ရှင်ကောင်းတပါး သားကောင်းတထောင် ကံထွန်းသစ်၊ ဖေဖော်ဝါရီ ၂၄၊ ၂၀၁၃             ကွန်ပြူတာ Screen ညာဘက်စွန်းမှ 1:40 AM ဟုအချိန်ကိုတွေ့လိုက်မှ ညဥ့်နက်ပါပကောဟု အမှတ်ပြုလိုက်မိသည်။ Laptop လေးရှေ့မှ ထလိုက်သည်။ ဝန်းကျင်သည် ငြိမ်ဆိတ်လျက်၊ Winter ရာသီ အစပေမင့် အအေးကမနိမ့်။ ခါးကို အသာဆန့်လိုက်ရာ ဖျိုးဖျိုးဖျစ်ဖျစ် မြည်သွားသည်။ အိပ်ချိန်ကို ခန္ဓာက တောင်းဆိုနေပြီလေ။ တံခါးကိုဟ၍ အပြင်ကိုထွက်လိုက်သောအခါ အံ့သြသွားရသည်။ အခန်း မျက်နှာချင်းဆိုင်စားပွဲတွင် အလုပ်လုပ်နေသော ကိုယ်တော်လေးကြောင့်တော့မဟုတ်။ သည်မြင်ကွင်းက ရိုးနေလှပြီ။             မြင်ကွင်းဆန်းက ထိုကိုယ်တော်လေး၏စားပွဲဘေးတွင် တိတ်ဆိတ်စွာရောက်နေကြသော စုံတွဲ ကြောင့်ပင်၊ ပူပူနွေးနွေး နာမည်ကျော်များဟု ဆိုရမည့်လင်မယား၊ မှတ်မှတ်ရရ ပြီးခဲ့သည့် သီတင်းကျွတ် လပြည့်ညကဇာတ်လမ်း၊ "ကရင်မက ဖိုးနီကို [...]

Read more of this post