နွေဦးသံစဉ်နှင့် ကျနော်တို့ရဲ့ ရွာလေး လောအယ်စိုး၊ ဖေဖော်ဝါရီ ၂၀၊ ၂၀၁၃           ဇင်ယော်ငှက်များ အီရီမြစ်ပေါ်တွင် ၀ဲကာပျံပြီး နေသောမြင်ကွင်းသည် ကြည်နူးစရာ ကောင်းလှပေစွကျနော်နေထိုင်သော မြို့ ဒေသ အရပ်သို့နွေဦးကာလသည် ချဉ်းကပ်ဝင်ရောက်လာပေပြီ ရောင်စုံပန်းကလေးများကလဲ အပြိုင်အဆိုင်ပွင့်ပြီး နေ့ရက်သစ်များကို ကြိုဆိုသည်။           လွတ်လပ်မှု့ အဓိပ္ပါယ်ကို ဆောင်သော နွေကာလဟု ဆိုရပေမည် ခြောက်လတာကာလလုံးလုံး ဆောင်းနှင်းဖွေးဖွေး အောက်တွင် အင်္ကျီထူကြီးများဝတ် ခေါင်းစွပ်ကြီးများဆောင်း နံနက်ခင်းနှင့် ညဥ့်ဦးယံ အချိန်များ၌ အိမ်တွင်းအောင်းခဲ့ကြသော ဘတ်ဖလိုးနှင့် အနီးပတ်ဝန်းကျင်ရှိ ဒေသခံများတို့သည် ပွင့်လင်းစူးရဲလှသော နေရောင်ခြည်ကို ခံစားထိတွေ့ရသည့် နွေကာလကို ဆောင်းအိပ်မက်တွင်ပင် မက်ကြလိမ့်လေမလား မသိ။           အမေရိကန်ဖွား လူမည်းအာဖရိကန်နှင့် လူဖြူများတို့ကလဲ နေကာမျက်မှန်တွေတပ် လည်ဟိုက် အင်္ကျ [...]

Read more of this post