[mrsorcerer:37396] Fwd: [လူဗိုလ်ဟူသည် ...] မှန်ထဲမှာ ----



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2013/2/23
Subject: [လူဗိုလ်ဟူသည် ...] မှန်ထဲမှာ ----
To: lubo601@gmail.com


by Myo Myint Thwe on Saturday, February 23, 2013 at 1:32am ·
 
မွေးကင်းစထဲက နှစ်ဘက် အဖိုး အဖွားတွေနဲ.အတူနေကြီးပြင်းခဲ့ရတဲ့ ကျမဟာ အဖိုးအဖွားတွေရဲ. အလိုလိုက်မှု ဆုံးမပဲ့ပြင်မှုတွေနဲ. နေခဲ့ရပါတယ်။ အဖွားတွေရဲ.ကြပ်မတ်ထိန်းသိမ်းမှုတွေနဲ. အဖိုးတွေရဲ. အလိုလိုက်မှုတွေဟာ ကျမ အတွက်တော့ ဆန်.ကျင်ဘက်အတွေးအမြင်တွေနဲ. အပြုအမှုတွေကို အမြဲလုပ်မိစေပါတယ်။
အဖွားတွေရဲ. မိန်းကလေးတစ်ယောက်ရဲ. ဘယ်လိုနေထိုင် ပြောဆိုပြုမူရတယ်ဆိုတဲ့ ဆိုဆုံးမမှုတွေနဲ. အဖိုးတွေရဲ. မိန်းကလေးပေမဲ. မကြောက်တတ်အောင် ကိုယ့ိကိုကိုယ် ကာကွယ်တတ်အောင် ဘယ်အရာမဆို ရင်ဆိုင်နိုင်တဲ့သတ္တိမျိုးတွေရှိရမယ် မိန်းကလေးမို. အားငယ်ရတယ်ဆိုတာမျိုး မဖြစ်ရဘူးဆိုတဲ့ သွန်သင်ဆုံးမမှုတွေကြားမှာ ကျမကတော့ ဟိုမရောက် ဒီမရောက်နဲ. အတော်ဆုံးမရခက်တဲ့ကလေးမျိုးဖြစ်ခဲ့ပါတယ်။ မိန်းကလေးဖြစ်ပြီး အလှပြင်ဖို.လဲစိတ်မ၀င်စား၊ သာမန်ထက်လဲနဲနဲလောက်ပိုပြီး ရုပ်ဆိုးတဲ့ ကျမဟာ ငယ်စဉ်ထဲက သနပ်ခါးလိမ်းဖို. သိပ်ပျင်းပါတယ်။ မနက်အိပ်ယာထမျက်နှာသစ်ပြီးတာနဲ.အဖွားက သနပ်ခါးလိမ်းဖို. အဆင်သင့်သွေးပေးထားတောင် အဖွားလစ်တာနဲ. မလိမ်းပဲ ဒီအတိုင်းမျက်နှာပြောင်နဲ. ကျောင်းသွားလေ့ရှိပါတယ်။ ဈေးထဲကဆိုင်အလုပ်၊ ပွဲရုံအလုပ်တွေနဲ. အမြဲ အလုပ်ရှုတ်နေတတ်တဲ့အဖွားက ကျမကို အချိန်ပြည့်စောင့်မကြည့်နိုင်တာမို. အခါအားလျှော်စွာ ကျမက ဒီလိုပဲလစ်ထွက်နေကျပါ။
အလယ်တန်းတက်ချိန်မှာတော့ ကျမကိုအဖွားကပိုပြီး အနီးကပ်ကြီးကြပ်ပါတော့တယ်။ သနပ်ခါးမလိမ်းပဲ ကျောင်းသွားတဲ့နေ.ဆို နေ.လည်ထမင်းစားချိန် နေ.လည်စာ ထမင်းချိင့် မပို.ပေးပါဘူး။ အစပိုင်းကတော့ အဖိုး တိတ်တိတ်လေးပေးထားတဲ့ မုန်.ဖိုးတွေရှိတာမို.  ကျမက ဂရုမစိုက်ပါဘူး ၁ ခါ - ၂ ခါ မက ၃ - ၄ - ၅ ခါ ရှိလာတဲ့အခါမှာတော့  ကျမရဲ. ဂျစ်တစ်တစ်စိတ်က အဖွားကို ပြန်ရွဲ.ချင်လာပါတယ်။ တစ် မနက်မှာတော့ သနပ်ခါးကို မျက်နှာတစ်ပြင်လုံး ဘဲကြားရိုက်အောင်လိမ်းလိုက်ပါတယ်။ နဂိုမူလကိုက အသားကညိုညို ရုပ်ကဆိုးရတဲ့အထဲ သနပ်ခါးဖွေးဖွေးကို ဘဲကြားရိုက်လိမ်းထားတဲ့ ကျမရုပ်ဟာ အတော်မှ အတော်ကို ကြည့်ရဆိုးနေပါတယ်။ ကျောင်းအင်္ကျီ လဲပြီး မနက်စာ စားဖို. စားပွဲမှာဝင်ထိုင်လိုက်တဲ့ ကျမပုံကို မြင်လိုက်တဲ့ အဖွားက သူ.ကို ကျမ ရွဲ.နေတယ်ဆိုတာ ကောင်းကောင်းသိတာပေါ့။ ကျမမျက်နှာကို ကြည့်နေတဲ့အဖွား မျက်လုံးတွေဟာ ခဏလေးအတွင်းမှာ အရောင်တွေပြောင်းနေတာကို ကျမ အခုချိန်ထိမှတ်မိနေပါသေးတယ်။ ဒီလိုလုပ်လာတဲ့ ကျမကို ပထမ အရမ်းအံအားသင့်သွားတယ်၊ နောက် ဒေါသတွေအရမ်းထွက်လာပြီးမျက်လုံးတွေက အရောင်တွေလက်လာတယ် (ကျမအဖွားဟာ အခု အသက် 97 နှစ်ထိ စိတ်ကြီးတုန်းပါပဲ) နောက်တော့ စိတ်မကောင်းဖြစ်သွားတဲ့ပုံနဲ. မျက်နှာတချက်ပျက်သွားပြီး ကျမကိုမနက်စာ စားဖို.ထဲ့ပေးပါတယ် ပြီးတော့မှ စကားကို တစ်လုံးခြင်းပြောပါတယ်
" ငါ့ မြေး သနပ်ခါးလိမ်းတာ မှန်ကြည့်မလိမ်းဘူးလား မှန်ထဲမှာ ငါ့မြေးမျက်နှာက သိပ်လှနေလား ကြည့်လို.သိပ်ကောင်းနေလား ဖွားမျက်စိထဲတော့ မျောက်ညိုလေးကို သနပ်ခါးလိမ်းထားသလိုပဲ " တဲ့ ဒီတခါ မျက်နှာပျက်ရတာက ကျမပါ ကိုယ့်ကို မျောက်နဲ.အနှိုင်းလိုက်တော့လဲ မခံချင်ဘူးလေ "` ဖွားပဲ သနပ်ခါးလိမ်းဆိုလို. လိမ်းထားတာလေ" ကျမရဲ. အငေါ်တူးတဲ့စကားကိုနားထောင်ရင်း အဖွားကတချက်ပြုံးလိုက်ပါတယ် `" အင်းလေ - လိမ်းထားတဲ့ သနပ်ခါးက လှမှမလှတာ မှန်ထဲမှာပြန်ကြည့်လေ တကယ်မျောက်ကလေးနဲ.တူတယ်" လို.ထပ်ပြောတော့ ကျမ မျက်ရည်ဝဲတဲ့ထိ ၀မ်းနည်းသွားမိပါတယ်။ အဲ့ဒီမှာမှ အဖွားလိုချင်တဲ့နေရာကို ရောက်ပါတော့တယ်  " ငါ့မြေး ဒီလိုသနပ်ခါးလိမ်းထားတာဟာ ကိုယ်တိုင် မှန်ထဲမှာကြည့်လဲ ကြည့်လို.မကောင်းဘူး  အပြင်မှာလဲ ဘယ်သူက ကြည့်ကြည့် - မြင်မြင် ကြည့်လို. - မြင်လို.မကောင်းဘူး ဒါဟာ အပြင်ပန်းရုပ်ရည်နဲ.တင်ပြီးသွားတာမျိုးမဟုတ်ဘူး ကိုယ့်ရဲ.စိတ်နေသဘောထား ကိုယ့်ရဲ. အပြုအမူ ကိုယ့်ရဲ.လုပ်ဆောင်ချက်တိုင်းဟာ ကိုယ့်မျက်နှာပေါ်မှာ အမြဲတန်းထင်ဟပ်နေလိမ့်မယ် ကိုယ်လုပ်လိုက်တဲ့ ကိစ္စတစ်ခုဟာ ဘယ်သူမှမသိဘူး ဘယ်သူမှမမြင်ဘူးလို.မထင်နဲ. ကိုယ့်မျက်နှာကိုပြန်မြင်ရချိန်တိုင်း ကိုယ်လုပ်ခဲ့တဲ့အကောင်း-အဆိုး အကြောင်းကိစ္စတိုင်းဟာ ပြန်ပေါ်လာမြဲပဲ ကိုယ့်ကြောင့် သူတပါးနစ်နာထိခိုက်စေခဲ့တာ ပျော်ရွင်ကြည်နူးစေခဲ့တွေအားလုံးဟာ ကိုယ့်မျက်နှာပေါ်မှာ အမြဲတန်းထင်ဟပ်နေမှာ ဒါကြောင့် ကိုယ့်မျက်နှာကို ကိုယ်ကိုတိုင်လဲ ကြည့်လို.မြင်လို.ကောင်းအောင်နေရမယ် သူတပါးတွေအမြင်မှာလဲကောင်းအောင်နေတတ်ရမယ်။ သူတပါးအမြင်ကောင်းအောင် ဟန်ဆောင်နေပေမဲ. တကယ့်ကိုယ့်အတွင်းစိတ်မှာဘယ်လိုဆိုတာကို ကိုယ့်ကိုကိုယ်ထက်ဘယ်သူကမှ ပိုမသိနိုင်ဘူး ကိုယ့်အကြောင်းကိုယ်အသိဆုံးပဲ၊ ကိုယ်လုပ်ခဲ့တဲ့ အမှား-အမှန်လုပ်ရပ်တွေကိုလဲ ကိုယ်ကိုတိုင် အသိဆုံးပဲ ဒါကြောင့် ကိုယ့်မျက်နှာကိုယ် မှန်ထဲမှာပြန်ကြည့်တိုင်း စိတ်သန်.သန်.နဲ. ရဲရဲ ၀င့်ဝင့်ကြည့်နိုင်ရမယ် သူတပါးကလဲ ကိုယ့်မျက်နှာကို တွေ.လိုက်တိုင်း ချစ်ခင်စေတာမျိုး ပျော်ရွှင်စေတာမျိုး မဖြစ်ရင်တောင် ကိုယ့်ကိုကဲ့ရဲ.ပြစ်တင် ဝေဖန် မခံရဖို. ကိုယ့်ကိုနာကျည်းမုန်းတီးတာမျိုးတွေမဖြစ်ဖို. အနည်းဆုံး ကိုယ့်ကိုလှေင်ပြောင်ချင်တာမျိုး မဖြစ်အောင် နေရမယ် ၊ ကိုယ့်မျက်နှာကို ကိုယ် မှန်ထဲမှာ ရဲရဲဝင့်ဝင့် ကြည့်နိုင်ရမယ် ဖွား ပြောတာတွေကို နောင်ကျရင် ပိုသိလာလိမ့်မယ် "
အဖွားကကျမရဲ.မသေမသပ်ရှိနေတဲ.ဆံပင်တွေကို အသာယာသပ်ပေးပြီး စကားကိုရှည်ကြီးကို တစ်ခွန်းခြင်းပြောပါတယ်။ အဖွားစကားတွေနားထောင်နေရင်း ကျမ မျက်ရည်တွေက တရစပ်ကျလာပါတယ်။ အဖွားစိတ်ဆိုးပြီး ရိုက်ရင်တောင် ဒီလောက်ဝမ်းနည်းမိမှာမဟုတ်ပါဘူး။ နောက်ပြီးဒီစကားတွေကိုလဲ ဒီလောက်နှစ်ကြာအောင် မှတ်မိနေမှာမဟုတ်ပါဘူး။ အဲ့ဒီနေ.က မျက်နှာပြန်သစ်ပြီး သနပ်ခါးကို သေချာလိမ်းပါတယ်။ အခုအချိန်ထိ သေချာအလှမပြင်နိုင်သေးပေမဲ. မှန်ထဲမှာပေါ်နေတဲ့ ကိုယ့်မျက်နှာကို ကိုယ်ပြန်ပြီးမကြည့်ဝံ့တဲ့ အဖြစ်မျိုး မလုပ်မိတော့ပါဘူး။ ကိုယ့်မျက်နှာကိုမှ ကိုယ်ပြန်မကြည့်ချင်လောက်အောင် ဖြစ်ခဲ့ရင် သူတစ်ပါးက ပိုပြီးမကြည့်ချင်ဖြစ်တော့မှာဆိုတဲ့အသိနဲ. ကိုယ့်ကြောင့် သူတပါးနစ်နာဆုံးရှုံးရတဲ့အမှားမျိုးလဲ မလုပ်ဖြစ်အောင်ကြိုးစားပြီးနေပါတယ်။ သာမန်အသိညဏ်လောက်ပဲရှိတဲ့လူမို. လုံးဝအမှားမကင်းနိုင်ပေမဲ. မှန်ထဲက ကိုယ့်မျက်နှာကိုမကြည့်ချင်လောက်အောင် သူများကလဲမကြည့်နိုင်လောက်အောင် အမှားမျိုးတော့ မလုပ်ခဲ့သေးပါဘူး။ မလုပ်မိဖို.လဲ အမြဲကြိုးစားပါတယ်။ လူတွေအားလုံး မှန်ကြည့်ဖူးကြမှာပါ မှန်ကြည့်တဲ့အခါတိုင်း ကိုယ့်မျက်နှာကို ကိုယ်တိုင်ရဲရဲဝံ့ဝံ့ကြည့်နိုင်ကျပါစေ။


--
Posted By Blogger to လူဗိုလ်ဟူသည် ... at 2/24/2013 01:26:00 PM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
 
---
You received this message because you are subscribed to the Google Groups "မှော်ဆရာ အဖွဲ့  ( Ѧя Ƨσяcɛяɛя )" group.
To unsubscribe from this group and stop receiving emails from it, send an email to mrsorcerer+unsubscribe@googlegroups.com.
For more options, visit https://groups.google.com/groups/opt_out.