မြေကြီးရယ်သံ ကံထွန်းသစ်၊ ဖေဖော်ဝါရီ ၈၊ ၂၀၁၃          အော် … ဂရမ်မီဆုပေးပွဲတောင် နီးလာပြန်ပါပေါ့လား။          အစိုင်ဖြစ်နေသော ပင့်သက်ကို မျှဉ်း၍ ချလိုက်မိသည်။ ပြီးခဲ့သည့် ငါးဆယ့်လေးကြိမ်မြောက် ဆုပေးပွဲ အကြိုနေ့က ကွယ်လွန်သွားခဲ့သော "ဝှစ်တနီဟူစတန်" ကြောင့်တော့မဟုတ်။ ထိုဆုပေးချိန်က ကိုယ် နယူးယောက်မှာရှိနေခဲ့သည်လေ။          သည်နှစ်တွက် ဂုဏ်ထူးဆောင် အဖိတ်ကြားခံထားရသူ L.A က တည်းခိုနေသည့်ဟိုတယ်တွင် ကွယ်လွန်သွားကြောင်း။ ကြေငြာသံ၊ ဝမ်းနည်းသံ၊ ကြေကွဲဟန်တွေလွှမ်းနေသည့်ဆုပေးပွဲကို အဲဒီညက ကိုယ်ကြည့်နေခဲ့သည်။ ဂရမ်မီဆု ခြောက်ဆုပင်ရခဲ့သော ကွယ်လွန်သူ အဆိုကျော်ကို မြင်လိုက်ရသောအခါ သူမအကြောင်းကို သိသလိုလို၊ ဖတ်ဖူးသလိုလို၊ ဇဝေဇဝါနှင့် စုတ်သပ် လိုက်မိသည်။          နောက်နေ့ မိုးအသောက်မှာတော့ ကိုယ်တို့တတွေ ပုံမှန်လမ်းလျှောက် ထွက်ဖြစ်ကြသည်။ [...]

Read more of this post