်မှ တူမယ်။ အဲဒါတွေတော့ သဘောပေါက်ဖို့လိုတယ်။ သူ့ဟာသူ ပြင်ချင်တယ်ဆိုပြီး ပြင်လို့ရချင်မှ ရမယ်" ဟု အမျိုးသား

လွှတ်တော် ကိုယ်စားလှယ်နှင့် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်ကလည်း ဆိုသည်။

၂၀၁၂ ခုနှစ် နိုဝင်ဘာလက ပြုလုပ်သော အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေကို

 ပြင်ဆင်ရန်အတွက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အဆိုတင်သွင်းခဲ့ပြီး ကန့်ကွက်မဲများသောကြောင့် မှတ်တမ်းအဖြစ်သာ

 ထားရှိခဲ့သည်။


လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေသည်

 ခြောက်နှစ်ကျော် အချိန်ယူ၍ ကွင်းဆင်းရေးဆွဲခဲ့ခြင်းဖြစ်ပြီး ပြည်သူလူထုကို ချပြကာ ဆန္ဒခံယူပြီးမှသာ အတည်ပြုထားသော

 ဥပဒေတစ်ခုဖြစ်ကြောင်း ယင်းအဆိုနှင့် ပတ်သက်၍ လွှတ်တော်၌ ပြောကြားခဲ့သည်။


"နိုင်ငံတစ်နိုင်ငံမှာ အမျိုးသားလုံခြုံရေးနဲ့ အမျိုးသားအကျိုးစီးပွားက ပိုအရေးကြီးတယ်ဆိုတာ ကင်တားနားအနေနဲ့ သိဖို့လိုပါတယ်။

 မြန်မာနိုင်ငံကို တစ်ဖက်နိုင်ငံက ကျူးကျော်ဝင်ရောက်လာတဲ့ ကိစ္စတွေကို ဖြေရှင်းတဲ့နေရာမှာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးရှုထောင့် 

တစ်ခုတည်းက ကြည့်လို့မရပါဘူး။ လူ့အခွင့်အရေး ရှုထောင့်တစ်ခုတည်းက ကြည့်မယ်ဆိုရင် အကြမ်းဖက်သမားတွေ ၀င်ရောက်လာနိုင်ပါတယ်" 

ဟု ရခိုင်အမျိုးသားကွန်ရက်မှ ဥက္ကဋ္ဌ ဦးတင်ထူးအောင်က ပြောသည်။


ထို့အပြင် ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေကို ပြဋ္ဌာန်းရာ၌ မိမိတို့နိုင်ငံ၏ ပထ၀ီအနေအထားအရ အင်အားကြီးနိုင် ငံနှစ်ခုကြားတွင် 

တည်ရှိနေသည်ကို ထည့်သွင်းစဉ်းထားခြင်းဖြစ်ကြောင်း၊ သို့သော် အဆိုပါနှစ်နိုင်ငံ၏ရန်ကို ကြောက်၍ အရာအားလုံး တားမြစ်သည့် 

ဥပဒေလည်း မဖြစ်သင့်ကြောင်း ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့မှ ကိုမြအေးက ဆိုသည်။


"သူက ကမ္ဘာ့ကုလသမဂ္ဂရဲ့ ကိုယ်စားလှယ်သာလျှင် ဖြစ်တယ်။ UN အလုပ်ပဲ လုပ်ရမယ်။ နိုင်ငံတစ်နိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့ ပတ်သက်တဲ့ 

ဥပဒေကို ပြင်သင့်တယ်။ ဒါတွေ သူပြောခွင့်မရှိဘူး။ နောက်တစ်ခုက ၈၂ ခုနှစ် ဥပဒေဆိုတာ မနေ့တစ်နေ့က ဆွဲထားတဲ့ ဥပဒေမဟုတ်ဘူး။ 

စစ်အစိုးရ လက်ထက်က ဆွဲထားတာလည်း မဟုတ်ဘူး။ ဥပဒေဆွဲခဲ့တဲ့သူက ဥပဒေမှာ ဆရာတစ်ဆူလို့ ပြောလို့ရတဲ့

 ဒေါက်တာမောင်မောင်ကိုယ်တိုင် မြန်မာနိုင်ငံအနောက်ဘက်က ဘင်္ဂါလီတစ်မျိုးတည်းကို ကြည့်ပြီးတော့ ဆွဲခဲ့တာမဟုတ်ဘူး။ 


အရှေ့ဘက်က တရုတ်ရယ်။ အနောက်မြောက်က အိန္ဒိယလူမျိုးတွေ။ မြ၀တီ၊ ကရင်ပြည်နယ်ဘက်က ဆိုလို့ရှိရင် ထိုင်းလူမျိုးတွေ

 ခိုးပြီးတော့ မတရားဝင်လာတာတွေကို ကာကွယ်ဖို့အတွက် လုပ်ခဲ့တာ။ ဘင်္ဂါလီကိစ္စ တစ်ခုပဲကြည့်ပြီး မြန်မာနိုင်ငံရဲ့ ဥပဒေပြုကဏ္ဍကို 

လာပြီးပြင်သင့်တယ်။ ဒါတွေလာပြောတာဟာ မှားယွင်းတဲ့ ပြောဆိုမှုလို့ ပြောလို့ရတယ်။ ကမ္ဘာ့ကုလသမဂ္ဂ လုပ်ပိုင်ခွင့်မှာ နိုင်ငံတစ်နိုင်ငံရဲ့ 

ဥပဒေပြဋ္ဌာန်းရေးကို လာပြီးစွက်ဖက်လို့ မရဘူး" ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ရခိုင်တိုင်းရင်းသားရေးရာ ၀န်ကြီးဦးဇော်အေးမောင်က

 ပြောပါသည်။


မစ္စတာကင်တားနား၏ ကိုးကွယ်သည့်ဘာသာအပေါ် မူတည်ကာ နှိမ့်ချခွဲခြားမှုမရှိသည့် ဥပဒေအသစ် ပြင်ဆင်သင့်ကြောင်း ပြောကြားမှုနှင့် 

ပတ်သက်၍လည်း လွတ်လပ်စွာ ကိုးကွယ်ခွင့်ပေးထားသည့် နိုင်ငံများတွင် မိခင်ဘာသာအပေါ် လွှမ်းမိုးနိုင်သည့် လုပ်ဆောင်ချက်များမှာ

 လက်ခံနိုင်သည့် အနေအထားမဟုတ်ကြောင်း ဝေဖန်မှုများ ရှိနေသည်။


"သူတို့နိုင်ငံမှာ ဗုဒ္ဓဘာသာ အဆောက်အဦတွေ ဆောက်ခွင့်ရှိပါသလား။ ဗုဒ္ဓဘာသာနဲ့ ပတ်သက်တဲ့ အဆောင်အယောင်ပေါ့။ ဘုရားပုံဖြစ်ဖြစ်။ 

ဥပမာဆိုပါတော့ သင်္ဃန်းဝတ်ထားတဲ့ ဘုန်းကြီးတစ်ပါးတောင် ကြွချီခွင့်ရှိပါသလား။ သူတို့မက္ကာကို တခြားဘာသာဝင်တွေ ၀င်ခွင့်ပေးသလား။ 

ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်တွေ ပွဲလမ်းသဘင်တွေ ကျင်းပတဲ့အခါမှာ မည်သည့်ဘာသာမဆို ၀င်ခွင့်ရှိတယ်။ အဲဒါမျိုးတွေ လွတ်လပ်ခွင့်ရှိပါတယ်။ 

အဲဒါကျရင် ဘယ်လိုစံနဲ့ တိုင်းကြမလဲ။ ဘာသာသုံး၊ လေးမျိုးရှိရင် ရှိမယ်လေ။ ကိုယ့်နိုင်ငံနဲ့ ပတ်သက်တဲ့ဟာကို ကိုယ့်လူထုကပဲ ဆုံးဖြတ်ခွင့်ရှိမှာပါ" 

ဟု ဒေါက်တာ အေးမောင်က ဆိုသည်။


မန္တလေး မစိုးရိမ်တိုက်သစ် ဆရာတော် ဦးဝီရသူကလည်း "ဦးဇင်းတို့နိုင်ငံမှာ ဘယ်ဘာသာကို ကိုးကွယ်ကိုးကွယ် 

လွတ်လပ်စွာကိုးကွယ်ခွင့် ပေးထားတယ်။ ဒါပေမယ့် လူတိုင်းဟာ ဘယ်နိုင်ငံမှာပဲနေနေ အဲဒီနိုင်ငံက သတ်မှတ်ထားတဲ့ 

ဥပဒေတွေကိုတော့ လေးစားလိုက်နာရမယ့်အပြင် အဲဒီနိုင်ငံရဲ့ အခြေအနေတွေနဲ့ လိုက်လျောညီထွေဖြစ်အောင် နေထိုင်ရပါမယ်။ 

ဘာသာရေး အဆောက်အဦတွေ ဆောက်လုပ်တဲ့အခါမှာလည်း သက်ဆိုင်ရာက သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာဖို့ 

လိုအပ်ပါတယ်။ သတ်မှတ်ထားတဲ့ ဥပဒေတွေကို မလိုက်နာရင် မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်ပေါ်နိုင်ပါတယ်" ဟု မိန့်ကြားသည်။


ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်တွင်လည်း မူလ မြို့တော်စည်ပင်၏ ခွင့်ပြုမိန့်ဖြင့် ဘာသာရေး စာသင်ကျောင်းပုံစံကို ယာယီသာ 

ခွင့်ပြုခဲ့သည့်အပေါ် ဗလီပုံစံဆန်သော အစိတ်အပိုင်းများ ပါဝင်လာသည်ဟုဆိုကာ ရပ်ကွက်နေပြည်သူများနှင့် အဆောက်အဦ

 ဆောက်လုပ်သူတို့အကြား ဖေဖော်ဝါရီလ ၁၇ ရက်က ပဋိပက္ခများ ဖြစ်ပွားခဲ့ပြီး မြို့တော်စည်ပင်နှင့် သက်ဆိုင်ရာမှ ပူးပေါင်းကာ 

ယင်းအဆောက်အဦအား ပြန်လည်ဖျက်သိမ်းခဲ့ရကြောင်း သိရသည်။


ယင်းနှင့်ပတ်သက်၍ ကိုမြအေးက "ကျွန်တော်တို့နိုင်ငံမှာ ပြဋ္ဌာန်းပြီးသား ဥပဒေတွေ ရှိပြီးသားပဲ။ ဥပမာအားဖြင့် အဆောက်အဦတစ်ခုကို

 ဆောက်မယ်ဆိုရင်လည်း ကိုယ့်သဘောနဲ့ကိုယ် ဆောက်လို့မရဘူး။ ထပ်ခိုးလေးပြင်တာတောင်မှ စည်ပင်သာယာကို တင်ရသေးတာပဲ။

 အဆောက်အဦ ဆောက်တဲ့အခါမှာလည်း တိတိကျကျ တင်ရပြုရတာ ရှိသလို။ အာဏာပိုင်ကနေ ချမှတ်ပေးလိုက်တဲ့ပုံစံ၊ ကိုယ်တင်တဲ့အတိုင်း

 ဆောက်ရမယ် ဆိုတာလည်း ရှိပြီးသားပဲ။ အကယ်၍များ တင်တဲ့ဟာထက် ပိုပြီး၊ ကျူးပြီးဆောက်ထားမယ် ဆိုရင်လည်း အရေးယူရမယ့် 

ဥပဒေ ပြဋ္ဌာန်းပြီးသား ရှိပြီးသားပဲ။ ဥပဒေပြဋ္ဌာန်းထားတာ ရှိတဲ့အတွက်ကြောင့် ဥပဒေအတိုင်း တိတိကျကျပဲ အကုန်လုံးကို ဖြစ်စေချင်ပါတယ်"

 ဟု ပြောသည်။


ဖွဲ့စည်းပုံ အခြေခံဥပဒေတွင်လည်း လွတ်လပ်စွာ ကိုးကွယ်ခွင့် ပေးထားပြီးဖြစ်ကြောင်း၊ သို့သော် မည်သည့်ဘာသာမဆို ချမှတ်ထားသော 

သက်ဆိုင်ရာ တည်ဆဲဥပဒေများကို လိုက်နာရမည်ဖြစ်ကြောင်း၊ ခွင့်ပြုချက် မရသည်ကို ကျော်လွန်လုပ်ဆောင်၍ မရကြောင်း 

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ရခိုင်တိုင်းရင်းသားရေးရာ ၀န်ကြီးဦးဇော်အေးမောင်က ပြောသည်။


၂၀၁၂ ခုနှစ် နိုဝင်ဘာလအတွင်းက ရေယာဉ်ပျက်ကျ၍ ကျောက်ဖြူကမ်းခြေသို့ ၀င်ရောက်လာသည့် ဘင်္ဂါလီများအား စစ်ဆေးနေစဉ်

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
 
---
You received this message because you are subscribed to the Google Groups "မှော်ဆရာ အဖွဲ့  ( Ѧя Ƨσяcɛяɛя )" group.
To unsubscribe from this group and stop receiving emails from it, send an email to mrsorcerer+unsubscribe@googlegroups.com.
For more options, visit https://groups.google.com/groups/opt_out.