အဲ့ဒီ သူပုန်တွေ ကျော်ဟုန်း၊ ဖေဖော်ဝါရီ ၁၇၊ ၂၀၁၃ (သူပုန်တွေဆိုတော့ လူဆိုးတွေပေါ့နော်) "ဟုတ်တယ်၊ တော်တော်ဆိုးတဲ့ကောင်တွေ လူကြည့်တော့ ငေါက်တောက်လေးနဲ့ " တိုက်ပုံတဖားဖား ၊ တောင်ရှည်တကားကား မောင့်ကျက်သရေဆောင်း မျိုးဂုဏ်ထိမ်းဆဲ လူကြီးလူကောင်းတွေရဲ့ ပြိုင်ဖက်ကင်း တပါတီကြီးကို "လမ်းစဉ်ပါတီ တော်ပါပြီ"လို့ ဆိုင်းဘုတ်ထောင်လိုထောင် အိမ်ထဲက အပြင်မထွက်ရဲတဲ့ ပြည်သူတွေကို လမ်းပေါ်ဆွဲထုတ်လိုထုတ် တနိုင်ငံလုံး အုံးအုံးကြွက်ကြွက်ဖြစ်အောင်လုပ်သွား ကျည်မကြောက် ထောင်မကြောက် ဘယ်လိုမှ ခြောက်မရခဲ့တဲ့ ရှစ်ဆယ့်ရှစ်က အဲ့ဒီ သူပုန်တွေ။ စစ်တပ်က တိုင်းပြည်ကယ်ဖို့ အာဏာသိမ်းတာကို တချို့ က တောထဲ ထွက် တချို့ က ထောင်ထဲ မထွက် အရိုးမာ အကြောမာလွန်းတဲ့ အဲ့ဒီ သူပုန်တွေ။ ဘာတဲ့၊ သူတို့ အော်နေတာက [...]

Read more of this post