[mrsorcerer:37360] Fwd: [လူဗိုလ်ဟူသည် ...] ချင်း ဧည့်ကြို ထမင်းစားဖိတ်ပွဲ



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2013/2/20
Subject: [လူဗိုလ်ဟူသည် ...] ချင်း ဧည့်ကြို ထမင်းစားဖိတ်ပွဲ
To: lubo601@gmail.com


January 3rd, 2011 | Add a Comment | 56 views
ဇလပ်နီ – ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းများတွင် ခေတ်နှင့် မလျော်ညီသော ရိုးရာဓလေ့များရှိသလို လူမျိုးအင်္ဂါရပ်အဖြစ် ထိန်း သိမ်းသင့်သည့် ရိုးရာယဉ်ကျေးမှုများလည်းရှိသည်။ ချင်းလူမျိုးစုများအတွင်း ဒေသအလိုက်သော်လည်းကောင်း၊ မျိုးနွယ်စု အလိုက်သော်လည်ကောင်း ရိုးရာယဉ်ကျေးမှုမြောက်မြားစွာရှိခဲ့သည်။ သို့သော် ခေတ်နှင့် မလျော်ညီသော ရိုးရာများကို ဖျောက်ဖျက်ခဲ့ကြသည့် နည်းတူ ယနေ့ထက်ထိတိုင် ထိန်းသိမ်းလာခဲ့ကြသည့် ရိုးရာ ဓလေ့များလည်း ရှိသည်။

ကောက်သီးစားပွဲများ၊ ခွါဒိုပွဲများ၊ ရိုးရာဓါးသိုင်းအကများ၊ ချင်းနပမ်းသတ်ပွဲများ၊ ချင်းရိုရာ မိုးခေါ် ငါးဖမ်းပွဲများ၊ ရိုးရာ အ က များ၊ ဆင်ယင်ထုံးဖွဲ့မှုများ စသည့် ရိုးရာယဉ်ကျေးမှုများကို ချင်းလူမျိုးများက ယနေ့အထိ မြတ်မြတ်နိုးနိုး ထိန်းသိမ်း ခဲ့ ကြသော်လည်း ချင်းရိုးရာ ကလဲ့စားချေစနစ်များ၊ ချင်းရိုးရာ လံကွတ်တီ ၀တ်စားဆင်ယင်မှုများကိုမူ ကိုးကွယ် သည့် ဘာ သာ၊ တိုးတက်နေသော ခေတ်ရေစီးကြောင်း နှင့် မလျော်ညီတော့သဖြင့် ဖျောက်ဖျက် ခဲ့ကြသည်ကို တွေ့ရှိရမည်။

လူမျိုးဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် ထိန်းသိမ်းသင့်သည့် ချင်းရိုးရာယဉ်ကျေးမှုများအနက် ချင်း ဧည့်ကြို ထမင်း ဖိတ်ပွဲကိုလည်း ချင်းလူမျိုးစုများက ယနေ့တိုင် ထိန်းသိမ်းနေဆဲဖြစ်သည်။

ယင်း ဧည့်ကြိုထမင်းဖိတ်ပွဲကို ချင်းပြည်နယ်တောင်ပိုင်း မတူပီ၊ ပလက်ဝ ဒေသရှိ ခူမီး ဒိုင် မျိုးနွယ်စုများက ယနေ့တိုင် မြတ်မြတ်နိုးနိုးဖြင့် ထိန်းသိမ်းကျင့်သုံးခဲ့ကြသည်။
ချင်းပြည်နယ်သည် တောင်စွယ်တောင်တန်းများဖြင့် တည်ဖွဲ့ထားရာ တနေရာနှင့် တနေရာခရီးသွားလာရာတွင် ခြေ ကျင်ဖြင့် ခက်ခဲစွာ တရွာဝင်တရွာထွက် ဆက်သွယ်သွားလာလေ့ရှိကြသည်။ ထိုသို့ ခရီးသွားရာတွင် ခရီးသည်များသည် စားရေရိက္ခစို ရိက္ခခြောက်များ ပါလေ့ပါ ထမရှိကြပဲ နေ့လယ်စာ တနပ်စာထမင်းထုပ်လောက်သာ ပါသွားလေ့ရှိသည်။ အဘယ်ကြောင့်ဆိုသော် ရွာတရွာတွင်ညအိပ်တည်းခိုလျှင် တဦးချင်းအလိုက်သော်လည်းကောင်း၊ အစုလိုက်သော်လည်း တည်းခိုလေ့ရှိပြီး အိမ်ရှင်ကျွေးစာကို စားသောက်လေ့ရှိကြသည်။

ယင်းကိစ္စနှင့် ပါတ်သက်ပြီး ကျောင်းဆရာတဦးက " ပလက်ဝနယ်သွားရတာ စားစရိတ်၊ ခရီးစရိတ်ဘာဆိုဘာမှ မလိုဘူးဗျ၊ အပူအပင်ဘာမှမရှိဘူး၊ ကျမ်းစာထဲက ကာနန်ပြည်ရောက်သလိုပဲ" ဟု ပြောသည်။

ခူမီးဒိုင်ချင်းပြည်သူများသည် မိမိရွာသို့ ၀င်ရောက်တည်းခိုလာသော ဧည့်သည်များကို မိသားစုအလိုက် သီးခြားစီ ထမင်း စားဖိတ်ခြင်း၊ ၄င်းတို့တည်းခိုရာ အိမ်သို့ မိသားစုအလိုက် ထမင်းပို့ကျွေးမွေးခြင်းများပြုလုပ်လေ့ရှိကြသည်။

၎င်းတို့တွင် ဧည့်သည်ကို မထင်းမကျွေးပါက အစာရေစာ ခက်ခဲခြင်းဒုက္ခနှင့် ကြုံတွေ့ရမည်ဖြစ်ပြီး ဧည့်သည်ကို ထမင်း ကျွေးပါမှ စားရေရိက္ခ ဖူလုံမည်ဟူသောအယူအဆရှိသည်။
အဆိုပါ ခူမီးဒိုင်မျိုးနွယ်စုများအတွင်း ခရစ်ယာန်သာသနာပြုနေသော မရာဧ၀ံဂေလိအသင်းတော်မှ ချင်းဘာသာရေး ခေါင်း ဆောင်တဦးက " သူတို့အယူ အဆက ကျမ်းစာနှင့် လျော်ညီသည့်အယူဝါဒတွေ အများကြီးရှိနေတယ်၊ သူတို့ ကိုယ်တိုင် လည်း အင်မတန်ရိုးသားကြတယ်" ဟု ပြောသည်။

ပလက်ဝဒေသအတွင်း ကျေးလက်ပြည်သူများသည် ၁၀ အိမ်မှ ၅၀ အိမ်ခြေအများဆုံးစုပြီး ရွာတည်လေ့ရှိကြရာ ကျေးရွာ အတွင်း တည်းခိုလာသော ဧည့်သည်များကို ရွာလုံးကျွတ်နီးနီ သိရှိကြသည်။ ယခုည ဧည့်သည့် ဘယ်နှစ်ဦး ၀င်လာသည် ကအစ သိရှိကြသည်။ ရွာတွင်းသို့ ဧည့်သည်ဝင်လာလျှင် ဧည့်သည်အတွက် မနက်စာကို ချက်ပြီး ဧည့်သည် တည်းခိုရာ အိမ်သို့ သွားပို့ကြသည်။

၎င်းနောက် အိမ်ရှင်မက ထမင်းပွဲများကို တနေရာတွင် အသီးသီးစုပြီး ဧည့်သည်များအား ထမင်းစားဖို့ ဖိတ်ခေါ်သည်။ ထမင်းစားရာတွင် ဧည့်သည်များသည် ပို့လာသော ထမင်းအားလုံးကို အနည်းအကျဉ်းစီ စားပေးရမည်ဖြစ်သည်။ သို့မ ဟုတ်ပါက ထမင်းကျွေးသူများအနေဖြင့် စိတ်မချမ်းမသာဖြစ်ကြသည်။ အကြောင်းမှာ ကိုယ်ကျွေးသော ထမင်းကို ဧည့် သည် မစားမိပါက ၄င်းတို့အတွက် ကောင်းချီးဆုံးရှူံးသွားသည်ဟု ယူဆသောကြောင့် ပင်ဖြစ်သည်။

ဧည့်သည်များ ထမင်းစားမပြီးမချင်း ထမင်းပို့အိမ်ရှင်မများသည် အပြင်တွင် စောင့်နေကြသည်။ ဧည့်သည်များ ထမင်း စားပြီးလျှင် အိမ်ရှင်မများသည် ကိုယ့်ထမင်းစားရာများမတွေ့ပါက အင်မတန်ဝမ်း နည်းကြပြီး ကိုယ့်ထမင်းစားထားသည့် လက်ရာများ တွေ့ပါမှ ကိုယ့်ထမင်းပန်ကန်ကို ယူပြီး ကျေကျေနပ်နပ်အိမ်ပြန်ကြသည်။

" ကျတော်တို့က ခရစ်ယာန်ဘာသာဝင်သာဆိုတယ်၊ သူတို့လေးတွေကပဲ ကျတော်တို့ကို ဘာသာရေးတရား ပြန်ဟော နေသလိုခံစားရတယ်ဗျာ၊ ဒီ ရိုးရာ အစဉ်အလာကောင်းလေးတွေကို ထိန်းသိမ်းသင့်တယ်" ဟု အဆိုပါဒေသတွင် တာဝန် ကျ နေသော ထန်တလန်မြို့နယ်မှကျောင်းဆရာ တဦး က ပြောပြသည်။

သို့သော် ၂၀၀၆- ၂၀၀၇ ခုနှစ်အတွင်း ချင်းပြည်အ၀ှမ်း ဖြစ်ပွားသော အစာရေစာပြတ်လတ်မှုကပ်ဆိုးသည် အဆိုပါ ဒေသ သို့ ထိုးဖောက်ဝင်ရောက်သွားခဲ့ရာ ဒေသခံပြည်သူများသည် အဆိုပါ ရိုးရာကို လုံးဝနီးပါး မထိန်းသိမ်းနိုင်ကြတော့ ကြောင်း သိရသည်။
" ကျတော်တို့မှာ ဘာဆိုဘာမှန်းမှ မရှိတော့တာ၊ စားစရာမရှိတော့လည်း ကိုယ့်ရွာကို ၀င်လာတဲ့ ဧည့်သည်တွေကိုတောင် ဓါးပြတိုက်တောင်းစားရမလိုဖြစ်နေပြီ" ဟု ပလက်ဝမြို့နယ်မှ ကျမ်းစာကျောင်းသားတဦးက ပြောသည်။

ချင်းပြည်တောင်ပိုင်း ပလက်ဝဒေသသည် ဆန်ရေစပါးအင်မတန်ထွက်ရှိပြီး သားငါးအင်မတန်ပေါများသည် ဒေသဖြစ် သည်။ သူတို့သည် ကုလားတန်မြစ်ကြောင်းတလျှောက်တွင် နေထိုင်ကြပြီး ဆန်ရေစပါးအပြင် ၊ လိမ်မော်၊ ဒညင်း၊ နှမ်းများ အင်မတန်ထွက်ရှိသည့် ဒေသဖြစ်သည်။
ယနေ့တွင်မူ အနှစ်ငါးဆယ်တကြိမ်ဖြစ်ပွားလေ့ရှိသည့် ၀ါးသုဉ်းမှုပြသာနာကြောင်း ဒေသခံများသည် ကိုယ်မြတ်နိုးသည့် ဒေသ၊ ရိုးရာအပျော်လေးတွေကို စွန့်ခွါပြီး တဖက်အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်နှင့် တဖက် ဘင်္ဂလားဒေရှ်နိုင်ငံများသို့ အစုလိုက်အပြုံလိုက် ပြောင်းရွေ့ပြီး ကစဥ့်ကလျားဖြစ်သွားကြသည်ကို ၀မ်းနည်းဖွယ်တွေ့ ရှိရသည်။
" ကိုယ့်ရပ်၊ ကိုယ့်ရွာ၊ ကိုယ့် ဒေသကို ဘယ်သူမလွမ်းပဲဘယ်နေမလဲ၊ တချိန်က ရိုးရာအပျော်လေးတွေဟာ အိပ်မက် လိုပဲဖြစ် သွားတယ်" ဟု မီဇိုရမ်ရောက် ခူမီး လူကြီးတဦးက ပြောသွားသည်။

တိုင်းရင်းသားတိုင်းအားချစ်ခင်းလေးစားလျှက်ပြန်လည်ဝေမျှသည်
ရွှေအိမ်စည်
http://khonumthungburmese.org/
1

--
Posted By Blogger to လူဗိုလ်ဟူသည် ... at 2/20/2013 11:03:00 PM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
 
---
You received this message because you are subscribed to the Google Groups "မှော်ဆရာ အဖွဲ့  ( Ѧя Ƨσяcɛяɛя )" group.
To unsubscribe from this group and stop receiving emails from it, send an email to mrsorcerer+unsubscribe@googlegroups.com.
For more options, visit https://groups.google.com/groups/opt_out.